3hirty-4our

3hirty-4our Books for Brain,Bitches for Booze.

3hirty-4our ရဲ့    ဟာဆိုရင် Customers များ  Package ဖောက်လိုက်တာနဲ့" စိတ်ညစ်သွားစေရန် ရည်ရွယ်ချက်"နဲ့ 😅"လက်ရေးဆိုးကြီး"ဖ...
23/09/2023

3hirty-4our ရဲ့ ဟာဆိုရင်

Customers များ
Package ဖောက်လိုက်တာနဲ့" စိတ်ညစ်သွားစေရန် ရည်ရွယ်ချက်"နဲ့ 😅

"လက်ရေးဆိုးကြီး"ဖြင့် အားမနာစွာ

သို့မဟုတ် တွေကို ထည့်ထည့်ပေးနေသည့်အပြင် 😅

တစ်ခါတစ်ရံ "ဟိုခြစ်ဒီခြစ် " တွေပါ ထည့်ပေးနေကြောင်း 🤣🤣🤣

ခိုင်လုံသည့်သက်သေအထောက်အထားများရရှိ 🤓

11/09/2023

#အသံတိုးနေ

#မနက်_၅_နာရီ_ထရွတ်ထားလို့_ကြက်ဖတွေတွန်နေ 😅

အဲ့ဒါဟာ
ဖြစ်ခဲ့တယ်
လူဖြစ်ပြီး တိုင်ကပ်ပန်းပင် တစ်ပင်လိုလို
ပြီးတော့
ပန်းလည်းမပွင့်တဲ့ ကောင်တစ်ကောင်မှာ ဖြစ်ခဲ့တယ်။

-ဖြစ်ခဲ့တယ်
-မောင်ချောနွယ်
-မောင်ချောနွယ် အတု

03/09/2023

-ညီလင်းနိုင် (နေမ၀င် အရူးများ )
-နေမ၀င်အရူး ၁

Yo!  "Welcome to 3hirty-4our  page! While we're in the process of adding all our books, you can still find your desired ...
01/09/2023

Yo!

"Welcome to 3hirty-4our page!

While we're in the process of adding all our books, you can still find your desired books by sending us a message via Messenger. Just let us know what book you're looking for, and we'll be happy to assist you. Thank you for your patience and support!"

-ကျွန်တော် ကြောင်ရဲ့လား-ကျွန်တော်သည် မျောက်မဟုတ်ပါ-လောဂျစ် နဲ့ ‌ဗေဒင်-လောဂျစ်နဲ့ မိတ်‌ဆွေဖွဲ့ရအောင်-နက္ခတ ဗေဒ နဲ့ စကြာ၀ဠ...
31/08/2023

-ကျွန်တော် ကြောင်ရဲ့လား
-ကျွန်တော်သည် မျောက်မဟုတ်ပါ
-လောဂျစ် နဲ့ ‌ဗေဒင်
-လောဂျစ်နဲ့ မိတ်‌ဆွေဖွဲ့ရအောင်
-နက္ခတ ဗေဒ နဲ့ စကြာ၀ဠာဗေဒ
-ငါးစိမ်းတန်း လောဂျစ်မှသည်
-ဆင်ခြင်ပုံ မှန်ခြင်း ၊ ဆင်ခြင်ပုံ မှားခြင်း
-လောဂျစ်ကို မြတ်နိုးဖို့ဆိုရင်
-အမှားများ
-လောဂျစ်ဘာကြောင့်လိုအပ်သလဲ

(မာတိကာ- မှ)

-မည်သည့်လူမျှ မျောက်မဟုတ်
-မောင်၀ဏ္ဏ ( လောဂျစ် နှင့် မိတ်ဆွေဖွဲ့ခြင်း)
-ဒုတိယအကြိမ်(၂၀၁၉ ၊ ဇန်နဝါရီလ)
-စိတ်ကူးချိုချိုစာပေ

မျက်နှာဖုံး ပန်းချီ - ထွန်း၀င်းအောင်

_Price....3000ks

31/08/2023

Hello Guy's!

🎉✨ Welcome to the New Chapter of Our Book Selling Page! ✨🎉

We're thrilled to unveil our refreshed Book Selling Page, designed with a fresh look and enhanced features to make your book shopping experience even more delightful. Whether you're a devoted bookworm or just starting your reading journey, we have something extraordinary in store for you.

Dive into our carefully curated collection of books that spans across genres, authors, and eras. From pulse-pounding mysteries that keep you on the edge of your seat to heartwarming tales that touch your soul, our selection is a treasure trove waiting to be explored.

But we're not just about selling books – we're about building a community of literary enthusiasts. Connect with fellow readers, share your thoughts on your favorite reads, and discover new titles that will leave a lasting impact.

As you navigate through our revamped page, you'll find user-friendly features, personalized recommendations, and an intuitive interface that makes finding your next literary escape a breeze.

Join us on this exciting journey as we turn the pages of this new chapter together. Thank you for being a part of our book-loving community. Here's to many more shared stories and captivating reads ahead! 📚🌟

3hirty-4our

26/02/2023

ဓာတ်ပုံဟောင်း

ဒီထက်မလျှော့နိုင်ဘူး ဆိုပေမဲ့
လျှော့ခဲ့ရပါပြီ ငါလူဟာ၊ ငါ့ပမာ
ကြေးအိုးပမာ၊ ဘောလုံးပွဲပမာ
မုသားပမာ ။

တစ်ခါသုံးဆေးထိုးအပ်ကို စွန့်ပစ်သလို
လူငယ်လေးတစ်ယောက်ဟာ စွန့်ပစ်ခံရလို့
သူ မခံနိုင်ဘူး။
ဓာတ်ပုံကျောဘက်မှာ စာတွေ ရေးထားတယ်
ငါတို့အကြောင်းလို့ ထင်ရတယ်
ဒါပေမယ့် မဟုတ်ပါဘူး
မဟုတ်ရှာပါဘူး
မြစ်ဘက်က မြစ်လေတွေ မြို့ထဲဝင်လာပုံ
သူ့ဘဝထဲ မိန်းကလေး ခြေဖြင့် နင်းဝင်လာပုံ
သူဖျားပုံ
သူ အလုပ်အကိုင် အဆင်မပြေပုံ
မြေပုံပဲ ။

အဲ့ဒီမြေပုံဟာ
ငါတို့ပဲ ။ ။

-အောင်ချိမ့်

22/02/2023

တစ်ခါက သီချင်းဆိုဖူးရဲ့
" မင်းကို ငါချစ်တယ်"
အခုလည်း သီချင်းဆိုတယ် အဲ့ဒီသီချင်း
"မင်းကို ငါချစ်တယ်"
အဲဒါကြောင့် ကွန်ပျူတာတွေ အင်တာနတ်တွေ
အသက်ထွက်
ပျက်စီးတွန့်လိမ်ကုန်သတဲ့။
အို....အချင်းလူငယ်
သီချင်းဆိုကြ!!
နောက်ထပ်
သီချင်းဆိုကြ!
ချစ်ခြင်းက
ဘယ်အရာကို
ပျက်စီးစေတာတဲ့လဲ။
အင်း....အင်တာနတ်လည်း
ပျက်စီးခဲ့ပေရဲ့။

(သမိုင်းသင်္ခန်းစာ-မောင်ချောနွယ်၊အောင်ချိမ့်)

22/02/2023

ရေချိုးပြီးစ

ပြီးရင်
ခန်းဆီးနား ကွယ်လို့
ငယ်ရွယ်သူတို့ဘာ၀
ရင်ခုန်သံလွလွလေးကို မျှော်မယ်

'ကြည့်စမ်းကွယ်
သူ ဒီနေ့
မနေ့ကထက် လှနေတယ်'
ဖြတ်သွားသူ‌တွေ ပြောလိမ့်မယ်

အရောင်အသွေး
အမွှေးအထုံ
အလှဗေဒနဲ့ မှုံသ
မှန်ခုံက သူထလိုက်ပါပြီ။

ဟုတ်တယ်
ရေချိုးပြီးတယ်ဆိုရင်
ဘယ်လိုပဲဖြစ်ဖြစ် ဒါဖြစ်သင့်တယ်။

နုပျိုဆဲမှာ
အသက်သွေး ပူနွေးဆဲမှာ
ရင်ခုန်သံ သန်မာဆဲမှာ
ဒါ ဖြစ်သင့်တယ်။

ကျမ်းမာရေး ကောင်းသူတွေ
ရေချိုးကြပါတယ်။

တစ်ခါ ရေချိုးပြီးစ
တစ်ခါ လှပါတယ်
ဘယ်နှခါ ချိုးချိုး
ရိုးသွားမဲ့ အလုပ်
ဘယ်ဟုတ်လိမ့်မလဲ။

သူတော်စင်တို့ စကားတော့
နား မယောင်ကြလေနဲါ
နွေမှာ၊မိုးမှာ
ဆောင်းမှာ
ရေချိုးကြပါလေ။

တကယ်တော့ သိလား
အမာရွတ်မျက်နှာ သနပ်ခါးလိမ်းလို့ကော
နာတာရှည်ရောဂါသည် ရေမွှေးဆွတ်
မုဆိုးမကမူပြပါစေ
အသေကောင် ရေချိုးရင်လည်း
အပိုပါပဲ။

ရိုးသားမှုနဲ့
တက်စွမ်းနိုင်တာ ပြုလုပ်
ကျွန်ုပ်တို့ ရေချိုးကြရအောင်။

(သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတ-- ဖော်ဝေး၊မောင်ချောနွယ်၊အောင်ချိမ့်)

Address

28th Street
Pyu

Alerts

Be the first to know and let us send you an email when 3hirty-4our posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 3hirty-4our:

Share

Category