For Future Stars

For Future Stars Sharing good manners for future stars

13/08/2025

Cultivate good habits.
(1)Prepation.
(2)How to prevent bad habits.
(3)Setting a time or scheduling.
(4)Keeping mental strength & focus.
#❄️

#👑
habits

Happy Father's day, my Hero.Love you, my Dad.
15/06/2025

Happy Father's day, my Hero.
Love you, my Dad.

08/06/2025

Happy Children's Day ပါတီချစ် ချစ်ရတဲ့ကလေးငယ်လေးတို့ရေ
ကမ္ဘာပေါ်က ကလေးများအားလုံးဘေးကင်းလုံခြုံပျော်ရွှင်ကျန်းမာပါစေနော......

To rest is to rush.Stay shine and bright.ကလေးငယ်လေးရေလုပ်ရမဲ့အလုပ်တွေများလို့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေပြီလား?..တခါတလေ ...
30/11/2024

To rest is to rush.
Stay shine and bright.

ကလေးငယ်လေးရေ
လုပ်ရမဲ့အလုပ်တွေများလို့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေပြီလား?..တခါတလေ အေးအေးဆေးဆေးအနားယူပစ်ချင်ပြီး ရုန်းကန်လှုပ်ရှားနေရတဲ့ဘဝကိုငြီးငွေ့နေပြီလား?..ကျောင်းစာတွေများလွန်းလို့စိတ်ပျက်နေပြီလား?.စာမေးပွဲတွေ မှာရမှတ်နဲလို့ဒါမှမဟုတ်..ဘာမှမလုပ်ချင်တော့အောင်ရှုံးနှိမ့်မှုတွေကြောင့် ပြိုလဲပစ်ချင်နေပြီလား?....
နားချင်ရင်နားလို့ရပါတယ်..ဒါပေမဲ့ အကြာကြီးတော့မရဘူး..To rest is to rush တဲ့ ကိုယ့်ကိုကိုယ်သံချေးတတ်ဖို့အချိန်အကြာကြီးမပေးသင့်ဘူးမဟုတ်လား..ရုန်းကန်နေရခြင်းဟာ တောက်ပတဲ့အနာဂတ်ရရှိလာစေဖို့ပဲလေ...Stay shiny and bright. တီချစ်ရဲ့ကလေးငယ်လေးတွေ အမြဲလင်းလက်တောက်ပနေနိုင်ပါစေနော..

ကလေးတို့ရဲ့တီချစ်
#❄️

ကလေးငယ်လေးရေတီချစ်ရဲ့31နှစ်ပြည့်မွေးနေ့မှာ စာရေးဖို့ကြိုးစားခဲ့ပေမဲ့ အလုပ်မအားတဲ့အကြောင်းပြချက်တွေနဲ့စာမရေးနိုင်ခဲ့ဘူး.....
23/11/2024

ကလေးငယ်လေးရေ
တီချစ်ရဲ့31နှစ်ပြည့်မွေးနေ့မှာ စာရေးဖို့ကြိုးစားခဲ့ပေမဲ့ အလုပ်မအားတဲ့အကြောင်းပြချက်တွေနဲ့စာမရေးနိုင်ခဲ့ဘူး...ဒီနေ့တော့မုန့်ဆိုင်တစ်ဆိုင်မှာမုန့်ဝယ်ရင်း ဆူပူတ်ပြီးမုန့်ရောင်းနေတဲ့ကလေးမလေးကိုကြည့်ပြီးအတွေးလေးတခုခေါင်းထဲဝင်လာခဲ့တယ်....

"အတ္တကင်းသော"

*ငယ်ငယ်က မုန့်သွားဝယ်တာဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ပစ္စည်းတခုခုဝယ်တာဖြစ်ဖြစ် ဝယ်ပြီးရင်လိုချင်တဲ့ပစ္စည်းလေး ရောင်းပေးလို့ ကျေးဇူးတင်ပါတယ်ပြောပြီးဝယ်ထားတဲ့ပစ္စည်းလေးပိုက် အိမ်ကိုအပြေးပြန်ပြီး ကျေနပ်ခဲ့တယ်..... *အသက်အရွယ်တခုရောက်လာတော့ ကိုယ်လိုအပ်တဲ့ပစ္စည်းဝယ်ပြီး စိတ်လိုလက်ရကျေးဇူးတင်ပါတယ်လို့ဆိုင်ရှင်ကိုပြောပြီးတဲ့အခါ ဆိုင်ရှင်ကနေ ရပါတယ်ရှင့် ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် စတဲ့ တုံ့ပြန်မှုမျိုးမရှိရင်တောင် ကျေနပ်တဲ့အပြုံးတစ်ပွင့်လောက်တော့ဆိုင်ရှင်ဆီကပြန်လိုချင်မိလာတယ်...ဘာရယ်မဟုတ်တဲ့အကြောင်းအရာကလေးကိုတောင် တဖက်ရဲ့အသိအမှတ်ပြုခြင်းကိုခံချင်တဲ့အတ္တလေးတွေနဲ့ ငယ်ငယ်ကလောက် နှလုံးသားလေးကမဖြူစင်တော့တာအမှန်ပါပဲ...
*ငယ်ငယ်က လမ်းဘေးမှာတောင်းစားနေတဲ့သူတွေတွေ့ရင် သနားပါတယ်ဆိုပြီးကိုယ့်မုန့်ဖိုးထဲကနေဖဲ့ပြီး သူတို့ကိုပေးလိုက်ရရင် စိတ်ထဲကြည်နူးပြီးတနေ့လုံးပျော်နေရောပဲ...
*အသက်အရွယ်နဲနဲကြီးရင့်လာပြီးငယ်ငယ်ကလိုပဲလမ်းဘေးမှာတောင်းစားနေတဲ့သူတွေတွေ့ရင် ရှိတာလေးနဲ့ အနည်းငယ်ဝေမျှပြီးတဲ့အခါ ငါပေးတာကို သူအလွဲသုံးစားလုပ်လိုက်မလား..ခုလိုပေးလိုက်လို့ အလုပ်မလုပ်ချင်တော့ပဲ အမြဲအလွယ်တကူတောင်းလို့ရတယ်ဆိုတဲ့စိတ်ကြီးဝင်သွားအောင်အားပေးလိုက်မိပြီလားဆိုပြီးစသဖြင့် ဘာမဟုတ်တာလေးတွေကအစ စိုးရိမ်ပူပန်တတ်လာတယ်.....

*အဲ့လိုအသေးအဖွဲလေးတွေကအစ ကြီးမားတဲ့ကိစ္စရပ်ကြီးအထိ newton ရဲ့နိယာမတွေ နဲ့မျှော်လင့်ချက်မျိုး၊ ပေးလိုက်တဲ့အရာအတွက် ပြန်ရယူလိုစိတ်မရှိပေမဲ့ တဖက်လူရဲ့ ကျေနပ်ပါတယ်၊နှစ်သက်ပါတယ်ဆိုတဲ့တုံ့ပြန်မှုမျိုး၊ မဖြစ်နိုင်ပေမဲ့ အရာအားလုံးအကောင်းဆုံးတွေဖြစ်လာအောင် ထိန်းချုပ်ချင်တဲ့ စိုးရိမ်စိတ်မျိုးတွေဟာ အသက်အရွယ်တခုရလာတဲ့အခါ ကြုံတွေ့လာတဲ့အရာတွေဖြစ်လာနိုင်တာမို့..ကလေးဘဝတုန်းကလောက်နှလုံးသားလေးတွေမဖြူစင်နိုင်တော့တာအမှန်ပါပဲ....
*တီချစ်ရဲ့ကလေးငယ်လေးတွေလည်းအသက်အရွယ်တစ်ခုရောက်လာတဲ့အခါ မာယာများတဲ့လောကကြီးရဲ့လှည့်ကွက်နတွေကိုရင်ဆိုင်လာရတဲ့အခါ ဖြူစင်ခဲ့တဲ့ကလေးဘဝလေးကိုပြန်အမှတ်ရပြီး ဘာမဟုတ်တဲ့ကိစ္စလေးတွေမှာမျှော်လင့်ချက်တွေမထားပဲ ကိုယ်ပေးဆပ်နိုင်တဲ့အရာကိုအတ္တကင်းတဲ့ပေးဆပ်မှုနဲ့သာလောကကြီးကိုအလှဆင်နိုင်ဖို့မျှော်လင့်ပါတယ်..

ကလေးတို့ရဲ့
တီချစ်

#❄️

Happy blessed birthday တီချစ်ရဲ့ချစ်ရတဲ့အချစ်ကလေးရေ..အဦးဆုံးလေးမို့တစ်အိမ်လုံးရော နှစ်ဖက်ဘိုးဘွားဆွေမျိုးတွေကတုန်အောင်ခ...
01/09/2024

Happy blessed birthday တီချစ်ရဲ့ချစ်ရတဲ့အချစ်ကလေးရေ..အဦးဆုံးလေးမို့တစ်အိမ်လုံးရော နှစ်ဖက်ဘိုးဘွားဆွေမျိုးတွေကတုန်အောင်ချစ်တာကိုခံခဲ့ရတဲ့တီချစ်ရဲ့အချစ်ကလေးရေ..လွန်ခဲ့တဲ့၁၂နှစ်ဒီလိုနေ့မျိုးမှာကလေးလေးတယောက်ရဲ့မျက်နှာလေးမြင်ရဖို့တီချစ်တို့ညမအိပ်ပဲစောင့်ခဲ့ရတာပေါ့...ကလေးလေးကိုတွေ့ရတော့ဘယ်လိုချစ်စရာကောင်းတာဘယ်သူနဲ့တူတာဆိုပြီးဝိုင်းပြီးထွေးပွေ့ကြချစ်မဝပဲဖြစ်နေတဲ့အချိန် ကလေးကိုမချီတတ်ချီတတ်နဲ့လက်ထဲကမချနိုင်တဲ့တီချစ်တယောက်ကလေးငိုရင်ကိုလိုက်ငိုချင်ခဲ့တဲ့အထိရူးမတတ်ချစ်ခဲ့ကြတာပါ..သားလေးနဲ့ပတ်သက်ပြီးအဲ့လောက်ချစ်ကြတာမို့ နည်းနည်းလေးမှအထိအခိုက်မခံနိုင်တာမို့ လိမ္မာယဥ်ကျေးတဲ့ကလေးလေးအဖြစ်ဆက်လက်ပြီးကြီးပြင်းလာပေးပါနော မွေးနေ့မှစလာမဲ့နှစ်ပေါင်းများစွာ ဘုရားရှေ့လူရှေ့မှာမျက်နှာရပါစေ ဘုရားအတွက်ဆက်ကပ်နိုင်တဲ့ကလေးလေးဖြစ်ပါစေနော..လက်ဆောင်ကတော့ပြန်လာမှဝယ်ခဲ့မယ်နော..

ကလေးငယ်လေးရေ ဒီနေ့တော့Happy Father's dayမှာဖခင်များအတွက် ဂုဏ်ပြုလက်ဆောင်လေးရေးလိုက်တယ်နောThank you, Daddyတစ်ကိုယ်ရည်စာငွ...
16/06/2024

ကလေးငယ်လေးရေ ဒီနေ့တော့
Happy Father's dayမှာဖခင်များအတွက် ဂုဏ်ပြုလက်ဆောင်လေးရေးလိုက်တယ်နော

Thank you, Daddy

တစ်ကိုယ်ရည်စာငွေရှာရခက်လို့ပူပန်နေချိန်မှာ တစ်မိသားစုလုံး ရဲ့စားဝတ်နေရေးပြေလည်အောင်မညည်းမညူ ဖြေရှင်းခဲ့တဲ့သူတစ်ယောက်အကြောင်းပြန်တွေးမိတဲ့အခါ အားနာရပါတယ်ဖေဖေ.....
အလုပ်တွေရှုပ်လို့အိမ်ပြန်ဖို့မေ့နေတိုင်း...ဘယ်လောက်အလုပ်များများ အိမ်ဆိုတဲ့မိသားစုလေးစုဝေးရာဆီအပြေးပြန်တတ်တဲ့သူတစ်ယောက်အကြောင်းပြန်တွေးမိတိုင်း အားနာရပါတယ်ဖေဖေ.....
ဘဝအတွေ့အကြုံတွေကခါးသီးတဲ့အချိန်တိုင်း မိသားစုအတွက်လောကဓံကိုကြံ့ကြံ့ခံရင်ဆိုင်ပြီးခါးဆီးခံခဲ့တဲ့သူတစ်​ယောက်အကြောင်းတွေးမိပြန်တော့
အားနာရပါတယ်ဖေဖေ.....
ကိုယ့်အတွက်ဆိုတဲ့အတ္တတွေနဲ့ပိတ်မိနေတိုင်း မိသားစုအတွက်ဆိုတဲ့အတ္တသမားကြီးတစ်ယောက်အကြောင်းခေါင်းထဲဝင်လာပြန်တော့ ထပ်ပြီးအားနာရပြန်ပါပြီဖေဖေ...
ဘဝဆိုတာဆိုတဲ့ခေါင်းစဥ်နဲ့အစချီတဲ့စာမျက်နှာတိုင်းမှာအဖေ့ရဲ့ပြုံးနေတဲ့ပုံရိပ်ကိုထည့်ပြီးပုံနှိပ်ထားတာမို့ စိတ်ဓါတ်ကျစရာကြုံလာရင်တောင် အဖေ့ပုံရိပ်တွေနဲ့အားယူပြီးပြန်လည်ရှင်သန်ရပါတယ်ဖေဖေ..
လိုချင်တာမရ သေးရင် ငိုယိုခဲ့အရွယ်ကနေ လိုချင်တာတွေဝယ်နိုင်ရင်တောင် မဝယ်ရက်တော့တဲ့အရွယ်အထိ လိုလေသေးမရှိပြည့်စုံစေခဲ့လို့ ကမ္ဘာကြီးလောက်ကျေးဇူးတင်ပါတယ်ဖေဖေ ...
ကမ္ဘာပေါ်ရှိဖခင်များအားလုံးကိုဂုဏ်ပြုလျက်...❄️


father's day
#❄️

ကလေးငယ်လေးရေလောကမှာတွန်းချမဲ့လက်တစုံရှိတတ်သလို ဖေးမမဲ့လက်တစ်စုံကိုလည်းဘုရားကပြင်ဆင်ပေးပြီးသားမို့..ချောက်ထဲကျသွားလည်းမကြ...
30/05/2024

ကလေးငယ်လေးရေ
လောကမှာတွန်းချမဲ့လက်တစုံရှိတတ်သလို ဖေးမမဲ့လက်တစ်စုံကိုလည်းဘုရားကပြင်ဆင်ပေးပြီးသားမို့..ချောက်ထဲကျသွားလည်းမကြောက်ပါနဲ့
နေ့ရက်တိုင်းမှာပျော်ရွှင်စရာတွေမဖြစ်ခဲ့ရင်တောင် ဝမ်းနည်းစရာတွေကလည်းနေ့ရက်တိုင်းရောက်မလာနိုင်ပါဘူး..
အဆိုးနဲ့အကောင်းကဒွန်တွဲနေတာမို့ ဆိုးတခါကောင်းတလှည့်theoryလေးကိုလည်းနားလည်ထားရမယ်နော..
လောကမှာလူကောင်းတွေချည်းမရှိသလိုလူဆိုးတွေချည်းရှိနေတာလည်းမဟုတ်တဲ့အတွက် သင့်တင့်လျောက်ပတ်စွာနေတတ်ဖို့လေ့ကျင့်ထားပါဦး..
ကောင်းနေတဲ့သူကလည်း တခါတလေဆိုးကြည့်ချင်သလို ဆိုးနေတဲ့သူရဲ့နှလုံးသားလေးထဲမှာလည်းအဖြူရောင်လေးတစ်ကွက်တော့ရှိနေနိုင်တာမို့ အဖြူရောင်လေးကိုကြိုးစားရှာကြည့်ပါဦးနော...
ရခဲ့တဲ့ဖေးမမှုလက်တစ်စုံအတွက်နွေးထွေးမှုအငွေ့အသက်တွေနဲ့ပြန်ပြီး​ကျေးဇူးပြုပါ..တွန်းချတဲ့လက်တစ်စုံအတွက်တော့ ပြုံးပြလိုက်ပါ...ကိုယ်တိုင်ကလည်းဖေးမနိုင်တဲ့လက်တစ်စုံဖြစ်နိုင်အောင်ကြိုးစားတည်ဆောက်ပါ...
ရှင်သန်ရတဲ့ဘဝကခဏလေးပဲမို့
မပျော်ရတဲ့နေ့တွေမှာ ပျော်ခဲ့ရတဲ့ဘဝရဲ့သုံးပုံနှစ်ပုံနဲ့အနာဂတ်မှာရလာမဲ့ပျော်ရွှင်ခြင်းနေ့ရက်တွေအတွက် မျက်ရည်တွေခပ်ကြမ်းကြမ်းသုတ်ပလိုက်ပါဦးနော...

ဒီစာလေးရဲ့ခေါင်းစဥ်လေးကိုတော့ မပျော်ရတဲ့ကဗျာတစ်ပုဒ်ရဲ့ပျော်ရွှင်ခြင်းနေ့ရက်များလို့ တပ်ပေးခဲ့မယ်နော..

ကလေးငယ်လေးတို့ရဲ့တီချစ်


#မပျော်ရတဲ့ကဗျာတစ်ပုဒ်ရဲ့ပျော်ရွှင်ခြင်းနေ့ရက်များ

ကလေးငယ်လေးရေတီချစ်စာတွေမရေးဖြစ်တာကြာလို့ခရီးသွားရင်းပေါ်လာတဲ့အတွေးလေးတစ်ခုနဲ့ပီတိတစ်ခုကြောင့်ရလာတဲ့သင်ခန်းစာလေးကိုsharin...
30/03/2024

ကလေးငယ်လေးရေ
တီချစ်စာတွေမရေးဖြစ်တာကြာလို့ခရီးသွားရင်းပေါ်လာတဲ့အတွေးလေးတစ်ခုနဲ့ပီတိတစ်ခုကြောင့်ရလာတဲ့သင်ခန်းစာလေးကိုsharingလုပ်ပေးမယ်နော..
1.ကိုယ်မရလိုက်တဲ့အောင်မြင်မှုတွေ သူများရလာခဲ့ရင်ထပ်တူဝမ်းသာပေးလိုက်ပါ....
2.ကိုယ်ရလိုက်တဲ့ နာကြင်မှုတွေ သူများမရခဲ့ရင် ကျေနပ်စွာပြုံးပျော်ပေးလိုက်ပါ...
3.ခဏတာလေးရှင်သန်ရတဲ့အချိန်မှာ အရာရာမှာကျေနပ်ရောင့်ရဲတတ်ပါ..
4.ပြုံးတတ်အောင်ပြုံးပါ...
5.ဘဝရောခန္ဓာရောလှအောင်နေပါ...
6. စိတ်နှလုံးသားလေးထဲမှာပျော်စရာတွေပဲတွေးပါ(အပျော်နဲ့အပျက်ကွဲပြားပါစေ)ပူလောင်စရာတွေများတဲ့လောကကြီးမှာအေးချမ်းနေရင် ချမ်းသာခြင်းတစ်မျိုးပဲမလား? ..
တီချစ်ရဲ့ကလေးငယ်လေးတွေအေးချမ်းစွာကြီးပြင်းလာနိုင်ပါစေနော

ကလေးတို့ရဲ့တီချစ်

Smartကလေးငယ်လေးရေ..ဒီမနက်လမ်းထလျှောက်ရင်းအတွေးတစ်ခုဝင်လာတယ်..Smartဆိုတဲ့စကားလုံးလေးပေါ့.....Smartအရမ်းကျတယ်နောလို့ပြောလိ...
27/01/2024

Smart
ကလေးငယ်လေးရေ..ဒီမနက်လမ်းထလျှောက်ရင်းအတွေးတစ်ခုဝင်လာတယ်..Smartဆိုတဲ့စကားလုံးလေးပေါ့.....Smartအရမ်းကျတယ်နောလို့ပြောလိုက်ရင် သဘောမကျတဲ့သူမရှိသလောက်ပဲမဟုတ်လား...
Smartဖြစ်ဖို့ဆိုရင် Confidenceရှိဖို့လိုမယ်...Confidence ရှိဖို့ဆိုရင် ethicsရှိဖို့လိုမယ်...ethicsရှိဖို့ဆိုရင်တော့ Control yourself ပဲပေါ့ ကလေးငယ်လေးရေ ..
တီချစ်ရုံးကနေအိမ်အပြန်နောက်ကျတဲ့ရက်တွေဆို လမ်းမှာလမ်းသွားလမ်းလာချင်းအတူတူ အချို့သောအမျိုးသားတွေက မိန်းကလေးတစ်ယောက်တည်းလမ်းပြန်လျှောက်လာတယ်ဆိုပြီး ထိကပါးရိကပါးစနောက်ကြတယ်..(အချို့သောနော)..သူတို့တွေကိုကြည့်ပြီး ကျွန်မရဲ့တူလေးတွေကြီးလာရင်ရောဘယ်လိုလူတွေ ဖြစ်လာမှာလဲ ဆိုတဲ့အတွေးမျိုးကိုတွေးမိတယ်. ..လူ့ကျင့်ဝတ်ကိုသိနားလည်ပြီး ကိုယ်နဲ့မဆိုင်တဲ့အရာတွေကို အရေးတယူလုပ် စနောက်တတ်တဲ့သူမဖြစ်ဖို့မှာချင်ပါတယ် ကလေးငယ်လေးရေ....လူ့ကျင့်ဝတ်ကိုသိလျက်နဲ့ selfcontrolမလုပ်နိုင်ပဲ စိတ်ထင်ရာလျှောက်လုပ်မယ်ဆိုရင်လည်း smartဖြစ်တဲ့သူတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူးနော..ethicsရှိတဲ့သူဟာ အလိုလို ကိုယ့်လုပ်ရပ်တွေအပေါ် ယုံကြည်မှုရှိလာမှာပါ...ဒါ့ကြောင် စမတ်ကျတဲ့လူသားတစ်ယောက်အဖြစ်ရှင်သန်ကြီးပြင်းလာဖို့ ကိုယ့်စိတ်ရဲ့အလိုဆန္ဒအပေါ်မှာ လူ့ကျင့်ဝတ်နဲ့ပြန်သုံးသပ်ပြီး အသက်ရှင်ဖို့လိုပါတယ်...တီချစ်ရဲ့ ကလေးငယ်လေးတွေ Selfcontrol လုပ်နိုင်ကြပါစေကွယ်...

ကလေးတို့ရဲ့ တီချစ်






ကလေးငယ်လေးရေ.....ဒီစာကို တီချစ်အသက်၃၀ပြည့်တဲ့နေ့မှာရေးမယ်လို့ဆုံးဖြတ်ခဲ့တာ..ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်မအားတာနဲ့ စ...
25/11/2023

ကလေးငယ်လေးရေ.....
ဒီစာကို တီချစ်အသက်၃၀ပြည့်တဲ့နေ့မှာရေးမယ်လို့ဆုံးဖြတ်ခဲ့တာ..ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်မအားတာနဲ့ စာမရေးခဲ့လိုက်ရဘူး...တီချစ်ရဲ့၃၀ပြည့်နေ့အမှတ်တရအနေနဲ့ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံလေးတွေကို sharingလုပ်ပေးမယ်လို့ ဆုံးဖြတ်ခဲ့တာပါ.....လူ့ပတ်ဝန်းကျင်မှာအသက်ရှင်နေထိုင်တဲ့အခါ မဖြစ်မနေလိုက်နာရမဲ့အချက်ကလေးတွေကိုပြောပြချင်တယ်...
No(1).ကိုယ့်ရဲ့ယုံကြည်တဲ့အရာကိုသေချာစွာလုပ်ကိုင်ပါ။
ကိုယ့်ရဲ့ယုံကြည်တဲ့ဘာသာရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဖြစ်မြောက်မယ်လို့ယုံကြည်ထားတဲ့အလုပ်အကိုင် သို့မဟုတ် ပညာရေး ပဲဖြစ်ဖြစ် လေးလေးစားစားနဲ့တစိုက်မတ်မတ်လုပ်ကိုင်ရမယ်...ကောက်ရိုးမီးလိုစိတ်ဓာတ်မျိုးကိုလုံးဝရှောင်ကျဥ်ရမယ်...မြန်မာဆိုရိုးစကားတစ်ခုကြားဖူးတယ်မဟုတ်လား"တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့"တဲ့ တစ်ရက်ကိုနည်းနည်းချင်းစီပဲဖြစ်ဖြစ်လုပ်ဆောင်သွားရင်ကိုယ်လိုချင်တဲ့ပန်းတိုင်က ဘယ်မှရွေ့သွားမှာမဟုတ်လို့ ပန်းတိုင်ဆီရောက်ကိုရောက်မှာပါ။ ''ပုဂံလည်းမရွေ့ငါလည်းမရွေ့" ဆိုပြီးရပ်နေရင်တော့ဘာမှဆက်ဖြစ်လာမှာမဟုတ်ဘူးနော..
No(2).ကိုယ့်ရဲ့​ပျော်ရွှင်မှု မှာသူတစ်ပါးရဲ့မျက်ရည်မပါပါစေနဲ့..
ဒီစာသားလေးကတော့ နေရာတော်တော်များများမှာကြားဖူးမှာပါ.. အဲ့စာသားလေးကိုတီချစ်အရမ်းကြိုက်လို့ The best ethics လို့တောင် တင်စားချင်မိတယ်...ဘယ်လောက်ပဲအောင်မြင်ပါစေ ကြွယ်ဝပါစေ အဲ့ဒီကောင်းစားမှုမှာ သူတစ်ပါးရဲ့မျက်ရည်တွေပါနေရင် အဲ့ဒီကောင်းစားမှုဟာအလကားပါပဲ.. သူတစ်ပါးရဲ့အကျိုးကိုပျက်စေတာဟာ လူမှုရေးချိုးဖောက်မှုတစ်ခုပါပဲ...နေ့စဥ် လှုပ်ရှားသွားလာပြီးအသက်ရှင်နေမှုမှာ တစ်ဦးနဲ့တစ်ဦးစိတ်အခန့်မသင့်တာတွေ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေဟာသူတစ်ပါးအတွက်စိတ်အနှောင့်အယှက်ဖြစ်စရာတွေဖြစ်နေတတ်သလိုမျိုးအချိန်အခါတွေ မတော်တဆစိတ်ချင်းပွတ်တိုက်မိလို့စိတ်မှာအနာတရလေးတွေဖြစ်သွားတာမျိုးလေးတွေကြုံဖူးကြမှာပါ...အတတ်နိုင်ဆုံး ကိုယ့်ရဲ့ရပ်တည်မှုဟာ သူတစ်ပါးအတွက်ကောင်းကျိုးမဖြစ်နိုင်ရင်တောင်ဆိုးကျိုးမဖြစ်စေခြင်းဟာ အကောင်းဆုံးလူ့ကျင့်ဝတ်တစ်ခုပါ..လုံးဝကြီးဖြူစင်နေရမယ်လို့မဆိုလိုပါဘူး..အတတ်နိုင်ဆုံး ကြိုးစားရမယ် ကြိုးစားသင့်ပါတယ်..
No(3). ရှင်းပြခွင့်ရှိတယ်..ရိုင်းစိုင်းခွင့်မရှိဘူး..
ကြီးတဲ့သူနဲ့စကားပြောတာဖြစ်စေ၊ ငယ်တဲ့သူ ရွယ်တူနဲ့စကားပြောတာဖြစ်စေ ကိုယ်မနှစ်သက်တဲ့အရာ ကိုယ့်အယူအဆ၊ကိုယ့်ထင်မြင်ချက်တွေကို ပြန်လည်ရှင်းလင်းတင်ပြခွင့်ရှိပါတယ် ဒါပေမဲ့ရိုင်းစိုင်းစွာပြောဆိုခွင့်တော့မရှိပါဘူး.....ဒီအချက်ကတော့ တီချစ်ရဲ့တူလေးတွေအတွက်အဓိကသိစေချင်ပါတယ်..ကိုယ့်ထက်ကြီးတဲ့သူတွေနဲ့စကားပြောတဲ့အခါ ''ဒါလေးတောင်မသိဘူးလား''ဆိုတဲ့စကားတခွန်းကိုသားပြောပြောနေတာတီချစ်ကြားမိလို့အဲ့နေ့ကဆုံးမလိုက်သေးတယ်နော..ဆဲဆိုမှရိုင်းတာမဟုတ်ပါဘူး ကိုယ်အမူအရာနှုတ်အမူအရာနဲ့ ရိုင်းပြတဲ့အပြောအဆိုတွေကလည်း ရိုင်းစိုင်းမှုတစ်ခုပါပဲ....ကလေးကငယ်သေးလို့မသိတာပါဆိုပေမဲ့ငယ်သေးတဲ့အချိန်ကတည်းကဆုံးမသွန်သင်မှုမရှိရင်တစ်သက်လုံးရိုင်းစိုင်းသွားမှာပါ..
No(4). ကောင်းတဲ့ပတ်ဝန်းကျင်ဖြစ်အောင်ဖန်တီးယူပါ...
တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုးဆိုတဲ့ဆိုရိုးက 100%မှန်တယ်လို့တော့တီချစ်လက်မခံဘူး..အဲ့လိုဆို ကိုယ့်ရဲ့ဖြစ်တည်မှုကရော တံငါနဲ့နီးလို့တံငါဖြစ်သွားတယ်ဆို ကိုယ်နဲ့နီးတဲ့တံငါကရော ဘာလို့ ကိုယ့်လိုဖြစ်မသွားရတာလဲ ကိုယ်ကပဲတံငါလိုက်ဖြစ်ရတာလား...ဆိုလိုချင်တာက ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ်မှာသေသေချာချာရပ်တည်နေရင် ကိုယ်ကောင်းရင်ခေါင်းမရွေ့နိုင်ပါဘူး..ကိုယ့်ရဲ့ဆိုးခြင်းကောင်းခြင်းတွေအားလုံးကိုပတ်ဝန်းကျင်အပေါ်ပဲပုံချလို့မရပါဘူး...ကိုယ်တိုင်ကကောင်းတဲ့ပတ်ဝန်းကျင်လေးဖြစ်အောင်ဖန်တီးယူလို့ရပါတယ်...ကိုယ့်ဆီကကောင်းတဲ့အရာတွေပေးပြီးပတ်ဝန်းကျင်ဆီကကောင်းတဲ့အရာလေးတွေပဲsharingလုပ်ကြလို့ရတယ်မဟုတ်လား?...
နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ လူတော်တစ်ယောက်ဖြစ်ဖို့ထက်လူကောင်းတစ်ယောက်ဖြစ်အောင်အတတ်နိုင်ဆုံးကြိုးစားပြီး.. အကောင်းဆုံးရှင်သန်သွားနိုင်ပါစေ ကလေးလေးရေ...

ကလေးတို့ရဲ့တီချစ်

#❄

Address

Pathein

Telephone

+959740865106

Website

Alerts

Be the first to know and let us send you an email when For Future Stars posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category