17/05/2023
ဆရာမကြီးခင်စောတင့်ရဲ့
အမှတ်ရစရာ အထင်ကရ
စာအုပ်ကောင်းလေးတစ်အုပ်..
#ဘဝရဲ့စည်းမျဉ်းများ
ပြန်လည်မှာယူနိုင်ပါပြီ
Richard Templer ရေးတဲ့ The Rules of Life ကမ္ဘာကျော်စာအုပ်ကို ဘာသာပြန်ဆိုထားတာဖြစ်ပြီး အခုဆိုရင် မြန်မာဘာသာပြန် တတိယအကြိမ် ပြန်လည်ပုံနှိပ်ထုတ်ဝေထွက်ရှိတာ ဖြစ်ပါတယ်...
ဒီစာအုပ်လေးက သင့်ဘဝရဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို ကူညီရှာဖွေပေးမယ့် စာအုပ်လေးတစ်အုပ်ပါ။ လက်တွေ့နေထိုင် ကျင့်သုံးရမယ့် စည်းမျဉ်းတွေ လမ်းညွှန်ပြထားသလို အေးချမ်းပျော်ရွှင်ပြီး အောင်မြင်တဲ့ ဘဝကို ရရှိစေမယ့် စိတ်နှလုံးထား အခြေခံစည်းမျဉ်းတွေကို ရေးသားထားပါတယ်။ ပြီးတော့ ဘ၀မှာ ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို့လည်း စာအုပ်လေးက ရိုးရှင်းစွာ လမ်းညွှန်ထားပါတယ်။
စည်းမျဉ်းစည်းကမ်းတွေအတိုင်း နေထိုင်ရတာ လွယ်ကူသလားလို့ မေးရင် မလွယ်ကူလှပါဘူး။ ထိုက်တန်တဲ့ ဘဝမျိုးရရှိအောင် ကြိုးစားဖို့ကတော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် တစ်ဦးချင်းအနေနဲ့ ကျင့်သုံးကြည့်မယ်ဆိုရင် ရိုးရှင်းပြီး အောင်မြင်တဲ့ဘဝကို ရနိုင်ပါလိမ့်မယ်...
ဘဝရဲ့စည်းမျဉ်းများ
တန်ဖိုး - 5000 ၊ စာမျက်နှာ 144
#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ