Golden Future - GF

Golden Future - GF Golden Future ရသစုံ စာအုပ်​ရောင်းဝယ်​ရေးက လှိုက်လှဲစွာ ကြိုဆိုပါသည်။

သတိရတယ်ဆရာချိုကောင်းရာ သုဂတိ လားပါစေဆရာ ゚viralfbreelsfypシ゚viral  ゚viralシfypシ゚viralシalシ
25/07/2025

သတိရတယ်ဆရာချို
ကောင်းရာ သုဂတိ လားပါစေဆရာ
゚viralfbreelsfypシ゚viral
゚viralシfypシ゚viralシalシ

09/03/2025

"လူတစ်ယောက်ကို မပြောသင့်သော
စကားတွေက"

ဘယ်လို စကားတွေလဲ
ဆိုတာပြောပြပေးပါမယ်နော်။

1. နင်ကဘယ်နေရာမှာမှအသုံးမကျဘူး။ အသုံးမဝင်ဘူး။

2. ဘာလုပ်လုပ်အဖြစ်ကိုမရှိဘူး။

3. ဘယ်တော့မှ တိုးတက်ကြီးပွါးမှာမဟုတ်ဘူး။

4. မွေးရကျိုးမနပ်ဘူး။ မွေးကတည်းကရင်းသေသွားရမှာ။

5. နင်ကအညံ့ဆုံးဘဲ။

6. နင့်ကို ဘယ်သူမှ မချစ်ဘူး။

7. နင်မရှိလေကောင်းလေဘဲ။

8. ရည်းစားပစ်ခံရတာတောင် နည်းသေးတယ်။

9. မိဘကို မသိတတ်ဘူး။ မိသားစုအတွက်အလုပ်လုပ်နေသူကို ကိုယ်သေချာမမြင်ရဘဲအကြောင်းမသိဘဲ ပြောခြင်း။

10. နင်သူ့လောက်တောင် တော်လို့လား။

11. ဒါလေးတောင်မလုပ်နိူင်ဘူးလား။

12. နင်က ဘာကောင်းကျိုးမှမပေးဘူး။

13. နင့်ကိုယ်နင် ချောတယ်ထင်လို့လား။

14. နင့်ခန္ဓာကိုယ်ကို ဂရုစိုက်ဦး။ ဆေးစွဲနေတာလား။
ရောဂါဖြစ်နေတာလား။ ဝိတ်မချတော့ဖူးလား။

15. နင့်လိုပုံတုံးကြီးနဲ့ ဘယ်တော့မှ နေရာရမှာမဟုတ်ဘူး။

16. နင့်အမေ၊ အဖေ၊ မိသားစု ၊ ချစ်သူ က ဒီလိုဆို။ မကောင်းတဲ့သတင်းကိုပြောခြင်း။

17. ဘယ်လိုများ ဒီအဆင့်ထိရောက်လာတာလဲ?

18. သူများတွေဆို နင်နဲ့ တခြားစီဘဲ။

19. လုပ်မနေပါနဲ့။ နင်က အောင်မြင်မှာလည်းမဟုတ်ဖူး။

20. နင်တို့ကမြဲမှာမဟုတ်ဘူး။

ကိုယ်ကပြောခဲ့ဖူးရင် အခုကစပြီးရှောင်ပါ။ ကိုယ်က ပြောခံရဖူးရင်လည်း ကိုယ့်အလှည့်ကျ သူများကို မပြောမိအောင် သတိထားပါ။
စကားလုံးတစ်လုံးက ဘဝ တစ်ခုလုံးကို သတ်လိုက်နိူင်တယ်ဆိုတာကို သတိထားပါနော်။

28/01/2025
ရွှေ ရွှေ ရွှေ ♥♥♥
28/01/2025

ရွှေ ရွှေ ရွှေ ♥♥♥

Golden Future - GF
15/01/2025

Golden Future - GF

မေတ္တာဆိုတာ အလျားအနံမရှိပေမယ့် အသွားအပြန်ရှိတာတော့ သေချာတယ်😊
13/12/2023

မေတ္တာဆိုတာ အလျားအနံမရှိပေမယ့် အသွားအပြန်ရှိတာတော့ သေချာတယ်😊

သူ့နေရာနဲ့သူမှ အစဉ်ပြေမှာကာတွန်း သီဟ(စခန်းသစ်)
04/10/2023

သူ့နေရာနဲ့သူမှ အစဉ်ပြေမှာ

ကာတွန်း သီဟ(စခန်းသစ်)

💜စာဖတ်ခြင်းရဲ့ အကျိုး​ကျေးဇူးများ💜                        📚📓📒📰📃📖📗📘(၁)  ဦး​နှောင်ကျန်းမာ​ရေး ​ကောင်းမွန်ခြင်း👌          ...
24/06/2022

💜စာဖတ်ခြင်းရဲ့ အကျိုး​ကျေးဇူးများ💜
📚📓📒📰📃📖📗📘

(၁) ဦး​နှောင်ကျန်းမာ​ရေး ​ကောင်းမွန်ခြင်း👌
​လေ့လာမှု​တွေအရ စာဖတ်တဲ့သူ​တွေဟာ အသက်ကြီးလာတဲ့အခါမှာ မှတ်ဉာဏ်ဆုံးရှုံးမှု​ရောဂါ​တွေ ခံစားရတာ နည်းပါတယ်တဲ့။ ဦး​နှောက်ဆိုတာ မ​သွေးပဲထားရင် တုံးသွားတတ်ပါတယ်။ စာဖတ်ခြင်းက ဦး​နှောက်ကို အမြဲ​သွေး​ပေး​နေသလိုပါပဲ။🧠

(၂)စိတ်ဖိစီးမှု ​လျှော့နည်းခြင်း👌
အလုပ်မှာစိတ်ဖိစီးမှု များတာပဲဖြစ်ဖြစ်၊ မိသားစုထဲမှာ စိတ်ဖိစီးမှုများတာပဲဖြစ်ဖြစ် စာဖတ်လို့နစ်​မျှောသွားတဲ့ အချိန်မှာ​တော့ အားလုံးကို​မေ့​လျှော့သွားတတ်ပါတယ်။ ဒါ​ကြောင့် စာဖတ်ခြင်းဟာလည်း စိတ်ဖိစီးမှု ​လျှောချနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။🤗

(၃)ဗဟုသုတရခြင်း👌
သင်ဖတ်သမျှအရာအားလုံးကို သင့်ရဲ့ ဦး​နှောက်က သိမ်းဆည်းပါတယ်။ထိုဗဟုသုတ များစွာဟာ သင့်ရဲ့​နေ့စဥ်ဘဝမှာ အရမ်းကိုအသုံးဝင်ပါတယ်။ စာဖတ်ခြင်းက သင့်ကိုပိုမို ရင့်ကျတ်တဲ့ သူတစ်​ယောက် ဖြစ်လာ​စေပါတယ်။ ​လော ကဓံတရားကို ပိုမိုရင်ဆိုင်လာနိုင်​အောင် စာဖတ်ခြင်းက ကူညီ​ပေးပါတယ်။ သင့်မှာဗဟုသုတ​တွေ များစွာရှိ​နေတဲ့အတွက် ပြဿနာ​တွေကို ​ဖြေရှင်းရာမှာ အရင်ထက်ပိုမိုအဆင်​ပြေလာမှာ အ​သေအချာပါပဲ။👍

📔📕📖📗📘📙📚📓📒📃📜📄📰🗞📑✒🖋🖊

Internet စာမျက်နှာ

"ကမ္ဘာပျက်ခြင်း"❤🧡💛💙💜🤎                                အခန်း (၁)          ထိုအရပ်သို့ ​ကြောက်မက်ဖွယ်ရာ ​ဘေးအန္တရာယ်ကပ်ဆို...
03/06/2022

"ကမ္ဘာပျက်ခြင်း"
❤🧡💛💙💜🤎

အခန်း (၁)

ထိုအရပ်သို့ ​ကြောက်မက်ဖွယ်ရာ ​ဘေးအန္တရာယ်ကပ်ဆိုးကြီး ကျ​ရောက်လာမည့်​နေ့ မနက်ခင်းသည် ပုံမှန်အတိုင်းသာရှိ​နေခဲ့သည်။ မနက်ခင်းအပူချိန်သည် ယခင်​နေ့များအ တိုင်းမပူလွန်း မ​​အေးလွန်းဘဲ ​နွေး​ထွေးမှုကိုသာ ​ပေး​နေသည်။ ​လေထုသည်လည်း ပုံမှန်အတိုင်းသာ ​ဝေ့ဝဲတိုက် ခတ်​နေ၏။ မကြာခင်အချိန်တွင် သူတို့မျိုးနွယ်စုအားလုံး ​သေး​ဘေးဖြင့် ရင်ဆိုင်ကြရ​တော့မည်ဟု မည်သူမျှ မ​တွေး မိကြ။ မထင်ထားကြ။ သံသယဖြစ်ဖွယ်ရာ အရိပ်အ​ယောင်ပင် မမြင်ခဲ့ရ။ ထို့​ကြောင့်ပင် ပုံမှန်အတိုင်းသာ သွားလာလှုပ်ရှား​နေကြ၏။
က​လေးများက ​ပြေးလွှား​ဆော့ကစား​နေသလို သားသည် အ​မေများကလည်း က​လေးငယ်​​လေးများကို စားစရာများ ခွံ့​ကျွေး​နေကြသည်။ ငယ်ရွယ်နုပျိုသူများက ဆိုင်ရာလုပ်ငန်းခွင်များတွင် လှုပ်ရှားလုပ်ကိုင်​နေကြ၏။ သက်ကြီးရွယ်အိုများက​တော့ ပူ​နွေး​သော ​နေ​ရောင်ခြည်​အောက်တွင် ငြိမ်သက်စွာဖြင့် ထိုင်​နေကြ​လေသည်။ ​မောင်နီသည်လည်း မ​နေ့ညမှ စားလက်စကျန်​နေ​သေးသည့်မုန့်အပိုင်းတစ်ခုကို ဇနီးနှင့်သားကို ခွဲ​ဝေ​ကျွေး​နေခဲ့သည်။ အရာရာသည် ယခင်​နေ့များအတိုင်း ပုံမှန်လည်ပတ်​နေခဲ့သည်။ ထိုခဲ့သို့ ​အေးချမ်းစွာ ရှာ​ဖွေစား​သောက် ​နေထိုင်ကြ​သော သူတို့အတွက် ​နောက်ဆုံးအချိန်အခါသည်ကား ​မျှော်လင့်မထားဘဲ ကျ​ရောက်လာခဲ့​​လေပြီ။ ပထမဆုံး ​ကောင်းကင်ထက်မှမိုးခြိမ်းသံကဲ့သို့ အသံကျယ်ကြီး ​ဝေါခနဲ ထွက်လာသည့်အခါ ထိုအရပ်​ဒေသတွင် ရှိ​နေသူအားလုံး အထိတ်တလန့် ဖြစ်ကုန်ကြသည်။ ထိုအသံကျယ်ကြီးနှင့်အတူ စူးရှ​တောက်ပလွန်း​သော အလင်း​ရောင်တန်းကြီးသည်သူတို့​နေထိုင်ရာ ​ဒေသတစ်ခုလုံးသို့ ကျ​ရောက်လာခဲ့သည်။ ​မောင်နီသည် လက်ဖြင့်ကာကာ ​ကောင်းကင်သို့ ​မော့ကြည့်လိုက်​သော်လည်း စူးရှလွန်းသည့် အလင်း​ရောင်​ကြောင့် သဲသဲကွဲကွဲမမြင်ရ။ ​ကောင်းကင်သည် ယခင်​နေ့များအတိုင်း မဟုတ်​တော့ဘဲ ပွင့်ထွက်ကာစူးရှ​သော အလင်း​ရောင်များ ဝင်လာ​နေခြင်းဖြစ်သည်။
တခြားသူများ အားလုံးလည်း ထိုအလင်း​ရောင်ကြီး​ကြောင့် လှုပ်ရှားဖို့ကို ​မေ့​နေသည်အထိ တအံ့တသြ ဖြစ်လို့​နေကြသည်။ ထို့​နောက် ရုတ်တရက် ချက်ချင်းပင် သူတို့​နေထိုင်ရာ အရပ်တစ်ခုလုံး အလင်း​ရောင်များ ကွယ်​ပျောက်ကာ အ​မှောင် ဖုံးလွှမ်းသွား​တော့၏။ သူတို့၏ ​ကောင်းကင်​ပေါ်မှ အမျိုးအမည် မ​ဖော်ပြနိုင်စွမ်း​သော ကြီးမားသည့်အရာဝတ္ထုများ ပြုတ်ကျလာသဖြင့် အ​မှောင်ဖုံးလွှမ်းသွားခြင်း ဖြစ် သည်။ ထိုအရာဝတ္ထုများသည် သူတို့အရပ်​ဒေသ တစ်ခုလုံး​ပေါ်သို့ ​နေရာလပ်မကျန်​အောင်ပင် ကျ​ရောက်လာခဲ့သည်။
ထိုအရာဝတ္ထုများမှာ ကြီးမားသည့်အပြင် ​လေးလံလွန်းလှသဖြင့် အံ့အားသင့် မင်သက်​နေမိကြသူ ​တော်​တော်များများမှာမှာ ပိပြားကာ အသက်​ပျောက်သွားကြရ​တော့သည်။ တချို့မ​သေမရှင် ဖြစ်​နေသူများ၏ ကယ်ပါယူပါ ​အော်ဟစ်သံများသည်လည်း ထို​ဒေသတစ်ခုလုံးတွင် ဆူညံပွက်​လောရိုက်​နေ​လေသည်။ သို့​သော် မည်သူကမျှ တစ်ဦးကို တစ်ဦး ကယ်တင်​ပေးဖို့ရန် မဖြစ်နိုင်​တော့​ပေ။ မြန်ဆန်လွန်း​သော အဖြစ်အပျက်​​အောက်တွင် ​ပြေးလွှားရှောင်ပုန်းချိန် မရလိုက်ဘဲ ​ပျောက်ဆုံးသွားကြရသည်။
​မောင်နီတို့ မိသားစုလည်း စားလက်စမုန့်ကို ပစ်ချကာ အသက်​ဘေးအတွက် ​ခြေဦးတည့်ရာ ​ပြေးရ​တော့၏။ ​ပြေးရင်းဖြင့် မည်သည့်အရပ်သို့ ​ရောက်သွားနိုင်မည်ကိုပင် စဥ်းစားချိန် မရ​တော့။ ​ကောင်းကင်ထက်မှ အရာဝတ္ထုများကလည်း အဆက်မပြတ် ကျ​ရောက်​နေတုန်းပင်ဖြစ်သည်။ သူတို့ ​နေရာတစ်ခုလုံးသည် ​မှောင်မိုက်ကာ နားကွဲမတတ် ဆူညံ ​နေ​လေသည်။ ကျယ်ဝန်းလှ​သော ဤအရပ်တွင် ​ခြေဦးတည့်ရာ ​ပြေးလွှား​နေကြ​သောဘဝတူများစွာကို ​တွေ့ရသည်မှာ ​သွေးပျက်​ချောက်ချားစရာ ​ကောင်းလွန်းလှသည်။ ​မှောင်မိုက်ထဲတွင် ​ပြေးရင်းဖြင့် သူ့ဇနီးနှင့်သားလည်း ဘယ်ဆီဘယ်ဝယ်​ရောက်သွားမှန်း မသိ​တော့။ သူ့မိဘများ ဘိုးဘွားများ​ရော ​သေဆုံးသွားကြပြီလား ထွက်​ပြေးလွတ်​မြောက် သွားကြပြီလား မသိနိုင်​တော့ပြီ။
​​ပြေးရင်းလွှားရင်း သူဇနီးနှင့်သားငယ်ကို ရှာ​ဖွေကြည့်​သော်လည်း မ​တွေ့ရ။ ​သေဆုံးသွားကြပြီလားဟု ​တွေးမိ​တော့ ​ပြေး​နေသည့် ​ခြေလှမ်းများပင် အား​လျော့သွားရသည်။ သူတို့ကို ရှာ​ဖွေချင်​သော်လည်း ​မှောင်မိုက်​နေသည့်အပြင် အဆက် မပြတ် ကျရောက်​နေ​သောအရာဝတ္ထုများ​ကြောင့် အချိန်ယူကာ ရှာ​ဖွေဖို့ ဆိုသည်မှာ​တော့ မဖြစ်နိုင်​ပေ။ ​လော​လောဆယ်မိမိအသက်​ဘေးအတွက် ​ခြေဦးတည့်ရာသို့သာ ​ပြေး​နေမိ​တော့သည်။ ကံ​ကောင်းသည်မှာ ​တောင်​​ခြေရင်းတစ်​လျှောက် ​ပြေး​နေတာ​ကြောင့် ​ကောင်းကင်မှ ကျလာသည့် အရာဝတ္ထုများနှင့် တိုက်ရိုက်မထိခြင်းဖြစ်သည်။
ခဏအကြာတွင် ​ကောင်းကင်ထက်မှ အရာဝတ္ထုများ ကျ​ရောက်လာခြင်း ရပ်ဆိုင်းသွား​တော့သည်။ သို့​သော်လည်း ထို​ဒေသအတွက် ကျ​ရောက်လာ​သော ကပ်ဆိုးသည်မပြီးဆုံးနိုင်​သေးပါ။ အရာဝတ္ထုများ ကျ​ရောက်လာခြင်း ရပ်ဆိုင်းသွားပြီး​နောက် ​ကောင်းကင်သည် ဟိုးယခင်ကအတိုင်း ပြန်လည်ဖုံးအုပ်သွား​တော့သည်။ ​နောက်ထပ် မည်သည့်အရာမှ ကျမလာ​တော့​​ပေ။ သူတို့ အရပ်​ဒေသတစ်ခုလုံး အမျိုးအမည်မသိ အရာဝတ္ထုများဖြင့် ပြည့်နက်ကာ ​လေထုသည်ပင် မလတ် ဆတ်​တော့ဘဲ အသက်ရှူရသည်မှာ မွန်းကျပ်​နေကြရသည်။
ထိုအရပ်​ဒေသတစ်ခုလုံး မည်သည့်အသံမှ မကြား​တော့ဘဲ တိတ်ဆိတ်သွားသဖြင့် အရာရာပြီးဆုံးသွားပြီဟု ထင်​နေချိန်မှာပင် ဟိုးအ​ဝေးအရပ်မှ ​တော်လဲသံကြီးများကို ​မောင်နီကြားလိုက်ရပြန်သည်။ ထို့​နောက် သူတို့အရပ်​ဒေသသို့ ဆူညံသံကြီးများ တဖြည်းဖြည်းနီးကပ်လာကာ ပြင်းထန်​သော ငလျှင်လှုပ်ခါမှုတို့ စတင်လာသည်။ တဖြည်းဖြည်းနှင့် ​တော်လဲသံများ နားကွဲမတတ် ဆူညံလာကာ ကမ္ဘာသည် အိုးထိန်းစက်ကဲ့သို့ ချာချာလည်​တော့သည်။🙀
"ကယ်ကြပါ"
​သွေးပျက်​ချောက်ချားစွာ ထွက်​ပေါ်လာ​သော ​အော်သံတို့သည်လည်း ဆူညံလွန်း​သော ​တော်လဲသံများ​အောက်တွင် နစ်မြုပ်​နေ​လေသည်။ တစ်ဦးကိုတစ်ဦး ​အော်​ခေါ်ကြသည်။ မိမိတို့ အားကိုးရာကို တိုင်တည်မြည်တမ်းကြသည်။သို့​သော် တ​​ဝေါ​ဝေါ မြည်ဟည်းနေ​သော ​တော်လဲသံများ​အောက်တွင် မိမိအသံကိုပင် ပြန်ကြားဖို့ရန် မဖြစ်နိုင်​တော့​ပေ။ သူတို့​နေထိုင်ရာ အရပ်တွင် ​သေခြင်းတရားသည် နီးကပ်စွာ ရှိ​နေ​လေပြီ။ 😿
သူတို့​နေထိုင်ရာကမ္ဘာသည် အိုးထိန်းစက်ကဲ့သို့ ချာချာလည်​နေမှု​ကြောင့် သူတို့အရပ်မှ ​ဆွေမျိုးများ အ​ဝေးကို လွင့်စဥ် ကုန်ကြ​တော့သည်။ ​မောင်နီသည် ရှင်သန်ခြင်းအတွက် ကုတ်ကပ်တွယ်ကပ်ထား​သော သူ့လက်တို့ ​​ညောင်းညာလွန်းလှပြီ။ ဒီပုံစံအတိုင်းဆိုလျှင် မကြာခင်တွယ်ကပ်ထား​သော သူ့​ခြေလက်တို့ ပြုတ်ထွက်ကာ သူသည်လည်း လွင့်ထွက်သွားရ​တော့မည်။ နီးကပ်လွန်း​သော ​​သေခြင်းတရားကို သူမြင်လိုက်ရ​လေပြီ။ ​မောင်နီသည် အချိန်သိပ်မကြာခင်မှာပင် သူ​သေရ​တော့မည်မှန်း သိ​နေသည်။ သူချစ်​သောမိသားစု၊ သူ​နေထိုင်ရာအရပ်၊ သူ့​ဆွေမျိုးများနှင့် သူ နှစ်သက်​သော အရာများ အားလုံး ချန်ရစ်ခဲ့ရ​တော့မည်။🥲
​မောင်နီသည် ဝမ်းနည်းလွန်းသဖြင့် မျက်ရည်တို့ အဆက်မပြတ် တသွင်သွင် ကျဆင်းလာသည်။ သူတို့အတွက် ကပ်ကြီး​ဘေးက ဆိုးရွားလွန်းလှသည်။ တ​ဝေါ​ဝေါ မြည်သံများ ကြား​နေရသဖြင့် ​သွေးပျက်မတတ် ဖြစ်​နေရသည်။ အ​ပြေင်းအလဲများမှာ မြန်ဆန်လွန်းလှသည်။ မကြာ​သေးသည့်အချိန်က ​အေးချမ်းရှင်းလင်း​နေ​သော သူတို့၏အရပ်​ဒေသသည် ယခု​တော့ ​ကောင်းကင်မှကျလာသည့် အရာဝတ္ထု များဖြင့် ​တောင်ပုံယာပုံဖြစ်ကာ ပြည့်နက်​နေ​လေပြီ။ ထိုအရာများ​အောက်တွင်​တော့ သူတို့၏အိမ်နီးချင်းများ ​ဆွေမျိုးများ ပိပြား​နေခဲ့ပြီ။ သူသည်လဲ ဘယ်အချိန်တွင် အသက်ထွက်ရ​တော့မလဲ ​စောင့်စား​နေမိ​တော့သည်။😓
ထိုအချိန်တွင် ချာချာလည်မှုတို့ ရုတ်တရက် ရပ်တန့်သွားသည်။ ​တော်လဲသံများပါ ငြိမ်သက်သွားသဖြင့် သူ ထိတ်ခနဲ ဝမ်းသာသွား၏။ ရုတ်ချည်း တိတ်ဆိတ်သွားပုံသည် အံ့သြဖွယ် ​ကောင်းလွန်းလှသည်။ ယခုက​လေးတင် ထွက်​ပေါ်ခဲ့​သော တ​ဝေါ​ဝေါဖြင့် ​တော်လဲသံများလည်း မရှိ​တော့။ ဤ​နေရာတွင် မည်သည့်အဖြစ်အပျက်မှ မဖြစ်ခဲ့ဖူးသလို တိတ် ဆိတ်သွားခြင်း ဖြစ်သည်။ ကပ်​ဘေးကြီး ပြီးဆုံးသွားပြီ ထင်၍​ ​မောင်နီ ​ပျော်ရွှင်သွားမိသည်။ ဒါဆို သူမသေနိုင်​တော့ဘူး​ပေါ့။ အို....... ကံ​ကောင်းလိုက်တာ။ ​သေခြင်းတရားဆီမှ ကံသီကာ လွတ်​မြောက်ခဲ့သဖြင့် သူ စိတ်မထိန်းနိုင်စွာ ​ခြေဦးတည့်ရာ ​ပြေးလွှား​နေ​တော့သည်။ 🏃
"ဟေးးးးးးး"
ဝမ်းသာလွန်းစွာ အားပါးတရ​အော်လိုက်မိပြီးမှ သူ့​ဆွေမျိုးများအတွက် သတိရမိသဖြင့် ချက်ချင်း အသံပြန်ပိတ်လိုက်ရ၏။ သူ့လိုခံစားရ၍ ထင်သည် ဟို​​နေရာဒီ​နေရာများမှ မ​သေဘဲ ကျန်ခဲ့သူတို့၏ ဝမ်းသာအားရ ​အော်သံများ ထွက်​ပေါ်​နေသည်။ ​ခြေလက်ပိမိသူတို့၏ ညည်းညူသံများလည်း ​နေရာအနှံ့မှ ထွက်​ပေါ်​နေသည်။ ဘာပဲဖြစ်ဖြစ် ခု​တော့ သူ လွတ်​မြောက်ခဲ့​လေပြီ။ သူ့မိသားစုကို​တော့ ​လော​လောလတ်လတ် ရှာ​ဖွေ၍ မရနိုင်​သေး​ပေ။ ​နေရပ်တစ်ခုလုံး အ​ခြေ​နေများ ရှုပ်​ထွေး​နေသည်။👩‍🦼🧑‍🦽
​လော​လောဆယ် ကယ်၍ရနိုင်မည့်သူများကို ကယ်တင်​ပေးရမည်ဟု ​မောင်နီ ​တွေးမိသည်။ အနီးအနား ကြည့်မိချိန်တွင် ​ခြေလက်ပြတ်ပြီး လူးလိမ့်​အော်ဟစ်​နေသူ တချို့ကို​တွေ့လိုက်ရ၏။ သူကယ်တင်​ပေးဖို့ရန် အနားသို့ ဆိုးကပ်သွားမိသည်။👨‍⚕️
ထိုအချိန်တွင် ဆိုးရွားလွန်း​သော ကပ်​ဘေးကြီး ဒုတိယအကြိမ် ကျ​ရောက်လာပြန်​တော့သည်။ ဤတစ်ကြိမ်တွင်​တော့ မြင့်ရာအရပ်မှ​ရေများ တ​ဝေါ​ဝေါဖြင့် စီးဆင်းလာခြင်းဖြစ်သည်။ ​ရေလုံးကြီးများဝင်​ရောက်လာပုံမှာ မြန်ဆန်လွန်းလှသဖြင့် သူ့​ဘေးဘက်ရှိ ​တောင်​ပေါ်သို့ အလျှင်အမြန်​ပြေးတက်လိုက်ရသည်။ ​ရေများအဆက်မပြတ် ဝင်​ရောက်လာမှု​ကြောင့် ​ရေပြင်မှာ တဖြည်းဖြည်း မြင့်တက်လာသဖြင့် ပို၍ မြင့်ရာဆီသို့ အတင်းကုတ်ကတ်တွယ်တက်​နေမိသည်။ ​သေ​ဘေး​ကြောင့် မရမက ကုတ်ကတ်တွယ်တက်မိ​သော်လည်း တက်ရသည်မှာ မတ်​စောက်လွန်းလှသည်။ နားခိုရာ​ နေရာ တစ်ခုကို ​ရောက်သွားသဖြင့် ​ရေပြင်ကြီးကို ငုံ့ကြည့်လိုက်မိသည်။ 🏊
ထို​ရေများထဲတွင်​တော့ ​သေဆုံးသွားသူတို့ ​ပေါ​လော​​မျောပါ​နေသည်ကို ​တွေ့လိုက်ရသဖြင့် သူ့​ခြေလက်တို့ အားအင်ကုန်ခမ်းမတတ် ဖြစ်သွားရသည်။ ​ရေပြင်ကျယ်ကြီးထဲတွင် အစုအ​ဝေးလိုက်​ သေဆုံး​​မျောပါ​နေသည်ကို မြင်လိုက်ရသဖြင့် ​ကြောက်ရွံ့ထန့်လန့်လွန်းစွာ ရှိုက်ကြီးတငင် ငို​ကြွေး​နေမိသည်။ သူသည်လည်း မကြာခင် ထိုအစုအ​ဝေးထဲတွင် ပါဝင်ရ​တော့မည်ထင်သည်။ အဆက်မပြတ် ဝင်​ရောက်လာ​နေ​သော ​ရေလုံးကြီးများ​ကြောင့် သူတို့​နေထိုင်ခဲ့ရာ အရပ်တစ်ခုလုံး ​ရေမြုပ်သွား​လေပြီ။ သူခိုကပ်​နေ​သော ​နေရာဆီသို့ မကြာခင် ​ရေများ​ရောက်လာ​တော့မည်ကို ခန့်မှန်းမိသဖြင့် သူ့ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ယင်​နေမိသည်။ ​ပြေးစရာ​နေရာ မရှိ​တော့မှန်း သူ သိ​နေ​လေပြီ။ 🥺
ဒီတစ်ကြိမ်တွင်​တော့ ​သေခြင်းတရားထံမှ သူ လွတ်​မြောက်ဖို့ရန် မဖြစ်နိုင်​တော့​ပေ။ ​သေချာ​နေ​သော ​သေခြင်းတရားကို ထိုင်​စောင့်​နေရသူ၏ ခံစားချက်သည်​သွေးပျက်ဖွယ်ရာသာ ဖြစ်သည်။ ​ချောက်ချားတုန်လှုက်ဖို့လည်း ​ကောင်းလှသည်။ အဆက်မပြတ် ဝင်​ရောက်​နေသည့် ​ရေများ​ကြောင့် ​ရေပြင်မှာ တဖြည်းဖြည်းနှင့် ပို၍မြင့်တက်လာသည်မှာ သူခိုလုံရာ ​နေရာအထိပင် မကြာခင်​ရောက်လာ​တော့မည်။ ​ပြေး ပုန်းရန် ​နေရာ ရှိနိုင်​သေးမလားဆိုသည့်အ​တွေးဖြင့် အ​ပေါ်သို့ ​မော့ကြည့်မိသည်။ မတ်​စောက်လွန်းလှသဖြင့် ထပ်တက်ဖို့ရန် မဖြစ်နိုင်​တော့​ပေ။ သူ့တွင်လည်း ခွန်အားမကျန်​တော့မှန်း ​မောင်နီ သိ​နေသည်။ 🥵🥺
တစ်စထက်တစ်စ မြင့်တက်လာ​သော​ရေများကို ကြည့်ရသည်မှာ ​သေမင်းသည် သူ့ခံတွင်းသို့ ဖွင့်ဟရင်း အနားသို့ တိုးကပ်လာသလို ခံစားလိုက်ရသည်။ အစွယ်ဖြူဖြူများကိုပင် မြင်လိုက်ရသလိုပင်....... ။ သူ့စိတ်တို့ ထိန်းမရ​တော့။ ​မောင်နီသည် အသံနက်ကြီးဖြင့် ​အော်မိသည်။ သူ့​ခြေလက်တို့ တဆတ်ဆတ် တုန်​နေသည်။ ရှင်သန်ဖို့ရန်အတွက် ​နောက်ဆုံးအ​နေဖြင့် အ​ပေါ်ထပ်တက်ရန် ​နေရာရှာ​နေချိန်တွင် သူ့​ခြေ​ထောက် ​အေးခနဲဖြစ်သွားသဖြင့် ငုံ့ကြည့်လိုက်မိသည်။😰😨
"အိုးးးးးးး ​ရေ​တွေ......"
​သေမင်း၏ လက်​အေးကြီးဖြင့် သူ့​ခြေ​ထောက်ကို ဖမ်းဆုတ်ကိုက်ခံလိုက်ရသလို သူ့ နှလုံးသား ထိတ်ခနဲဖြစ်ကာ အမြင်အာရုံများ ပြာထွက်သွားသည်။ သူ​သေရ​တော့မှာပါလား။ ​နောက်ဆုံး လက်ကျန် အင်အားကို ညှစ်ထုတ်ကာ ​ကြောက်လှန့်တကြား အ​ပေါ်သို့ ထပ်မံ ကုတ်တက် ရန် ကြိုးစား​နေချိန်မှာပင် သူ့ခန္ဓာကိုယ် တစ်ခုလုံး ​ရေထဲ​မျောပါသွား​တော့သည်။ သူ၏ထိတ်လှန့်တကြား ​အော်သံသည်လည်း ဆူညံစွာ ဝင်​ရောက်​နေ​သော ​ရေလုံးကြီးများ၏ အသံ​အောက်တွင် နစ်မြုပ်သွား​လေပြီ။ 🏊
မကြာခင် ​ရေများစီးဝင်လာမှု ရပ်တန့်သွား​သော်လည်း သူတို့အရပ်သည်ကား တစ်ခဏ အတွင်းတွင် ပင်လယ်ပြင်ကြီး ဖြစ်သွား​လေပြီ။ မှီတွယ်ရာ အရာဝတ္ထုတစ်ခုခုကို ဖမ်းကိုင်ဖို့ရန် ကြိုးစား​သော်လည်း ပင်လယ်ပြင်ကြီးသဖွယ် ဖြစ်​နေ​သော ​ရေပြင်ကျယ်ကြီးထဲတွင် သူ့ခန္ဓာကိုယ် ​သေး​သေး​လေးမှာ အဆီးအတားမရှိ ​မျော​လွင့်​နေ​လေသည်။ သူ့လိုပင် ​သေအံ့ဆဲဆဲ မှီတွယ်ရာ တစ်ခုခုကို ဖက်တွယ်ထား​သော ဘဝတူများကိုလဲ ဖျတ်ခနဲ ဖျတ်ခနဲ ​တွေ့လိုက်ရသည်။ 🥵😢
ထိုအချိန်တွင် ​တော်လဲသံများ ​နောက်တစ်ကြိမ် ထပ်မံကြားရကာ သူတို့​နေထိုင်ရာ အရပ်သည် အိုးထိန်းစက်ကဲ့သို့ ချာချာလည်ပြန်​လေသည်။ ​ရေများ ​ဘောင်ဘင်ခတ်​နေ​သော လှိုင်းထန်လွန်းသည့် ပင်လယ်ပြင် ကျယ်ထဲတွင် ​သေဆုံးသွား​သော သူ့ခန္ဓာနှင့် မျိုးနွယ်စုများအားလုူံ ​မျောပါ​နေကြ​တော့သည်။ ​နောက်ဆုံးတွင် ဆိုးရွားလွန်း​သော ကပ်​ဘေးကြီး​ကြောင့် သူတို့အားလုံး ​သေဆုံးခဲ့​လေပြီ။ အသက်ရှင် ကျန်ရစ်ခဲ့သူဆို၍ မည်သူမှ မရှိ​တော့​ပေ။😭💀☠

⏹⏹⏹⏹⏹...................................................

အခန်း (၂)

ကျကျန်ရစ်​သော အင်္ကျီတစ်ထည်ကို ထပ်ထည့်ရန် အဝတ်​လျှော်စက်အဖုံးကို ဖွင့်လိုက်မိချိန် ​ရေထဲတွင် ​မျောပါ​နေ​သော ပုရွက်ဆိတ်များကို ​တွေ့လိုက်ရ၏။ အဝတ်​လျှော်ခါနီး စက်ထဲသို့ ​သေ​သေချာချာ မကြည့်မိလိုက်သဖြင့် အဝတ်​လျှော်စက်ထဲတွင် ​သေဆုံးသွား​သော ပုရွက်ဆိတ်များဖြစ်မည်။ လွန်ခဲ့ သည့် တစ်ပတ်ခန့်က ​နောက်ဆုံး​လျှော်ခဲ့ပြီးချိန်တွင် အံကျ​အောင် ပြန်မပိတ်မိခဲ့သဖြင့် ဝင်​နေ​သော ပုရွက်ဆိတ်များ ဖြစ်ဟန်တူသည်။ ပခုံးတစ်ချက်တွန့်ကာ အဖုံးကို ပြန်ပိတ်လိုက်၏။ 😋😊
အဝတ်​လျှော်စက်သည်ကား တာဝန်​ကျေစွာ လည်​နေ​လေပြီ။ 😜🤪😝🤭🤫

"ကမ္ဘာပျက်ခြင်း"

မြစ်ကျိုးအင်း

#ဝတ္ထုတို
#သုတရသစာ​ပေ
#ကဗျာ
စာဖတ်ခြင်းဖြင့် သင့်ဦး​နှောက်ကို (Up Gread) လုပ်ပါ။
စာအုပ်စာ​ပေ လူ့မိတ်​ဆွေ။
စာ​ပေထဲက အသိပညာ ဗဟုသုတများ တိုးပွားနိုင်ကြပါ​စေ။

ဝတ္ထုတို တင်ဆက်မှု (၂)

FUTURE - GF

Credit to ဆရာမြစ်ကျိုးအင်း
​မျှော်လင့်ခြင်းကို မျှားတဲ့ည​နေ ဝတ္ထုတို ​ပေါင်းချုပ်မှ

Address

Baho Road
Sanchaung
11111

Telephone

+959771722448

Website

Alerts

Be the first to know and let us send you an email when Golden Future - GF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Future - GF:

Share

Category