13/12/2020
စကားလက်ဆောင်
နေမယ်ဆို ...
အမှန်တရားနဲ့ အနီးဆုံးမှာ နေပါ
ရှာမယ်ဆို ...
နှလုံးသားထဲက အလှတရားကို ရှာပါ
နားမယ်ဆို
စိတ်နှလုံး အေးချမ်းမယ့် အရိပ်မှာနားပါ
ချည်မယ်ဆို ...
သိက္ခာကို ကိုယ့်တန်ဘိုးနဲ့ ချည်နှောင်ပါ
သိမ်းမယ်ဆို ...
ကျေးဇူးတရားကို သိမ်းထားပါ
စွန့်မယ်ဆို ...
မကောင်းတဲ့ အကျင့်ကို စွန့်လွှတ်ပါ
ပေးမယ်ဆို ...
တန်ဘိုးဖြတ် မထားတဲ့ မေတ္တာကို ပေးပါ
ပျော်မယ်ဆို ...
ဘောင်မကျော်ခင် အထိပဲ ပျော်ပါ
တွေးမယ်ဆို ...
စိတ်ညစ်စရာ မရောက်ခင်အထိပဲ တွေးပါ
မှားမယ်ဆို ...
နောက်လှည့် ပြန်ခွင့်ရှိတဲ့ အထိပဲ မှားပါ
နောင်တ ရမယ်ဆို ...
ဘာမှမလုပ်ခင် အရင် စဉ်းစားပါ
ပြင်မယ်ဆို ... ကိုယ်ကျင့်တရားကို
အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ပါ
crd
Crd # # #