NETWORK

NETWORK ဖုန်းရောင်းသည်/ဝယ်သည်/အလဲအထပ်လုပ်သည်။ ( ပုသိမ် )

17/04/2026

သင်္ကြန်ရေဝင်ဖုန်းတွေ နောက်၃ရက်လောက်ထိ ထပ်လက်ခံလို့ မရတော့ဘူး

13.4.26 မှ 16.4.26 (အတာသင်္ကြန်ရက်များ) နေ့များအတွင်း  #ညနေ_၄နာရီထိ ​ဆိုင်ဖွင့်ထားပါသည်။ #ဆိုင်ဖွင့်ချိန် #အတာသင်္ကြန်
11/04/2026

13.4.26 မှ 16.4.26 (အတာသင်္ကြန်ရက်များ) နေ့များအတွင်း #ညနေ_၄နာရီထိ ​ဆိုင်ဖွင့်ထားပါသည်။

#ဆိုင်ဖွင့်ချိန်
#အတာသင်္ကြန်

 ျိန်းပြီသား   Redmi note 13 Pro8/256780000 ks▪️▪️▪️▪️▪️▪️▪️⛱️𝐍𝐄𝐓𝐖𝐎𝐑𝐊🏠အမှတ်၁၀ ၊ ကိုးဆူကျောင်းလမ်း ၊ ပုသိမ်မြို့☎️0945000...
05/04/2026

ျိန်းပြီသား


Redmi note 13 Pro
8/256

780000 ks

▪️▪️▪️▪️▪️▪️▪️

⛱️𝐍𝐄𝐓𝐖𝐎𝐑𝐊

🏠အမှတ်၁၀ ၊ ကိုးဆူကျောင်းလမ်း ၊ ပုသိမ်မြို့
☎️09450003407

𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 𝐋𝐢𝐧𝐤⬇️

https://maps.app.goo.gl/fHUqDnz3aR3N4Rmh8?g_st=an

ဖုန်းရောင်းဝယ်ရေး နဲ့ ပြုပြင်ရေးတွင်  #အကူလုပ်ရန် ဝန်ထမ်းတဦး အလိုရှိသည်။ #အတွေ့အကြုံရှိရန်မလိုအသက် ၂၀ ဝန်းကျင်လစာ  ညှိန...
05/04/2026

ဖုန်းရောင်းဝယ်ရေး နဲ့ ပြုပြင်ရေးတွင် #အကူလုပ်ရန် ဝန်ထမ်းတဦး အလိုရှိသည်။

#အတွေ့အကြုံရှိရန်မလို

အသက် ၂၀ ဝန်းကျင်

လစာ ညှိနှိုင်း

အကျင့်စာရိတ္တ ကောင်းသူ ဖြစ်ရမည်။

▪️▪️▪️▪️▪️▪️▪️

⛱️𝐍𝐄𝐓𝐖𝐎𝐑𝐊

🏠အမှတ်၁၀ ၊ ကိုးဆူကျောင်းလမ်း ၊ ပုသိမ်မြို့
☎️09450003407

𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 𝐋𝐢𝐧𝐤⬇️

https://maps.app.goo.gl/fHUqDnz3aR3N4Rmh8?g_st=an

 #ကင်မရာ_ရှယ်လန်း_မှန်ခုံးလေး𝐌𝐢 𝐜𝐢𝐯𝐢 𝟑12/256🔌Original 67watt Charger & Cable ပါမယ်𝟗𝟐𝟎𝟎𝟎𝟎 𝐤𝐬▪️▪️▪️▪️▪️▪️▪️⛱️𝐍𝐄𝐓𝐖𝐎𝐑𝐊🏠အမှတ်...
04/04/2026

#ကင်မရာ_ရှယ်လန်း_မှန်ခုံးလေး

𝐌𝐢 𝐜𝐢𝐯𝐢 𝟑
12/256

🔌Original 67watt Charger & Cable ပါမယ်

𝟗𝟐𝟎𝟎𝟎𝟎 𝐤𝐬

▪️▪️▪️▪️▪️▪️▪️

⛱️𝐍𝐄𝐓𝐖𝐎𝐑𝐊

🏠အမှတ်၁၀ ၊ ကိုးဆူကျောင်းလမ်း ၊ ပုသိမ်မြို့
☎️09450003407

𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 𝐋𝐢𝐧𝐤⬇️

https://maps.app.goo.gl/fHUqDnz3aR3N4Rmh8?g_st=an

ဆိုင်မှာ ဖုန်းအရောင်းအဝယ် လာလုပ်ပြီးဓာတ်ဆီ၁ဗူး လက်ဆောင်ယူပါC+ဗူး၁ဗူး
29/03/2026

ဆိုင်မှာ ဖုန်းအရောင်းအဝယ် လာလုပ်ပြီး
ဓာတ်ဆီ၁ဗူး လက်ဆောင်ယူပါC+ဗူး၁ဗူး

ကျ​နော်တို့ ဆိုင်မှ ဝယ်ယူအားပေးထားကြတဲ့ ချစ်Customer များခင်ဗျာ▪️▪️CEIR စနစ်နှင့်ပတ်သက်၍မိမိတို့ဝယ်ယူထားတဲ့ Mobile Phone...
26/03/2026

ကျ​နော်တို့ ဆိုင်မှ ဝယ်ယူအားပေးထားကြတဲ့ ချစ်Customer များခင်ဗျာ▪️▪️

CEIR စနစ်နှင့်ပတ်သက်၍မိမိတို့ဝယ်ယူထားတဲ့ Mobile Phoneတွေမှာ မိုဘိုင်းကွန်ယက်များဆက်လက်အသုံးပြုနိုင်ဖို့အတွက် Simcard 2 ခုလုံးတွင် Simcard ထည့်သွင်းပြီး,
1 SIM + E SIM ရသော ဖုန်းများအတွက် Physical SIM နှင့်
E SIM နှစ်မျိုးလုံး ကို 31.3.2026 မတိုင်ခင် အသုံးပြုပေးကြပါရန်အထူးမေတ္တာရပ်ခံအပ်ပါတယ်🙏

31.3.2026 နောက်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်သော Network ပိုင်းဆိုင်ရာပြဿနာများကို ဆိုင်မှတာဝန်ယူပေးနိုင်မည်မဟုတ်ပါကြောင်းလည်း ညိုးငယ်စွာ အနူးအညွတ်တောင်းပန်ရင်းအသိပေးအပ်ပါသည်🙏🙏🙏

Iphone 11 / Iphone 16 Pro Max Apple id account recovery sucessful
15/03/2026

Iphone 11 / Iphone 16 Pro Max
Apple id account recovery sucessful

 #မှန်အခုံးအသန့်လေးတွေ_ရောက်တယ်𝐌𝐢 𝐂𝐢𝐯𝐢 𝟐8/256Box Only570000 ksBox + Or charger630000 ks▪️▪️▪️▪️▪️▪️▪️⛱️𝐍𝐄𝐓𝐖𝐎𝐑𝐊🏠အမှတ်၁၀ ၊...
12/03/2026

#မှန်အခုံးအသန့်လေးတွေ_ရောက်တယ်

𝐌𝐢 𝐂𝐢𝐯𝐢 𝟐
8/256

Box Only
570000 ks

Box + Or charger
630000 ks

▪️▪️▪️▪️▪️▪️▪️

⛱️𝐍𝐄𝐓𝐖𝐎𝐑𝐊

🏠အမှတ်၁၀ ၊ ကိုးဆူကျောင်းလမ်း ၊ ပုသိမ်မြို့
☎️09450003407

𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 𝐋𝐢𝐧𝐤⬇️

https://maps.app.goo.gl/fHUqDnz3aR3N4Rmh8?g_st=an

 #စျေးမတက်တုန်းယူထား #ပစ္စည်းသန့်All_Fine 𝐈𝐩𝐡𝐨𝐧𝐞 𝟏𝟓 𝐏𝐫𝐨 𝐌𝐚𝐱256ZPA🔋Battery Health 80% (🔌cycle count460)Face🆗True Tone🆗All...
08/03/2026

#စျေးမတက်တုန်းယူထား
#ပစ္စည်းသန့်All_Fine

𝐈𝐩𝐡𝐨𝐧𝐞 𝟏𝟓 𝐏𝐫𝐨 𝐌𝐚𝐱

256
ZPA

🔋Battery Health 80% (🔌cycle count460)

Face🆗
True Tone🆗

All Original Acessories

3050000
▪️▪️▪️▪️▪️▪️▪️

⛱️𝐍𝐄𝐓𝐖𝐎𝐑𝐊

🏠အမှတ်၁၀ ၊ ကိုးဆူကျောင်းလမ်း ၊ ပုသိမ်မြို့
☎️09450003407

𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 𝐋𝐢𝐧𝐤⬇️

https://maps.app.goo.gl/fHUqDnz3aR3N4Rmh8?g_st=an

💥𝐓𝐚𝐱 𝐏𝐚𝐲𝐦𝐞𝐧𝐭 𝐒𝐭𝐚𝐭𝐮𝐬 မှာ Unpaid ဖြစ်နေရင် ဘာလုပ်ရမလဲလက်ရှိ မြန်မာနိုင်ငံမှာ သုံးနေတဲ့ ဖုန်းတွေကို အခွန်ဆောင်ရမယ့် ကိစ္စနဲ...
06/03/2026

💥𝐓𝐚𝐱 𝐏𝐚𝐲𝐦𝐞𝐧𝐭 𝐒𝐭𝐚𝐭𝐮𝐬 မှာ Unpaid ဖြစ်နေရင် ဘာလုပ်ရမလဲ

လက်ရှိ မြန်မာနိုင်ငံမှာ သုံးနေတဲ့ ဖုန်းတွေကို အခွန်ဆောင်ရမယ့် ကိစ္စနဲ့ ပတ်သက်ပြီး သိပ်မရှင်းလင်းသေးသူတွေရှိလို့ ဒီစာကို ရေးသားမျှဝေလိုက်ပါတယ်။

📅 အချိန်သတ်မှတ်ချက်

သတင်းများအရ March 31 ရက်နေ့အထိ ကိုယ့်ဖုန်းရဲ့ IMEI ကို မှတ်ပုံတင်ဖို့ အချိန်ပေးထားပါတယ်။ အဲ့ဒီနောက်ပိုင်း ကျော်သွားရင်တော့ အခွန်ပေးဆောင်ရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

🔍 IMEI ဆိုတာ ဘာလဲ? ဘယ်လိုစစ်မလဲ?

IMEI အကြောင်းပြောရရင် ကိုယ့်ဖုန်းမှာထည့်သုံးလို့ရတဲ့ SIM အရေအတွက်က ကိုယ့်ဖုန်းမှာပါတဲ့ IMEI အရေအတွက်နဲ့တူတူပဲ .. ဆိုလိုတာက ဆင်းမ်ကတ် ၂ ကတ်ထည့်သုံးလို့ရတဲ့ဖုန်း (Dual SIM) တွေဆိုရင် အဲ့ဖုန်းတစ်လုံးတည်းမှာတင် IMEI ၂ ခုပါမယ် .. အခွန်ဆောင်တဲ့အခါ အဲ့ဒီ IMEI နှစ်ခုလုံးကိုဆောင်ရမယ် ဒါမှသာ ဆင်းမ်ကတ် ၂ ခုလုံးအသုံးပြုလို့ရမယ် .. မဟုတ်ရင် အခွန်ဆောင်ထားတဲ့ IMEI မှာပဲ ဆင်းမ်ကတ်သုံးလို့ရမှာဖြစ်ပါတယ်

ကိုယ့်ဖုန်းရဲ့ IMEI ကိုသိရင်ချင် Phone App ကနေ * #06 # ကိုခေါ်ဆိုပြီးကြည့်လိုရနိုင်သလို iPhone တွေမှာဆိုရင် Settings > General > About ရဲ့ အောက်ဆုံးနားမှာမြင်ရပါလိမ့်မယ် .. iPhone XS နောက်ပိုင်းထွက်လာတဲ့ iPhone တော်တော်များများက Dual SIM ဖြစ်တာမို့လို့ ဒီနေရာမှာ IMEI နံပါတ် ၂ ခုမြင်ရပါလိမ့်မယ် .. ဒီ IMEI နံပါတ်တွေကို Copy ယူပြီး ဒီ Link (https://ceir.gov.mm/main/check-status) မှာသွားကြည့်တာနဲ့ Tax Payment Status က “Paid” ဖြစ်နေရင် အဆင်ပြေပါပြီ

IMEI ၂ ခုပါတဲ့ဖုန်းတွေအနေနဲ့ IMEI ၂ ခုလုံးကိုထည့်စစ်ကြည့်ဖို့လိုပါမယ် .. “Unpaid” ဖြစ်နေရင်တော့ အဲ့ဒီ IMEI အတွက် SIM ကတ်ထည့်မသုံးဖူးလို့ပါ .. ဆိုလိုတာက Dual SIM ဖုန်းမှာ ဆင်းမ်ကတ် ၁ ကတ်ပဲထည့်သုံးနေမယ်ဆိုရင် IMEI တစ်ခုပဲ “Paid” လို့ပြနေမှာဖြစ်ပြီး နောက်တစ်ကတ်ထပ်ထည့်မှသာ IMEI နှစ်ခုလုံး “Paid” ဖြစ်သွားမှာဖြစ်ပါတယ် .. ဒါကြောင့် Unpaid ပြနေရင် SIM Card အသစ်ဝယ်ပြီး ထည့်သုံးလိုက်ပါ .. ဒီနေရာမှာတစ်ခုသတိထားရမှာက တစ်ချို့ဖုန်းတွေကို SIM Card ချည်းပဲ ၂ ကတ်ထည့်ရတာဖြစ်ပြီး တစ်ချို့ဖုန်းတွေက SIM Card တစ်ကတ်နဲ့ eSIM တစ်ကတ်ပဲထည့်လို့ရတာဖြစ်တဲ့အတွက် ကိုယ့်ဖုန်းနဲ့ကိုက်မယ့် SIM ရွေးဝယ်ရမှာဖြစ်ပါတယ်

✅ Tax Status Paid နဲ့ Unpaid ဘာကွာလဲ?

Paid ပြရင်: အဆင်ပြေပါတယ်။ အခွန်ဆောင်ပြီးသား (သို့မဟုတ်) Whitelist ထဲ ပါပြီးသားပါ။

Unpaid ပြရင်: အဲ့ဒီ IMEI အတွက် SIM Card ထည့်မသုံးဖူးသေးလို့ပါ။ ဥပမာ- SIM ၂ ကတ်ထည့်ရတဲ့ဖုန်းမှာ ၁ ကတ်ပဲ ထည့်သုံးထားရင် ကျန်တဲ့ IMEI က Unpaid ပြနေပါလိမ့်မယ်။

အကြံပြုချက်: Unpaid ပြနေရင် SIM Card အသစ် (သို့မဟုတ် eSIM) တစ်ခု ဝယ်ထည့်ပြီး March 31 မတိုင်ခင် Paid ဖြစ်အောင် လုပ်ထားသင့်ပါတယ်။

🚫 အခွန်မဆောင်ရင် ဘာဖြစ်မလဲ?

သတ်မှတ်ရက်ကျော်လို့ Unpaid ဖြစ်နေရင် အော်ပရေတာတွေဘက်ကနေ IMEI ကို Block (ပိတ်) ထားနိုင်ပါတယ်။ အဲ့ဒီအခါ SIM Card ထည့်လည်း လိုင်းတက်မှာမဟုတ်ဘဲ ဖုန်းခေါ်တာ၊ အင်တာနက်သုံးတာ လုပ်လို့ရတော့မှာ မဟုတ်ပါဘူး။ WiFi နဲ့ပဲ သုံးလို့ရတဲ့ အခြေအနေ ဖြစ်သွားပါလိမ့်မယ်။

ဒီလို SIM ထည့်လိုက်ရုံနဲ့ Unpaid ကနေ Paid ပြောင်းသွားမှာ March 31 ရက်မတိုင်ခင်ထိပဲဖြစ်ပါတယ် .. March 31 နောက်ပိုင်းဆိုရင် Unpaid ကနေ Paid ပြောင်းဖို့အတွက် ဖုန်းတန်ဖိုးရဲ့ ဘယ်လောက်ရာခိုင်နှုန်းဆိုပြီး အခွန်ဆောင်မှသာရတော့မှာပါ .. Unpaid ဖြစ်နေတဲ့အခါ အခွန်မဆောင်ထားတဲ့ဖုန်းလို့သတ်မှတ်ပြီးတော့ Operator ဖက်ကနေ IMEI ကို Block လုပ်ထားလို့ရပါတယ် .. ဒီလို Block လုပ်ထားလိုက်ရင် SIM Card ထည့်လည်းလိုင်းတက်တော့မှာမဟုတ်တဲ့အတွက် အင်တာနက်လိုင်းသုံးတာ, ဖုန်းခေါ်တာ, SMS ပို့တာတွေလုပ်ဆောင်လို့ရမှာမဟုတ်တော့ပါဘူး .. WiFi နဲ့ပဲသုံးလို့ရတဲ့ဘဝဖြစ်သွားပါလိမ့်မယ်

🛡️ IMEI သိသွားရင် ဘာတွေ လုပ်လို့ရသလဲ? (Concern များအတွက်)

၁။ သာမန်လူတစ်ယောက် သိသွားရင်: သင့်ဖုန်းရဲ့ Model၊ ထုတ်လုပ်တဲ့နိုင်ငံ၊ Warranty အခြေအနေတွေကို ကြည့်လို့ရပါတယ်။ ဒါ့အပြင် သင့် IMEI ကို ခိုးယူပြီး တခြားဖုန်းမှာ Clone လုပ်သုံးတာမျိုး ဖြစ်နိုင်လို့ IMEI နံပါတ်တွေကို လိုင်းပေါ် (Public) မတင်ဖို့ အထူးအရေးကြီးပါတယ်။

၂။ အော်ပရေတာနဲ့ အဖွဲ့အစည်းတွေ သိသွားရင်: သာမန်လူတစ်ယောက်မဟုတ်ပဲ Operator တွေနဲ့ Operator တွေဆီက Data တွေယူကြည့်လို့ရတဲ့အဖွဲ့အစည်းတွေကသာ သင့် IMEI ကိုရသွားတယ်ဆိုရင်တော့ သင့်ရဲ့ Location ကိုထောက်လှမ်းလို့ရနိုင်ပါတယ် .. ဘာလို့လဲဆိုတော့ သင်ဟာသင့်ဖုန်းထဲကို မည်သည့် SIM Card ထည့်ထည့် အဲ့ဒီ SIM Card Company ကနေ ဒီ SIM Card ကိုထည့်လိုက်တဲ့ဖုန်းရဲ့ IMEI အချက်အလက်ကို မြင်ရပါတယ် .. ဒါကြောင့် SIM Card Information + IMEI ကိုတွဲလိုက်တဲ့အခါ လူတစ်ယောက်ရဲ့ Location, သူချိတ်ဆက်ခဲ့တဲ့ Cell Tower တွေကိုခြေရာခံလို့ရနိုင်ပါတယ်

IMEI သိရုံနဲ့လုပ်လို့မရတာတွေကတော့ သင့်ဖုန်းထဲကအချက်အလက်တွေကို ခိုးယူကြည့်ရှုတာပါပဲ .. IMEI ဟာ ဖုန်းတစ်လုံးချင်းစီရဲ့ မှတ်ပုံတင်နံပါတ်ဆိုတာလိုမျိုးထက်မပိုပါဘူး .. ဒါကြောင့် သင့်ဖုန်းကအချက်အလက်တွေ, ဓာတ်ပုံတွေ, စာတွေကို IMEI သိရုံနဲ့ ဝင်ကြည့်လို့မရနိုင်ပါ

IMEI ပေးလိုက်ရတာကြောင့်ဒီလိုဆိုးကျိုးတွေအပြင် ကောင်းမယ့်အချက်တစ်ချက်တော့ရှိပါတယ် .. ကိုယ့်ဖုန်းခိုးခံလိုက်ရတဲ့အခါ Local Authority တွေနဲ့ပူးပေါင်းပြီး ဖုန်းရအောင်ပြန်လိုက်တာ, SIM Card သုံးမရအောင်ပိတ်ပစ်တာတွေလုပ်လို့ရနိုင်ပါတယ် .. ဒါကလည်း Police + Operator တွေပူးပေါင်းဆောင်ရွက်ပြီး ဒါမျိုးလိုက်လုပ်ပေးချင်စိတ်ရှိမှဖြစ်တာဖြစ်တဲ့အတွက် ဒီလိုပြန်လိုက်ပေးတာမျိုးက မြန်မာမှာရချင်မှရပါမယ် ဒါပေမယ့်နည်းပညာအရတော့ဖြစ်နိုင်ကြောင်းပြောပြတာပါ

💡 ဒါကြောင့် ပြန်ချုပ်ရမယ်ဆိုရင်

* လက်ရှိ SIM Card ထည့်ပြီး သုံးနေတဲ့ ဖုန်းတွေကို Whitelisted (အဖြူရောင်စာရင်း) ထဲ ထည့်ပေးထားမှာ ဖြစ်လို့ အခွန်ထပ်ဆောင်စရာ မလိုပါဘူး။ ကိုယ့်ဖုန်းရဲ့ IMEI ကတော့ Whitelist စာရင်းထဲပါဖို့လိုတာဖြစ်လို့ အပေါ်မှာပေးထားတဲ့ Link ကနေ Paid/Unpaid သွားစစ်ကြည့်လို့ရပါတယ်

* အသစ်ဝယ်မယ့်ဖုန်းတွေ ဒါမှမဟုတ် နိုင်ငံခြားက ပါလာတဲ့ဖုန်းတွေ အတွက်ကတော့ SIM Card ထည့်ပြီး ရက်ပေါင်း ၃၀ အတွင်း အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။
* သတ်မှတ်ရက်အတွင်း အခွန်မဆောင်ရင် အဲဒီဖုန်းကို Block (ပိတ်) လိုက်မှာ ဖြစ်ပါတယ်။ ဖုန်းလိုင်း (Mobile Network) ကို ပိတ်လိုက်တဲ့အတွက် ဖုန်းခေါ်လို့မရ၊ SIM Card နဲ့ အင်တာနက် သုံးလို့မရ ဖြစ်သွားပါမယ်။

* ဒါပေမဲ့ IMEI သိရုံနဲ့ သင့်ဖုန်းရဲ့ Software ကို ဖျက်ဆီးတာ ဒါမှမဟုတ် ဖုန်းစက်ကြီးတစ်ခုလုံး လှမ်းပိတ်တာမျိုးတော့ မလုပ်နိုင်ပါဘူး။

* ဖုန်းပိတ်ခံရရင် အင်တာနက်ပေါ်ကနေဖြစ်စေ၊ ကိုယ်စားလှယ်ရုံးမှာဖြစ်စေ အခွန်သွားဆောင်ပြီးမှ ဖုန်းကို Restart (စက်ပိတ်ပြီး ပြန်ဖွင့်) လုပ်ရင် ပြန်သုံးလို့ရမယ်လို့ ဆိုထားပါတယ်။

* IMEI ပိတ်တာဟာ ဖုန်းအော်ပရေတာတွေ (MPT, ATOM, U9, MyTel) ဆီက လိုင်းကိုပဲ ပိတ်တာပါ။ WiFi ကတော့ သီးခြားဖြစ်လို့ WiFi ရှိနေသရွေ့ Messenger, Viber, Telegram တို့ကို ပုံမှန်အတိုင်း ဆက်သုံးလို့ရပါတယ်။

* ဖုန်းအသစ်ဝယ်တော့မယ်ဆိုရင် အဲဒီဖုန်းဟာ အခွန်ဆောင်ပြီးသား ဟုတ်မဟုတ်ကို www.ceir.gov.mm မှာ IMEI နံပါတ်ရိုက်ပြီး အရင်စစ်ဆေးဖို့ တိုက်တွန်းထားပါတယ်။ အခွန်မဆောင်ရသေးတဲ့ ဖုန်းဆိုရင် ဝယ်ယူသူကပဲ အခွန်ထပ်ဆောင်ရမယ့် သဘောမျိုး ဖြစ်နေပါတယ်။

* IMEI ပေးလိုက်ရတာဟာ အခွန်ကိစ္စအပြင် သင့်ရဲ့ ဖုန်းအမျိုးအစားနဲ့ ဖုန်းနံပါတ်ကို အစိုးရ Database ထဲ ရောက်သွားစေပါတယ်။

* ကိုယ့်ရဲ့ IMEI နံပါတ်ကို လူတိုင်း သိအောင် လျှောက်မပြပါနဲ့။

ကိုယ်တိုင်ရေးသားထားပြီး ဖတ်ရချောအောင် Gemini နဲ့ပြန်ပြင်ထားပါတယ်

Credit

Address

အမှတ်(၁၀) ၊ ကိုးဆူကျောင်းလမ်း၊ပုသိမ်မြို့
Pathein

Opening Hours

Monday 08:30 - 20:00
Tuesday 08:30 - 20:00
Wednesday 08:30 - 20:00
Thursday 08:30 - 20:00
Friday 08:30 - 20:00
Saturday 08:30 - 20:00
Sunday 08:30 - 20:00

Telephone

09450003407

Website

Alerts

Be the first to know and let us send you an email when NETWORK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share