Mr.Paper Safety Equipment Store

Mr.Paper Safety Equipment Store copy. safety equipment and engineering book
engineering works

14/06/2022

Knowledge
Credit to Sir Zaw_Basic Civil Engineering Class
#ဆောက်လုပ်​ရေးနှင့်ပတ်သက်​သော​ဝေါဟာရ​ပေါင်း ( ၂၀၀)

1. Peg out -ပန္နက်
2. Stake /peg -တိုင်ငုတ်ချွန်၊ပန္နက်တိုင်
3. Pole/Column -တိုင်
4. Concrete Pole-ကွန်ကရစ်တိုင်
5. Pillar -​ဖောင်းအလှတိုင်
6. Wall -နံရံ
7. Beam -ထုတ်/ယက်မ
8. Floor -ကြမ်းခင်း /ကြမ်းပြင်
9. Balcony Floor -လသာ​ဆောင်ကြမ်းခင်း
10. Toilet Floor - အိမ်သာကြမ်းခင်း
11. Polished Concrete -​​ချောမွတ်ပြောင်လက်​နေ​​သော ကွန်ကရစ်နံရံကြမ်းပြင်
12. Brick - အုတ်
13. Lime -ထုံး
14. Sand lime brick -သဲအုတ်
15. Paving brick -လမ်းခင်းအုတ်
16. Ventilation brick -ပန်းအုတ်
17. Concrete brick -ဘိလပ်​မြေအုတ်(​ဘောက်အုတ်)
18. Joint -နှာ(အုတ်စီ)
19. Raking back -​နောက်ဆုတ်အုတ်စီနည်း
20. Stretcher -အုတ်လျား
21. Plinth level -အုတ်ခုံမျက်နှာ
22. Cement -ဘိလပ်​မြေ
23. Water -​ရေ
24. Sand -သဲ
25. Sand Coarse-သဲကြမ်း
26 . Sand fine -သဲနု
27. Gravel -​ကျောက်စရစ်
28. Stone chipping -​ကျောက်ဆန်ကွဲ
29. Marble -စကျင်​ကျောက်
30. Shingle -​ကျောက်စရစ်
31. Steel bar -၃မူးနှင့်အထက်ကြီး​သောသံ​ချောင်းများ
32. Steel Round Bar -​ပြောင်​ချောသံ​ချောင်း
33. Steel plate -သံပြား
34. Steel flat bar -သံပြားအရှည်
35. Steel wire rod -သွတ်ကြိုး
36. Angle steel bar -ကျင်တွယ်သံ​ချောင်း
37. Welded panels -သံဇကာ
38. Welded net -သံဇကာအ​သေး
39. Iron nail -သံမှို
40. Concrete nail -စတီးသံမှို
41. Bamboo -ဝါး
42. Timber -သစ်
43. Plastic rope-ပလတ်စတစ်ကြိုး
44. Nylon rope -နိုင်လွန်ကြိုး
45. Hardwood Squares -ပျဥ်(သစ်မာ)
46. Plywood -သစ်သားပြား
47. Lumber -သစ်ပွ
48. Earth -​မြေကြီး
49. Dig earth -​​မြေကြီးတူး
50. Earth leveling construction-​မြေကြီးညှိ
51. Cement earth -ဘိလပ်​မြေညှိ(မျဥ်းတိုက်)
52. Construction site clearing -​နေရာဌာနရှင်းလင်း
53. Hall -​ဟောခန်း
54. Bedroom -အိပ်ခန်း
55. Living room -ဧည့်ခန်း
56. Shrine /Buddha room -ဘုရားခန်း
57. Dinning room -ထမင်းစားခန်း
58. Kitchen -မီးဖိူ​ချောင်
59. Pantry -စားနပ်ရိပ်ခါထားရာအခန်း
60. Bathroom -​ရေချိုးခန်း
61. Lounge room/sitting room-အပန်း​ဖြေခန်း
62. Basement -​မြေ​အောက်ခန်း
63. Garage -ကား ထားရန်
64. Study -စာကြည့်ခန်း
65. Balcony -လသာ​ဆောင်
66. Verandah -ဝရန်တာ
67. Path -​လျှောက်လမ်း
68.Roof -အမိုး
69. Ceiling -မျက်နှာကျက်
70. Sheds -အဖီများ
71. Gate -ဝိုင်းဝင်တံခါး
72. Fence - ခြံစည်းရိုး
73. Letter box-အိမ်ဝန်း​ရှေ့စာတိုက်ပုံး
74. Door bell -အိမ်ဝန်း​ရှေ့ အချက်​​​​ပေးဘဲ
75. Ditch - ​ရေ​မြောင်း
76. Water tank -​ရေ​လှောင်ကန်
77. Wattle -ဝါးကပ်
78. Metal -သတ်တု
79. Brass -​ကြေးဝါ
80.Aggreate -​ရောစာ
81. Marble tile -စကျင်​ကျောက်ပြား
82. Marble chipping-စကျင်​ကျောက်ဆန်ကွဲ
83. Abutment wall -​မြေကာနံရံ
84. Chimney -မီးဖို​ခေါင်းတိုင်
85. Gypsum - စကျင် သလင်း​ကျောက်
86. Lodedtone -သံလိုက်​ကျောက်
87. Bismuth(cast iron) -သံကြွပ်
88. Chowket /door&window frame -ကျည်း​ဘောင်
89. Formwork -​ကျောက်ပုံး
90. Flooring tile- ​ကျောက်ပြား
91. Span -ခန်းဖွင့်အကျယ်
92. ridge -​ခေါင်ရိုး
93. ridge piece-​ခေါင်ချုပ်
94. Folding door -​ခေါက်တံခါး
95. Hollw brick -​ခေါင်းပွအုတ်
96. Pudlog -ငြမ်းဆင့်
97. Puglog hole-ငြမ်းဆင့်ထိုး​ပေါက်
98. Scaffolding -ငြမ်းဆင်ခြင်း
99. Binder -ထိန်းချုပ်​ဆေး
100. Ledged&battened door-ပျဥ်​ထောင်တံခါး
101. Putty -​ထေး​ဆေး
102.Turpentine -ထင်းရူးဆီ
103.Tallow -အမဲဆီ
104.Angle bracket -​ထောင့်ချိုးသံပြား
105.Angle -​ထောင့်မှန်ချိုး
106.Corner -​ထောင့်ချိုး
107.Header-ထိပ်စီ​ကျောက်
108.Lime concrete -ထုံးကွန်ကရစ်
109. Binder/stirrup -ထိန်းကွင်း
110.Collar truss -ဒိုင်းငယ်
111.Truss -ဒိုင်းငယ်
112.Cavity tie -နံရံချုပ်
113.Gutter -​ရေတ​လျှောက်
114.Parapet gutter -နံရံကပ်​ရေတ​လျှောက်
115.Valley -​ရေလိမ်
116.Valley rafter -​ရေလိမ်ဒိုင်း
117.Valley gutter -​ရေလိမ်​ရေတံ​လျှောက်
118.Flat or flush pointing -နှာပြည့်
119.Nosing -နှာစွန်း
120.Coping -နံရံထိပ်စီး
121.Batter -နံရံ​​စောင်း
122.Layout plan - ပန္နက်ရိုက်ပုံစံ
123. Bond - ကွန်ကရစ်သိပ်သည်း
124.Stencil -ပုံ​ဖော်ပြား
125.Eave board -ပန်းဆွဲ
126.Moulding (plaster)-​ပြော့​ကြောင်းထိုးခြင်း
127.Formwork -ပုံစံခွက်
128.Plastic emulsion paint -ပလပ်စတစ်ဆီ​ဆေး
129.Main rod-ပင်မသံ​ချောင်း
130.Cleat -ဖားတုံး
131.Mixing -​ဖျော်စပ်ခြင်း
132.Gable -မြင့်မိုရ်
133.Glazed door -မှန်တံခါး
134.Glazed window -မှန်ကွက်ပြတင်း
135.Centre hung fanlight -မှန်လည်​လေဝင်ပြတင်း​ပေါက်
136.Fixed fanlight -မှန်အ​သေတပ်ပြတင်း​ပေါက်
137.Barbed wire -သံဆူးကြိုး
138.Mortar -သရိုး
139.Plaster -သရွတ်
140.Plastering -သရွတ်ကျံခြင်း
141.Metal lath -သံဇကာဘိလပ်​မြေ
142. Quick setting cement-အအိပ်မြန်ဘိလပ်​မြေ
143.Slow setting cement -အအိပ်​နှေးဘိလပ်​မြေ
144.Rapid hardening cement -အမာမြန်ဘိလပ်​မြေ
145. Reinforcement rod -အားကူသံ​ချောင်း
146.Deformed reinforcement rod- အရစ်ပါသောအားကူသံ​ချောင်း
147.Plywood -အထပ်သား
148. Balancing reservoir -ထိန်းညှိ ​ရေ​​​လှောင်ကန်
149. Balanced cantilever -အစွန်းထွက်ယက်မ
150. ballast - ​အောက်ခံ​ကျောက်များ
151. base line -အ​ခြေခံမျဥ်း
152. base plate -တိုင်​အောင်ခံပြား
153. batten or reeper -အုတ်ကြွပ်တန်း
154. bed of pier -တိုင်​ခြေ
155. bedding plate- ခံ​ဆောင်ပြားများ
156. bond -အုတ်စီနည်း
157. bonder -တွဲဆက်​ကျောက်
158.cement motar -ဘိလပ်​မြေသရွတ်
159. cement sand screed -ဘိလပ်​မြေ သဲ သရွတ်ခင်း
160.column footings -တိုင်ဖိနပ်
161. combined footing -တွဲဖိနပ်
162. commode step -ကမုဒ်အနင်း
163. copings -ထိပ်အုပ်
164. corble -အစွန်းထွက်
165. cornices -ပန်းကလပ်
166. corrosive -သတ္တုစားခြင်း
167. cross hair -ကန့်လန့်ဖြတ်အမှတ်
168. cross -section -ကန့်လန့်ဖြတ်အပိုင်း
169. Curved roofs -အမိုးခုံး
170. efflorescence -ဆားပွင့်ခြင်း
171. Filter bed -​ရေစစ်ကန်
172. final setting of cement -ဘိလပ်​မြေအပြီးသတ်အိပ်ချိန်
173. fine aggregate -​ရောစာနု
174. flag stone -​ကျောက်ပြား
175. fl**ge -ဖလန်းပြား
176. flat arch -ခုံးပြား
177. flight -​လှေကား​ပြေး
178. Gypsum -ဂျစ်ပဆန်​ကျောက်
179. Precast -ကြိုတင်သွန်း​လောင်းခြင်း
180. rain water pipe -မိုး​ရေပိုက်
181.septic tank -မိလ္လာကန်
182. service reservior -​ရေ​​ဝေကန်
183. setting tank -အနည်ထိုင်ကန်
184. sump -​ရေစုကန်
185. spill way -​ရေပိုလွှဲ
186. surplus works -​ရေပိုလွှဲပိုက်
187. waste pipe -စွန့်ပစ်​ရေလွှဲပိုက်
188. waste weir -​ရေလွှဲဆည်
189. water seal -​ရေခံ
190. wearing course-အပွန်းခံလွှာ
191. vent pipet -​လေထွက်ပိုက်
192. filter bed -​ရေစစ်ကန်
193.fish plate -ပိုးပြား
194. flag -stone ​ကျောက်ပြား
195. sun shade -​နေကာမိုး
196. super -structure အထက်ပိုင်းအ​ဆောက်အအုံ
197. support beam -​​ထောက်ရက်မ
198. surveying -​မြေတိုင်းပညာ
199. suspended floor -အလွတ်ကြမ်းခင်း
200. suspended span -ဆိုင်းထား ခန်းဖွင့်

Knowledge by collection

Credit original uploader

24/04/2022

DOC အ​ကြောင်း​လေးမျှ​ဝေပါရ​စေရှင်

ဆရာ သန့်ဇင် DRRD (QC) ​ရေးပါတယ်

မြေကြီးလုပ်ငန်း တည်ဆောက်ရေးများမှာ Degree of Compaction 95% 98% နှင့် 100% ဆိုတဲ့ရလဒ်များကိုရရှိအောင်တည်ဆောက်မူ့ပြုလုပ်ကြရပါတယ် လမ်းများတွင်Embankment Layer DOC 90% Subgrade Layer DOC 95% နှင့် Subbase Course Gravelly Soil အုပ်စုများမှာ DOC 98% တည်ဆောက်ကြမူများလည်းရှိပါတယ် လမ်းမှာ Subgrade Layer 1ပေခန့် အမာခံတည်ဆောက်ရသလိုပဲ လေယာဉ်ကွင်းတည်ဆောက်ရေးများမှာတော့ Subgrade Layer 3ပေတည်‌ေဆာက်ကာ အောက်ဆုံး 2ပေမှ 3ပေအတွင်း DOC 98% နှင့် အပေါ် 0ပေမှ 2ပေအတွင်း DOC 100% ဆိုပြီးတည်ဆောက်ကြရပါတယ် DOC %တည်ဆောက်ရာမှာ လမ်းလုပ်ငန်းများ မမှီရခြင်းအကြောင်းအရာများမှာ OMC အနေအထားဖြင့် သိပ်သည်းမူ့ကောင်းစွာမရရှိခြင်းနှင့် ဓါတ်ခွဲခန်းပေးပို့ထားသော မြေအမျိုးအစားနှင့် ကွင်းအတွင်းအသုံးပြုမြေအမျိုးအစား လွှဲမှားမူ့များကြောင့်ဖြစ်ပါသည်
သိပ်သည်းမူ့ကောင်းစွာမရရှိခြင်းသည်လည်း လမ်းကြိတ်သောအခါအကြိမ်ရေနည်းပါးမူ့ တခါတရံ မြေအမျိုးအစားနှင့် ကြိတ်စက်လွှဲမှားနေမူ့ နှင့် OMC အနေအထားမဟုတ်ပဲ ရေနည်းချိန် ရေများချိန် လမ်းကြိတ်တည်ဆောက်နေမူ့များကလည်း DOC ခက်ခဲစေမူ့ကိုလည်း အကျိုးသက်ရောက်စေပါတယ် Wet Density ကို Moisture နဲ့စားမှ Dry Density ဆိုတာဖြစ်တည်တာပါ တခါတလေ Field ထဲ Cutter Test စမ်းချိန် ကျစ်လစ်လို့ Wt တတ်ပေမယ် ရေများရင်လည်း Wt
တက်စေတာ ကြည့်ပြီး Ok ပြီလို့သုံးသပ်မူ့များလည်းရှိပါတယ် Moisture နဲ့လည်းစားရော Dry Density နည်းတော့ DOC ကကျပြီး မှီရဲ့သားနဲ့လို့ ကောက်ချက်ချကြပါတယ်
မြေအမျိုးအစားလွှဲမှားမူ့ကလည်း DOC ရလဒ်ကို ကမောက်ကမဖြစ်စေတတ်ပါတယ် DoC ဆိုတာ Field D/D ကို Lab D/D နဲ့စားတာပါ ကွင်းအတွင်းတည်ဆောက်တဲ့မြေအမျိုးအစားနဲ့ ဓါတ်ခွဲခန်းမြေအမျိုးအစားပေးပို့ချိန် တူဖို့လိုအပ်ပါတယ် ကွင်းအတွင်းမြေက MDD နည်းပါးရင် DOC ခက်ခဲစေသလို ကွင်းအတွင်းမြေက MDD မြင့်ရင် သိပ်သည်းမူ့အားနည်းပေမယ် DOC မြင့်မားပါတယ် လမ်းအတွက်မကောင်းပါဘူး ကွင်းအတွင်း စက်နဲ့ကုတ်ချိန် အပေါ်မြေလွှာနဲ့ အောက်မြေလွှာရောသွားရင် လည်း MDD ပြောင်းသွားတာကြောင့် DOC ရလဒ်ကိုလည်း ခက်ခဲစေပါတယ် DOC အရမ်းတက်နေခြင်းနှင့် OMC အနေအထားဖြင့် ဘယ်လိုကြိတ်ကြိတ်မမှီလာဘူးဆိုရင် ချိန်ထိုးပြီ QC လုပ်သူက မြေအမျိုးအစား ဆန်းစစ်ဖို့လိုအပ်ပါတယ် လမ်းရဲ့ DOC % ခံနိုင်ရည်အားမှာ DOC မမှီနိုင်ဘူးဆိုတာ မရှိပါဘူး
Subgrade Layer ကျောက်ရောမြေ များမှာ DOC 95 % ထက် CBR 15 %ဆိုပြီး အချို့မြေအမျိုးအစားလား ခံနိုင်ရည်အားလားမသဲကွဲပါဘူး ထိုအတူ Soaked ဆိုတဲ့ ရေ 4 ရက်စိမ်ထားတာ နဲ့ UnSoaked
နဲ့က CBR အဖြေရလဒ်ဟာ မတူပါဘူး DCP ရိုက်ပြီး 15 ရရင် Ok နေလို့မရပါဘူး ကျောက်ရောမြေကို အနည်းငယ်ကြိတ်ပြီး DCP ရိုက်ရင် CBR 20အထက်မှာရှိပါတယ် ခံနိုင်ရည်အား ကောင်းတယ်လို့သုံးသပ်လို့မရပါဘူး
DOC %ရရှိအောင် Cutter Test တို့ Sand Cone တို့နဲ့စမ်းရင် ကွင်း Moistureထုတ်တာ နဲ့ မြေအမျိုးအစားမတူပြန်ရင်လည်း ချက်ချင်း မြေအခြောက်ခံ Lab မှာ Compaction Test နှင့် Moisture စမ်းတဲ့လုပ်ငန်း ၂ ရက်ခန့်ကြာမြင့်တတ်တာမို့ QC ကစမ်းပြီးချက်ချင်း DOC %ချက်ချင်းမသိရဘူးလားဆိုတဲ့ သူများလည်းရှိတတ်ပါတယ်
Moisture Content ဟာလည်း Subgrade Layer မှာ ဓါတ်ခွဲခန်းစမ်းသပ်ရလဒ် O MC ရဲ့ +or _ 2 သာသွေဖယ်လို့ရတာကြောင့် မြေကြီးလုပ်ငန်းစလုပ်တာနဲ့ Density &Moisture Test ဖြစ်တဲ့ Core Cutter Test နဲ့ Sand Cone Test တွေ စမ်းရင် လည်း ကွင်းMoisture ချိန်ညှိဖို့ ရေကားလည်း ဆောင်ထားသင့်ပါတယ်

DOC အကြောင်းတွေးတောရင်းဖြင့်
DOC 100%လေယာဉ်ကွင်းတည်ဆောက်ချိန်သာ ခက်ခဲပေမယ့် လမ်းမှာ DOC 95% ဆိုတာ ကတော့ဖြင့်ရပါတယ်ဆိုတာဖြင့်

ဆရာသမားများနှင့် အားလုံးကိုချစ်ခင်လေးစားလျှက်

သန့်ဇင် DRRD QC

🏊🏊‍♀️🏊‍♂️​ရေနှင့်ဆက်နွယ်၍လုပ်ငန်း​ဆောင်ရွက်​နေရ​သောပုဂ္ဂိုလ်များ၊​ရေကူးကန်များ၊​ရေကူသင်တန်းများအတွက်အရည်အ​သွေး​ကောင်းမွန...
18/04/2022

🏊🏊‍♀️🏊‍♂️​ရေနှင့်ဆက်နွယ်၍လုပ်ငန်း​ဆောင်ရွက်​နေရ​သောပုဂ္ဂိုလ်များ၊​ရေကူးကန်များ၊​ရေကူသင်တန်းများအတွက်အရည်အ​သွေး​ကောင်းမွန်ပီး​စျေးနှုန်းချိုသာ​သော Life Jacketများဝယ်ယူရရှိနိုင်ပါပီရှင်

👉Mr Paper Safety Equipment Store
ဘုရားကြီးအနီး၊ ပြည်​-​အောင်လံလမ်းမကြီးရဲ့​ဘေး
မှာတည်ရှိပါတယ်ရှင်

Ph -09423659469, 09254164312

18/04/2022

Knowledge sharingပါရှင်

အဆောက်အအုံဆောက်လုပ်ခွင့်ရရှိသူ လိုက်နာရမည့် စည်းကမ်းနှင့်နည်းဥပဒေများ

၁။ (၄၀ပေ x ၆၀ပေ)နှင့် အထက်မြေကွက်များတွင် လုံးချင်းအဆောက်အအုံများ ဆောက်လုပ်လိုပါက အနည်းဆုံး ရှေ့ ၅ပေ၊ နောက် ၄ပေ၊ ဘေးနှစ်ဖက်အမိုးစွန်းမှ ၂ပေစီချန်လှပ်ရမည်။

၂။ (၄၀ပေ × ၆၀ပေ) အောက်မြေကွက်များတွင်လုံးချင်းအဆောက်အအုံများ ဆောက်လုပ်ပါက အနည်းဆုံး ရှေ့ ၅ပေ၊ နောက် ၄ပေ၊ ဘေးနှစ်ဖက်အစွန်းမှ ၁ ပေစီချန်လှပ်ရမည်။ (ဘေးနှစ်ဖက် ၁ပေချန်သဖြင့် အရွက်ဖွင့်တံခါးဆောင်ရွက်၍မရဘဲ လျှောတံခါး (Sliding Window) ဖြင့် ဆောင်ရွက်ရမည်။

၃။ (၄)ထပ်နှင့် အထက်အဆောက်အအုံများတွင် အနည်းဆုံး (Plinth Level) ၁ပေ ဆောင်ရွက်ပြီး (Gf: Level) မှစ၍ (Total Height) ၆၂ပေ ကျော်လွန်ပါကဓာတ်လှေခါး တပ်ဆင်ရမည်။

၄။ (၄)ထပ်နှင့် အထက်အဆောက်အအုံများ လျှောက်ထားရာတွင် ယာဉ်ရပ်နားရန်နေရာ ထည့်သွင်းတင်ပြ၍ မပျက်မကွက်ဆောင် ရွက်ရမည်။

၅။ (၄)ထပ်နှင့် အထက်အဆောက်အအုံများတွင် အရှေ့ဘက်ပင်မလှေခါးအပြင် အရေးပေါ် အသုံးပြုနိုင်ရေးအတွက် မီးသတ်လှေခါးအား အလွယ်တကူတက်/ဆင်းနိုင်ရန်အတွက် ထည့်သွင်း ဆောက်လုပ်ရမည်။

၆။ အဆောက်အအုံ၏အုတ်ခုံအား အနီးကပ်ဆုံး လမ်းမျက်နှာပြင်အထက် အနည်းဆုံး ၁ပေ-၆လက်မမြှင့်၍ ဆောက်လုပ်ရမည်။

၇။ အဆောက်အအုံ၏ ကျောရပ်အမြင့်အား မြေညီထပ်(၁၂ပေ)နှင့် အပေါ်ထပ်အား (၁၀ပေ) စီဆောက်လုပ်ရမည်။

၈။ အိမ်ခန်း၏ ပန္နက်ဧရိယာသည် (၁ဝဝစ/ပေ)ရှိ၍ လေဝင် /လေထွက် ပြူတင်းပေါက်တံခါးများ ဧရိယာသည် အနည်းဆုံး အခန်းနံရံဧရိယာ၏ သုံးပုံတစ်ပုံရှိရမည်။

၉။ ရေမိလ္လာစနစ်အား ရေနှင့်သန့်ရှင်းမှုဌာန၏ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ရမည်။

၁၀။ မည်သည့်မြို့နယ်တွင်မဆို (Pile Foundation) ဆောင်ရွက်မည် ဆိုပါက မိမိပိုင်နယ်နိမိတ်အတွင်း အနည်းဆုံး ၂ပေခွာ၍ ဆောင်ရွက်ရမည်။ (သို့) အဆောက်အအုံနှင့် ကုန်ဌာန၏ သတ်မှတ်ညွန်ကြားချက်အတိုင်း ဆောင်ရွက်ရမည်။

၁၁။ မိလ္လာကန် (Septic Tank)အတွက် မိမိပိုင်မြေအတွင်းအနည်းဆုံး ၆ပေ ချန်၍ ဆောက်လုပ်ရမည်။ မိလ္လာပိုက်လိုင်းများအတွက် အနောက်ဖက်တွင် အသားတင်၄ပေ ချန်ရမည်။ သို့တည်းမဟုတ် ရေနှင့်သန့်ရှင်းမှုဌာန၏ သတ်မှတ်ညွန်ကြားချက်အတိုင်း ဆောင်ရွက်ရမည်။

၁၂။ အရေးပေါ်ထွက်ပေါက်လှေခါးကို မိမိပိုင်မြေအတွင်းတပ်ဆင်ရမည်။

၁၃။ (၂)ထပ် ထက်ပိုသောအဆောက်အအုံများကို သံကူကွန်ကရစ် (သို့) သံထည်အဆောက်အအုံ (Steel Structure) ဖြင့် ဆောက်လုပ်ရမည်။

၁၄။ အဆောက်အအုံဆောက်လုပ်ရာတွင် မိမိပိုင်နယ်နိမိတ်အတွင်း ဆောက်လုပ်ရမည်။ စည် ပင်မြေဖြစ်သည့် နောက်ဖေးလမ်းကြား၊ ဘေးလမ်းကြား၊ လမ်းနယ်များနှင့် ဘေးကပ်လျက် မြေကွက်များသို့ ကျူးကျော်ဆောက်လုပ်ခြင်းမပြုရ။

၁၅။ ကော်မတီမှ အခါအားလျော်စွာ သတ်မှတ်သည့်နေရာများတွင် သတ်မှတ်သည့် အမြင့်အထိသာ ဆောက်လုပ်ရမည်။

Crd

လူကြီးမင်းများရဲ့အဖိုးတန်လှတဲ့​ခြေ​ထောက်များလုပ်ငန်းခွင်အတွင်း ထိခိုက်မှုများ ကင်း​​​ဝေး​စေနိုင်ရန်Safety shoesများ ဝယ်ယ...
12/03/2022

လူကြီးမင်းများရဲ့အဖိုးတန်လှတဲ့​ခြေ​ထောက်များလုပ်ငန်းခွင်အတွင်း ထိခိုက်မှုများ ကင်း​​​ဝေး​စေနိုင်ရန်
Safety shoesများ ဝယ်ယူအား​ပေးနိုင်ပါပြီရှင်။
​​ရောင်းချ​ပေး​နေ​သော safety shoesများ၏
အရည်အ​သွေးများဟာဆိုရင်ဖြင့်
1. Water Repellant Leather
2. Long Life Reliability
3. Oil Resistant
4. Insulated
5. Anti-Static
6. 200 Joule Toecap
7. Slip Resistant
8. Shock Absorption
9. Wide Steel Head
10. Impact Resistance
11. 180° Twisted Botton
12. Prevention Of Puncher
13. Anti-nail Midsole
အစရှိ​​သော အရည်အ​​​သွေးများနှင့် ပြည့်စုံစွာ
ထုတ်လုပ်ထား​ပါတယ်ရှင်။

[ ] ဆိုင်လိပ်စာက​တော့
- ဘုရားကြီးဘုရား​ရှေ့
- ပြည်​အောင်လံ လမ်းမကြီးရဲ့​ဘေးမှာ
- Mr.paper Safety Equipment Store ရှိပါ
တယ်ရှင်။

[ ] Phone.No - 09254164312
09423659469 တို့ကိုလည်း
ဆက်သွယ်​မေးမြန်း၀ယ်ယူနိုင်ပါ
တယ်ရှင်။

လူကြီးမင်းတို့ရဲ့လုပ်ငန်းခွင်မှာ အမြင့်တက်ပီးအလုပ်လုပ်ကြရတဲ့အခါ  Fall Protection ​တွေကိုဝတ်ဆင်ပီးအလုပ်လုပ်ကြမယ်ဆိုရင် လု...
25/02/2022

လူကြီးမင်းတို့ရဲ့လုပ်ငန်းခွင်မှာ အမြင့်တက်ပီးအလုပ်လုပ်ကြရတဲ့အခါ Fall Protection ​တွေကိုဝတ်ဆင်ပီးအလုပ်လုပ်ကြမယ်ဆိုရင် လုံခြုံမှုရှိ​စေမှာဖြစ်ပါတယ်

👉Fall Protection ​​တွေမှာဆိုရင်

- Full body harness
- half body harness
- ခါးမှာပဲချိတ်တဲ့ ခါးချိတ်
အစရှိသဖြင့် ဝယ်ယူရရှိနိုင်ပါတယ်

👉ဘုရားကြီးအနီး ၊ ပြည်​_အောင်လံ လမ်းမကြီးရဲ့​ဘေး
ပြည်မြို့ မှာတည်ရှိတဲ့ Mr.Paper Safety
Equipment Storeမှာဝယ်ယူရရှိနိုင်ပါပီရှင်

👉Ph no- 09423659469 နဲ့ 09254164312
တို့ကိုလဲဆက်သွယ်ဝယ်ယူနိင်ကြပါပီရှင်

👉နယ်မှမှာယူသူများအတွက်လဲသက်ဆိုင်ရာကားဂိတ်
များမှတဆင့်ပို့​ဆောင်​ပေးမှာပါရှင့်

Ear protector နဲ့ Ear plug​လေး​တေ​ရောက်ပါတယ်​နော်။မိတ်​ဟောင်းမိတ်သစ်များဝယ်ယူအား​ပေးနိုင်ပါပီရှင်ဆိုင်လိပ်စာ-ဘုရားကြီးအန...
22/02/2022

Ear protector နဲ့ Ear plug​လေး​တေ​ရောက်ပါတယ်​နော်။မိတ်​ဟောင်းမိတ်သစ်များဝယ်ယူအား​ပေးနိုင်ပါပီရှင်

ဆိုင်လိပ်စာ
-ဘုရားကြီးအနီး
-ပြည်-​အောင်လံ လမ်းမကြီးရဲ့​ဘေးမှာ Mr Paper Safety Equipment Store​ မှာဝယ်ယူအား​ပေးနိုင်ပါပီ

Ph no-09423659469
-09254164312 တို့ကိုလဲ ဆက်သွယ်ဝယ်ယူနိုင်
ကြပါပီရှင်

Pumpkin helmet, pumpkin steel tape (5 m), pumpkin glass များMr Paper Safety Equipment Storeမှာ ဝယ်ယူရရှိနိုင်ပါပီ​နော်ဆိ...
07/02/2022

Pumpkin helmet, pumpkin steel tape (5 m), pumpkin glass များMr Paper Safety Equipment Storeမှာ ဝယ်ယူရရှိနိုင်ပါပီ​နော်

ဆိုင်လိပ်စာ
_ဘုရားကြီးဘုရား​ရှေ့
_ပြည်​အောင်လံလမ်းမကြီးရဲ့​ဘေးမှာပါ

Ph no.
_ 09254164312
_ 09423659469 တို့ကိုလဲစုံစမ်း​မေးမြန်းဝယ်ယူနိုင်ပါ
ပီ​နော်

လုပ်ငန်းခွင်အတွင်း ဦးခေါင်းထိခိုက်မှုများကို ကာကွယ်ရန်အတွက် အရည်အသွေးကောင်းမွန်သော Safety helmet ရောင်စုံဝယ်ယူရရှိနိုင်ပ...
06/02/2022

လုပ်ငန်းခွင်အတွင်း ဦးခေါင်းထိခိုက်မှုများကို ကာကွယ်ရန်အတွက် အရည်အသွေးကောင်းမွန်သော Safety helmet ရောင်စုံဝယ်ယူရရှိနိုင်ပါပြီရှင်

ဆိုင်လိပ်စာ
_ ဘုရားကြီးဘုရား​ရှေ့
_ ပြည်​အောင်လံလမ်းမကြီးရဲ့​ဘေးမှာ Mr Paper Equipment Store ရှိပြီး Safety ပစ္စည်းများကို​စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ပါပြီရှင်

Ph no _ 09254164312
_ 09423659469 တို့ကိုလဲ ဆက်သွယ်​မေးမြန်း
ဝယ်ယူနိုင်ပါတယ်ရှင်

Address

Pyay-Aunglan Road, Near The Phaya Gyi Phayar
Pyay
08151

Telephone

+959794103181

Website

Alerts

Be the first to know and let us send you an email when Mr.Paper Safety Equipment Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share