MEC Fashion & Collection

MEC Fashion & Collection Smile

15/02/2026
ကိုယ့်အသားအရည်ဟာ ဘယ်လိုskinအမျိုးစားထဲ ပါမလည်းကြည့်ပြီး skin careရွေးတတ်ကြစေဖို့🥰
06/09/2022

ကိုယ့်အသားအရည်ဟာ
ဘယ်လိုskinအမျိုးစားထဲ ပါမလည်းကြည့်ပြီး
skin careရွေးတတ်ကြစေဖို့🥰

ကင်ပွန်းသီးScrubကတော့ပြန်ရပြီ ဈေးလေးတော့ပါးပါးတတ်တယ် ၅၅၀၀ပါရှင်🥰
05/05/2022

ကင်ပွန်းသီးScrubကတော့ပြန်ရပြီ
ဈေးလေးတော့ပါးပါးတတ်တယ် ၅၅၀၀ပါရှင်🥰

တင်းတိပ်ပျောက်စေတဲ့ရိုးရာနည်းလေးတွေပါ📝📝📝- မန်ကျည်းသီးမှည့်ရည်ကျဲကျဲကို ရေမချိုးမီ ဆယ်မိနစ်လောက်ကြိုတင်လိမ်းထားပါ။ ပီးမှ ...
04/05/2022

တင်းတိပ်ပျောက်စေတဲ့ရိုးရာနည်းလေးတွေပါ📝📝📝

- မန်ကျည်းသီးမှည့်ရည်ကျဲကျဲကို ရေမချိုးမီ ဆယ်မိနစ်လောက်ကြိုတင်လိမ်းထားပါ။ ပီးမှ ရေချိုးပါ။

#ပထမသုံးရက်
ကွမ်းသီးအစိုနုနုအသားကို ကျောက်ပြင်မှာ ရေနဲ့သနပ်ခါးသွေးသလိုသွေးပီး တစ်နေ့ ၃ကြိမ် လိမ်းပေးပါ။ ၃ရက် လိမ်းပါ။

#ဒုတိယသုံးရက်
ရှားစောင်းလက်ပတ်အတွင်းသားကို နံနက်တစ်ကြိမ် ညတစ်ကြိမ် ပွတ်လိမ်းပေးပါ။ ၃ရက် လိမ်းပါ။

#တတိယသုံးရက်
ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း နဲ့ ကြက်ဥအနှစ် (အကာမပါ) တစ်ဇွန်းကိုရောပီး အမြှုပ်ထအောင်ခေါက်ပါ။ ရလာတဲ့အနှစ်ကို ညအိပ်တဲ့အခါ လိမ်းအိပ်ပါ။

ထိုနည်းအတိုင်း အရှင်းပျောက်တဲ့အထိ လုပ်ပေးနိုင်ပါတယ်💟
Credit

22/04/2022

မိန်းကလေးတွေအားလုံး သိသင့်တဲ့ bra အကြောင်းလေး knowledge sharing လုပ်ပေးသွားမှာပါ

ကိုယ့် bra size ကို မသိဘဲ ကိုယ်နဲ့တော်တာပဲဆိုပြိး ဝတ်တာကိုမဖြစ်စေချင်ပါဘူး။
Cup နေရာမကျတာ၊ ရင်သားလျှံကျတာ၊ အုံ လွတ်နေတာတွေဖြစ်တတ်ပါတယ်။
ကိုယ့်ရဲ့ Bra size နဲ့ Cup size တွေကို သိဖို့ တိကျတဲ့တိုင်းနည်းလေးတွေကို ကိုယ်တိုင် လိုက်လုပ်ကြည့်လို့ရအောင်ပြပေးထားပါတယ်

အဓိကလိုအပ်တဲ့ပစ္စည်းက ပေကြိုးပါ နောက်တစ်ခုက ဖော့မပါတဲ့ bra ဝတ်ထားဖို့လိုပါတယ်

~~Bra size တိုင်းနည်း~~

ခါးကိုမတ်မတ်လေးရပ်ပြီး Band size (ရင်ညွန့်နေရာ)ကို တိုင်းရပါမယ်။ တိတိကျကျတိုင်းရပါမယ်။ (အောက်တွင်လည်းတိုင်းနည်းလေးတွေကိုပုံနဲ့ပြပေးထားပါတယ်)
ရလာတဲ့အဖြေတွေက
Eg.25~26 ဆို 30 ယူရပါမယ် (inches နဲ့တွက်ထားပါတယ်)

Bra size
25~26 = 30
27~28 = 32
29~30 = 34
31~32 = 36
33~34 = 38
35~36 = 40
37~38 = 42

~~Cup size တိုင်းနည်း~~

Cup size ရဖို့အတွက် ၂နေရာတိုင်းရပါမယ်

၁- Bust size (ရင်သားအမောက်ဆုံးနေရာ)မှာတိုင်းရပါတယ် ။ တိတိကျကျတိုင်းရပါမယ်။တိုင်းလို့ရလာတဲ့အတိုင်းကို ကိုမှတ်ထားပါ။

၂- Band size (ရင်ညွန့်နေရာ)ကို တိုင်းရပါမယ်။ တိတိကျကျတိုင်းရပါမယ်။တိုင်းလို့ရလာတဲ့အတိုင်းကို ကိုမှတ်ထားပါ။
ပြီးရင် Bust size ထဲကနေ Band size ကို နှုတ်ပေးရပါမယ်။

Bust size - Band size = Cup size
Eg. 32-30=2= B cup

Cup size

0 - AA
1 - A
2 - B
3 - C
4 - D
5 - DD (or) E
6 - DDD (or) F
7 - G
8 - H

ဒါဆို အိမ်မှာလွယ်လွယ်ကူကူနဲ့တိုင်းကြည့်လို့ရသွားပါပြီ။

အချစ်တွေအပြည့်နဲ့စေတနာဗလပွထည့်လုပ်ထားလို့ အရင့်အရင်ကထက်Qualityပိုပိုကောင်းလာတဲ့scrubလေးပြန်ရပါပြီခ👉👉👉၄၅၀၀
10/02/2022

အချစ်တွေအပြည့်နဲ့စေတနာဗလပွထည့်လုပ်ထားလို့ အရင့်အရင်ကထက်Qualityပိုပိုကောင်းလာတဲ့scrubလေးပြန်ရပါပြီခ
👉👉👉၄၅၀၀

အုန်းဆီလေးက ရောက်ရောက်ချင်းပဲ ၁၁ဗူးsold outသွားတယ်😁တစ်ဗူးသုံးဖူးသွားသူတွေက ၃/၄ဗူးထပ်ဝယ်ကြတယ် ဆံပင်ကျွတ်လုံးဝသက်သာသွားတယ်...
01/02/2022

အုန်းဆီလေးက ရောက်ရောက်ချင်းပဲ
၁၁ဗူးsold outသွားတယ်😁
တစ်ဗူးသုံးဖူးသွားသူတွေက ၃/၄ဗူးထပ်ဝယ်ကြတယ်
ဆံပင်ကျွတ်လုံးဝသက်သာသွားတယ်၊ခေါင်းမလျှော်ခင်တစ်ရက်လောက်ကြိုလူးထားရင် ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ဆိုင်မှာပုံသွင်းထားသလိုပျော့အိအိလေးပုံကျနေတယ်လို့ သတင်းကောင်းပါးကြတဲ့ ကာကာတွေအတွက်လည်း ဝမ်းသာပီတိဖြစ်မိပါကြောင်းနဲ့ မသုံးဖူးသေးသူတွေလည်း တစ်ဗူးလေးပဲစမ်းသုံးကြစေဖို့ သတင်းကောင်းပါးလိုက်ရပါတယ်ရှင်🥰🥰🥰

ဆာဝါဒီခအုန်းဆီပြန်ရောက်ပါပြီကြိုတင်မှာယူထားသူတွေလည်း ဒီနေ့လူကြုံပါးပါမယ်လိုချင်သေးသူတွေလည်း ပြန်ရပါပြီ🥰🥰🥰
01/02/2022

ဆာဝါဒီခ
အုန်းဆီပြန်ရောက်ပါပြီ
ကြိုတင်မှာယူထားသူတွေလည်း ဒီနေ့လူကြုံပါးပါမယ်
လိုချင်သေးသူတွေလည်း ပြန်ရပါပြီ🥰🥰🥰

💁‍♀️ချိုင်းကို waxing  စသုံးမယ့်သူတွေ အတွက် ဒီပိုစ့်လေးက ပို အဆင်ပြေစေဖို့ ရည်ရွယ်ပါတယ်ရှင့် ❣                          ...
28/01/2022

💁‍♀️ချိုင်းကို waxing စသုံးမယ့်သူတွေ အတွက် ဒီပိုစ့်လေးက ပို အဆင်ပြေစေဖို့ ရည်ရွယ်ပါတယ်ရှင့် ❣

~

SISTER wax ပုလင်းကို အဖုံးလုံအောင်ဖုံးပြီး ရေနွေးပူပူနဲ့ 10မိနစ်ဝန်းကျင် စိမ်ပါရှင့်.

( wax က :: ပူရင်အရည်ပိုပျော်ပြီး အေးရင်ခပ်မာမာ အနေထားဖြစ်နေမှာမို့ သုတ်လို့ရလောက်တဲ့ထိ အရည်ပျော်နေဖို့ ရေနွေးစိမ်အပူပေးတာပါ )

~

ချိုင်းကို 💧သန့်စင်၊ခြောက်သွေ့စေပြီးရင် ပေါင်ဒါလူးပေးပါ.

( ပေါင်ဒါက :: သုံးနေရင်းနဲ့ ချွေးထွက်လာတာမျိုးဆို ကပ်နိုင်အား လျော့လို့ ၊ သုံးနေရင်းနဲ့ချွေးထွက်လာခဲ့ရင်တောင် ပြန် ခြောက်သွေ့ စေပြီး wax နဲ့ hair ကပ် နေစေဖို့အတွက် လူးတာပါ )

~

အမွှေးထွက်တဲ့အတိုင်း wax ကို (ပါးပါးလေး) သုတ်ပြီးတော့ စက္ကန့် ၃၀ စောင့် ပါတယ် ။

( စက္ကန့် ၃၀ စောင့်တာက :: wax ကို အပေါ်ယံလွှာ မာတင်းသွားစေတာမို့ သုတ်လိုက်တဲ့ ဧရိယာတဝိုက်က hair တွေကို wax နဲ့အတူ ပိုကပ်အားကောင်းနေစေဖို့ပါ )

~

paper ဖိပွတ်ထပ်ကပ်ပြီး ပြန်ခွာရင် ဆန့်ကျင်ဘက်ကို လှန်ခွာပါတယ်.

( paper ကို ဖိပွတ်ကပ်တာက :: wax တွေ paper ထဲ စိမ့်ဝင် နေ စေဖို့ ဖြစ်ပါတယ်။ ဒါမှသာ paper ကို ကိုင်ပြီးခွာလိုက်တဲ့အခါ သုတ်ထားတဲ့ wax အကုန် ပါလာမှာပါရှင့်. )

~

အရေပြားတင်းနေအောင် ထိန်းထားပြီခွာရင် နာတာလဲ သက်သာတယ် ၊ခွာရလဲ ပို လွယ်ပါတယ်ရှင့် .

( ချိုင်း ဧရိယာ တခု လုံး ကို တခါတည်း နဲ့ wax သုတ် ကပ်ခွာလုပ်တာထက် အရေပြားတင်းအောင်ထိန်းထားဖို့ လွယ်တဲ့ အပိုင်းလေးတွေ ပဲ ခွဲပြီး wax သုတ် ကပ်ခွာ လုပ်ပေးတာက အလွယ်ကူဆုံးဖြစ်မှာပါရှင့်)

ကင်ပွန်းသီးScrubနဲ့ပတ်သက်ပြီးတစ်ချို့က ဘာကောင်းတာလည်း အချိန်ကုန်မခံနိုင်ဘူးပျင်းတယ်ဆိုတော့ ရေချိုးရင်ဆပ်ပြာမတိုက်ကြဘူးလာ...
24/01/2022

ကင်ပွန်းသီးScrubနဲ့ပတ်သက်ပြီး
တစ်ချို့က ဘာကောင်းတာလည်း အချိန်ကုန်မခံနိုင်ဘူး
ပျင်းတယ်ဆိုတော့ ရေချိုးရင်ဆပ်ပြာမတိုက်ကြဘူးလားမေးချင်တယ်😊
ဆပ်ပြာတိုက်သလောက်လေးအချိန်ပေးရုံနဲ့သိသာထူးခြားတဲ့ရလဒ်ကို ခံစားရတာ ကိုယ်တိုင်မို့ ထပ်ပြီးကြော်ငြာပေးတာပါ😁😁😁
ဘာတွေကောင်းလည်း ဖြူလားဆိုတော့ နတ်ရေကန်ထဲခုန်ချသလိုတော့ ဘယ်အရာမှမမြန်ပါဘူးရှင်
ဖြူတယ်ဆိုတာထက် အသားအရေဝင်းပြီးစိုလာ(glow)တာပါ
အသားမပတ်ဖူး(လုံး၀)၊ရေချိုးချိန်ဆပ်ပြာအစားတိုက်လို့ရပါတယ်ရှင် scrubတိုက်ပြီးရင် lotionတစ်ခုခုလိမ်းပြီးလက်ရှည်လေးတော့ဝတ်ထားပါနော် အသားအရမ်းနုသွားတော့ နေလောင်မှာစိုးလို့ပါ😉😉😉
ဒူးမဲ၊တဒေါင်မဲ၊ဂုတ်မဲ၊ဂျိုင်းမဲ ၊ခြေမျက်စိအသားမာတတ်တာ၊လက်ဖမိုးနေလောင်တာတွေအားလုံးအတွက်ကောင်းပါတယ်ရှင့်
မင်မင်ပုံလေးကတော့ ရေမချိုးပဲဂျီးပေနေရင်တောင် ဖြူနေကြောင်းကြွားတာပါရှန်🤪🤪🤪
တစ်ဗူး👉၄၅၀၀ တစ်ပတ်မှာနှစ်ကြိမ်အနည်းဆုံးသုံးပေးနိုင်ပါတယ်ခ

Address

Thazi

Telephone

+959969010336

Website

Alerts

Be the first to know and let us send you an email when MEC Fashion & Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share