26/07/2024
ချစ်ခြင်းမေတ္တာတစ်ခုထဲကိုပဲတောင်းဆိုခဲ့တဲ့မိန်းမတွေကတကယ်ကိုသိမ်ငယ်ရတယ်
ကျော်ဖြတ်ခဲ့ရတဲ့အခက်ခဲတွေ ကောင်းပေးခဲ့တာတွေနဲ့ အတူရှိနေတဲ့အမှတ်တရတွေကိုတောင်မထောက်ထားပဲဘာလို့ ရက်စက်နိုင်ကြရတာလဲမေးခွန်းတွေထုတ်မိတယ်
လုယူတဲ့လူကရောမတွေးမိဘူးလား သူကိုယ်တိုင်တောင်ချစ်နေတာ ပိုင်ဆိုင်ထားခဲ့ရတဲ့လူက ဘယ်လောက်တောင်ချစ်မြတ်နိုးမလဲဆိုတာကိုပေါ့
လုယူတဲ့လူကရောသူများဆီက သူများမျက်ရည်ပေါက်ကြီးငယ်ကျပြီးလက်လွှတ်ပေးခဲ့ရတာကိုသူလုယူခဲ့တာ တစ်သက်လုံးအေးချမ်းနိုင်မယ်ထင်လို့လား တကယ်ပဲပျော်နိုင်တာလား တကယ်ပဲမပူလောင်ရတော့ဘူးလား
နှစ်ဖက်မိဘလူသိရှင်ကြားတွဲခဲ့တဲ့အတွဲလေ အသိုင်းဝိုင်းကြားဘယ်လိုမျက်နှာဖော်ရမလဲဖြစ်နေတဲ့မိန်းကလေးရှင်ဘက်ကို မိန်းကလေးချင်းကိုယ်ချင်းစာပြီးတွေးမပေးမိဘူးလား
သူလက်ထဲတောင်ဖောက်ပြန်ပြီးရောက်လာတာလေ ထပ်မဖောက်ပြန်တော့ဘူးလို့သေချာအာမခံနိုင်လား
ကျူးလွန်သူကနစ်နာသူဟန်မဆောင်ပါနဲ့ မေတ္တာတွေစူးလိမ့်မယ် ဝဋ်ဆိုတာက ဘဝမကူဘူးနော်
စာကြွင်း -
မေး - ဒီလိုကြီး"ကျယ်"တွေပြောနေတာ နင်ကရောဘယ်လောက်တောင်ကောင်းနေလို့လဲ ဘယ်လောက်တောင်မှန်နေလို့လဲ
ဖြေ - ဟုတ်ပါတယ်ငါလည်းမကောင်းတဲ့လူ အမှားတွေလုပ်ခဲ့တဲ့လူပါ သို့ပေမဲ့ငါက ကိုယ့်အမှားကိုယ်မြင်ပြီး ကိုယ့်အပြစ်ကိုယ်သိတဲ့လူ ကိုယ့်အမှားကိုဝန်ခံတတ်တဲ့လူ တခါမှားတာသိရင်ထပ်မလုပ်ရဘူးဆိုတာသိတဲ့လူ