15/05/2023
ဗြုတ်စိသေးသေးလေးတွေရှင်းပြီး
အသားအရေချောမွတ်ကြည်တင်းချင်ရင်
ဒီအချက်တွေလိုက်နာပေးပါ✅
ဒီနေ့တော့ skin problems တွေထဲမှာ တွေ့ရလဲများ handle လုပ်ရလဲခက်တဲ့ skin texture ကြမ်းတာကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်တယ်နော်။ အရင်ဆုံးမှာချင်တာကတော့ အသားအရေတခုမှာ skin texture ရှိတာက ပုံမှန်ပါပဲ။ မှန်ထဲကို ပြူးပြဲကြည့်ပြီး ဗြုတ်စိသေးသေးလေးတွေ မြင်ရတိုင်း စိတ်မညစ်သင့်ဘူးနော်။ အဲ့အစား ဓာတ်ပုံထဲကလို ပုံမှန်ထက်ပိုပြီး rough skin texture ဖြစ်နေရင်တော့ ဒီအချက်လေးတွေ လိုက်နာကြည့်ပါ။ သက်သာဖို့ အထောက်အကူပြုပါလိမ့်မယ်။
1. Exfoliate ပုံမှန်လုပ်ပါ📌
လူတိုင်းရဲ့ skincare routine ထဲမှာ exfoliating step က မရှိမဖြစ်မဟုတ်ပေမဲ့ အသားအရေကြမ်းပြီး ဗြုတ်သီးလေးတွေ ထတာကိုတော့ သက်သာစေပါတယ်။ ကိုယ်က အသားအရေကြမ်းတမ်းပြီး မျက်နှာမှာ ဗြုတ်သီးလေးတွေများနေရင် တနိုင်တပိုင် exfoliate လုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ ခုမှ beginner ဆိုရင် gentle ဖြစ်တဲ့ peeling gel ကနေ စသုံးကြည့်နော်။ တပတ်တကြိမ် သုံးပေးရင် လုံလောက်ပါပြီ။ Scrub တွေကိုတော့ လုံးဝရှောင်ပေးပါ။ Chemical exfoliants ထဲက သုံးကြည့်ချင်ရင်တော့ skin texture rough ဖြစ်တာအတွက်ဆို AHA category က အသင့်တော်ဆုံးဖြစ်ပေမဲ့ Nyi အနေနဲ့ကတော့ ကိုယ့်ရဲ့ skin type ပေါ်လိုက်ပြီးသာ ရွေးစေချင်ပါတယ်။ ဥပမာ - acne prone oily / combo skin ဆိုရင် BHA, aging / mature skin ဆိုရင် AHA စသဖြင့်ပေါ့နော်။
2. အဆီပြန်တဲ့အသားအရေဆိုရင် clay mask သုံးကြည့်ပါ📌
Skin texture ကြမ်းတာအတွက်ဆို clay mask တွေရဲ့ စွမ်းဆောင်နိုင်မှုကလဲ နာမည်ကြီးတဲ့ထဲ ပါပါတယ်။ အဆီပြန်လွန်းပြီး dehydrated ဖြစ်နေတဲ့ skin တွေမှာဆိုရင် အသားအရေကြမ်းတမ်းပြီး ကိုင်ကြည့်လိုက်ရင် smooth ဖြစ်မနေတာ ခံစားမိမယ်။ အဲ့အတွက်ဆိုရင် clay mask တခုခု သုံးကြည့်သင့်တယ်နော်။ Clay mask တွေက မျက်နှာပေါ်မှာရှိတဲ့ excessive sebum ကို control လုပ်ပေးတာကြောင့် over shine မဖြစ်အောင် လုပ်ဆောင်ပေးတယ်, skin texture ကြမ်းတာကို သက်သာစေတယ်။ ဒါကြောင့်လဲ clay mask ကပ်ပြီးသွားရင် မျက်နှာကချောမွတ်သွားတာပေါ့နော်။ Clay mask သုံးတဲ့အခါ သတိထားရမှာကတော့ အလွန်အကြွံမသုံးဖို့ရယ် မျက်နှာပေါ် အချိန်အကြာကြီး တင်မထားမိဖို့ပါပဲ။ တခါသုံးရင် 10min အလွန်ဆုံး, တပတ်ကို 2ကြိမ်ထိပဲ သုံးပေးသင့်တယ်နော်။
3. Hydration! Hydration! Hydration!📌
အပေါ် 2ချက်က skincare တွေလုပ်နေတာတောင် အသားအရေက ချောမွေ့မနေဘူး ဆိုတဲ့သူတွေအတွက်ပေါ့နော်။ အကယ်၍ ကိုယ်က skincare လုပ်နေကျသူမဟုတ်ဘူး, မျက်နှာကကြမ်းတမ်းနေလို့သာ skincare သုံးချင်တယ်, ဒါမှမဟုတ် နားမလည်ဘဲနဲ့ သုံးချင်တာတွေ လျှောက်သုံးမိပြီး မျက်နှာကကြမ်းလာတယ် မွဲခြောက်လာတယ်ဆိုရင် အရင်ဆုံးလက်လှမ်းရမှာက hydrating skincare ပါ။ ရေဓာတ်မရှိတဲ့ မလုံလောက်တဲ့ skin က skin cells လေးတွေ ရှုံ့တွပြီး မကြည်မလင် rough & bumpy ဖြစ်နေတတ်ပါတယ်။ အဲ့အတွက် moisturizing မဟုတ်ဘဲ hydrating skincare တွေသုံးပေးဖို့လိုတယ်နော်။ ဘာသုံးရမှန်းမသိရင် aloe vera, hyaluronic acid အသားပေး skincare တွေသာ သုံးပါ။ Skin type နဲ့ကိုက်ညီတာသာ ရွေးသုံးနိုင်မယ်ဆိုရင် အရွေးမှားတာမျိုး ရှိမှာမဟုတ်ပါဘူး။
4. Sunscreen သေချာလိမ်းပါ📌
ခုပြောသွားတဲ့အချက်တွေ အကုန်လိုက်နာတယ်, ဒါပေမဲ့ skin texture ကြမ်းတာက ဒုံရင်းဒုံရင်းပဲ။ မျက်နှာကို လက်နဲ့ကိုင်ကြည့်လိုက်ရင် ဗြုတ်သီးလေးတွေ စမ်းမိတုံးဆိုရင်တော့ ထည့်စဉ်းစားရမယ့် အချက်တခုရှိပါတယ်။ ဘာလဲဆိုရင် ကိုယ်က sunscreen သေချာလိမ်းဖြစ်ရဲ့လား ဆိုတာပါ။ ကိုယ်တိုင်ကြုံဖူးမှပဲ သိနိုင်ပါမယ်, sunscreen မလိမ်းဘဲ နေပူကြီးထဲသွားတာတို့ အပေါ်က clay mask / exfoliants တွေရှယ်သုံးပြီး sunscreen မလိမ်းဘဲနေတာတို့ဆို ဘာကြောင့်မှန်းမသိ မျက်နှာမှာအဖုသေးသေးလေးတွေ ထွက်လာတတ်တယ်နော်။ တနည်းတဖုံအားဖြင့် skin sensitivity ရဲ့နောက်ဆက်တွဲလို့လဲ ပြောနိုင်တယ်။ အဲ့ဒါကြောင့်မလို့ အပြင်သွားသွား အိမ်မှာပဲနေနေ broad spectrum SPF ကို တနေ့ 2ကြိမ်အနည်းဆုံး လိမ်းပေးပါ။ နေပူထဲထွက်တဲ့အခါ ထီး ဦးထုပ် အမြဲဆောင်ပါနော်။
ပြောချင်မှာချင်တာတွေကတော့ ဒီလောက်ပါပဲ။ ဖတ်ရတာ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်နော်။ နောက်ရက်မှ ပြန်တွေ့ပါမယ်ခင်ဗျာ🫶
လေးစားစွာဖြင့် knowledgesharingbynyi အား crd ပေးပါတယ်ရှင့်