Designer May Hnin

Designer May Hnin ချုပ်ပုံလေးတွေ ချုပ်နည်းလေးတွေ မျှဝေပေးမှာပါ အင်္ကျီချုပ်ပုံ လှလှလေးတွေမျှဝေမယ်

လှရက်နိုင်သော
02/05/2023

လှရက်နိုင်သော

14/02/2023

Valentine's Day နီးတိုင်းမှာ ကျွန်တော် s*x အကြောင်းရေးလေ့ရှိပါတယ်.. အခုလို ခေတ်ကိုနောက်ပြန်ဆွဲပြီး မျက်စိတွေနားတွေလိုက်ပိတ်ဖို့ အတင်းကြိုးစားတာခံနေရတဲ့အချိန်မျိုးမှာ ပိုတောင် လိုအပ်လိမ့်ဦးမယ်ထင်ပါတယ်..

S*x အကြောင်းဆိုပေမယ့် ဒီစာကိုဖတ်ဖို့အတွက် အသက် ၁၈ နှစ်ပြည့်စရာမလိုပါဘူး.. ရည်းစားထားတတ်နေပြီဆိုဖတ်ပါ..
...........................

S*x က ကောင်းလား?

ဟ..

ကောင်းတာပေါ့..

ရှယ်ပဲလေ..

ဒါဖြင့်လုပ်သင့်လား?

ဒီမေးခွန်းကိုတော့ အပေါ်ကလို ဟ.. ဒီလောက်ကောင်းတာကို.. လုပ်သင့်တာပေါ့.. လို့ ဖြေလို့မရတော့ဘူး..

ကျွန်တော့်တစ်ကိုယ်စာအမြင်နဲ့ပြောရရင် ၁၈ နှစ်အောက် ကို s*x အတွက် ဘယ်တော့မှ recommend မပေးပါဘူး.. ခန္ဓာကိုယ်အရ physically ready ဖြစ်နေပြီဆိုပေမယ့် s*x ကြောင့်မတော်တဆဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ နဲ့ consequences တွေကိုတာ၀န်ယူဖို့အတွက်တော့ mentally ready မဖြစ်ကြသေးလို့ပါ..

ဒါ့ကြောင့် ဒီစာဖတ်နေချိန်မှာ ၁၈နှစ်မပြည့်သေးပေမယ့် s*xual in*******se ကိုစပြီးစမ်းသပ်ကြည့်ဖို့စဉ်းစားနေပြီဆိုရင် အသက်ပြည့်တဲ့အထိ ခဏစောင့်လိုက်ဖို့ အကြံပေးချင်ပါတယ်.. ယောက်ျားလေးဆိုရင်လဲ အသက်မပြည့်သေးတဲ့မိန်းကလေးနဲ့ လိင်ဆက်ဆံတာ ပြဿနာတစ်စုံတစ်ခုဖြစ်ခဲ့ရင် ရှင်းမရတဲ့အမှုဖြစ်တတ်ပါတယ်.. အရမ်းအလိုတူနေတယ်ဆိုရင်တောင် မှတ်ပုံတင်တောင်းကြည့်ပြီး အသက်ပြည့်တယ်ဆိုမှ အတူအိပ်ဖို့ စဉ်းစားပါ.. ကိုယ့်အန္တရာယ်ကိုယ် ကြည့်‌ရှောင်တတ်ရာရောက်သလို လူကြီးလူကောင်းဆန်တဲ့အပြုအမူလဲဖြစ်ပါတယ်..
.........................

မိန်းကလေးတွေသိထားသင့်တာက s*x ဆိုတာ လက်ဆောင်လို အမှတ်တရပေးရတာမဟုတ်သလို ဆုတစ်ခုလို ချီးမြှင့်ရတာမျိုးလဲမဟုတ်ပါဘူး..

ပြီးပြည့်စုံသာယာကောင်းမွန်တဲ့ s*x ဆိုတာ ၂ဖက်စလုံးက ရယူရတာမျိုးပါ.. ပေးတဲ့လူမပါပါဘူး..

နှစ်ယောက်အတူတူ နွံထဲပျော်ပျော်ကြီးနစ်ကြရတာမျိုးပါ.. သူကနစ်ချင်လို့ ကိုယ်က နွံအိုင်ကြီးလုပ်ပေးရတာမျိုးမဟုတ်ပါဘူး..

အသက်ပြည့်ပြီးပြီဆိုရင် ပထမဆုံး s*x ကိစ္စအတွက် ဗယ်လင်တိုင်မ်းဒေးမို့လို့.. အန်နီဒိတ်မို့လို့.. မွေးနေ့မို့လို့ ပေးလိုက်သင့်တယ်.. ပေးလိုက်ပါ့မယ်လေလို့ စဉ်းစားမယ့်အစား.. ကိုယ်တိုင်ဒီကိစ္စကို လိုလိုလားလားနဲ့ကို လုပ်ချင်ရဲ့လား စဉ်းစားပါ..

ကိုယ်တိုင် က ဒီ pleasure ကို ရယူချင်တာသေချာပြီဆိုရင် အပျိုရည်တွေ.. ပတ်၀န်းကျင်တွေ.. မေမေဆူမှာတွေ.. သူငယ်ချင်းတွေသိကုန်မှာတွေ.. သိပ်ခေါင်းထဲထည့်မနေပါနဲ့..

အိမ်ထောင်မကျခင် လိင်ဆက်ဆံတာ မကောင်းဘူးမဟုတ်လား ဆိုရင် ကိုယ်က အိမ်ထောင်ကျတဲ့အထိ ကိုယ့်ရဲ့ virginity ကို keep လုပ်သွားချင်တယ်ဆိုလဲ ဒါ ကိုယ့်အခွင့်အရေးပဲမို့ keep လုပ်တာကောင်းပါတယ်.. ကိုယ်က ရတယ်.. virginity ကိုသိပ်အရေးကြီးတယ်မထင်ဘူး.. YOLO.. ဆိုလဲ my body my choice.. their body their choice မို့ premarital s*x ကိုလဲ judge လုပ်ဖို့မလိုသလို virgin ဘ၀နဲ့ပဲနေချင်တဲ့သူကိုလဲ judge လုပ်စရာမလိုပါဘူး..

S*x ဟာ enjoy ဖို့ဖြစ်ပါတယ်..
အတူတူကျွံကျရတဲ့တွင်းတစ်ခုဖြစ်ပါတယ်.. တစ်ယောက်ကတစ်ယောက်ကိုဆွဲချရတာမျိုးမဟုတ်သလို တစ်ယောက်အတွက်တစ်ယောက်ကလိုက်ခုန်ဆင်းပေးရတာမျိုးလဲမဟုတ်ပါဘူး..

ယောက်ျားလေးတွေကတော့ တောင်းဆိုမှာပဲ..
ကိုယ့်မှာ လိုက်လျောခွင့်ရှိသလို ငြင်းဆန်ပိုင်ခွင့်လဲအပြည့်အ၀ရှိတယ်ဆိုတာ မမေ့ပါနဲ့.. မကောင်းတတ်လို့.. အားနာလို့.. သနားလို့.. ဆိုတာတွေရဲ့အနောက်မှာ တစ်ခုခုချွတ်ချော်ခဲ့ရင်.. မတော်လို့များ ရောဂါရခဲ့ရင်.. ကိုယ်၀န်ရခဲ့ရင်.. ဘယ်သူကဘယ်လောက်ကူပြီးမျှဝေခံစားပေးသည်ဖြစ်စေ အဓိက ခံစားရမယ့်ဒုက္ခတွေကို သိမ်းကြုံးယူရင်ဆိုင်ရမှာ ကိုယ်တိုင် ပါပဲ..

S*x နဲ့ ဘာကိုမှ ချည်နှောင်လို့ရမှာမဟုတ်ဘူးဆိုတာကိုလဲ သဘောပေါက်ထားဖို့လိုပါတယ်.. ဒါပေးလိုက်လို့ ဒီလူက ကိုယ့်ဘေးနားမှာ တစ်သက်လုံး‌ရှိနေမယ်.. လွယ်လွယ်နဲ့ပစ်သွားလို့ရနိုင်တော့မှာမဟုတ်ဘူး.. သူနဲ့ပဲမြဲတော့မှာပဲ အစရှိသဖြင့်တွေးထားတာတွေရှိရင် မေ့ပစ်လိုက်ပါ.. အပေးအယူသဘောမျိုးနဲ့ချည်နှောင်နိုင်စွမ်းရှိတဲ့အရာတွေထဲမှာ လိင်ကိစ္စ မပါဘူးလို့သာ သဘောထားလိုက်ပါ..

ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ဆီက S*x ကိုတောင်းဆိုဖို့အတွက် အဲ့မိန်းကလေးကို သူချစ်နေဖို့ မလိုဘူး ဆိုတာကိုရော သိထားသေးလားမသိဘူး?

ယောက်ျားလေးအတွက် s*x ဆိုတာ မိန်းကလေးတွေ မာလာရှမ်းကောစားသလိုပါပဲ.. ဘယ်ဆိုင်ကဟာမှစားမယ်ရယ်လို့ မရှိပါဘူး.. ဘယ်ဆိုင်ကဟာပဲဖြစ်ဖြစ် ဗိုက်ဆာနေရင် စားလိုက်ရဖို့ ပိုအရေးကြီးပါတယ်.. စားပြီးရင်တော့ ဟိုဆိုင်ကဟာကပိုကောင်းတယ်.. ဒီဆိုင်ကနည်းနည်းငံတယ်.. စသဖြင့် မှတ်ချက်လေးတွေတော့ချမှာပေါ့.. ထပ် စားချင်လာရင် ကိုယ်ကောင်းမယ်ထင်တဲ့ဆိုင်ဘက် ပိုခြေဦးလှည့်ဖြစ်တာလောက်တော့လဲရှိမှာပေါ့..

ဒီတော့ သူက အရမ်းချစ်လို့ ဒီလိုတောင်းဆိုတာနေမှာပါ ဆိုတာတွေလဲ ခဏမေ့ထားလိုက်ပါ..

S*x မှာ လုပ်သင့်လား မလုပ်သင့်လား မရှိဘူး..
အသက်ပြည့်တယ်.. safe s*x ဖြစ်မှာသေချာတယ်ဆိုရင် s*x အတွက်စဉ်းစားရမှာက "ကိုယ်တိုင်ကလုပ်ချင်လား?" ဆိုတဲ့မေးခွန်းတစ်ခုပဲရှိပါတယ်..

ကွန်ဒုံးသုံးပါ.. သုံးခိုင်းပါ..

ပြီးရင် enjoy ပါ..

Fundamental needs ဖြစ်တာမို့ လိင်ဆက်ဆံခြင်းက မဖြစ်မနေအရေးပါတဲ့ ခန္ဓာကိုယ်ဇီ၀ဖြစ်စဉ်ဆိုပေမယ့် ကလေးရဖို့အတွက် ကြိုးစားနေတာမျိုးမှမဟုတ်ရင် ကျန်တဲ့အချိန်တော်တော်များများဟာ pleasure အတွက် entertainment ပါပဲ..

မိန်းကလေးတွေအတွက် s*xual pleasure ဟာ လူရော စိတ်ရော လုံခြုံတယ်လို့ခံစားရမှ ရောက်လာတတ်ပါတယ်.. ဒီတော့ ကိုယ့်စိတ်ကိုယ် ကိုယ်သေချာပြန်မေးပါ.. ကိုယ်ကတကယ်ဆုံးဖြတ်ပြီးပြီဆို ပတ်၀န်းကျင်ကဘာပြောမှာတွေ.. အပျိုစင်တွေ.. တန်ဖိုးမထားတော့မှာတွေ.. ထည့်မတွေးပါနဲ့.. ကိုယ်နဲ့အဆင်မပြေရင် အပျိုစင်ဖြစ်နေလို့လဲဘယ်ယောက်ျားမှသည်းခံပေါင်းနေမှာမဟုတ်ဘူး.. ကိုယ်နဲ့အဆင်ပြေရင် ကလေးအမေလဲ ဖူးဖူးမှုတ်အချစ်ခံရတာပဲ..

ကိုယ့်စိတ်မလုံခြုံဘူး.. အဆင်သင့်မဖြစ်သေးဘူးဆိုလဲ သူစိတ်ပျက်သွားမှာတွေ.. မချစ်တော့မှာတွေ.. စိတ်မကောင်းဖြစ်သွားမှာတွေ အများကြီးစဉ်းစားမနေနဲ့.. s*x ကိုမရလို့ဖြတ်သွားမယ်ဆို s*x ပေးပြီးဆွဲထားတာထက်စာရင် အဖြတ်ခံလိုက်ရတာက ပိုကောင်းတာပဲ..

ဆုံးဖြတ်ရခက်နေရင် ကိုယ့်စိတ်ကိုယ် မျက်နှာမူပါ..
လုပ်ချင်လား.. လုပ်ချင်တယ်.. အိုကေ.. လုပ်..
မလုပ်ချင်ဘူးလား.. မလုပ်ချင်ဘူး.. အိုကေ.. နိုးလို့ပြောလိုက်.. ဒါလေးပဲ

လှုံ့ဆော်ခံရရင် ခန္ဓာကိုယ်က လိုအပ်တဲ့ response လုပ်ပါလိမ့်မယ်.. လူပြတ်တဲ့နေရာရောက်ရင်.. skinship ရင်.. မတော်တဆ အင်အားသုံးခံရရင်တောင် ခန္ဓာကိုယ်က body fluids တွေကို release လုပ်ပေးပါလိမ့်မယ်.. ဒါဟာ ကိုယ်စိတ်ပါတယ်ဆိုတဲ့အဓိပ္ပါယ်မသက်ရောက်ပါဘူး.. ခန္ဓာကိုယ်က သူ မနာအောင် သူ့ဘာသူကာကွယ်တဲ့သဘောနဲ့ချောဆီထုတ်ပေးတာသာဖြစ်ပါတယ်..

စိတ်လုံခြုံမှုအတွက် ကြိုတင်တွေးတော့ဆုံးဖြတ်ထားပြီး ဖြစ်လာတဲ့အခြေအနေအလိုက် စီးမျောခံစားပါ.. အဆင်မပြေရင် အဆင်မပြေတဲ့ခဏမှာ ချက်ချင်းရပ်တန့်ဖို့ ငြင်းဆိုပိုင်ခွင့်ရှိတာကိုလဲ အမြဲသတိရပါ..

နေ့ရက်တစ်ခုအတွက် မပေးပါနဲ့..
ဆုတစ်ခုအဖြစ် မပေးပါနဲ့..
ချည်နှောင်ဖို့အတွက် မပေးပါနဲ့..
ပေးရတယ်လို့ခံစားနေရသေးသရွေ့ ready မဖြစ်သေးပါဘူး..

အထပ်ထပ်ပြောပါရစေ.. safe s*x ဖြစ်တဲ့ protection ပါရင်.. နှစ်ယောက်လုံးအသက်ပြည့်ပြီးပြီဆိုရင်.. ကိုယ်တိုင်က စိတ်ပါတယ်ဆိုရင်..

S*x ကို မပေးပါနဲ့.. ယူပါ..
အပြည့်အ၀ ခံစားရယူပါ..
Pleasure ကို ရပါစေ..

Ready ဖြစ်ပြီလို့မခံစားရဘူးဆိုရင်..
တိကျရေရာတဲ့ ဆုံးဖြတ်ချက်မရှိသေးပဲတွေဝေနေဆဲဆိုရင်..
ကိုယ်တိုင်ကလိုလားတဲ့စိတ်အခြေအနေမှာမရှိသေးဘူးဆိုရင်..
Premarital s*x အပေါ်မှာ အယုံအကြည်မရှိဘူးဆိုရင်..

ငြင်းပိုင်ခွင့်ရှိတယ်..
No လို့ပြောပိုင်ခွင့်ရှိတယ်..
အကြောင်းပြချက်ပေးစရာမလိုပဲ တောင်းဆိုတာတွေပယ်ချပိုင်ခွင့်ရှိတယ်ဆိုတာလဲ မမေ့ပါနဲ့..

The choice is all yours ပါ..

ယောကျာ်းလေးတွေမှာလဲ ဘဝနဲ့မို့ ကိုယ့်ဆန္ဒနဲ့တောင်းဆိုမှုတွေရဲ့နောက်မှာ တာဝန်ယူရခြင်းတွေ.. commitment issue တွေရှိတယ်ဆိုတာ ဒီခေတ်အခြေအနေအရ သိပြီးဖြစ်ပါလိမ့်မယ်..

ဘဝကတိုတိုလေးမို့ ကိုယ့်ဆုံးဖြတ်ချက်မှန်သမျှကို ကိုယ်တိုင် enjoy လုပ်နိုင်ဖို့အရေးကြီးပါတယ်..

Repost ပါ.. Credit YarZar Wizaya

12/02/2023
11/02/2023

Address

4th Street
Pyu

Alerts

Be the first to know and let us send you an email when Designer May Hnin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Designer May Hnin:

Share