Shan Gyi Battery Sales & Services

Shan Gyi Battery Sales & Services Sales & Services

Car Battery ကိုနည်းစနစ်မှန်ကန်စွာ ဘယ်လိုထောက်နှိုးမလဲ ?~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~Car Batt...
12/01/2025

Car Battery ကိုနည်းစနစ်မှန်ကန်စွာ ဘယ်လိုထောက်နှိုးမလဲ ?
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Car Battery တွင် အဖိုကြိုး (+)အနီ နှင့် အမကြိုး (-)အနက် တို့ပါဝင်ပါတယ်။

ကားအချင်းချင်း ထောက်နှိုးရမည်ဆိုပါက ပထမဦးစွာ ခေါင်းချင်းဆိုင်ထားရပါမယ်။ ဆိုဒ်တူသော အိုးအပိုရှိပြီး Jumper Cable မရှိပါက အားရှိနေသောအိုးအား စောင်းပြီး အဖို terminal နှင့် အမ terminal အချင်းချင်းကို ထိပြီးနှိုးလို့ရနိုင်ပါတယ်။

Car Battery ကိုနည်းစနစ်မှန်ကန်စွာ ထောက်နှိုးနည်း
----------------------------------------------------------------------
(၁) အားကုန်နေသောကားတွင် အဖိုကြိုး (+)အနီကို ဦးစွာတပ်ဆင်ပါ။

(၂) ကျန်တဖက်ကို အားပြည့်နေသောအိုးတွင် တပ်ဆင်ပေးပါ။

(၃) အားပြည့်နေသောအိုးတွင် အမကြိုး (-)အနက်ရောင်ကို တပ်ဆင်ပေးပြီး

(၄) ကျန်ရှိသော အနက်ကြိုးကို အားကုန်နေသောအိုး အမငုတ် (-) တွင်တပ်ဆင်လိုက်ပါ (သို့) အင်ဂျင်ခန်းအတွင်းရှိ metal frame တစ်နေရာရာတွင် ချိတ်ဆက်ပါက မီးစပွင့်ခြင်းကို ရှောင်ရှားနိုင်ပါတယ်။

စက်နှိုးပြီးပါက မူလတပ်ဆင်ခဲ့သည့်အတိုင်း ပြောင်းပြန်ဖြုတ်ပေးခြင်းဖြင့် မီးစပွင့်ခြင်း နဲ့ ငုတ်အချင်းချင်း မတော်တဆ ထိမိပြီး ပေါက်ကွဲခြင်း အန္တရာယ်မှ ကာကွယ်ပြီးသားဖြစ်စေမှာပါ။

မှတ်ချက် ။ ။ Battery ကောင်းသောကားကို အရင်စက်နှိုးပြီးမှ Battery အားမရှိသောကားကို နောက်မှစက်နှိုးပေးရပါမယ်။

အထက်ပါနည်းအတိုင်း အန္တရာယ်ကင်းစွာ နည်းစနစ်တကျဖြင့် Battery ထောက်နှိုးခြင်း (Jump Starting) ကို မိတ်ဆွေတို့အတွက် ဗဟုသုတ တစ်စုံတစ်ခုရရှိမယ်လို့ ယုံကြည်ပါတယ်။

Credit original uploader
မူရင်း​ရေးသားသူအား​လေးစားစွာ credit ​ပေးပါသည်

ဗဟုသုတ ရ​စေရန်ပြန်လည်မျှ​​ဝေခြင်းဖြစ်ပါတယ်။

Address

အမှတ်(၆/၄၄၃)၊ပန်းခင်းလမ်းမကြီး၊ဘုရားကြီးတောရကျောင်းမုဒ်ဦးမြောက်ဘက်
Pyinmana

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Shan Gyi Battery Sales & Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share