Thoon Baby Store

Thoon Baby Store cပလီလမ်းဆုံမီးပွိုင့်အနီး/ လေဆိပ်လမ်း/ငပလီမြို့

12/09/2025
12/09/2025
ဆိုင်အရောင်းနားထားတဲ့မင်မင် တင်စရာမရှိတော့ သမီးလေးကိုပြင်ပေးဖြစ်တဲ့ lunch box တွေလာတင်တာ
11/06/2025

ဆိုင်အရောင်းနားထားတဲ့မင်မင် တင်စရာမရှိတော့ သမီးလေးကိုပြင်ပေးဖြစ်တဲ့ lunch box တွေလာတင်တာ

ပြီးပြည့်စုံတဲ့ ဆီလုံ/လေလုံထမင်းဗူးလေး🔺အကန့် ၄ ခုပါတဲ့အပြင် 🔺ဟင်းရည်ထည့်မဲ့ ဗူးလည်းပါတယ်🔺တူ/ဇွန်း 🔺အပူခံအိတ်လေးလည်းပါတယ်...
26/02/2025

ပြီးပြည့်စုံတဲ့ ဆီလုံ/လေလုံထမင်းဗူးလေး

🔺အကန့် ၄ ခုပါတဲ့အပြင်
🔺ဟင်းရည်ထည့်မဲ့ ဗူးလည်းပါတယ်
🔺တူ/ဇွန်း
🔺အပူခံအိတ်လေးလည်းပါတယ်ရှင်

Price - 47500 ks

🌷ခန့်မှန်းကြာချိန် - ၂ ပတ်

🌷Preorder ဖြစ်လို့ တကယ်စောင့်နိုင်မှမှာပေးပါရှင်

အတွင်းစတီးသားနဲ့ဟင်းရည်ဗူးPrice - 18500 Ksခန့်မှန်းကြာချိန် - ၂ ပတ်Preorder ဖြစ်လို့ တကယ်စောင့်နိုင်မှမှာပေးပါရှင်
26/02/2025

အတွင်းစတီးသားနဲ့ဟင်းရည်ဗူး

Price - 18500 Ks

ခန့်မှန်းကြာချိန် - ၂ ပတ်

Preorder ဖြစ်လို့ တကယ်စောင့်နိုင်မှမှာပေးပါရှင်

ဆီလုံလေလုံ ၃ ကန့်ထမင်းဗူးPrice - 27800ksခန့်မှန်းကြာချိန် - ၂ ပတ်Preorder ဖြစ်လို့ တကယ်စောင့်နိုင်မှမှာပေးပါရှင်
26/02/2025

ဆီလုံလေလုံ ၃ ကန့်ထမင်းဗူး

Price - 27800ks

ခန့်မှန်းကြာချိန် - ၂ ပတ်

Preorder ဖြစ်လို့ တကယ်စောင့်နိုင်မှမှာပေးပါရှင်

25/02/2025

Febrile convulsion ( ခေါ်) အဖျား ကြီး၍တက်ခြင်း 🤒

၆ နှစ်အောက် ကလေးလေးတွေမှာ အဖျား ၁၀၀ နှင့်အထက် ရှိနေခဲ့လျှင်အဖျားကြီးပြီး တက်တဲ့ အခြေအနေမျိုးကြုံရတတ်ပါတယ်။ ဒါကို Febrile Convulsion လို့ခေါ်ပြီး (၆ )လမှ (၆)နှစ်ကြား ကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ အခုလို တက်တာက ပုံမှန်အားဖြင့် နောက်ဆက်တွဲဆိုးကျိုးရော၊ အသက်အန္တရာယ်ရော မရှိပါဘူး။အဖျားကြီးလို့ တက်ဖူးတဲ့ ကလေးက နောက်တစ်ခါ ကိုယ်ပူကြီးရင် ထပ်တက်နိုင်တဲ့အတွက် သေချာလေး ဂရုစိုက်ကြည့်နေဖို့လိုပါတယ်။

အဖျားကြီးလျှင် ဘာလို့ တက်သလဲ ?

📌 ကလေးတွေရဲ့ ဦးနှောက်ဟာ Temperature Sensitivity မြင့်ပြီး ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် ရုတ်တရက်ထိုးတက်သွားတဲ့ အပူချိန်မှာ ဦးနှောက်လျှပ်စစ်လှိုင်းများ ပုံမှန်မဟုတ်တော့ပဲ တက်နိုင်ပါတယ်။
📌 အဖျားကြီးပြီးတက်တတ်တဲ့ မျိုးရိုးရှိရင် တက်နိုင်ပါတယ်။
📌 တုပ်ကွေး၊ Virus နှင့် နားပိုးဝင်ခြင်း စတဲ့ အခြေအနေတွေမှာ တက် တတ်ပါတယ်။
📌 Inflammatory response လို့ခေါ်တဲ့ ခန္တာကိုယ်ကနေ အဖျားပိုးကို တိုက်ထုတ်တဲ့အခါ ထွက်ပေါ်လာတဲ့ Cytokines ကြောင့် Brain Activity ကို ယာယီ effective ဖြစ်နိုင်လို့ တက်တတ်ပါတယ်။

အဖျားကြီးပြီးတက်တဲ့ အခါ Simple & Complex ဆိုပြီး (၂) မျိုးရှိပါတယ်။

1. Simple Febrile Convulsion

• တက်ချိန် ၁၅ မိနစ် အောက်သာကြာမယ်။
• (၂၄) နာရီအတွင်း (၁) ကြိမ်သာတက်မယ်။
• တစ်ကိုယ်လုံးတောင့်တင်း/ တုန်ပြီးတက်မယ်။
• ရေရှည်ဆိုကျိူးမရှိပါ။

2.Complex Febrile Convulsion

• တက်ချိန် (၁၅) မိနစ်ထက် ကြာတတ်တယ်။
• (၂၄) နာရီအတွင်း (၁) ကြိမ်ထက် မနည်းဖြစ်နိုင်တယ်။
• ခန္တာကိုယ် တစ်စိတ် တစ်ပိုင်းသာ တက်မယ်။
• အနာဂတ်မှာလဲ အဖျားကြီးတိုင်း တက်နိုင်တယ်။

—————————————————————
ကလေး တက်နေတုန်း ဘယ်လိုတွေ ဆောင်ရွက်ရမလဲ ?

📌 အဖျားကြီးလို့တက်လျှင် မိနစ်အနည်းငယ်အတွင်း အလိုလို မူလအခြေအနေကို ပြန်ရောက်တဲ့အတွက် Caregivers များအနေနဲ့ စိတ်ကို အေးအေးထားပါ။
📌 ကလေးကို ဘေးတစောင်းအနေအထားထားပေးထားခြင်းဟာ လေပြွန်ထဲ တံတွေးနှင့် အစာများ မဝင်စေဖို့ အထောက်အကူပြုပါတယ်။
📌 ချောင်ချိသော အဝတ်အစားများ ဝတ်ဆင်ပေးပြီး ဘေးနားမှာရှိသော ပစ္စည်းများကို ရှင်းလင်းထားပါ။
📌 တက်နေချိန်ကို မှတ်ထားပြီး လိုအပ်လျှင် Video ရိုက်ထားပါ။
📌 (၅) မိနစ်ကျော်လို့မှ အတက်မကျသေးရင် ဆရာဝန် သို့မဟုတ် နီးစပ်ရာ ဆေးရုံဆေးခန်းကို ကလေးကို စောင်းလျက် အနေအထားချီ၍ ခေါ်သွားပါ။

ရှောင်ရန်

📌 ကလေးတက်နေတုန်း ပက်လက်ထားခြင်း ရှောင်ပါ။ လျှာခေါက်ပြီး လေပြွန်ပိတ်နိုင်ပါတယ်။
📌 ကလေးအား ခြေချိုး၊ လက်ချိုး၊ ခေါင်းပုတ်ခြင်း၊ ငယ်ထိပ်မှုတ်ခြင်း၊ ပါးစပ်ခြင်းတေ့မှုတ်ခြင်း၊ ရေလောင်းချခြင်း၊ ကလေးပါးစပ်ထဲ တစ်ခုခုထည့်ခြင်း ရှောင်ပါ။

—————————————————————
ဆေးရုံဆေးခန်း သွားကို သွားရမယ့် အခြေအနေများ

🔦ပထမဆုံးအကြိမ် တက်လျှင် ဆရာဝန်နှင့် ပြသင့်ပါတယ်။
🔦 တက်နေတုန်း ကလေး အသက်ရှူရခက်ခြင်း၊ တောင့်တင်းကောက်ကွေးနေခြင်း၊ အတက်ကြာခြင်း တို့ဆို သွားရပါမယ်။
🔦 (၂၄) နာရီအတွင်း (၁) ကြိမ်ထက်ပိုတက်လျှင် ဆေးရုံသွားရပါမယ်။
🔦 အတက်ကျပြီး ကလေး ပုံမှန်သတိမရှိနေလျှင် ဆေးရုံသွားရပါမယ်။အဖျားကြီးပြီးတက်လို့ သက်သာလာတဲ့အခါ ကလေးက နဂိုအတိုင်း အကောင်းပကတိရှိနေပါတယ်။ အဲ့လိုမဟုတ်ပဲ အတက်ကျပြီးတာတောင် သတိကောင်းကောင်းမရှိလျှင် ဦးနှောက်ထဲပိုးဝင်တာမျိုးဖြစ်နိုင်လို့ အရမ်းအရေးကြီးပါတယ်။

အဖျားကြီးလို့တက်ခြင်းဟာ

🔦 ကလေး ၆ နှစ်အောက်မှာသာ ဖြစ်တက်ပါတယ်။ (၆) နှစ်ကျော်လျှင်အလိုလို သက်သာပျောက်ကင်းပါတယ်။
🔦 အဖျားကြီးလို့တက်တာနဲ့ အတက်ရောဂါရှိတာမတူပါဘူး။
🔦 အဖျားကြီးပြီးတက်တာက ကလေးကို ထိခိုက်ခြင်း မရှိပဲ ဦးနှောက်နှင့် ခန္တာကိုယ်ဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်ခြင်းအလျင်းမရှိနိုင်ပါ။

ဒါကြောင့် အဖျားကြီးပြီးတက်ခြင်း မဖြစ်ပေါ်စေရန်နှင့် အဖျားတာမရှည်စေရန် Caregivers များအနေဖြင့် ကလေးဖျားပါက

🤒 ကလေးကို အေးအေးလူလူရှိစေတဲ့အဝတ်အစားသာဝတ်ဆင်ပါ။ ဖျားနေလို့ဆိုပြီး အထပ်ထပ်ဝတ်ဆင်တာ၊ အထူကြီးတွေဝတ်ပေးတာရှောင်ပါ။
🤒 အဲကွန်းခန်း သို့မဟုတ် လေဝင်လေထွက် ကောင်းသောအခန်းတွင်ထားပါ။
🤒 ကလေးအား မကြာမကြာ ရေရွှဲရွှဲဖြင့် ရေသပတ်တိုက်ပေးခြင်း၊ ချွေးထွက်လာလျှင် ခြောက်အောင်သုတ်ပြီး အင်္ကျီလဲပေးခြင်း၊ Cooling Gel pad များ ကပ်ပေးခြင်းလုပ်ပေးပါ။
🤒 အဖျားကို ၂-၃ နာရီခြားတစ်ခါလောက် အဖျားတိုင်းကိရိယာနှင့် တိုင်းပေးပြီး အဖျားရှိနေလျှင် Oral Babygesic ကို ကလေး Body Weight နှင့်ချိန်ဆ၍ 4 နာရီခြားတိုက်ပေးပါ။
🤒 အရည်များများဝင်အောင်တိုက်ပါ။
အစာကြေလွယ်သော စွပ်ပြုတ်၊ ဆန်ပြုတ်နှင့် နို့၊ ရေ များများဝင်အောင် တိုက်ပေးရပါမယ်။
🤒 (၃) ရက်ကျော်လို့မှ အဖျားမကျလျှင် ဆရာဝန်နှင့် တိုင်ပင်ပြီး လိုအပ်ရင် ပိုးသတ်ဆေးပါတွဲတိုက်ရပါမယ်။
🤒 ဖျားနေတုန်း ကလေး အစာလုံးဝမဝင်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းများရှိလျှင် ဆရာဝန်နှင့် ပြသရပါမယ်။
🤒 ဖျားနေစဉ်တိုက်လက်စ အားဆေးများ ခဏရပ်ထားပါ။

Febrile Convulsion အကြောင်းရေးဖြစ်တာကတော့ ဘေးရဲ့ သားသား လုံးအယ်လေး အရင်တစ်ပတ်က အဖျားကြီးပြီးတက်တာ Complex Febrile Convulsion နဲ့ ဆေးရုံတင်လိုက်ရလို့ပဲဖြစ်ပါတယ်။ ကိုယ်တိုင်ဆရာဝန်တစ်ယောက်ဖြစ်ပြီး Febrile Convulsion အကြောင်း သိနေပေမယ့်လဲ တကယ်ဖြစ်လာတဲ့အချိန်ကျ ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့ ကိုယ့်ကလေးလေး တက်ပြီး သတိမရှိတာမြင်ရတော့ ငိုယိုပြီး ဆေးရုံပြေး၊ ကလေး သတိပြန်မဝင်မခြင်း ဦးနှောက်ပဲ ထိပြီလား၊ ဉာဏ်ရည်ပဲထိခိုက်သွားမလား၊ ရိုးရိုးအဖျားကြီးပြီးတက်တာနဲ့ မတူပဲ အတက်ကြာပြီး သတိကောင်းကောင်းမလည်၊ ဦးနှောက်ယောင်တာနဲ့ ပိုတူနေလို့ ရူးမတတ်ဖြစ်ခဲ့ရပါသေးတယ်။ အစက ခါးရိုးခြင်ဆီပါ ဖောက်စစ်ရတော့မယ့် အထိ အခြေအနေဆိုးခဲ့ပြီး လုံးအယ်လေးက သတိပြန်ဝင်လာတဲ့အခါ နဂိုအတိုင်း ဆော့ကစားပြီး အကောင်းအတိုင်းမို့ ဦးနှောက်ယောင်တာကို Exclude လုပ်နိုင်ခဲ့ပါတယ်။ EEG လို့ခေါ်တဲ့ ဦးနှောက် Wave လှိုင်းများကို ရိုက်ကြည့်တဲ့အခါမှာလဲ ပုံမှန်အတိုင်း အဖြေထွက်ခဲ့တာမို့ ဆေးရုံ (၃) ရက်တက်ပြီး ဆင်းလို့ရခဲ့ပါတယ်။ သို့ပေမယ့် အိမ်ရောက်တဲ့ အထိအဖျားက တက်လိုက်ကျလိုက်ဖြစ်တာမို့ Complex Febrile Convulsion အမျိုးအစားဟာ ထပ်တက်နိုင်တဲ့အတွက် တောက်လျှောက်စောင့်ကြည့်နေရပါတယ်။ အခုတော့ သက်သာသွားပြီး အကောင်းပကတိဖြစ်နေပါပြီ။ ဒါကြောင့် မေမေတို့လဲ (၆)နှစ်အောက်ကလေးငယ်လေးများရှိရင် အဖျားကြီးတဲ့အခါ တက်နိုင်တယ်ဆိုတာ သတိထားဖို့နဲ့ ဖြစ်လာရင် Measure တွေ လုပ်နိုင်ဖို့ Febrile Convulsion အကြောင်း စာလေးရေးဖြစ်လိုက်ရတာပဲဖြစ်ပါတယ်ရှင်။

Dr Bayy
M.B,B.S ( Ygn)
Diploma in American Association of Aesthetic Medicine( AAAM, USA)
Executive Diploma in Child Psychology ( EDTA, Lincoln )

❌ စာများကို ကူးယူဖော်ပြခွင့်မရှိပါ။ လွတ်လပ်စွာ Share နိုင်ပါသည်။

#အဖျားကြီး၍တက်ခြင်း

09/07/2024

❗ကလေးဝမ်းလျှောဝမ်းပျက်ခြင်းနှင့် အယူအဆအမှားများ❗

ကလေးတယောက်ဝမ်းလျှောရင် ပြုစုရတာ အတော် ခက်ပါတယ်..
မိခင်တွေအသိဆုံးပါ..
အပေါ်က အလျဉ်မီအောင်မဖြည့်ရသေးခင်
အောက်က တဘွတ်ဘွတ်နဲ့ သွားလိုက်ကြတာ
ကလေးဘောင်းဘီတွေလည်းကုန်ပေါ့ ..
မိဘတွေမှာ လူမောစိတ်မောဖြစ်ရပါတယ် ..

✴️အဲ့တော့ အရေးကြီးတာက ဝမ်းလျှောတဲ့ ကလေးပြုစုတဲ့နေရာမှာ ကိုယ်တိုင်အမှတ်မှားနေတဲ့ အယူအဆရောသူများပြောစကားတွေနားယောင်ပြီး လုပ်တတ်တဲ့ အယူအဆအမှားလေးတွေရောပြောချင်ပါတယ်...

💡Probiotics အထုပ်သေးသေးလေးတွေဟာ ဓာတ်ဆားနဲ့တူလား ❓

ဝမ်းလျှောနေချိန်WHO formula အတိုင်းထုတ်ထာဲ့ ဓာတ်ဆား ကို မတိုက်ဘဲ Probiotics အမှုန့်လေးတွေကို ဓာတ်ဆား ထင်ပြီးတိုက်တတ်ကြတယ်..

ဝမ်းလျှောတဲ့ကလေးမှာ အဓိက အကျဆုံး အသက်ကယ်ဆေး ဆိုလည်း မမှားတာက ဓာတ်ဆားပါ ..အရပ်ထဲ
ဓာတ်ဆား အငံ / BPI ဓာတ်ဆား ဆိုပြီး သိကြတယ် ..

အခုနောက်ပိုင်း အရသာလေးတွေထည့်ပြီး WHO စံချိန်စံညွှန်း အတိုင်း ဖော်စပ်ထားတဲ့ ဓာတ်ဆားတွေလည်း အများကြီးရှိနေပါပြီ

အထုပ်ကြီး တထုပ် ရေတလီတာ နဲ့ဖျော်ရတာရှိသလို အထုပ်သေးတထုပ် ရေ ၂၀၀ မီလီလီတာနဲ့ဖျော်ရတွေလည်းရှိပါတယ်.. ဒီလိုဓာတ်ဆားတွေကို မှန်မှန်ကန်ကန်ရွေးချယ်ပြီးဖျော်တိုက်မှ ကလေးရေဓာတ်ဆုံးရှုံးမှုကိုကာကွယ်နိုင်မှာပါ

Probiotics ဆိုတာကတော့ ဝမ်း အားဆေးသဘောမျိုးဖြစ်တဲ့အတွက် အထောက်အကူဖြစ်ပေမယ့် ရေဓာတ်ဆုံးရှုံးမှုကိုမကာကွယ်နိုင်ပါဘူး

💡မိခင်နို့စို့နေတဲ့ကလေးကဓာတ်ဆားမသောက်နိုင်လို့ ကလေးအစားမိခင်သောက်လိုက်ရင် ထိရောက်သလား ❓

မိခင်သောက်တာ မိခင်အတွက်ဘဲဖြစ်ပါတယ်
ရေဓာတ်ခန်းခြောက်နေချိန်နို့ကနေတဆင့် လုံလောက်တဲ့ အရေးကြီးတဲ့ဓာတ်ဆားဓာတ်ကို ရမှာမဟုတ်ပါဘူး

ဝမ်းလျှောနေတဲ့ကလေး ကို သူရဲ့အစာအိမ် အူလမ်းကြောင်းထဲ ပါးစပ်ကနေဓာတ်ဆား တိုက်ရိုက်ဝင်မှ အကျိုးအာနိသင်ရှိပါမယ်...

💡ဓာတ်ဆားသောက်ပြီးတိုင်း အောက်ကနေဝမ်းအရည်ဘဲသွားလို့ ဆက်မတိုက်လို့ရမလား ❓

လုံးဝ ( လုံးဝ ) မဟုတ်ပါဘူးနော်❌❌

တချို့မိဘတွေစိတ်ထဲမှာ ဓာတ်ဆားတိုက်လိုက်လို့ ဓာတ်ဆားရေတွေဝမ်းထဲပြန်ပါတယ်ထင်နေကြတာပါ

ကလေးက သူ့ဘာသူဝမ်းပျက်နေတဲ့အတွက်သွားစရာရှိတဲ့ဝမ်းတွေဟာ အဆက်မပြတ်သွားနေတာပါ
ဓာတ်ဆားကို တရားခံမရှာပါနဲ့ ..တိုက်တာရပ်လိုက်မှ အကြီးအကျယ်ဒုက္ခရောက်သွားမှာပါ

💡ကလေးဝမ်းလျှောတာ အမြန်သက်သာချင်လို့ ဝမ်းပိတ်ဆေးတိုက် လို့ရမလား ❓

ဝမ်းလျှောနေတဲ့ ကလေးတွေမှာ ဝမ်းပိတ်ဆေး မတိုက်ပါဘူး
မအီမသာဖြစ်ခြင်း အော့အန်ခြင်း အူလှုပ်ရှားမှုနည်းသွားပြီး အူပိတ်ခြင်း စတဲ့ဆိုးကျိုးသာ ပိုများနိုင်ပါတယ်

💡ပိုးသတ်ဆေး ကို ဝမ်းပိတ်ဆေး အနေနဲ့သုံးလို့ရလား ❓

တချို့မိဘတွေက ဝမ်းလျှောပြီဆိုတာနဲ့ ပိုးသတ်ဆေးတန်းတိုက်ထားကြတယ်
တချို့ကလည်း ပိုးသတ်ဆေးကိုဝမ်းပိတ်ဆေး ဆိုပြီး တိုက်ကြပြန်ရော..

ဝမ်းလျှောတဲ့ကလေး အများစုက ဗိုင်းရပ်စ်ပိုးတွေကြောင့် အဖြစ်များကြတော့ အများစုက ပိုးသတ်ဆေးမလိုဘဲ ပြန်ကောင်းကြပါတယ်..

မလိုအပ်ဘဲပိုးသတ်ဆေးပေးခြင်းကလည်း အူနံရံက အကျိုးပြုဘက်တီးရီးယားလေးတွေဒုက္ခပေးနိုင်တော့ ဝမ်းလျှောတာပိုဆိုးစေတတ်ပါတယ်..

တချို့သော ဘက်တီးရီးယားပိုးဝင်တဲ့ အခြေအနေမှာတော့ ပိုးသတ်ဆေး လိုကောင်းလိုနိုင်ပါတယ်..ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားမှ သောက်စေချင်ပါတယ်..

💡ကလေးက အစားလုံးဝမစားလို့ အချိုရည်တွေဘဲတိုက်လို့ရမလား❓

ဝမ်းလျှောနေတဲ့ကလေးတွေဟာ အူနံရံလေးတွေယောင်ယမ်း နာကျင်ကြတာမို့ ဗိုက်အောင့် ဗိုက်နာ မအီမသာဖြစ် အော့အန်ပြီး အစားမစားချင်ကြပါဘူး
ဒါ့အပြင် စားသမျှလေးဟာလည်း ပြန်ပြန် အန်တတ်တော့ မိဘတွေအတွက် စိတ်မောစရာပါ

🚫အချိုဓာတ်လွန်ကဲတဲ့ Ready made အချိုရည်တွေမတိုက်သင့်ပါဘူး

✅ကလေးအဟာရဖြစ်ဖို့ နို့စို့ကလေးဆိုရင် နို့များများတိုက်ပေးပါ

✅လတ်ဆတ်တဲ့သစ်သီးဖျော်ရည် လေးတိုက်လို့ရပါတယ်

✅အုန်းစိမ်းရည် ဆန်ပြုတ် စွပ်ပြုတ် ထမင်းရေ တိုက်ကြည့်ပါ

✅ထမင်းရေ ဟာ ဝမ်းလျှောတဲ့ကလေးအတွက် အကျိုးရှိတယ်ဆိုတာ လေ့လာတွေ့ရှိချက်တွေလည်းရှိပါတယ်

ချစ်တဲ့ကလေးတွေကျန်းမာကြပါစေ ♥️

ကလေးချစ်တဲ့ ကလေးဒေါက်တာ 👶


#ချင်းတယ်လီကျန်းမာ

09/07/2024
Cetaphil lotion လေး ၂ ဗူးရပါအုန်းမယ်လိမ်းနေကျဆိုရင်ဈေးတန်တုန်းလေးယူထားပါ Date လည်းဝေးပါတယ်မင်မင်အရင်ကယူတဲ့လက်ကားဆိုင်မှာ...
02/07/2024

Cetaphil lotion လေး ၂ ဗူးရပါအုန်းမယ်
လိမ်းနေကျဆိုရင်ဈေးတန်တုန်းလေးယူထားပါ
Date လည်းဝေးပါတယ်

မင်မင်အရင်ကယူတဲ့လက်ကားဆိုင်မှာတောင် လက်ကားဈေး 48000/- ဖြစ်နေပြီရှင်

တစ်ဗူး - 45000/-
နှစ်ဗူး - 88000/-

ရန်ကုန်မြို့တွင်းအိမ်အရောက်ပို့ပြီး
နယ်မြို့များကိုဂိတ်တင်ပေးပါမယ်

အစက်ချလေး instock ရှိG6PD ကလေးအတွက်လည်း သီးသန့်ရှိတယ်နော်
17/04/2024

အစက်ချလေး instock ရှိ
G6PD ကလေးအတွက်လည်း သီးသန့်ရှိတယ်နော်

Edit - All sold outနွေပူပူမှာ ဘေဘီတို့အသားလေးတွေမပျက်စီးစေဖို့🌤️Suncream လိမ်းကြစို့👶၂ ထက်မှ စလိမ်းနိုင်ပါသည်Price - 145...
09/04/2024

Edit - All sold out

နွေပူပူမှာ ဘေဘီတို့အသားလေးတွေမပျက်စီးစေဖို့
🌤️Suncream လိမ်းကြစို့

👶၂ ထက်မှ စလိမ်းနိုင်ပါသည်

Price - 14500Ks

🌷Thoon Baby Store🌷
ငပလီမီးပွိုင့်အနီး/လေဆိပ်လမ်း/ငပလီ

📱09421737775
📱09670304773

အားပေးတဲ့တစ်ဦးတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်❤️

Address

Ngapali Beach

Telephone

+959421737775

Website

Alerts

Be the first to know and let us send you an email when Thoon Baby Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thoon Baby Store:

Share