Phyo Lay

Phyo Lay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phyo Lay, Shopping Service, Pyapon.

နှင်းပုလဲ ဝမ်းဆက်💯💯💯ချည်သားစစ်စစ်တစုံ ၁၅၀၀၀အရောင်ရွေးလို့ရ💓💓💓
28/07/2022

နှင်းပုလဲ ဝမ်းဆက်
💯💯💯ချည်သားစစ်စစ်
တစုံ ၁၅၀၀၀
အရောင်ရွေးလို့ရ💓💓💓

ကီမို ၂စုံရပါမယ် အဆင်မတူပါဘူးနော်💞💞လက်ကျန်ဖြတ်ပါ ၆၅၀၀ (၂စုံ ယူရပါမယ်)
28/07/2022

ကီမို ၂စုံရပါမယ်
အဆင်မတူပါဘူးနော်💞💞
လက်ကျန်ဖြတ်ပါ
၆၅၀၀ (၂စုံ ယူရပါမယ်)

ရွှေလိပ်ပြာ ပါတိတ် ကွင်းပါ💯💯%ချည်သားစစ်စစ် ဆေးအသား အာမခံ 💯💯%အသားတံဆိတ်တကွင်း ၈၅၀၀
28/07/2022

ရွှေလိပ်ပြာ ပါတိတ် ကွင်းပါ
💯💯%ချည်သားစစ်စစ်
ဆေးအသား အာမခံ 💯💯%
အသားတံဆိတ်
တကွင်း ၈၅၀၀

မူံနသာနဲ့ဖိတ်ဖောက်တွဲပြီးသားလေးတွေပါတစုံ ၁၁၀၀၀ အရောင်လက်ကျန်လေးတွေ မို့ စျေးလျော့ပေးထားပါတယ်
28/07/2022

မူံနသာနဲ့ဖိတ်ဖောက်တွဲပြီးသားလေးတွေပါ
တစုံ ၁၁၀၀၀
အရောင်လက်ကျန်လေးတွေ မို့ စျေးလျော့ပေးထားပါတယ်

စပန့် မဝတ် ရင်ဆိုဒ် ၄၂တထည် ၄၅၀၀အရောင်ဒါလေးပဲ ရှိတော့လို့ 😘😘
28/07/2022

စပန့် မဝတ် ရင်ဆိုဒ် ၄၂
တထည် ၄၅၀၀
အရောင်ဒါလေးပဲ ရှိတော့လို့ 😘😘

အကျီစ ပြောင်ပါ ဝမ်းဆက် ( တစုံမှ -5500)တထက်ခံစရာ(လုံးဝ လုံးဝ မလိုပါ)ဆေးအသား အာမခံပါတယ်ဆေးလုံးဝမကျ အသီးမထပါ ရှင့်(ကြိုက်ရေ...
28/07/2022

အကျီစ ပြောင်ပါ ဝမ်းဆက် ( တစုံမှ -5500)
တထက်ခံစရာ(လုံးဝ လုံးဝ မလိုပါ)
ဆေးအသား အာမခံပါတယ်
ဆေးလုံးဝမကျ အသီးမထပါ ရှင့်
(ကြိုက်ရောင်လေးမန့်ခဲ့😘😘😘😘

အူဝဲဆွဲ လက်ကျန်ဖြတ် စျေးလေးပါရှင့်💞💞 (အနံလွန် ဝမ်းဆက် တစ်စုံ=4500)တစ်ထက်ခံစရာ (လုံးဝ လုံးဝ မလိုပါ)မပါးသားမဟုတ်ပါဘူးနော်ဝ...
28/07/2022

အူဝဲဆွဲ
လက်ကျန်ဖြတ် စျေးလေးပါရှင့်💞💞 (အနံလွန် ဝမ်းဆက် တစ်စုံ=4500)
တစ်ထက်ခံစရာ (လုံးဝ လုံးဝ မလိုပါ)
မပါးသားမဟုတ်ပါဘူးနော်

ဝမ်းဆက်ချုပ်ဝတ်ချင်တဲ့ကောင်မလေးတွေ😍😍
ဂါဝန် လှလှလေး ချုပ်ချင်တဲ့ ချစ်ကလေးတွေရေ💞💞 အကုန်ယူပေးရပါမယ် ရှင့်😘😘

26/07/2022

ဖရဲ စိုက်ပျိုးချင်တဲ့ စိုက်ပျိုးရေးဝါသနာရှင်
တွေအတွက် ဖရဲ စိုက်ပျိုးနည်းစနစ်{ စ ဆုံး} ကို
လေးစားစွာဖြင့် တင်ပေးလိုက်ပါသည်။
🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉

အပင်ပုံသဏ္ဍာန်

ဖရဲပင်သည် နွယ်အမျိုးအစားအဖြစ်၍ အပင်ပျော့မျိုးဖြစ်သည်။ အနွယ်ရော အရွက်ပါ အစိမ်းရင့်ရောင်ပို သည်။ အရွက်မှာ (၄) လက်မှ (၆) လက်မခန့် ရှည်လျားသည့် လက်ခြားအရွက်များဖြစ်ကြသည်။ ပင်စည်နှင့် အရွက်များတွင် အမွှေးများ ဖုံးလွှမ်းလျက်ရှိသည်။

အသီးပုံသဏ္ဍာန်

အသီးပုံသဏ္ဍာန်မှာလည်း လုံးဝိုင်းပုံ၊ လုံးရှည်ပုံ၊ ဘဲဥပုံ အစရှိသည်ဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးရှိသည်။ အသီးအရှည်မှာ မျိုးကိုလိုက်၍ (၉)လက်မမှ (၃၀) လက်မခန့်အထိရှည်ပြီး သီးလုံးအချင်း (၆) လက်မမှ (၁၅) လက်မခန့် အထိရှိသည်။ အတွင်းသားအရောင်မှာလည်း အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အဖြူရောင်တို့ရှိ ကြပြီး အပြင်အခွံရောင်မှာလည်း အစိမ်းဖျော့ရောင်၊ အစိမ်းရင့်ရောင်၊ အဝါရောင်၊ အစင်းပါစသည်ဖြင့် အရောင် အမျိုးမျိုးရှိကြသည်။ အပြင်ခွံမှာ အစင်းပါနှင့် အစင်းမဲ့ဟူ၍ ကွဲပြားသည်။

မြေအမျိုးအစား

ဖရဲစိုက်ပျိုးရန် သင့်လျော်သော မြေအမျိုးအစားမှာ သဲနုန်မြေဖြစ်ပါသည်။ မိုးရာသီအကုန် မြစ်ရေကျချိန် မြစ်ကမ်းဘေးရှိ ကျွန်းမြေများတွင်လည်းကောင်း၊ စပါးစရိတ်သိမ်းပြီးသည့် လယ်ကွက်များတွင်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ မြေအချဉ်အငံဓာတ် (၆ မှ ၆.၈)အတွင်း ရှိသည့်မြေတွင် ဖရဲကိုကောင်းစွာ စိုက်ပျိုးနိုင်သည်။ မြေတစ်နေရာတည်းတွင် သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ပျိုးပါက ရောဂါပိုးမွှား ကျရောက်ဖျက်ဆီးမှုများ သဖြင့် သီးနှံအလှည့်ကျ စိုက်ပျိုးသင့်ပေသည်။ ရေအစိုဓာတ် လိုအပ်သော်လည်း ရေဝပ်ခြင်း၊ စိုထိုင်းဆများခြင်း ကို မနှစ်သက်ပေ။

မြေနေရာရွေးချယ်နည်း

နေရောင်ခြည်ပြည့်ပြည့်၀၀ရရှိနိုင်ပြီး ရေရရှိနိုင်သော နေရာနှင့် သယ်ယူပို့ဆောင်ရန်လွယ်ကူသော နေရာများတွင် ဖရဲကို စိုက်ပျိုးသင့်ပေသည်။

ရာသီဥတု

အပူချိန် (၂၁-၃၄) ဒီဂရီစင်တီဂရိတ်အတွင်း နေရောင်ခြည်ပြည့်ဝစွာ ရရှိပြီး လေစိုထိုင်းစနည်းသော ဒေသများတွင် ဖရဲသည် ကောင်းစွာဖြစ်ထွန်းပါသည်။

စိုက်ချိန်

မိုးများသောဒေသများတွင် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ ဖရဲကို စီးပွားဖြစ်စိုက်ပျိုးနိုင်ပြီး မိုးနည်းသောဒေသများတွင် မေလမှစ၍ ဖေဖော်ဝါရီလအထိ စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။ ပူလွန်းသောအချိန် တွင် စိုက်ပျိုးပါက အချိုဓာတ် လျော့နည်းသွားသည်။

မျိုးစေ့အညှောက်ဖောက်နည်း

ဖရဲစေ့ကို မြေတွင် တိုက်ရိုက်စိုက်၍သော်လည်းကောင်း၊ ပျိုးထောင်ပြီး ရွှေ့ပြောင်း၍သော်လည်း ကောင်း စိုက်ပျိုးနိုင်ပါသည်။ မြေတွင် တိုက်ရိုက်စိုက်ပါက မျိုးစေ့ကုန်ကျမှုနှင့် ပြုစုထိန်းသိမ်းစရိတ်များသဖြင့် ပျိုးထောင်စိုက်ပျိုးသင့်ပါသည်။ ယခုအခါ အစေ့မဲ့နှင့် အစေ့ပါဟူ၍ နှစ်မျိုးရှိပါသည်။ အစေ့မဲ့ဖရဲသည် အစေ့ခွန် မာသောကြောင့် မျိုးစေ့အညှောက်ဖောက်ရာတွင် အပင်လောင်းရှိသည့်မျိုးစေ့၏ ထိပ်ချွန်ဘက်ကို လက်သည်း ညှပ်နှင့် အစေ့ခွံအက်ကွဲလာရုံညှပ်ပြီးနောက် အပေါက်ငယ်လေးများဖောက်ထားသော ပလပ်စတစ်အိတ်တွင် ထည့်ရသည်။ ၎င်းအိတ်ကို ရေထဲတွင် နာရီဝက်စိမ်ပြီးနောက် အိတ်ထဲမှ ရေများခါထုတ် ပေးရသည်။ ထို့နောက် မျိုးစေ့ထုတ်ကို မျက်နှာသုတ်ပဝါတွင်ထည့်၍ လိပ်ပြီး အခြားပလပ်စတစ်အိတ်ထဲတွင် ထည့်ကာ (၂) ပေခန့် အမြင့်ရှိသော စက္ကူကပ်ပုံးထဲတွင် ထားရသည်။ မျိုးစေ့ထုတ်အပေါ်မှ (၁) ပေခွဲခန့်အကွာတွင် (၄၀) ဝပ် (သို့မဟုတ်) (၆၀) ဝပ်မီးသီးဖြင့် (၂၄) နာရီကြာအောင် အပူပေးထားရသည်။ မျိုးစေ့ထုတ်ပေါ်တွင် သတင်းစာ စက္ကူုဖြင့် ဖုံးအုပ်ပေးထားခြင်းဖြင့် အလင်းရောင်နှင့် ထိတွေ့ခြင်းမှ ကာကွယ်ပေးပါသည်။

အစေ့ပါ ဖရဲမျိုးစေ့များကိုမူ လက်သည်းညှပ်နှင့် ညှပ်ရန် မလိုဘဲ ရေတွင် (၄)ကြိမ်ကြာ စိမ်ပြီးနောက် ရေများခါပြီး အစေ့မဲ့ ဖရဲစေ့များအတိုင်း မီးသီးအောက်တွင် (၂၄) နာရီအကြားထား၍ အညှောက်ဖာက်ပါသည်။ အညှောက်မပေါက်သေးသော မျိုးစေ့များကို ရေဖြင့်ဆေးပြီး အထက်ပါအတိုင်း ထပ်မံအညှောက်ဖောက်ပေးပြီး ဆက်လက်လုပ်ဆောင်ရသည်။ လျှပ်စစ်မီးမရှိသေးသည့် ဒေသများတွင် မျိုးစေ့ကို ရိုးရိုးရေ (သို့မဟုတ်) ဟိုမိုင်း (Homai) မှိုသတ်ဆေး (၂.၅) ဂရမ်ကို ရေတစ်လီတာတွင် ဖျော်စပ်ပြီး (၄) နာရီကြာရေစိမ်ပြီးနောက် မြေဆွေးများ ရောစပ်ထည့်ထားသော (၄x၄) လက်မအရွယ် ပလပ်စတစ်အိတ်များတွင် လက်မဝက်ခန့်အနက် တွင် ပျိုးထောင်ရပါသည်။

ပျိုးအိတ်တွင် ထည့်ရန် မြေအမျိုးအစားမှာ မြေဆွေး (၃)ဆ၊ ရိုးရိုးမြေ (၃) ဆ၊ နွားချေးဆွေး (၁)ဆ ရောထားသော မြေအရောအဆ (၅၀၀) တွင် တီစူပါဓာတ်မြေသြဇာ (၁၁/၂) ရောစပ်ပြီး အသုံးပြုရပါသည်။ ပျိုး ထောင်ပြီး (၂) ရက်မှ (၃) ရက်အကြာတွင် ပျိုးပင်ငယ်များ ပေါက်လာသည်။ ပျိုးအိတ်တွင် စိုက်ပြီးနောက် နေ့စဉ်နံနက် (၉) နာရီတွင် ရေလောင်းပေးသည်။ ပျိုးပင်ငယ်စဉ်တွင် ခါးရိရောဂါများကျရောက်တတ်သဖြင့် Tarrazole မှိုသတ်ဆေး (၈) စီစီကို ရေ (၁၀) လီတာ (သို့မဟုတ်) Topsin မှိုသတ်ဆေး (၁) ဆ၊ ရေအဆ (၈၀၀) မှ (၁၀၀၀) တွင်ဖျော်၍ ပျိုးပင်များအား ပက်ဖျန်းပေးရသည်။

ပျိုးပင်များကို ပျိုးထောင်ထားသည့်အချိန်တွင် စိုက်ခင်းကို ထယ်ထိုး၊ ထွန်မွှေပြီးနောက် စိုက်ခင်းအား မြေညီညာအောင် ပြုပြင်ပြီး စိုက်ဘောင်များ ဖော်ရပါမည်။

စိုက်ဘောင်ပြင်ဆင်နည်း

စိုက်မြောင်းနေရာကို မှတ်သား၍ ပေါက်ပြား (သို့မဟုတ်) စက်ဖြင့် (၆) လက်မအကျယ် (၆) လက်မအနက်ရှိသော မြောင်းများဖော်ပြီး တစ်ဧကလျှင် ယူရီးယားမြေသြဇာ (၉၉) ပေါင်၊ တီစူပါ (၉၉) ပေါင်၊ ပိုတက်ရှ် ဓာတ်မြေသြဇာ (၇၇) ပေါင်၊ နွားချေးဆွေး လှည်း (၄၀) စီး၊ Borax (၉) ပေါင်နှင့် Furadan 3% G (၁၁) ပေါင်နှုန်း ထည့်ပေးရသည်။ ထို့နောက် ၎င်းစိုက်မြောင်းပေါ်တါင် (၁၁/၂) ပေ အကျယ်ရှိသော ဘောင်များ ပါသည်။ ဘောင်ပေါ်တွင် ပလပ်စတစ်စ အမဲအုပ်ခြင်းဖြင့် ပေါင်းမြက်များ မပေါက်ရောက်နိုင်သည့်အပြင် အစိုဓာတ်နှင့် မြေသြဇာ မဆုတ်ယုတ်စေနိုင်ပေ။ ပလပ်စတစ်စ အပြင်ဘက်တွင် ငွေရောင်ရှိသဖြင့် အလင်ပြန် ခြင်းကြောင့် အင်းဆက်ပိုးမွှားများ လာရောက်ခြင်းနည်းစေသည်။ မိုးရွာသွန်းပါက ရေအလွယ်တကူ ထွက်စေရန် (၆) လက်မအနက်ရှိသော ဗွီပုံသဏ္ဍာန် ရေထုတ်မြောင်းငယ်ကို ဘောင်နှစ်ခုအကြားတွင် ဖော်ပေးရသည်။ အပင်အကွာအဝေးမှ အောက်ပါအတိုင်း ဖြစ်ပါသည်။

တစ်ပင်နှင့်တစ်ပင် အကွာအဝေး ရိုးရိုးဖရဲ (အလုံးကြီး) - ၃၂ လက်မ
(အလုံးသေး) - ၂၄ လက်မ
အစေ့မဲ့ဖရဲ - ၃၆ လက်မ
တစ်တန်းနှင့်တစ်တန်းအကွာအဝေး ရိုးရိုးဖရဲ (အလုံးကြီး) - ၂၁ ပေ
(အလုံးသေး) - ၁၅ ပေ
အစေ့မဲ့ဖရဲ - ၂၀ ပေ

ရွှေ့ပြောင်းစိုက်ပျိုးနည်း

ပျိုးထောင်ပြီး (၁၀) ရက်မှ (၁၅) ရက်အတွင်း ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။

မြေသြဇာထည့်သွင်းနည်း

(၁) ရွှေပြောင်းစိုက်ပြီး (၃-၅) ရက်အကြာတွင် ရေ (၂၀) လီတာတွင် ယူရီးယားမြေသြဇာ (၄၈) ဂရမ် (လက်ဖက်ရည် ပန်းကန် တစ်ဝက်) ၊ တီစူပါ မြေသြဇာအမှုန့် (၅၂) ဂရမ်၊ (လက်ဖက်ရည် ပန်းကန်တစ်ဝက်) ဖျော်ပြီး အပင်ခြေတွင် တစ်ပင်လျှင် (၁၀) စီစီခန့် လောင်းပေးရမည်။

(၂) စိုက်ပြီး (၂) ပတ်အကြာတွင် တစ်ဧကလျှင် ယူရီးယားမြေသြဇာ (၁၈) ကီလိုဂရမ်၊ တီစူပါ (၁၈) ကီလိုဂရမ်နှင့် ပိုတက်ရ်ှမြေသြဇာ (၁၄) ကီလိုဂရမ်နှုန်း ထည့်ပေးရမည်။

(၃) စိုက်ပြီး (၃) ပတ်အကြာတွင် ရေ (၂၀) လီတာ (သို့မဟုတ်) (၄.၅) ဂါလံတွင် ယူရီးယား (၁၃) ဂရမ် (ဟင်းခတ်ဇွန်း တစ်ဇွန်း) ၊ တီစူပါ (၂၉) ဂရမ် (ဟင်းခတ်ဇွန်း ၁၁/၂ ဇွန်း) ပိုတက်ရှ် (၁၃) ဂရမ် (ဟင်းခတ်ဇွန်း တစ်ဇွန်း) ၊ မြေသြဇာကြီး Boyfolan (၄၀) စီစီနှင့် Borax (၄၀) ဂရမ်ကို ဖျော်ပြီး အပင်များအား ပက်ဖျန်းပေးရ မည်။ Borax ကို ရေနွေးနှင့် ပျော်အောင်ဖျော်ပြီးမှ ရေနှင့် ရောပါသည်။

(၄) စိုက်ပြီး (၄) ပတ်အကြာတွင် Borax မှ အပ အထက်ပါအတိုင်း မြေသြဇာအရောကိုဖျော်၍ ပက် ဖျန်းပေးရမည်။

(၅) အသီးတင်ပြီး (၁၄) ရက်အကြာတွင် တစ်ဧကလျှင် ယူရီးယားမြေသြဇာ (၁၈) ကီလိုဂရမ် (၁၅) ပြည်၊ တီစူပါမြေသြဇာ (၁၈) ကီလိုဂရမ် (၇ ပြည်ခွဲ) နှင့် ပိုတက်ရှ် မြေသြဇာ (၂၇) ကီလိုဂရမ် (၁၅) ပြည်နှုန်း ထည့်ပေးရမည်။

အပင်ပြုစုနည်း

ဖရဲပင်များ စိုက်ပျိုးပြီးနောက် အပင် (၁၁/၂) ပေခန့် ရှိလာချိန်တွင် နွယ်များကို ဖြောင့်တန်းပေးပြီး၊ တန်းကြားတွင် ကောက်ရိုးခြောက်များကို ဖုံးအုပ်ဖြန့်ထားပေးရမည်။ ကောက်ရိုးဖုံးထားခြင်းဖြင့် ပေါင်းမြက်များ ကင်းရှင်းခြင်း၊ အစိုဓာတ်ဆုံးရှုံးမှုလျော့နည်းခြင်း၊ ဖရဲပင်မှ နှာမောင်းများက ကောက်ရိုးကို ကုတ်တွယ်ထားခြင်း ဖြင့် လေပြင်းတိုက်သော်လည်း အပင်မရွေ့လျားစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရစေနိုင်ပါသည်။

ဝတ်မှုန်ကူးပေးနည်း

ပျိုးပင်များရွှေ့ပြောင်းစိုက်ပြီး (၂၀-၃၀) ရက်အကြာတွင် ပန်းပွင့်ပါသည်။ အစေ့ပါ ဖရဲမျိုးများတွင် ပျား များက ဝတ်မှုန်ကူးပေးခြင်းဖြင့် အသီးတင်သည်။ ဝတ်မှုန်ကူးခြင်းဖြင့် အရည်အသွေးကောင်းသော ဖရဲသီးများ ရနိုင်သည်။ အစေ့မဲ့ဖရဲတွင် အဖိုမြုံသောကြောင့် ပင်တည်း ဝတ်မှုန်ကူးပြီး အသီးမတင်နိုင်ပေ။ အစေ့မဲ့ဖရဲ အမပွင့်ကို ရိုးရိုးအစေ့ပါဖရဲပင်မှ အဖိုဝတ်မှုန်ဖြင့် နံနက် (၇-၉) နာရီအတွင်း ဝတ်မှုန်ကူးပေးခြင်းဖြင့် အသီးတင် သည်။ အစေ့မဲ့ဖရဲ အဖိုပွင့်မှ ဝတ်မှုန်ကို အသုံးမပြုရပေ။ ပန်းပွင့်ချိန်တွင် ဆေးဖျန်းရန်လိုအပ်ပါက ညနေပိုင်း တွင် ပက်ဖျန်းသင့်သည်။

အသီးခြွေနည်း

ပထမဆုံးအပွင့်မှ သီးသောအသီးသည်အသီးအရည်အသွေးမကောင်းသဖြင့် ထိုပထမအပွင့်ကို ခြွေပေး ရသည်။ ပင်ခြေမှ (၂) ပေခွဲ (၃) ပေအကွာတွင်ရှိသော အသီးကိုယူခြင်းဖြင့် အရည်အသွေးကောင်းသော အသီး များကို ရရှိနိုင်သည်။ ဖရဲအလုံးကြီးမျိုးတွင် တစ်ပင်လျှင် တစ်လုံးအလုံးလတ်မျိုးတွင် (၂-၃) လုံး၊ အလုံးငယ်မျိုး တွင် (၄) လုံး ယူနိုင်သည်။

ဆွတ်ခူးနည်း

သင်လျင်မျိုးနှင့် အလုံးသေးမျိုးတွင် ပန်းပွင့်ပြီး (၂၅ မှ ၃၀) ရက်အကြာတွင် အသီးဆွတ်ခူးနိုင်သည်။ အလုံးကြီးမျိုးနှင့် အစေ့မဲ့မျိုးတွင် ပန်းပွင့်ပြီး (၃၅) ရက်အကြာတွင် ဆွတ်ခူးနိုင်သည်။ သက်လျင်မျိုးတွင် ပန်းပွင့်ပြီး (၂၅ မှ ၃၀) ရက်အကြာတွင် အသီးညှာ၍ အနီးဆုံး နှာမောင်းအရောင်သို့ ပြောင်းလာလျှင် ဆွတ်ခူး နိုင်သည်။ သို့မဟုတ် အသီးကိုလက်နှင့် ပုတ်ကြည့်ပါက ရင်ခေါင်းသံမြည်လျှင် အသီးရင့်မှည့်ပြီဖြစ်၍ ဆွတ်ခူး နိုင်ပြီဖြစ်သည်။ အတွင်းသား အဝါရောင်မျိုးသည် အနီရောင်မျိုးထက်စော၍ မှည့်ပြီး အလုံးသေးမျိုးသည်လည်း အလုံးကြီးမျိုးထက်စော၍ မှည့်သည်။ အစေ့မဲ့ဖရဲမျိုးသည် အစေ့ပါ ဖရဲမျိုးထက် (၅-၁၀) ရက်ခန့် နောက်ကျပြီးမှ ရင့်မှည့်သည်။ ဖရဲအပြင်ခွံအရောင်ရင့်မျိုးသည် အရောင်နုမျိုးထက် စော၍ ရင့်မှည့်သည်။

ရေသွင်းနည်း

စိုက်ချိန်မှစ၍ မြေမစိုလွန်း၊ မခြောက်လွန်း အနေအထားဖြစ်အောင် ရေသွင်း၊ ရေလောင်းရမည်။ ပန်းပွင့်ချိန် အစောပိုင်းနှင့် မခူးမီ ၁၀ ရက် အလို၊ ရေသွင်းချိန်တွင် ရေမများစေရန် ဂရုစိုက်ရပါမည်။

Credit. Original writer

ဖရဲ စိုက်ပျိုးချင်တဲ့ စိုက်ပျိုးရေးဝါသနာရှင်
တွေအတွက် ဖရဲ စိုက်ပျိုးနည်းစနစ်{ စ ဆုံး} ကို
လေးစားစွာဖြင့် တင်ပေးလိုက်ပါသည်။

အပင်ပုံသဏ္ဍာန်

ဖရဲပင်သည် နွယ်အမျိုးအစားအဖြစ်၍ အပင်ပျော့မျိုးဖြစ်သည်။ အနွယ်ရော အရွက်ပါ အစိမ်းရင့်ရောင်ပို သည်။ အရွက်မှာ (၄) လက်မှ (၆) လက်မခန့် ရှည်လျားသည့် လက်ခြားအရွက်များဖြစ်ကြသည်။ ပင်စည်နှင့် အရွက်များတွင် အမွှေးများ ဖုံးလွှမ်းလျက်ရှိသည်။

အသီးပုံသဏ္ဍာန်

အသီးပုံသဏ္ဍာန်မှာလည်း လုံးဝိုင်းပုံ၊ လုံးရှည်ပုံ၊ ဘဲဥပုံ အစရှိသည်ဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးရှိသည်။ အသီးအရှည်မှာ မျိုးကိုလိုက်၍ (၉)လက်မမှ (၃၀) လက်မခန့်အထိရှည်ပြီး သီးလုံးအချင်း (၆) လက်မမှ (၁၅) လက်မခန့် အထိရှိသည်။ အတွင်းသားအရောင်မှာလည်း အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အဖြူရောင်တို့ရှိ ကြပြီး အပြင်အခွံရောင်မှာလည်း အစိမ်းဖျော့ရောင်၊ အစိမ်းရင့်ရောင်၊ အဝါရောင်၊ အစင်းပါစသည်ဖြင့် အရောင် အမျိုးမျိုးရှိကြသည်။ အပြင်ခွံမှာ အစင်းပါနှင့် အစင်းမဲ့ဟူ၍ ကွဲပြားသည်။

မြေအမျိုးအစား

ဖရဲစိုက်ပျိုးရန် သင့်လျော်သော မြေအမျိုးအစားမှာ သဲနုန်မြေဖြစ်ပါသည်။ မိုးရာသီအကုန် မြစ်ရေကျချိန် မြစ်ကမ်းဘေးရှိ ကျွန်းမြေများတွင်လည်းကောင်း၊ စပါးစရိတ်သိမ်းပြီးသည့် လယ်ကွက်များတွင်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ မြေအချဉ်အငံဓာတ် (၆ မှ ၆.၈)အတွင်း ရှိသည့်မြေတွင် ဖရဲကိုကောင်းစွာ စိုက်ပျိုးနိုင်သည်။ မြေတစ်နေရာတည်းတွင် သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ပျိုးပါက ရောဂါပိုးမွှား ကျရောက်ဖျက်ဆီးမှုများ သဖြင့် သီးနှံအလှည့်ကျ စိုက်ပျိုးသင့်ပေသည်။ ရေအစိုဓာတ် လိုအပ်သော်လည်း ရေဝပ်ခြင်း၊ စိုထိုင်းဆများခြင်း ကို မနှစ်သက်ပေ။

မြေနေရာရွေးချယ်နည်း

နေရောင်ခြည်ပြည့်ပြည့်၀၀ရရှိနိုင်ပြီး ရေရရှိနိုင်သော နေရာနှင့် သယ်ယူပို့ဆောင်ရန်လွယ်ကူသော နေရာများတွင် ဖရဲကို စိုက်ပျိုးသင့်ပေသည်။

ရာသီဥတု

အပူချိန် (၂၁-၃၄) ဒီဂရီစင်တီဂရိတ်အတွင်း နေရောင်ခြည်ပြည့်ဝစွာ ရရှိပြီး လေစိုထိုင်းစနည်းသော ဒေသများတွင် ဖရဲသည် ကောင်းစွာဖြစ်ထွန်းပါသည်။

စိုက်ချိန်

မိုးများသောဒေသများတွင် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ ဖရဲကို စီးပွားဖြစ်စိုက်ပျိုးနိုင်ပြီး မိုးနည်းသောဒေသများတွင် မေလမှစ၍ ဖေဖော်ဝါရီလအထိ စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။ ပူလွန်းသောအချိန် တွင် စိုက်ပျိုးပါက အချိုဓာတ် လျော့နည်းသွားသည်။

မျိုးစေ့အညှောက်ဖောက်နည်း

ဖရဲစေ့ကို မြေတွင် တိုက်ရိုက်စိုက်၍သော်လည်းကောင်း၊ ပျိုးထောင်ပြီး ရွှေ့ပြောင်း၍သော်လည်း ကောင်း စိုက်ပျိုးနိုင်ပါသည်။ မြေတွင် တိုက်ရိုက်စိုက်ပါက မျိုးစေ့ကုန်ကျမှုနှင့် ပြုစုထိန်းသိမ်းစရိတ်များသဖြင့် ပျိုးထောင်စိုက်ပျိုးသင့်ပါသည်။ ယခုအခါ အစေ့မဲ့နှင့် အစေ့ပါဟူ၍ နှစ်မျိုးရှိပါသည်။ အစေ့မဲ့ဖရဲသည် အစေ့ခွန် မာသောကြောင့် မျိုးစေ့အညှောက်ဖောက်ရာတွင် အပင်လောင်းရှိသည့်မျိုးစေ့၏ ထိပ်ချွန်ဘက်ကို လက်သည်း ညှပ်နှင့် အစေ့ခွံအက်ကွဲလာရုံညှပ်ပြီးနောက် အပေါက်ငယ်လေးများဖောက်ထားသော ပလပ်စတစ်အိတ်တွင် ထည့်ရသည်။ ၎င်းအိတ်ကို ရေထဲတွင် နာရီဝက်စိမ်ပြီးနောက် အိတ်ထဲမှ ရေများခါထုတ် ပေးရသည်။ ထို့နောက် မျိုးစေ့ထုတ်ကို မျက်နှာသုတ်ပဝါတွင်ထည့်၍ လိပ်ပြီး အခြားပလပ်စတစ်အိတ်ထဲတွင် ထည့်ကာ (၂) ပေခန့် အမြင့်ရှိသော စက္ကူကပ်ပုံးထဲတွင် ထားရသည်။ မျိုးစေ့ထုတ်အပေါ်မှ (၁) ပေခွဲခန့်အကွာတွင် (၄၀) ဝပ် (သို့မဟုတ်) (၆၀) ဝပ်မီးသီးဖြင့် (၂၄) နာရီကြာအောင် အပူပေးထားရသည်။ မျိုးစေ့ထုတ်ပေါ်တွင် သတင်းစာ စက်ကူုဖွငျ့ ဖုံးအုပ်ပေးထားခြင်းဖြင့် အလင်းရောင်နှင့် ထိတွေ့ခြင်းမှ ကာကွယ်ပေးပါသည်။

အစေ့ပါ ဖရဲမျိုးစေ့များကိုမူ လက်သည်းညှပ်နှင့် ညှပ်ရန် မလိုဘဲ ရေတွင် (၄)ကြိမ်ကြာ စိမ်ပြီးနောက် ရေများခါပြီး အစေ့မဲ့ ဖရဲစေ့များအတိုင်း မီးသီးအောက်တွင် (၂၄) နာရီအကြားထား၍ အညှောက်ဖာက်ပါသည်။ အညှောက်မပေါက်သေးသော မျိုးစေ့များကို ရေဖြင့်ဆေးပြီး အထက်ပါအတိုင်း ထပ်မံအညှောက်ဖောက်ပေးပြီး ဆက်လက်လုပ်ဆောင်ရသည်။ လျှပ်စစ်မီးမရှိသေးသည့် ဒေသများတွင် မျိုးစေ့ကို ရိုးရိုးရေ (သို့မဟုတ်) ဟိုမိုင်း (Homai) မှိုသတ်ဆေး (၂.၅) ဂရမ်ကို ရေတစ်လီတာတွင် ဖျော်စပ်ပြီး (၄) နာရီကြာရေစိမ်ပြီးနောက် မြေဆွေးများ ရောစပ်ထည့်ထားသော (၄x၄) လက်မအရွယ် ပလပ်စတစ်အိတ်များတွင် လက်မဝက်ခန့်အနက် တွင် ပျိုးထောင်ရပါသည်။

ပျိုးအိတ်တွင် ထည့်ရန် မြေအမျိုးအစားမှာ မြေဆွေး (၃)ဆ၊ ရိုးရိုးမြေ (၃) ဆ၊ နွားချေးဆွေး (၁)ဆ ရောထားသော မြေအရောအဆ (၅၀၀) တွင် တီစူပါဓာတ်မြေသြဇာ (၁၁/၂) ရောစပ်ပြီး အသုံးပြုရပါသည်။ ပျိုး ထောင်ပြီး (၂) ရက်မှ (၃) ရက်အကြာတွင် ပျိုးပင်ငယ်များ ပေါက်လာသည်။ ပျိုးအိတ်တွင် စိုက်ပြီးနောက် နေ့စဉ်နံနက် (၉) နာရီတွင် ရေလောင်းပေးသည်။ ပျိုးပင်ငယ်စဉ်တွင် ခါးရိရောဂါများကျရောက်တတ်သဖြင့် Tarrazole မှိုသတ်ဆေး (၈) စီစီကို ရေ (၁၀) လီတာ (သို့မဟုတ်) Topsin မှိုသတ်ဆေး (၁) ဆ၊ ရေအဆ (၈၀၀) မှ (၁၀၀၀) တွင်ဖျော်၍ ပျိုးပင်များအား ပက်ဖျန်းပေးရသည်။

ပျိုးပင်များကို ပျိုးထောင်ထားသည့်အချိန်တွင် စိုက်ခင်းကို ထယ်ထိုး၊ ထွန်မွှေပြီးနောက် စိုက်ခင်းအား မြေညီညာအောင် ပြုပြင်ပြီး စိုက်ဘောင်များ ဖော်ရပါမည်။

စိုက်ဘောင်ပြင်ဆင်နည်း

စိုက်မြောင်းနေရာကို မှတ်သား၍ ပေါက်ပြား (သို့မဟုတ်) စက်ဖြင့် (၆) လက်မအကျယ် (၆) လက်မအနက်ရှိသော မြောင်းများဖော်ပြီး တစ်ဧကလျှင် ယူရီးယားမြေသြဇာ (၉၉) ပေါင်၊ တီစူပါ (၉၉) ပေါင်၊ ပိုတက်ရှ် ဓာတ်မြေသြဇာ (၇၇) ပေါင်၊ နွားချေးဆွေး လှည်း (၄၀) စီး၊ Borax (၉) ပေါင်နှင့် Furadan 3% G (၁၁) ပေါင်နှုန်း ထည့်ပေးရသည်။ ထို့နောက် ၎င်းစိုက်မြောင်းပေါ်တါင် (၁၁/၂) ပေ အကျယ်ရှိသော ဘောင်များ ပါသည်။ ဘောင်ပေါ်တွင် ပလပ်စတစ်စ အမဲအုပ်ခြင်းဖြင့် ပေါင်းမြက်များ မပေါက်ရောက်နိုင်သည့်အပြင် အစိုဓာတ်နှင့် မြေသြဇာ မဆုတ်ယုတ်စေနိုင်ပေ။ ပလပ်စတစ်စ အပြင်ဘက်တွင် ငွေရောင်ရှိသဖြင့် အလင်ပြန် ခြင်းကြောင့် အင်းဆက်ပိုးမွှားများ လာရောက်ခြင်းနည်းစေသည်။ မိုးရွာသွန်းပါက ရေအလွယ်တကူ ထွက်စေရန် (၆) လက်မအနက်ရှိသော ဗွီပုံသဏ္ဍာန် ရေထုတ်မြောင်းငယ်ကို ဘောင်နှစ်ခုအကြားတွင် ဖော်ပေးရသည်။ အပင်အကွာအဝေးမှ အောက်ပါအတိုင်း ဖြစ်ပါသည်။

တစ်ပင်နှင့်တစ်ပင် အကွာအဝေး ရိုးရိုးဖရဲ (အလုံးကြီး) - ၃၂ လက်မ
(အလုံးသေး) - ၂၄ လက်မ
အစေ့မဲ့ဖရဲ - ၃၆ လက်မ
တစ်တန်းနှင့်တစ်တန်းအကွာအဝေး ရိုးရိုးဖရဲ (အလုံးကြီး) - ၂၁ ပေ
(အလုံးသေး) - ၁၅ ပေ
အစေ့မဲ့ဖရဲ - ၂၀ ပေ

ရွှေ့ပြောင်းစိုက်ပျိုးနည်း

ပျိုးထောင်ပြီး (၁၀) ရက်မှ (၁၅) ရက်အတွင်း ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။

မြေသြဇာထည့်သွင်းနည်း

(၁) ရွှေပြောင်းစိုက်ပြီး (၃-၅) ရက်အကြာတွင် ရေ (၂၀) လီတာတွင် ယူရီးယားမြေသြဇာ (၄၈) ဂရမ် (လက်ဖက်ရည် ပန်းကန် တစ်ဝက်) ၊ တီစူပါ မြေသြဇာအမှုန့် (၅၂) ဂရမ်၊ (လက်ဖက်ရည် ပန်းကန်တစ်ဝက်) ဖျော်ပြီး အပင်ခြေတွင် တစ်ပင်လျှင် (၁၀) စီစီခန့် လောင်းပေးရမည်။

(၂) စိုက်ပြီး (၂) ပတ်အကြာတွင် တစ်ဧကလျှင် ယူရီးယားမြေသြဇာ (၁၈) ကီလိုဂရမ်၊ တီစူပါ (၁၈) ကီလိုဂရမ်နှင့် ပိုတကျရျှမွသွေဇာ (၁၄) ကီလိုဂရမ်နှုန်း ထည့်ပေးရမည်။

(၃) စိုက်ပြီး (၃) ပတ်အကြာတွင် ရေ (၂၀) လီတာ (သို့မဟုတ်) (၄.၅) ဂါလံတွင် ယူရီးယား (၁၃) ဂရမ် (ဟင်းခတ်ဇွန်း တစ်ဇွန်း) ၊ တီစူပါ (၂၉) ဂရမ် (ဟင်းခတ်ဇွန်း ၁၁/၂ ဇွန်း) ပိုတက်ရှ် (၁၃) ဂရမ် (ဟင်းခတ်ဇွန်း တစ်ဇွန်း) ၊ မြေသြဇာကြီး Boyfolan (၄၀) စီစီနှင့် Borax (၄၀) ဂရမ်ကို ဖျော်ပြီး အပင်များအား ပက်ဖျန်းပေးရ မည်။ Borax ကို ရေနွေးနှင့် ပျော်အောင်ဖျော်ပြီးမှ ရေနှင့် ရောပါသည်။

(၄) စိုက်ပြီး (၄) ပတ်အကြာတွင် Borax မှ အပ အထက်ပါအတိုင်း မြေသြဇာအရောကိုဖျော်၍ ပက် ဖျန်းပေးရမည်။

(၅) အသီးတင်ပြီး (၁၄) ရက်အကြာတွင် တစ်ဧကလျှင် ယူရီးယားမြေသြဇာ (၁၈) ကီလိုဂရမ် (၁၅) ပြည်၊ တီစူပါမြေသြဇာ (၁၈) ကီလိုဂရမ် (၇ ပြည်ခွဲ) နှင့် ပိုတက်ရှ် မြေသြဇာ (၂၇) ကီလိုဂရမ် (၁၅) ပြည်နှုန်း ထည့်ပေးရမည်။

အပင်ပြုစုနည်း

ဖရဲပင်များ စိုက်ပျိုးပြီးနောက် အပင် (၁၁/၂) ပေခန့် ရှိလာချိန်တွင် နွယ်များကို ဖြောင့်တန်းပေးပြီး၊ တန်းကြားတွင် ကောက်ရိုးခြောက်များကို ဖုံးအုပ်ဖြန့်ထားပေးရမည်။ ကောက်ရိုးဖုံးထားခြင်းဖြင့် ပေါင်းမြက်များ ကင်းရှင်းခြင်း၊ အစိုဓာတ်ဆုံးရှုံးမှုလျော့နည်းခြင်း၊ ဖရဲပင်မှ နှာမောင်းများက ကောက်ရိုးကို ကုတ်တွယ်ထားခြင်း ဖြင့် လေပြင်းတိုက်သော်လည်း အပင်မရွေ့လျားစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရစေနိုင်ပါသည်။

ဝတ်မှုန်ကူးပေးနည်း

ပျိုးပင်များရွှေ့ပြောင်းစိုက်ပြီး (၂၀-၃၀) ရက်အကြာတွင် ပန်းပွင့်ပါသည်။ အစေ့ပါ ဖရဲမျိုးများတွင် ပျား များက ဝတ်မှုန်ကူးပေးခြင်းဖြင့် အသီးတင်သည်။ ဝတ်မှုန်ကူးခြင်းဖြင့် အရည်အသွေးကောင်းသော ဖရဲသီးများ ရနိုင်သည်။ အစေ့မဲ့ဖရဲတွင် အဖိုမြုံသောကြောင့် ပင်တည်း ဝတ်မှုန်ကူးပြီး အသီးမတင်နိုင်ပေ။ အစေ့မဲ့ဖရဲ အမပွင့်ကို ရိုးရိုးအစေ့ပါဖရဲပင်မှ အဖိုဝတ်မှုန်ဖြင့် နံနက် (၇-၉) နာရီအတွင်း ဝတ်မှုန်ကူးပေးခြင်းဖြင့် အသီးတင် သည်။ အစေ့မဲ့ဖရဲ အဖိုပွင့်မှ ဝတ်မှုန်ကို အသုံးမပြုရပေ။ ပန်းပွင့်ချိန်တွင် ဆေးဖျန်းရန်လိုအပ်ပါက ညနေပိုင်း တွင် ပက်ဖျန်းသင့်သည်။

အသီးခြွေနည်း

ပထမဆုံးအပွင့်မှ သီးသောအသီးသည်အသီးအရည်အသွေးမကောင်းသဖြင့် ထိုပထမအပွင့်ကို ခြွေပေး ရသည်။ ပင်ခြေမှ (၂) ပေခွဲ (၃) ပေအကွာတွင်ရှိသော အသီးကိုယူခြင်းဖြင့် အရည်အသွေးကောင်းသော အသီး များကို ရရှိနိုင်သည်။ ဖရဲအလုံးကြီးမျိုးတွင် တစ်ပင်လျှင် တစ်လုံးအလုံးလတ်မျိုးတွင် (၂-၃) လုံး၊ အလုံးငယ်မျိုး တွင် (၄) လုံး ယူနိုင်သည်။

ဆွတ်ခူးနည်း

သင်လျင်မျိုးနှင့် အလုံးသေးမျိုးတွင် ပန်းပွင့်ပြီး (၂၅ မှ ၃၀) ရက်အကြာတွင် အသီးဆွတ်ခူးနိုင်သည်။ အလုံးကြီးမျိုးနှင့် အစေ့မဲ့မျိုးတွင် ပန်းပွင့်ပြီး (၃၅) ရက်အကြာတွင် ဆွတ်ခူးနိုင်သည်။ သက်လျင်မျိုးတွင် ပန်းပွင့်ပြီး (၂၅ မှ ၃၀) ရက်အကြာတွင် အသီးညှာ၍ အနီးဆုံး နှာမောင်းအရောင်သို့ ပြောင်းလာလျှင် ဆွတ်ခူး နိုင်သည်။ သို့မဟုတ် အသီးကိုလက်နှင့် ပုတ်ကြည့်ပါက ရင်ခေါင်းသံမြည်လျှင် အသီးရင့်မှည့်ပြီဖြစ်၍ ဆွတ်ခူး နိုင်ပြီဖြစ်သည်။ အတွင်းသား အဝါရောင်မျိုးသည် အနီရောင်မျိုးထက်စော၍ မှည့်ပြီး အလုံးသေးမျိုးသည်လည်း အလုံးကြီးမျိုးထက်စော၍ မှည့်သည်။ အစေ့မဲ့ဖရဲမျိုးသည် အစေ့ပါ ဖရဲမျိုးထက် (၅-၁၀) ရက်ခန့် နောက်ကျပြီးမှ ရင့်မှည့်သည်။ ဖရဲအပြင်ခွံအရောင်ရင့်မျိုးသည် အရောင်နုမျိုးထက် စော၍ ရင့်မှည့်သည်။

ရေသွင်းနည်း

စိုက်ချိန်မှစ၍ မြေမစိုလွန်း၊ မခြောက်လွန်း အနေအထားဖြစ်အောင် ရေသွင်း၊ ရေလောင်းရမည်။ ပန်းပွင့်ချိန် အစောပိုင်းနှင့် မခူးမီ ၁၀ ရက် အလို၊ ရေသွင်းချိန်တွင် ရေမများစေရန် ဂရုစိုက်ရပါမည်။

Credit. Original writer

Address

Pyapon

Website

Alerts

Be the first to know and let us send you an email when Phyo Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share