ဂျပန်ကိုလာပြီးအလုပ်လုပ်ဖို့ ကျောင်းတက်ဖို့ ဘယ်လို Visa တွေ ရှိလဲလို့ page မှာ အမေးများတဲ့အတွက် အားလုံး ဂျပန် Visa တွေကို မှတ်ရလွယ်အောင် အလွယ်နည်းနဲ့ ပြောပြသွားပါမယ်။
1. Work visa 💫
Work visa ကတော့ ပညာရှင် တွေကို ပေးတဲ့ Visa ဖြစ်ပါတယ်။ဥပမာ မြန်မာမှာ နည်းပညာပိုင်းဆိုင်ရာ BEဘွဲ့ရ အင်ဂျင်နီယာတွေ/IT ပညာရှင်တွေကို ပေးတဲ့ Visa ဖြစ်ပါတယ်။နည်းပညာရှင်မဟုတ်ရင် ရိုရိုးmajor လည်း Japan စာ level N2 လောက်ထိလိုအပ်ပြီး လာလို့ရပါတယ်။ရှားပင်မဲ့ခေါ်ယူတာတွေရှိပါတယ်။ Work Visa ကတော့ တစ်နှစ်မှ ဆယ်နှစ်အထိ Visa ရနိုင်ပြီး အလုပ်ပြောင်းလို့ရခြင်း Bonus ရခြင်း စသဖြင့် ဂျပန်လူမျိုးတွေနဲ့ တန်းတူအခွင့်အရေးရပါတယ်။ Visa တွေထဲမှာ အကောင်းဆုံး Visa ဖြစ်တယ်လို့ပြောလို့ရပါတယ်။
2. Training Visa 💫
Training Visa ကတော့ ဂျပန်အစိုးရက ဖွံ့ဖြိုးဆဲနိုင်ငံတွေကနေ လုပ်သားခေါ်ယူပြီး သူတို့ရဲ့ နည်းပညာတွေကိုသင်ယူလေ့လာစေကာ ကိုယ့်အမိမြေ ပြန်ရောက်တဲ့အခါ
ပြန်လည်အသုံးချစေရန်ရည်ရွယ်ပြီး ပေးတဲ့Visa ဖြစ်ပါတယ်။ပညာအရည်အချင်းအနေနဲ့ မလိုအပ်ပါဘူး။ဂျပန်စာလည်း N5/N4 ဆိုအိုကေပါတယ်။Visa သက်တမ်းကတော့ သုံးနှစ်ရပါတယ်။တစ်ခုက Traning Visa က အလုပ်ပြောင်းခွင့်မရှိပါဘူး။
3. Tokutei visa 💫
Tokutei visa ကတော့ Visa အသစ်ပါ။အလွယ်ပြောရရင် Training Visa ကို Version မြှင့်ထားတဲ့သဘောပါပဲ။ Visa သက်တမ်း ၅နှစ်ရပါတယ်။ဒီVisa ကတော့ ပညာအရည်အချင်းသတ်မှတ်ထားတာမျိုးမရှိဘဲ jlptN4 အထိလိုအပ်ပြီး ကိုယ်လုပ်မဲ့အလုပ်နဲ့သက်ဆိုင်တဲ့ စာမေးပွဲကိုအောင်မြင်ရမှာဖြစ်ပါတယ်။Training Visa ထက်Visa သက်တမ်းပိုရပြီး လစာအားဖြင့်လည်းပိုများပါတယ်။
4.Student visa 💫
Student visa က ဂျပန်မှာကျောင်းလာတက်ရင်း part time job လုပ်လို့ရတယ်။ပုံမှန်အားဖြင့် langugae school 2နှစ်တက်ရပြီး University Or college ဆက်တက်ချင်ရင် ရပါတယ်။ကျောင်းပြီးတဲ့အခါ Student visa ကနေ Work visa ပြောင်းပြီး ဂျပန်မှာအလုပ်ဆက်လုပ်လို့ရပါတယ်။
အခုပြောပြသွားတာတွေကတော့ Japan မှာ ပေးနေတဲ့ Visa (4) မျိူးအကြောင်းဖြစ်ပါတယ်။ အားလုံးပဲ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်🙏🏼
Be the first to know and let us send you an email when JLife Plus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.