KHIN online Shop

KHIN online Shop sweet

𝐇𝐚𝐩𝐩𝐲 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐀𝐮𝐧𝐠 𝐒𝐚𝐧 シ︎အခုချိန်သာ အသက်ရှင်သေးရင် ငါတို့လေးစားရတဲ့ခေါင်းဆောင် အသက် ၁၀၇ နှစ်ပြည့်ပြီ
13/02/2022

𝐇𝐚𝐩𝐩𝐲 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐀𝐮𝐧𝐠 𝐒𝐚𝐧 シ︎

အခုချိန်သာ အသက်ရှင်သေးရင် ငါတို့လေးစားရတဲ့ခေါင်းဆောင် အသက် ၁၀၇ နှစ်ပြည့်ပြီ

💔💔
09/01/2022

💔💔

မနက်နဲ့ တအုံးအုံးညလဲ တအုံးအုံးနဲ့ ဆောင်းတွင်းရဲ့မြူခိုးတွေအစားသေနတ်သံ အမြောက်သံတညံညံနဲ့ ယမ်းငွေ့တွေဖုံးလွှမ်းနေရှာပေါ့အမ...
06/01/2022

မနက်နဲ့ တအုံးအုံး
ညလဲ တအုံးအုံးနဲ့
ဆောင်းတွင်းရဲ့မြူခိုးတွေအစား
သေနတ်သံ အမြောက်သံတညံညံနဲ့
ယမ်းငွေ့တွေဖုံးလွှမ်းနေရှာပေါ့
အမိမြန်မာပြည်ကြီးရဲ့
အရှေ့ဘက်ဆုံးဆီက
ဖွံ့ဖြိုးမှုအနောက်ကျဆုံးနဲ့
အသေးငယ်ဆုံးနေရာလေးရေ
မင်းသိပ်ပင်ပန်းနေရှာပြီ
ချစ်သော ကယားပြည်နယ်😰

ယုန်မွေး အနွေး 4coloursinstock13500ksအပြင်မှာပိုလှနော😍😍
24/12/2021

ယုန်မွေး အနွေး 4colours

instock

13500ks

အပြင်မှာပိုလှနော😍😍

ဝမ်းချူပ်တာဟာ ခန္ဒာကိုယ်အတွက် လုံးဝမကောင်းပါ🙅ကျန်းမာရေးအရ နေ့စဉ် ဝမ်းမှန်မှ အပူအပုတ်တွေ ကင်းပြီး ခန္ဓာကိုယ် ကျန်းမာစေပါတ...
25/11/2021

ဝမ်းချူပ်တာဟာ ခန္ဒာကိုယ်အတွက် လုံးဝမကောင်းပါ🙅
ကျန်းမာရေးအရ နေ့စဉ် ဝမ်းမှန်မှ အပူအပုတ်တွေ ကင်းပြီး ခန္ဓာကိုယ် ကျန်းမာစေပါတယ်🥰

အစာမကြေ ရင်ပြည့်ရင်ကယ် 🙆
စားမဝင် အိပ်မပျော် ဝမ်းချူ ပ်သူများအတွက် လာပါပြီ😍

နုပျိူ ကို ညအိပ်ခါနီး တစ်ဇွန်းပဲစား ရေအဝသောက်အိပ်ပါ 😋
တစ်နေ့တာ ဝမ်းမှန်စေပြီး ကျန်းမာသွက်လက်စေပါတယ်🤗

တဗူး ၄၅၀၀ကျပ်
ငါးဗူး ၃၅၀၀စျေး

#နုပျိူသဘာဝရှားဇောင်းလက်ပတ်ချက်ဆေး
#လက်လီလက်ကားဝယ်ယူနိုင်ပါပီရှင့်

ကိုဗစ်ဖြစ်အပြီး ၂၁ ရက်မြောက်နေ့မှာတော့ Covid Antibody ထွက်လို့လာပါပြီ။ 🥰IgG Antibody ထွက်ရင် ကိုယ်ထဲမှာ ကိုဗစ်ပိုးတွေမရှ...
12/08/2021

ကိုဗစ်ဖြစ်အပြီး ၂၁ ရက်မြောက်နေ့မှာတော့ Covid Antibody ထွက်လို့လာပါပြီ။ 🥰
IgG Antibody ထွက်ရင် ကိုယ်ထဲမှာ ကိုဗစ်ပိုးတွေမရှိတော့သလို နောက်သုံးလကနေ ခြောက်လအထိလည်း တော်ရုံနဲ့ ကိုဗစ်မကူးနိုင်တော့ပါဘူး။

Antibody ထွက်မထွက်ကို Rapid Antibody Test Kit လေးနဲ့ စစ်လို့ရပါတယ်။ ကိုဗစ်ဖြစ်ပြီးသူများ Antibody ထွက်မထွက်စစ်သင့်ပါတယ်။ ဈေးက ၁၅၀၀၀ ဝန်းကျင်ဖြစ်ပြီး အိမ်မှာတင် အလွယ်တကူစစ်လို့ရပါတယ်။

• Antigen Test Kit နဲ့ မတူတာက Antigen Test က နှာခေါင်းတို့ဖတ်ယူစစ်ရတာဖြစ်ပြီး ကိုဗစ်ပိုးရှိမရှိ စစ်တာပါ။ Test kit မှာ နှစ်ကြောင်းပဲပါပြီး တစ်ကြောင်းပဲပေါ်ရင် -ve (ကိုဗစ်မရှိ)၊ နှစ်ကြောင်းပေါ်ရင် +ve (ကိုဗစ်ရှိ) ပါ။

• Antibody Test Kit ကတော့ သွေးဖောက်စစ်ရတာပါ။ လက်ထိပ်ကို ဆီးချိုစစ်သလို သွေးဖောက်စစ်ပြီး စစ်ရတာပါ။ လိုင်း ၃ လိုင်းပါပြီး ပေါ်တဲ့လိုင်းပေါ်မူတည်ပြီး လက်ရှိ ကိုဗစ်ဖြစ်နေလား။ ပျောက်ပြီးတော့ ကိုဗစ်ကို ကာကွယ်နိုင်တဲ့ Antibody ထွက်နေပြီလားဆိုတာ သိနိုင်ပါတယ်။ အဖြေဘယ်လိုဖတ်ရလဲ ဘယ်လိုသုံးရလဲဆိုတာကိုတော့ အောက်မှာ အသေးစိတ်ရေးပေးထားပါတယ်။

Covid Antibody Test Kit ဆိုတာ ❓
=======================

Covid Antibody Test Kit ဆိုတာ Covid နလံထစ လူနာတွေအနေနဲ့ ကိုဗစ်ဖြစ်ပြီးနောက် ခန္ဓာကိုယ်က ကိုဗစ်ပိုးကို အလိုအလျောက်တုန့်ပြန်တဲ့ ကိုယ်ခံအား Antibody ထွက်မထွက်ကို စစ်ဆေးတာပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ရှင်းချင်လို့ပဲဖြစ်ဖြစ် Covid ဖြစ်သွားပြီးနောက် ကိုယ်ခံအားရမရ သိချင်လို့ပဲ ဖြစ်ဖြစ် စစ်ကြည့်နိုင်ပါတယ်။

ဘယ်အချိန်မှာ စစ်သင့်လဲ❓
================

Antibody Test Kit ကို စစ်သင့်တဲ့အချိန်ကတော့ နှာခေါင်းတို့ဖတ်ယူစစ်ရတဲ့ Antigen Test kit နဲ့ စစ်လို့ Covid (+)ve ဖြစ်ပြီး ၁ ပတ်ကနေ ၃ ပတ်ကြားပါ။ Antibody က အစောဆုံး နှစ်ပတ်အကြာမှာ ထွက်တာမလို့ နှစ်ပတ်ကျော်မှ စစ်ရင်တော့ အကောင်းဆုံးပါ။

ဘယ်လို စစ်မလဲ ❓
========

Antibody Test Kit တစ်ခုဝယ်ရင် တစ်ခါသုံးအပ်၊ အရက်ပြန်သုတ်ထားတဲ့ဂွမ်း (Alcohol Pad) ၊ သွေးယူတဲ့ပြွန်တံ၊ ဆေးရည်ဗူး၊ စစ်တဲ့အပြား (Test Kit) ပါပါတယ်။

1. လက်ချောင်းထိပ်ကို အရက်ပြန်ပါတဲ့ဂွမ်းနဲ့သုတ်ပြီး တစ်ခါသုံးအပ်နဲ့ ဆီးချိုစစ်ရင်ဖောက်သလို တစ်ချက်ဖောက်လိုက်ပါ။
2. ပထမဆုံးထွက်တဲ့သွေးကို မသုံးဘဲ သုတ်ပစ်လိုက်ပါ။
3. ညှစ်လို့ ထပ်ထွက်လာတဲ့သွေးကို သွေးယူတဲ့ပြွန်တံနဲ့ ယူလိုက်ပါ။
4. Rapid Test Kit ထဲကို သွေး ၁ စက်ချ ဆေးရည်ဘူးထဲက ဆေးရည်ကို ၂ စက်ချပါ။ တချို့ Test Kit မှာတော့ သွေး ၂ စက် ဆေးရည် ၁ စက် ထည့်ရပါတယ်။ ကိုယ်ဝယ်တဲ့ Test Kit အညွှန်းကို သေချာဖတ်ပါ။
တချို့ Test Kit မှာတော့ သွေးထည့်ရမယ့်နေရာနဲ့ ဆေးထည့်ရမယ့်နေရာ ၂ နေရာ ပါပါတယ်။ ကိုယ်ဝယ်တဲ့ဆီက အညွှန်းသေချာမေးပေးပါ။
5. အဖြေကို ၁၀ မိနစ်ကနေ ၁၅ မိနစ်အတွင်း ကြည့်လို့ရပါပြီ။
6. စစ်ပြီးသား ပစ္စည်းတွေကို ပါတဲ့ပလတ်စတစ်အိတ်ထဲ သေချာထည့်ပိတ်ပြီးမှ စွန့်ပစ်ပါ။

အဖြေဘယ်လိုဖတ်မလဲ ❓
================

Test Kit မှာ C ရယ် IgG ရယ် IgM ရယ်ဆိုပြီး သုံးနေရာ တွေ့ရပါမယ်။
C က Control ပါ။ စစ်တိုင်း C မှာလိုင်းပေါ်ရပါမယ်။ Covid 19 မှာ Antibody နှစ်မျိုး ရှိပါတယ်။ IgG နဲ့ IgM ပါ။ IgM က ရောဂါပိုးဝင်ပြီးမကြာခင် သွေးထဲမှာပေါ်ပြီး IgG က နောက်ပိုင်းမှပေါ်တာပါ။

🔸C တစ်လိုင်းထဲမှာပဲ ပေါ်နေရင်🔸
C တစ်ခုထဲပေါ်ပြီး IgG ရော IgM ရော မပေါ်ရင် ရောဂါပိုးကူးစက်မခံရသေးတာပါ။ ဒါမှမဟုတ် အရမ်းစောလို့ မပေါ်သေးတာလည်း ဖြစ်နိုင်ပါတယ်။

🔸C ရယ် IgG ရယ် နှစ်လိုင်းပေါ်နေရင်🔸
ကိုဗစ်ဖြစ်ခဲ့ဖူးပြီး ကိုယ်ခံအားထွက်နေတာပါ။ ရောဂါကိုခုခံကာကွယ်နိုင်စွမ်းရှိတဲ့ အဆင့်လို့ ပြောနိုင်ပါပြီ။
ဒီအဖြေဟာ လူတစ်ယောက်အတွက် #အကောင်းဆုံးအဖြေလို့တောင် ပြောနိုင်ပါတယ်။ Covid 19 ကို ကိုယ်ခံအားရသွားတဲ့ သူတစ်ယောက်ဖြစ်သွားပြီး အခုလိုပေါ်နေသမျှ ကာလပတ်လုံး Covid 19 ကို ဖြန့်ဝေသူလည်း မဖြစ်နိုင်သလို ကူးစက်သူလည်း မဖြစ်နိုင်တော့ပါဘူး။ IgG က ခြောက်လလောက်အထိ ပေါ်နေနိုင်ပေမဲ့ Antibody ဆိုတာ ကိုယ်မသိလိုက်ဘဲ အချိန်မရွေးပျောက်သွားနိုင်လို့ ဂရုစိုက်တာတော့ အကောင်းဆုံးပါ။

🔸C ရယ် IgM ရယ် နှစ်လိုင်းပေါ်နေရင် 🔸
ကိုဗစ်ရောဂါပိုး ကူးစက်ပြီးခါစဖြစ်လို့ အများကို မကူးစက်အောင် ဘယ်သူနဲ့မှ မတွေ့ဘဲ နှစ်ပတ်ကြာ Isolate လုပ်ရပါမယ်။

🔸 ၃ လိုင်းလုံးပေါ်နေရင် 🔸
Antibody ထွက်နေပေမဲ့ ရောဂါပိုးရှိနေတုန်း ဖြန့်နိုင်တုန်းမလို့ Isolate လုပ်ပေးရပါမယ်

🔸တစ်လိုင်းမှ မပေါ်ရင် 🔸

ဘာမှမပေါ်ရင်တောင် C ကတော့ ပေါ်ကိုပေါ်ရပါတယ်။ C လုံးဝမပေါ်ရင် သွေးထည့်တာနည်းတာ၊ ဆေးထည့်တာနည်းတာ ဖြစ်နိုင်ပါတယ်။ Test kit error တက်တာလည်းဖြစ်နိုင်လို့ နောက်တစ်ခေါက်ပြန်စစ်ရပါမယ်။

Antibody ထွက်ပြီးပြီဆို Mask တပ်စရာမလိုတော့ဘူးလား ❓❓

တခြားရောဂါတွေဆိုရင်တော့ Antibody ထွက်ပြီးရင် တော်ရုံမကူးပါဘူး။ ဒါပေမဲ့ မာယာများတဲ့ ကိုဗစ်ဖြစ်နေတော့ လုံးဝမကူးနိုင်တော့ဘူးလို့ ကြိမ်းသေမပြောရဲပါဘူးတဲ့လေ။ နောက်ဆုံးပေါ် ရောဂါဆိုတော့ စူးစမ်းလေ့လာနေကြတုန်းပါပဲ။

ဒါကြောင့် Antibody ထွက်လည်း သတိထားပါ။
🔸အပြင်ထွက်ရင် Mask မတပ်ဘဲမနေပါနဲ့ ။ Mask တပ်ပေးပါ။
🔸လူစုလူဝေးရှောင်ပါ။
🔸လက်လည်း မကြာခဏဆေးပေးရပါမယ်။
🔸ပစ္စည်းတွေ ဝယ်လာလည်း ပိုးသတ်ပေးပါနော်။

သတိဆိုတာပိုတယ်လို့ မရှိပါဘူး…

အားလုံးကျန်းမာပြီး ကိုဗစ်ကင်းစင် ပြုံးပျော်ရွှင်နိုင်ကြပါစေ

ချစ်ခင်လျှက်
ဒေါက်တာနုမြတ်သိင်္ဂီဦး Nu Myat Theingi Oo

I Love Eating Spicy 🤤😋
12/08/2021

I Love Eating Spicy 🤤😋

ဒီကာလအတွင်း ည ၈ နာရီ နောက်ပိုင်း မထွက်ရတဲ့ အချိန်  ကလေးအရေးပေါ်ဖြစ်လာရင် စိတ်ပူနေရမယ့် မေမေတို့အတွက် ကလေးတွေ အတွက် emerg...
07/08/2021

ဒီကာလအတွင်း

ည ၈ နာရီ နောက်ပိုင်း မထွက်ရတဲ့ အချိန် ကလေးအရေးပေါ်ဖြစ်လာရင် စိတ်ပူနေရမယ့် မေမေတို့အတွက်

ကလေးတွေ အတွက် emergency ဆေး သေတ္တာလေးတခု ဆောငိထားစေချင်တယ် ။
ကိုယ်လည်း ဆောင်ထားတယ် ။

အသင့်တင့်ထည့်နိုင်တဲ့ ပလပ်စတစ်ဘူး တစ်ဘူးထဲမှာ ထည့်ဖို့ဆေးတွေက

🛑၁ ။ ညအချိန်မတော် ဖျားနာခဲ့ ရင် တိုက်ဖို့

paracetamol 250 mg/ml အရည် တဘူး

paracetamol 100mg/ml အရည် (တနှစ်အောက်ကလေးများအတွက် )

Biogesic အခဲ တကဒ် ဆောင်ထားပါ ။

ဆေးကို 15 mg/kg နဲ့တိုက်ပါ ။ရေပါတ်တိုက်လို့ရပါတယ် ။

🛑၂။ ည အချိန်မတော် အန်ခဲ့ရင် တိုက်ဖို့

-Domperidome syrup အရည် 5mg/5ml ပါတာ
-Domperidome တစ်ကဒ် ဆောင်ပါ
-Pharolit ဓါတ်ဆားထုတ် ( ၅ ) ထုတ် ထည့်ထားပါ

အန်ခဲ့ရင် 0.3 mg/kg တိုက်ပါ ။
ဥပမာ - 10 kg ကလေးဆိုရင် 3mg / 3 ml တိုက်ပါ ။
Ps - အအန်ပျောက်ဆေးတိုက်ပြီး နာရီဝက်ထိ ဘာဆေး ဘာအစာ အရည်မတိုက်ရ

ဓါတ်ဆားကို ဖျော်
Pharolit ဆို ရေ ၂၀၀ စီစီဖျော်ပါ ။
BPI ဓါတ်ဆား ရေတလီတာဖျော်ပါ ။

နည်းနည်း ခနခန ဝင်အောင်တိုက်ပါ ။

🛑၃။ ည အချိန်မတော် ဗိုက်အောင့် ဗိုက်နာ ခဲ့ရင်

-colimix တစ်ဘူး (၁နှစ် အထက်)
-colicaid တစ်ဘူး ( တနှစ်အောက်ကလေးရှိသူ )
-kremil -S (၁) ကဒ်

colicaid ရှိလျှင်
6 လ အောက် ၅ စက်မှ ၁၀ စက်
၆ လအထက် ၁၀ စက်မှ ၁၅ စက်

colimix ရှိလျှင်

၆ လအထက် ၂.၅ ml
တနှစ် အထက် ၅ ml

က​လေးကြီးများ ရုတ်တရက် ဗိုက်နာခဲ့သော်
Kremil -S တလုံး တိုက်ပါ ။

ဆေးများကို အစာမစားခင် ၁၅ မိနစ် ကြိုတိုက်ပါ

တနေ့ (၄) ကြိမ်ထက်ပိုမတိုက်ရ ။

🛑၄ ။ ညအချိန်မတော် ဝမ်းလျှောခဲ့သော် တိုက်ရန်

-BPI ဓါတ်ဆား (၂) ထုတ်
-pharolit ( အပေါ်က ပါပြီးသားမို့ ထပ်မထည့်ပါနဲ့ )
-zinc syrup တစ်ဘူး
-Bioflor ( 5 ) ထုတ် ထည့်ထားပါ ။

ဓါတ်ဆားကို ဖျော်
Pharolit ဆို ရေ ၂၀၀ စီစီဖျော်ပါ ။
- BPI ဓါတ်ဆား ရေတလီတာဖျော်ပါ ။
- ဝမ်းသွားသလောက် ၅၀-၁၀၀ စီစီ တိုက်ပါ။

zinc syrup
၁ နှစ်အောက် 2.5 ml မနက် ၁ ည ၁
၁ နှစ်အထက် ၅ ml မနက် ၁ ည ၁

Bioflor တစ်ထုတ် ဖျော်တိုက်ပါ။

🛑နှာစီး ၊ ချောင်းဆိုးခဲ့သော် တိုက်ရန်
- baby cough သို့ flemex kid , သို့ attusin တစ်ဘူး ဆောင်ရန်
- Cetrizine တစ်ဘူး
- cetrizine တစ်ကဒ်
- Chlopheniramine syrup ( ၂ နှစ်အောက် ကလေးရှိပါက ) ဘူးထဲထည့်ထားပါ ။

တနှစ်အောက် ချောင်းဆိုးပျောက်ဆေး baby cough ကို
2.5 ml တနေ့ ၃ ကြိမ်

တနှစ် အထက် တခြားချောင်းဆိုးအရည် ၅ ml တနေ့ ၃ ကြိမ် တိုက်ပါ

နှာစီး ပါက
✅chlopheniramine syrup (၂ နှစ် အောက် )
-၁ နှစ် အောက် ၂.၅ ml မနက် ၁ ည၁
-၁ နှစ် အထက် ၅ ml မနက် ၁ ည၁

✅cetrizine (၀.3mg/kg ) တိုက်ရန်
၂ နှစ် အထက် 2.5 ml မနက် ၁ ည ၁
5 နှစ် အထက် ၅ ml မနက် ၁ ည၁

ကလေးကြီး တလုံး တိုက်ရပါတယ် ။

✅ပန်းနာသမား ကလေးများအတွက်

Ventolin အပြာဘူးဆောင်ထားပါ။
ရင်ကြပ် ၆ ချက် ရှူပါ။ မိနစ် ၂၀ ခြားထပ်ထပ်ရှူပါ။
ဒီလိုကလေး pulse oxymeter ခေါ် သွေးတွင်းoxygen စက်ဆောင်ထားပါ ။

🛑ည အင်ပြင်ထ ဓါတ်မတည့်တာ ဖြစ်ရင်

- calamine တစ်ဘူး ပုံးထဲထည့်ထားပါ

နှာစီး ဖို့သောက်တဲ့ cetrizine ကို အဲ့ဒီ ပြထားတဲ့ ပမာဏ အတိုင်းတိုက်ပါ ။

🛑 emergency ပုံးထဲတွင် ထပ်ထည့်ရန်
ထိခိုက်မိပါက သုံးရန်
- ပလပ်စတာ
- Betadine အရည် (၁)
- ပါတ်တီး (၁)
- bioplacenta တစ်ဘူး
- အရက်ပြန် (၁)

ထိခိုက်မိပါက ရေဆေးပြီး ဘီတာဒင်းလိမ်း အပေါ်မှာ bioplacenta လိမ်းပါ ။

မီးလောင် ဒါဏ်ရာပါ လိမ်းလို့ရပါတယ် ။

နောက်ထပ် ထည့်ရမှာက
အဖျားတိုင်းတဲ့ စက်
ကတ်ကြေးအသေး

🛑အရေးပေါ် Emergency ဘူးသာ ဖြစ်ပြီး
မသက်သာပါက ဆေးရုံ၊ ဆေးခန်းပြရန်ပါ ။

ကလေးများ ကျန်းမာကြပါစေ ။

မေတ္တာဖြင့်
ဒေါက်တာခိုင်ဝါဝါထွန်း
ကလေးအထူးကုဆရာဝန်
၂၉.၃.၂၀၂၀

ဖြည့်စွက်စာတွေဝယ်မသောက်နိုင်လျှင်သော်လည်းကောင်း/ကျောက်ကပ်ထိမှာစိုး၍ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း…  ဆရာမကြီး ...
07/08/2021

ဖြည့်စွက်စာတွေဝယ်မသောက်နိုင်လျှင်
သော်လည်းကောင်း/ကျောက်ကပ်ထိမှာစိုး၍
ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း…
ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက
(To A Better Health)
သဘာဝနည်းလေးတွေကို ဒီလို ပြောပြထားပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
📍၁. Vitamin D အတွက် မနက်ခင်း နေရောင်ခြည်
ခံပေးပါ။ နေပူထဲမှာ နာရီဝက်လောက်နေပါ။
အိမ်အပြင်ထွက်ရမှာဖြစ်ပါတယ်။
အိမ်ထဲမှာနေပြီး လှမ်းမရပါ။
အိမ်ပြင်မှာUltra violet B ray
ရနိုင်လို့ ဖြစ်ပါတယ်။
Vitamin D ရဖို့ B ray လိုပါတယ်။
အိမ်ထဲမှာ ပြတင်းပေါက်ကနေတဆင့် ရသော
နေရောင်ခြည်မှာ A ray သာ ဖြစ်ပါတယ်။
B ray က ပြတင်းပေါက်ကို မဖောက်နိုင်ပါ။
A ray က Vitamin D မလုပ်နိုင်ပါ။

📍၂. အပြင်ထွက်ရင်း တလက်စတည်း မြေကြီးဓာတ်ကိုပါ
ယူလိုက်ပါ။ မြေကြီးမှာ electron ဓာတ်တွေ
အများကြီးရှိတာကတစ်ကြောင်း၊ သူတို့တွေက
ဝါယောဓာတ်တွေ ဖြစ်တာမို့ ရွေ့လျားနိုင်ပါတယ်။
များတဲ့နေရာကနေ နည်းတဲ့နေရာကို
ရွေ့လျားတတ်တာကြောင့် မြေကြီးကနေ
ခန္ဓာကိုယ်ထဲကိုဝင်နိုင်ပါတယ်။
စိုနေတဲ့မြက်ခင်းဆိုရင် အင်မတန်
သင့်တော်ပါတယ်။
အစိုဓာတ်ရှိရင် စီးဝင်ခြင်းဟာ ပိုပြီး
ထိရောက်ပါတယ်။
ဖိနပ် မစီးရပါ။ ဒီ electron ဓာတ်ဟာ ခန္ဓာကိုယ်
ယောင်ကိုင်းခြင်းကို သက်သာစေနိုင်ပါတယ်။
သဘာဝ antioxidants တွေ ဖြစ်ပြီး
သွေးကိုလည်းကျဲစေတတ်တာကြောင့်
လေဖြတ်ထားသူများ၊
နှလုံးသွေးကြောပိတ်သူများ အတွက်
အလွန်သင့်တော်ပါတယ်။

📍၃. D3 နဲ့ အတူသောက်ခိုင်းတဲ့ Vitamin K2 ကို
သဘာဝနည်းနဲ့ အရယူကြရအောင်။
- ရှမ်းတို့ဖူး (Natto)(Plant based MK7)
- ကလီစာဟင်း (Animal based MK4 )
- ကြက်ဥအနှစ် (Animal Based MK4)

📍၄. Probiotics အလှမ်း မမှီနိုင်ရင်
- ချဉ်ဖတ် စားပါ။
- ဒိန်ချဉ် စားပါ။
- ဗမာအချဉ်ရော၊ ရှမ်းချဉ်ရော အလွန်
ကောင်းပါတယ်။

📍၅. နနွင်းကို ( အုန်းဆီ/သံလွင်ဆီ ) နဲ့ သောက်ပါ။

📍၆. အသီးအနှံနှင့်အစိမ်းရောင်အရွက်များများစားပါ။

📍၇. အရိုးပြုတ်ရည် သောက်ပါ။
( ကြက်ရိုး၊ အမဲရိုး၊ ဆိတ်ရိုး..)

📍၈. ရှားစောင်းလက်ပတ် စားပါ။
အူလမ်းကြောင်းပြုပြင်ရေးအတွက်
ကောင်းပါတယ်။

📍၉. အုန်းရည် သောက်ပါ။
သတ္တုဓာတ်မျိုးစုံရမှာဖြစ်ပါတယ်။

📍၁၀. နွယ်ချိုက အူကျန်းမာရေးအတွက်
ကောင်းပါတယ်။

📍၁၁. ဆားခါးရေ စိမ်ပါ။ Magnesium
အလှမ်းမမှီသူများအတွက်ပါ။

📍၁၂. သစ်ကြားသီး စားပါ။
Plant based Omega3 ရပါတယ်။

📍၁၃. တတ်နိုင်ရင် တစ်ခါတရံ
အဆီများသော ငါး စားပါ။

📍၁၄. အချဉ်ဓာတ် VitaminC ရစေရန် ငရုတ်ပွသီး၊
သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ လိမ္မော်သီး၊
ကျွဲကောသီး၊ မာလကာသီး၊ ကီဝီသီး၊
ဘယ်ရီသီးအမျိုးမျိုး၊ပန်းဂေါ်ဖီစိမ်း၊
ကင်ပွန်း ချဉ်ချဉ်ပေါင်ရွက် အစရှိသည်
တို့ကို စားသုံအာလူးနဲ့ကန်စွန်းဥတို့မှာလည်း ဓာတ်တွေပါဝင်ပါတယ် )

📍၁၅. Zinc ဇင့်ဓာတ်ရရှိစေရန် ပင်လယ်စာနဲ့
အနီရောင်အသားများ၊ ကြက်ဥ၊ နို့နှင့်နို့ထွက်
ပစ္စည်းများ၊ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ မှို၊ ကညွတ်၊
ကိုက်လန်၊ ရုံးပတီသီး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်၊
ပြောင်းဖူးစသောဟင်းသီးအရွက်များနှင့်ကွာစေ့၊
ဖရုံစေ့ ကဲ့သို့သော အစေ့အဆန်များ စားသုံးပါ။

📍၁၆. Anti-viral အနေဖြင့် ဂျင်း၊ ကြက်သွန်နီ၊
ကြက်သွန်ဖြူ၊ နနွင်း၊သစ်ကြံပိုးများစားသုံးပေး၍
ရေနွေးကြမ်း green teaသောက်ပါ။
ရေများများသောက်ပါ။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ နေ့စဉ်
အနည်းဆုံး ၁၅မိနစ် ပုံမှန် ပြုလုပ်ပါ။

Address

Naypyidaw

Telephone

+959976798591

Website

Alerts

Be the first to know and let us send you an email when KHIN online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share