23/12/2025
မဂ်လာပါရှင့်
📢အင်းလေးကန်မှကြိုဆိုပါတယ်ရှင့်
📢 အားလပ်ရက်တွေမှာ အင်းလေးကန် ကိုလာလည်မဲ့ မိတ်ဆွေများအတွက် စက်လှေဝန်ဆောင်မှု ပေးနေပါတယ်ရှင့်
💫ခရီးသွားလုပ်ငန်းနယ်ပယ်မှာ အတွေ့အကြုံရှိပီး စိတ်ရှည်တဲ့ ဒေသခံစက်လှေဆရာများက လိုချင်တဲ့ခရီးစဉ်ကို အဆင်ပြေချောမွေ့အောင် စီစဉ်ပို့ဆောင်ပေးမှာမို့ ယုံကြည်စိတ်ချစွာ ဌားရမ်းနိုင်ပါတယ်
📢အင်းလေးမှာ လည်ပတ်လို့ရမဲ့ နေရာတွေကတော့
➡️အင်းလေး ဖောင်တော်ဦး ဘုရား
➡️အလိုတော်ပေါက်ဘုရား
➡️အင်းလေး လှေလုပ်ငန်း ( အင်းလေးဒေသသုံး လှေများ ပြုလုပ်သည့်နေရာ)
➡️အင်းပေါခုံရွာ ယက်ကန်းလုပ်ငန်း ( ကမ္ဘာကျော် အင်းလေး ကြာထည် ပိုးထည် များ ရက်လုပ်သည့်နေရာ)
➡️ဆည်ခေါင်းရွာ ပန်းပဲလုပ်ငန်း ( အင်းလေးဒေသခံများကတော့ ဆည်ခေါင်းရွာရဲ့ ပန်းပဲပစ္စည်းများဟာ အရည်အသွေးကောင်းလို့ ကြိုက်ကြပါတယ်)
➡️ဟဲယာရွာမ ပန်းတိမ်လုပ်ငန်း ( မြတ်စွာဘုရားရှင်အားကပ်လှူတဲ့ ငွေထည်ပစ္စည်းများ ကို ပြုလုပ်ရာ ရွာကြီးတစ်ရွာပါ ငွေကလပ် ငွေပန်းအိုး ငွေဆွမ်းအုပ် ငွေကွမ်းအစ် ငွေထုံးဗူး ငွေရေတကောင်း ငွေငါး စသဖြင့် လက်ရာမြောက်လို့ နာမည်ကြီးပါတယ်)
➡️ရွှေအင်းတိန် မြတ်စွာဘုရား ( အင်းရဲ့အနောက်ဘက်ကမ်း)
➡️ငါးဖယ်ချောင်း ရှေးဟောင်းဘုန်းကြီးကျောင်း ( ယခင် ကြောင်ခုန်ကျောင်း လို့လူသိများပါတယ်)
➡️အင်းလယ်ဗိုလ်တဲ (အင်းရေပြင် နဲ့ တောင်တန်းတွေကို နောက်ခံထားလို့ ဓါတ်ပုံ ရိုက်လို့ကောင်တဲ့နေရာတစ်ခုပါ)
➡️မိုင်းသောက်တံတား ( အင်းရဲ့အရှေ့ဘက်ကမ်းမှာရှိပီး မန်းလေးဦးပိန်တံတား နဲ့ ဆင်တူပါတယ်)
➡️အင်းလေးဒေသထွက်ကုန် ဝယ်ချင်သူများအတွက်လဲ ဈေးဝယ်လို့ကောင်းတဲ့နေရာ လဲရှိပါတယ်
➡️အင်းလေးဒေသက ဈေးတွေကိုလည်ချင်တယ်ဆိုရင်တော့ မနက်စောစောမှ အဆင်ပြေပါမယ် အင်းလေးမှာ ပုံမှန်ငါးရက်တစ်ဈေးမို့ ဈေးနေ့နဲ့ ကြုံကြိုက်တာမျိုးဆိုရင်တော့ လည်လို့ရပါမယ် ဈေးကတော့ မနက် ၉/၁၀ နာရီ ဝန်းကျင်ဆို ဈေးလူကွဲပီမို့ မနက်စောစောလည်နိုင်မှ ပိုအဆင်ပြေပါမယ်
➡️ အင်းလေးဒေသ အစားအစာများကို ဒေသခံအိမ်တွေမှာ သုံးဆောင်ကြည့်ချင်ပါတယ် ဆိုရင်လဲ စီစဉ်ပေးလို့ရပါတယ်နော ( ကြိုတင် ဘွတ်ကင်တင်ထားမှတော့ အဆင်ပြေမှာပါ)
✅ကဲ အင်းလေး ကို လာလည်ဖို့စဉ်းစားပီဆိုရင် ဆက်သွယ်လိုက်တော့နော
✅အားမနာတမ်း မေးမြန်းစုံစမ်းပီး ကြိုတင်ဘွတ်ကင် လုပ်ထားလို့ ရပါပီ
💲ဈေးနှုန်းတွေကတော့ လူကြီးမင်းတို့ သွားချင်တဲ့ နေရာပေါ်မူတည်ပီး ဈေးနှုန်းများ ကျသင့်မှာဖြစ်ပါတယ်
💲ဆီဈေး အတက်အကျပေါ် လဲမူတည်ပါတယ်ရှင့်
✅ဆက်သွယ်ရမဲ့ ဒေသခံ ဝန်ဆောင်မှုပေးသူများ
☎️ 09 253211675, 09 428359123
Viber 09 428359123