Aladdin Myitkyina Book Store

Aladdin Myitkyina Book Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aladdin Myitkyina Book Store, Book shop, Myitkyina, Myitkyina.

စာဖတ်ခြင်းဖြင့်ကိုယ့်ဘဝကိုမြင့်တင်လိုက်ပါ☘️
19/05/2024

စာဖတ်ခြင်းဖြင့်ကိုယ့်ဘဝကိုမြင့်တင်လိုက်ပါ☘️

မြစ်ကြီးနား မြို့တွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။ဒီစာအုပ်ဟာ လူ့ဘဝလူ့လောကမှာ ရှင်သန်နေထိုင်ရာမှာ ပျော်ရွှ...
12/05/2024

မြစ်ကြီးနား မြို့တွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။

ဒီစာအုပ်ဟာ လူ့ဘဝလူ့လောကမှာ ရှင်သန်နေထိုင်ရာမှာ ပျော်ရွှင်မှုဟာ အင်မတန်အရေးကြီးသလို အင်မတန်မှ တန်ဖိုးကြီးတဲ့ ရတနာဖြစ်ကြောင်းကို ရေးသားတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ သောကကင်းကွာမှ ပျော်ရွှင်တဲ့ဘဝကို တည်ဆောက်လို့ရတာမို့ သောကဖြေနည်းနဲ့ ပတ်သက်ပြီး အခြေခံမတူတဲ့ ဇာတ်၀တ္ထု (၁၅)ပုဒ်ကို အခြေခံ ကြောရိုးယူပြီး ရေးသားထားပါတယ်။

လူတွေဟာ သောကကင်းဝေးစွာ နေထိုင်ချင်ကြပါတယ်။ အပူအပင်ကင်းတဲ့၊ သောကကင်းတဲ့ဘဝအခြေအနေနဲ့ ရှင်သန်ရတဲ့သူဟာ ဆုလာဘ်ကြီးတစ်ခုကိုရရှိတယ်လို့ ဆိုရမှာပါ။ အချစ်ကြောင့်၊ အမုန်းကြောင့်၊ အချစ်ခံရချင်မှုကြောင့်၊ အမုန်းခံရမှုကြောင့်၊ အထင်အမြင်လွဲမှားမှုကြောင့်၊ မသိနားမလည်မှုကြောင့်၊ သောကဖြစ်ရသလို စွဲမက်မှုကြောင့်၊ ရလိုမှုကြောင့်၊ ဆုံးရှုံးမှုကြောင့်၊ ကိုယ်ထက်သာလွန်မှုကြောင့် စသဖြင့် သောကဖြစ်စရာတွေက အများကြီးပါ။ သောကဖြစ်နေပြီဆိုရင် ပျော်ရွှင်မှုကတော့ ဝေးကွာစေပါတယ်။ သောကကင်းပြီး ပျော်ရွှင်မှုတွေကိုရရှိဖို့ အကောင်းဆုံးစာအုပ်လေးတစ်ဖြစ်တယ်လို့ ဆိုရမှာပါ။

🍀သောကကင်းသောပျော်ရွှင်ခြင်းခရီးသည်
🍀ကောင်းပြည့်သော်
🍀စာမျက်နှာ - ၁၁၈
🍀တန်ဖိုး - ၅၀၀၀ကျပ်

မြစ်ကြီးနား ​မြို့တွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။❝ မု န်းသည်……သိပ်မု န်းသည်…...ဤလောကတွင် ကျွန်တော် အမု ...
11/05/2024

မြစ်ကြီးနား ​မြို့တွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။

❝ မု န်းသည်……သိပ်မု န်းသည်…...ဤလောကတွင် ကျွန်တော် အမု န်းဆုံး လူမှာ ကျွန်တော် …….! ❞

"ကျွန်တော်အမု န်းဆုံးကျွန်တော် "

အလှမ်းမဝေးတဲ့ မန္တလေးနဲ့ တံတားဦး တို့ကိုနောက်ခံဇာတ်အိမ်တည်ထားတဲ့ ဆရာ့ရဲ့ ဝထ္ထုကောင်းတစ်အုပ်။ချစ်သူနှစ်ယောက်ရဲ့ တက္ကသိုလ်ဝင်တန်း ဖြေပြီးလျှင်ပြီးခြင်း ဒုဠာဝတီမြစ်ကမ်းဘေး အေးမြသောအိုအေစစ်ကလေး အအေးဆိုင်ကလေးကိုပင် “အချစ်ရွာလေး” ဟုတင်စားကာ မခွဲနိုင်ကြောင်း ဖွဲ့ကာ နွဲ့ကာနဲ့ နောက်ဆုံး ခိုးပြေးတဲ့အထိ ဖြစ်ခဲ့ရသည်။

“နွေဦးရာသီရဲ့ ရှူခင်းတွေက
မအေးဖြူရဲ့မျက်လုံးတွေနဲ့တူတယ်”
“ဟင်…ဘာဖြစ်လို့လဲ”
“မြင်လဲမြင်ချင်တယ်၊ ရင်လဲမောရတယ်”

ချစ်သူ၏မျက်နှာလေးအား တစိမ့်စိမ့်ကြည့်၍ ကဗျာစပ်ပုံ တင်စားပုံတို့မှာ စာဖတ်သူရင်ထဲထိ ကူးစက် ကြည်နူးရသည်။ဆယ်တန်းပြီးကာစ ဆယ်ကျော်သက်အရွယ်မှာ အိမ်ထောင်ထူထောင်ခြင်းကို မိမိအမြင်ဖြင့်ဆိုလျှင် အသက်အားဖြင့်လည်း ငယ်သေးသည်၊ သေချာမစဉ်းစား မတွေးတော လုပ်ရပ်ဟု ယူဆမိသည် သို့ရာတွင်
ဆရာ့၏ရေးဟန် အဖွဲ့အနွဲ့များတွင် သိပ်ကြည်နူးဖို့ကောင်းသောအခိုက်တန့်ဟု ပြောင်းလဲ ရှူမြင်မိသည်အထိ ဖြစ်ရသည်။

အေးဖြူဟူသောအမျိုးသမီး၏ လင်ယောကျာ်းအပေါ် အနစ်နာခံပုံ ၊အချစ်ကြီးပုံ ၊အမျိုးသားအား မိမိပတ်ဝန်းကျင်အသိုင်းဝိုင်းမှ ကဲ့ရဲ့ရှုံ့ချသည်ကိုမလိုချင်ပုံ စသည်ဖြင့်တွေ့ရသည်။ ကျောင်းဆရာမ အလုပ် လုပ် ၍ လင်ယောကျာ်းအား တက္ကသိုလ် ဆက်တက်စေ၍ တက္ကသိုလ် နည်းပြဆရာဖြစ်စေသည်။ဂုဏ်အားဖြင့်မြင့်စေသည်။သူတို့နှစ်ဦးအတွက်တင်မက သားသမီးများနောင်ရေးအထိပါ စိတ်အေးရပြီး သာယာလှပသော မိသားစုဘဝလေးကိုပိုင်ဆိုင်ရလေပြီ။

သူတို့မိသားစုဘဝလေးထဲကို
ဘယ်လိုကံကြမ္မာဆိုးတွေ ဝင်ရောက်လာမလဲ ၊ တက္ကသိုလ်ဆရာလေးကရော ဘာကြောင့် သူ့ကိုသူမုန်းမလဲ ဆိုတာ ရင်နင့်ဖွယ် ဖတ်ရှုရမှာပါ။
Review by- Ko Htet Khaing

🍀ကျွန်တော်အမုန်းဆုံးကျွန်တော်
🍀လယ်တွင်းသားစောချစ်
🍀စာမျက်နှာ - ၂၃၅
🍀တန်ဖိုး...၆၅၀၀ကျပ်

မြစ်ကြီးနားမြို့တွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။ဂျာနယ်ကျော်မမလေးရဲ့"သူ့လိုမိန်းမ"စာအုပ်ကိုဖတ်ရတာတကယ်အနှစ...
11/05/2024

မြစ်ကြီးနားမြို့တွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။

ဂျာနယ်ကျော်မမလေးရဲ့"သူ့လိုမိန်းမ"စာအုပ်ကိုဖတ်ရတာတကယ်အနှစ်သာရှိပါတယ်

ဒီစာအုပ်ထဲမှာဆိုရင်ဖြင့်မိန်းကလေးတစ်ယောက်ဟာဘယ်လိုနေထိုင်တတ်ရမယ်၊လူရာဝင်ဖို့အတွက်ကိုယ့်ကိုကိုယ်ရဲ့ရင့်အောင်ဘယ်လိုတည်ဆောက်ရမယ်ဆိုတာရေးသားဖော်ပြထားပါတယ်

ဇာတ်ဆောင်မင်းသမီးဖြင့်တဲ့မမြတ်လေးကဒီလိုဆိုထားတယ် "မိန်းကလေးမင်းကအထက်တန်းစားမိန်းမဘဝကိုသဘောကျသလား၊အောက်တန်းစားမိန်းမဘဝကိုသဘောကျသလား'မင်းရွေးကြည့်ပါ။

'အထန်းတန်းစားမိန်းမဖြစ်ချင်ရင်အခုလိုအိမ်အလုပ်တွေလုပ်တတ်လို့မိန်းမပီသလှပြီရယ်လို့အထက်တန်းစားဖြစ်မယ်မထင်နဲ့။မိန်းကလေးဆိုတာကြောက်သင့်မှကြောက်ရမယ်၊ရှက်သင့်မှရှက်ရမယ်။တကယ့်မိန်းမဖြစ်ချင်ရင်မိန်းမအမှုအရာနဲ့ယောကျာ်းစိတ်ရှိရမယ်။နားလည်ရဲ့လား။ယောကျာ်းအမှုအရာနဲ့လည်းမိန်းမစိတ်ရှိရမယ်။အဲလိုမှမရှိရင်အဲမိန်းမဟာသေရောပဲ့၊အရှင်လတ်လတ်နဲ့အသုံးမဝင်ဘဲသေတာကိုပြောတာဘာအဖိုးတန်သလဲ၊မိန်းကလေးကလည်းဖြစ်ရပြန်ကိုယ့်ကိုကိုယ်လည်းနောက်ပြန်ဆွဲနေပြန်ဆိုရင်ခပ်လည်လည်ခပ်ပွေပွေယောကျာ်းမျိုးရရင် ဒူးနဲ့မျက်ရည်သုတ်နေရပြီ'

'လူမှုလူရေးလူရာလောက်ကျယ်ဝန်းတဲ့ကိစ္စမရှိဘူး။ပါးရမယ်၊နပ်ရမယ်၊ဖျတ်လတ်ရမယ်၊လိမ္မာရမယ်၊ဥာဏ်ရှိရမယ်၊ရဲ့ရင့်ရမယ်၊အဲဒါမှမရှိရင်ပန်းပုဆရာအစွမ်းကုန်ထုထားတဲ့အရုပ်လိုပဲဖြစ်မနေဘူးလား၊နေရာတိုင်းမှာလည်းရိုးအပြီးမနေရဘူး။ရိုးတယ်ဆိုတာကောင်းတယ်ဆိုပေမဲ့သူ့အခြေအနေနဲ့အချိန်ခါမှာတော့ပါးနပ်ဖို့လိုအပ်တယ်'

အဲဒီလိုပါပဲ့ကျွန်မတို့ငယ်ရွယ်တဲ့မိန်းကလေးတွေကလည်းဘဝကိုအထက်တန်းကျကျနေချင်သလား၊အောက်တန်းကနေချင်သလားဆိုတာကျွန်မတို့ရွေးချယ်ရမှာပါ
by Aye Thuzar phyo

🍀သူ့လိုမိန်းမ
🍀ဂျာနယ်ကျော်မမလေး
🍀စာမျက်နှာ - ၁၂၄
🍀တန်ဖိုး - ၄၀၀၀ကျပ်

မြစ်ကြီးနားမြို့အတွင်းအိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။ယခုစာအုပ်သည် ကျွနု်ပ်တို့နေ့စဉ်ဘဝမှာပြုလုပ်နေကျ အလေ့အကျင...
11/05/2024

မြစ်ကြီးနားမြို့အတွင်းအိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။

ယခုစာအုပ်သည် ကျွနု်ပ်တို့နေ့စဉ်ဘဝမှာပြုလုပ်နေကျ အလေ့အကျင့်နှင့် အလေ့အထများက အောင်မြင်မှု ကျဆုံးမှုတွေမှာ ဘယ်နေရာက ပါဝင်နေသလဲဆိုတဲ့ အကြောင်းကို ထောက်ပြထားတာပဲ ဖြစ်ပါတယ်။ယင်းအချက်ကို သုတေသန ဆန်းစစ်ချက်ပုံစံမျိုးနဲ့ ဖြစ်ရပ်မှန်၊ဇာတ်ကြောင်းတွေ ထည့်သွင်းပြီး ရေးသားဖော်ပြထားပါတယ်။
အလေ့အထကောင်းများ၏ ပါဝါအစွမ်းကို မြှင့်တင့်ပေးခြင်းဖြင့် စီးပွားရေးလုပ်ငန်းတွင်သာမက မိမိကိုယ်ပိုင်ဘဝတွင်ပါ အောင်မြင်မှုရရှိစေရန် အထောက်အပံ့ဖြစ်စေမယ့် စာအုပ်ကောင်းတစ်အုပ်…

🍀အလေ့အကျင့်၏ပါဝါစွမ်းအား
🍀ကြည်ရွှန်း
🍀စာမျက်နှာ - ၁၄၂
🍀တန်ဖိုး - ၅၀၀၀ကျပ်

မြစ်ကြီးနားမြို့အတွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။ဝါသနာတစ်ရပ်ကိုအရင်းခံပြီး မိမိရဲ့အသက်မွေးဝမ်းကျောင်းအလု...
11/05/2024

မြစ်ကြီးနားမြို့အတွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။

ဝါသနာတစ်ရပ်ကိုအရင်းခံပြီး မိမိရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကို ပုံဖော်နိုင်ရေးအတွက် နည်းပေးလမ်းညွှန်ပြုထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဝါသနာအမျိုးပေါင်းများစွာထဲက ကိုယ့်ရဲ့ဝါသနာကို သေသေချာချာ ကောင်းကောင်းမွန်မွန် သိဖို့၊ ဝါသနာပါတဲ့အဆင့်ကနေ ပီပြင်တဲ့သက်မွေးလုပ်ငန်းတစ်ခု ဖြစ်ဖို့၊ လုပ်ငန်းခွင်မှာ ပျော်ရွှင်စေဖို့ စတဲ့ အကြောင်းအရာတွေကို ဖတ်ရှုရပါမယ်။

🍀ဝါသနာနှင့်သက်မွေးအလုပ်ထပ်တူကျအောင်ပုံဖော်ခြင်း
🍀Peter kap
🍀စာမျက်နှာ - ၂၀၄
🍀တန်ဖိုး - ၆၅၀၀ကျပ်

မြစ်ကြီးနားမြို့အတွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။ 🍀 ပြင်ပက အရာတွေအပေါ်မှာ သွားပြီး မင်းရဲ့တန်ဖိုးကို တည်...
11/05/2024

မြစ်ကြီးနားမြို့အတွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။

🍀 ပြင်ပက အရာတွေအပေါ်မှာ သွားပြီး မင်းရဲ့တန်ဖိုးကို တည်ဆောက်နေမိတဲ့အခါ စိတ်ဆင်းရဲစရာတွေကြုံလာရပါတယ်။ မင်းရဲ့တန်ဖိုးကို မင်းအပေါ်မှာပဲ တည်ဆောက်ရမှာဖြစ်ပါတယ်။လူငယ်တွေအများစုက တစ်ခုခုပြောင်းလဲလိုက်ကြဖို့ သိပ်ဝန်လေးကြတယ်။ နေသားတကျရှိနေပြီးဖြစ်တဲ့ သက်သောက်သက်သာဇုန်မှာပဲ နေချင်နေကြတယ်။ အဲဒီတော့ ဘာကပြောင်းလဲလာနိုင်မှာလဲ။ ဒီလို လူငယ်တွေရဲ့ အတွေးအခေါ်နဲ့ အပြုအမူတွေကို ကောင်းတဲ့ဘက်ပြောင်းလဲ လာစေဖို့ ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဖတ်မိတဲ့လူငယ်တွေအတွက် အကျိုးကျေးဇူးပြုနိုင်တဲ့ စာအုပ်ကောင်းအဖြစ် မှတ်ချက်ပြုပေးလို့ရပါတယ်။

ဒီစာအုပ်ထဲမှာ
◽မိမိဘာလိုချင်လဲဆိုတာကို သိရှိလေ ဘဝက ရိုးရှင်းလွယ်ကူလေပါပဲ
◽တန်ဖိုးအရှိဆုံးရင်းနှီးမြှုပ်နှံမှု
◽တစ်ကိုယ်ရေအမှတ်တံဆိပ် (PersonalBranding) တည်ဆောက်ခြင်း
◽ကြားကာလမှာ စိတ်ရှည်ဖို့လိုတယ် ၊ လက်လျှော့လိုက်ချင်စိတ်ဖြစ်လာရင် ဒီစာကို ဖတ်ကြည့်ပါ
◽တစ်လှမ်းချင်းစီလှမ်းနေခြင်းရဲ့ စွမ်းအား
◽ကြိုးစားတိုင်းမအောင်မြင်လို့ စိတ်ဓာတ်ကျနေရင် ဒီစာကို ဖတ်ကြည့်ပါ
◽အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်
◽ပြင်းပြတဲ့စိတ်ဆန္ဒရဲ့စွမ်းအား
◽ထိုးဖောက်ကျော်လွှားမှု (Breakthrough)ဖန်တီးဖို့ အဆင့် (၃)ဆင့်
◽မိမိရဲ့စိတ်ကူးအိပ်မက်ကို အခြားသူတွေကို အလွယ်တကူမပြောလိုက်ပါနဲ့
◽ကျရှုံးသွားတာထက် ပိုကြောက်ဖို့ကောင်းတဲ့ အရာ
◽သင့်ရဲ့အာရုံစိုက်မှုကို ရွေးချယ်ပါ
◽အားသာချက်အပေါ်မှာ အားပိုဖြည့်ပေးပါ
အမြဲဒီအတိုင်းဖြစ်နေမှာ မဟုတ်ဘူး စတဲ့ ခေါင်းစဥ်တွေနဲ့ လူငယ်တွေဆီ ပစ်ခွင်းလိုက်တဲ့ ထိရောက်တဲ့ ပေးစာတွေကို ဖတ်ကြရမှာဖြစ်ပါတယ်။

🍀လူငယ်များထံသို့ - ၂
🍀သက်တန့်မေရီ
🍀စာမျက်နှာ - ၁၀၆
🍀တန်ဖိုး - ၄၀၀၀ကျပ်

မြစ်ကြီးနား မြို့အတွင်းအိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။လူငယ်တွေရဲ့ဘဝဟာ စိတ်ဖိစီးမှု အတော်လေးများပါတယ်။ ဘဝကို က...
11/05/2024

မြစ်ကြီးနား မြို့အတွင်းအိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။

လူငယ်တွေရဲ့ဘဝဟာ စိတ်ဖိစီးမှု အတော်လေးများပါတယ်။ ဘဝကို ကိုယ်တိုင်စတင်လျှောက်လှမ်းရတဲ့အချိန်၊ အနာဂတ်ကို ကိုယ်တိုင် စတင်ဖန်တီးရတဲ့အချိန်၊ အလုပ်အကိုင်၊ အချစ်ရေး၊ ပေါင်းသင်း ဆက်ဆံရေးတွေကတဆင့် မိမိရဲ့တည်ရှိမှု၊ မိမိရဲ့တန်ဖိုးကို စတင်ရှာ ဖွေရတဲ့အချိန်..။ဒီလိုအချိန်မှာ ဝေဝါးမှုတွေ၊ စိတ်ဓာတ်ကျမှုတွေ၊ လမ်းပျောက် သလိုခံစားရမှုတွေ ဖြစ်ပေါ်လာတတ်လေ့ရှိပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ကျော်ဖြတ်လာခဲ့ရသူတစ်ယောက် ဖြစ်တဲ့အလျောက် ကျွန်မ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ကျွန်မလိုအပ်နေတဲ့အချိန်မှာ ကြား သိလိုက်ရတဲ့ စကားတွေ၊ ကျွန်မ သင်ယူရရှိခဲ့တဲ့ သင်ခန်းစာတွေ.. ဒါတွေကို ပြန်လည်မျှဝေခြင်းအားဖြင့် လူငယ်တွေကို စိတ်ခွန်အားပေး လိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီစာအုပ်ကို ရေးသားလိုက်တာပါ။တစ်ခါတလေမှာ ကျွန်မတို့ရဲ့ဘဝမှာ အများကြီး မလိုအပ်ပါဘူး.. စကားတစ်ခွန်းတည်းနဲ့တင် လုံလောက်သွားပြီး ကျွန်မတို့ကို ရှေ့ဆက်သွားစေနိုင်ပါတယ်။ဒီစာအုပ်ရဲ့မာတိကာကို ဖွင့်လိုက်ပါ။ သင့်ကို စိတ်ဝင် စားစေတဲ့ ခေါင်းစဉ်ကိုတွေ့ရင် အဲဒီစာမျက်နှာကို ဖွင့်ပြီး ဖတ်ကြည့်ပါ။ သင်လိုအပ်နေတဲ့ စကားတစ်ခွန်းက အဲဒီမှာ ရှိကောင်းရှိနေပါမယ်။

🍀လူငယ်များထံသို့
🍀သက်တန့်(မေရီ)
🍀စာမျက်နှာ - ၁၁၁
🍀တန်ဖိုး - ၄၅၀၀ကျပ်

မြစ်ကြီးနား မြို့အတွင်း အိမ်အရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။ဆရာခက်ဇော်ရဲ့ The guys from Mandalay  ဆိုတဲ့ စာအုပ်က ...
10/05/2024

မြစ်ကြီးနား မြို့အတွင်း အိမ်အရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။

ဆရာခက်ဇော်ရဲ့ The guys from Mandalay ဆိုတဲ့ စာအုပ်က အဂ်လိပ်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်၊ ပြည်တွင်းစစ်ကာလတွေမှာ နာမည်ကျော်ခဲ့တဲ့ စိန်ဓါးမြှောင်ဆိုတဲ့ ဓားပြဗိုလ်အကြောင်းကို ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။ စာအုပ်အလယ်လောက်မှာ ဂန္ဓမာသောင်းရီရဲ့ အဆက်တွေပါတာကြောင့် The gyus of Rangoon ရဲ့အဆက်လို့လဲပြောလို့ရတယ်။

ရန်ကုန်တွင် ကုလား-ဗမာ အဓိကရုဏ်းဖြစ်ပွားပြီး မန္တလေးသိူ့ ကူးစက်စပြုချိန်တွင် နိုင်ငံရေးပရောဂတွေပါနေသော ထိုအဓိကရုဏ်းကို မန္တလေးပြည်သူတို့က ကာကွယ်ခဲ့ကြသည်။ ဦးသန်း၏နေအိမ်သို့ ကုလားတစ်ယောက်ရောက်နေတယ်ဆိုသော သတင်းကြောင့် လူမိုက်ကြီး စိန်ပန်းပေါက်ကျော်အဖွဲ့မှ ထိုကုလားကိုထုတ်ပေးရန်နှင့် မထုတ်ပေးပါက အိမ်ကိုမီးရှိူ့မည်ဟုဆိုကာ ခြိမ်းခြောက်အကြမ်းဖက်နေသည်။ ထိုအချိန်တွင် ဦးဇင်းတစ်ပါးက စိန်ပန်းပေါက်ကျော်တို့အဖွဲ့ကို ဓားမြှောင်တစ်လက်ဖြင့် ဝင်တားသည်။ ထိုဦးဇင်းမှာ ရှမ်းပြည်နယ်နှင့် ယောနယ်တခွင်တွင် သိုင်းပညာ၊ တိုင်းရင်းဆေးပညာ၊ အင်းအိုင်လက်ဖွဲ့အဆောင်ပညာတို့ကို သင်ယူတတ်မြောက်ထားသူဖြစ်သည်။ စိန်ပန်းပေါက်ကျော်နှင့် အခင်းဖြစ်အပြီးတွင် ဦးဇင်းဦးပညာမှာ တုတ်ပြီး၊ ဓားပြီး၊ကိုယ်ပါပျောက်နိုင်သည်ဟု ဆိုကာ စိန်ဓားမြှောင်ဘုန်းကြီးဟု နာမည်ကျော်ကြားလာခဲ့သည်။ ဦးဇင်းဦးပညာ ကိုယ်တိုင်ကမူ သူနာမည်ကြီးနေကြောင်းကို မသိခဲ့။ ဦးဇင်းကား အခင်းဖြစ်ရာအိမ်က ဦးသန်း၏ သမီး မမြကြည်ကို မြင်မြင်ချင်းချစ်မိခဲ့သည်။ ထို့ကြောင့် လူဝတ်လဲကာ မမြကြည်နှင့် နီးစပ်ဖို့အရေး လုံးပမ်းတော့သည်။

ဆီကုန်သည်အဖြစ်လုပ်ကိုင်ရာ ဆီဘသော်၏ အကူအညီတောင်းမှုကြောင့် သိုင်းအညာသင်ပေးရာမှ သိုင်းဆရာ စိန်ဓားမြှောင်ဟုနာမည်ရလာသည်။ ဆီကုန်သည်ပွဲစား ဦးမောင်ကလေးအဖြစ်နှင့်လည်းကောင်း သိုင်းဆရာ စိန်ဓားမြှောင်အဖြစ်လည်းကောင်း ရိုးရိုးသားသားအသက်မွေးကာ မမြကြည်နှင့်အတူ အေးချမ်းသာယာသော အိမ်ထောင်ရေးကို တည်ထောင်နိုင်ခဲ့သည်။ ထိုအချိန်တွင် တပည့်ဖြစ်သူ လှမောင်၊ ဘမောင်တို့ ညီအစ်ကိုနှစ်ယောက် လာကန်တော့သော ရွှေထည်ပစ္စည်းများကို လက်ခံမိရာမှ စိန်ဓားမြှောင်တစ်ယောက် ဘုမသိဘမသိ ဓားပြမှုဖြင့် ဖမ်းခံရတော့သည်။ ကြံရည်ဖန်ရည်ကောင်းသော စိန်ဓားမြှောင်က အချုပ်မှ ထွက်ပြေးလွတ်မြောက်သွားသည်။ ဝရမ်းပြေးစိန်ဓားမြှောင်တစ်ယောက် မထူးဇာတ်ခင်းပြီး ဓားပြလောကထဲသို့ ထဲထဲဝင်ဝင် ဝင်ရောက်လာခဲ့သည်။

မန္တလေးမြို့ပေါ်တွင် နေ့ခင်းကြောင်တောင် ဓားမြတိုက်ပုံ၊ မြန်မာနိုင်ငံအဝှန်းတွင် ဓားပြအဖွဲ့များ ဖွဲ့စည်းထားပုံ၊ စနစ်တကျ စီစဉ်ကွပ်ကဲနိုင်ပုံတို့ကြောင့် ဓားပြဗိုလ်စိန်ဓားမြှောင်ကို သတင်းစာထဲတွင် မကြာခဏတွေ့ရပြီး နိုင်ငံကျော်ဓားပြဗိုလ်တစ်ယောက်ဖြစ်လာခဲ့သည်။ စိန်ဓားမြှောင်၏ ဓားပြအဖွဲ့စည်းတွင် မိန်းကလေးများပါပါဝင်ခဲ့ပြီး တပ်ဖွဲ့တစ်ခုအသွင် ဓားပြအဖွဲ့ကြီးကို စနစ်တကျ ဖန်တီးနိုင်ခဲ့သည်။

စိန်ဓားမြှောင်ကား လူမိုက်များနှင့်မတူပဲ လူမိုက်တွေထက် ဉာဏ်နီဉာဏ်နက်များကာ အကွက်စုံပေသည်။ ထို့ကြောင့်ပင် မန္တလေးတွင်သာမက ရန်ကုန်မြို့လည်ခေါင်တွင် တိုင်းရင်းဆေးဆရာ ဆရာသိန်းအသွင်ဖြင့် နေထိုင်ကာ ဓားပြမှုများကို အကွက်ကျကျ အောင်မြင်စွာကျူးလွန်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ တိုင်းရေးဆေးဆရာအသင်း အတွေးရေးမှုချုပ် ဆရာသိန်းအဖြစ် ဟန်မပျက်နေကာ ဓားပြမှုများကို သေသေသပ်သပ်ကျူးလွန်နိုင်သော စိန်ဓားမြှောင်ကား အထင်ကြီးစရာပင်။ထောင်ထဲတွင် ဂန္ဓမာသောင်းရီအပါအဝင် ရန်ကုန်လူမိုက်အချို့ကို အကွက်ဆင်လူလည်လုပ်ကာ အနိုင်ယူခဲ့သေးသည်။

စိန်ဓားမြှောင်၏ အားသာချက်၊ အားနည်းချက်မှာ သူချစ်သော မမြကြည်ပင်ဖြစ်သည်။ ထောင်ကထွက်တော့ စိန်ဓားမြှောင်တစ်ယောက် မမြကြည်ရင်ခွင်သို့ဝင်ကာ ထောင်ထဲကအခက်အခဲများအကြောင်း ရင်ဖွင့်ရင်း ငိုရှိုက်ခဲ့သည်။ နိုင်ငံကျော်ဓားပြဗိုလ်ကြီး စိန်ဓားမြှောင်သည်လည်း ချစ်ရသူရှေ့တွင် ပြိုလဲတတ်သူပင်။

စိန်ဓားမြှောင်၏ ကြိုတင်အကွက်မြင်မှု၊ အဖွဲ့အစည်းတစ်ခုကို သေချာစီစဉ်အုပ်ချုပ်နိုင်မှု၊ သူတစ်ပါးကို မျက်စိစုံမှိတ် အယုံမလွယ်မှု၊ ပြည်တွင်းစစ်ကာလမှာ လက်နက်အင်အားစုကာ ဓားပြအဖွဲ့အစည်းကြီးကို အောင်မြင်အောင်ဖွဲ့စည်းနိုင်မှုတွေကြောင့် စိန်ဓားမြှောင်၏ ဉာဏ်ရည်ထက်မြတ်ပုံမှာ မြင်သာနေသည်။ ဒီဝတ္ထုတွင် စိန်ဓားမြှောင်ထက် ဉာဏ်နီဉာဏ်နက်များသော နိုင်ငံရေးလောကအကြောင်းတွေ၊ ဆိုရှယ်လစ်ခေတ် အာဏာပိုင်တွေရဲ့ အကြောင်းတွေ၊ မြန်မာ့နိုင်ငံရေး သမိုင်းတွေကို သိရှိခွင့်ရသဖြင့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
by Lun's
🍀The guys from Mandalay
🍀ခက်ဇော်
🍀စာမျက်နှာ -၄၅၇
🍀တန်ဖိုး - ၉၅၀၀ကျပ်

မြစ်ကြီးနားမြို့အတွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။ဆရာခက်‌ဇော်ရဲ့ The gyus of Rangoon (1930) ဆိုတဲ့စာအုပ်က...
10/05/2024

မြစ်ကြီးနားမြို့အတွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။

ဆရာခက်‌ဇော်ရဲ့ The gyus of Rangoon (1930) ဆိုတဲ့စာအုပ်က လမ်းမတော် ၁၄လမ်းမှာနေတဲ့ ဖိုးတုတ်ဆိုတဲ့ လူမိုက်တစ်ဦးကို အခြေခံပြီးရေးထားတာ ဖြစ်တယ်။ လမ်းမတော်ဖိုးတုတ်ဟာ အင်ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဒုတိယကမ္ဘာစစ်ကာလမှာ ရန်ကုန်တစ်ခွင် ဘုန်းတန်ခိုးထွားခဲ့တဲ့ လူမိုက်တစ်ဦးဖြစ်ပါတယ်။ သာမာန်busကားစပါယ်ယာလေး ဖိုးတုတ်ရဲ့ အကြောက်တရားကင်းမဲ့မှုတွေ လက်ရဲဇက်ရဲနိုင်မှုတွေကြောင့် တစ်စတစ်စနာမည်ကြီးလာကာ ဦးလေးဖြစ်သူ၏ ဆုံးမမှုတွေကြောင့် ဉာဏ်နဲ့ယှဉ်ပြီးမိုက်တတ်‌သည့် လူမိုက်ဘဝသို့ရောက်ရှိခဲ့သည်။ ငယ်ပေါင်းကြီးဖော်ဖြစ်သည့် သူငယ်ချင်း ဂန္တမာသောင်းရီ (ဂန္တမာကြီး)အပါအဝင် အုန်းဖေ၊ ငညွန့်၊ စံဘ စတဲ့ လူမိုက်တွေနဲ့ပေါင်းကာ လမ်း‌မတော်မှစ၍ ရန်ကုန်တစ်မြို့လုံးကို ဩဇာလွှမ်းမိုးနိုင်ရန် တစ်စတစ်စ အင်ပါယာချဲ့ထွင်ခဲ့တယ်။

လူမိုက်ကြီး လမ်းမတော်ဖိုးတုတ်ဟာ စိတ်လှုပ်ရှားလေ ပိုတည်ငြိမ်လေဖြစ်ကာ အကြောက်တရားကင်းမဲ့ပြီး ရက်စက်တတ်သူဖြစ်သည်။ထိုသို့ ကြမ်းတန်းသော လူမိုက်ကြီးလမ်းမတော်ဖိုးတုတ်ဟာ မယုံနိုင်စရာကာင်းအောင် ချစ်တတ်သေးသည်။ လမ်းမတော်ဖိုးတုတ်နာမည်ဖြင့် ကုန်တွေဝယ်ပြီး ငွေမပေးချေတဲ့ ကိစ္စကြောင့် ဆုံခဲ့ရတဲ့ ဇတ်ဇတ်ကြဲ တရုတ်ကပြားမလေး မသင်းမြကို မြင်မြင်ချင်းချစ်မြတ်နိုးမိပြီး လက်ထပ်ခဲ့တယ်။ မသင်းမြချမှတ်တဲ့ စည်းကမ်းသုံးချက်ကိုလဲ လူမိုက်ကြီးဖိုးတုတ်က အိမ်‌ထောင်သက်တမ်းတစ်လျှောက်လုံး လိုက်နာခဲ့တယ်။

"ကိုဖိုးတုတ် ရှင်လူသတ်ဦးမလို့လား''
"ကိုဖိုးတုတ်သေရင် မသင်းမြရင်ကွဲမယ် မသင်းမြ ရင်မကွဲရအောင် နည်းနည်းပါးပါးတော့သတ်ရလိမ့်မယ်ထင်တယ်"လို့ပြောပြီး မိန်းမကိုတစ်စက်ကလေးမှ မျက်နှာအညိုမခံတဲ့သူ။

လမ်းမတော်ဖိုးတုတ် သူငယ်ချင်း ဂန္တမာသောင်းရီဆိုတဲ့ ဂန္တမာကြီး။ ဂန္တမာကြီးက ဟောလိဝုဒ်‌ ကောင်းဘွိုင် ဇာတ်လမ်းတွေထဲက ဇာတ်ကောင်အလား ချောမောပြီး လူမိုက်လို့ ထင်ရက်စရာပင်မရှိသူဖြစ်သည်။ ချိန်းကြိုးကိုအမြဲဆောင်ကာ သွေးအေးအေးနှင့် လူသတ်တတ်သူဖြစ်သည်။ မည်သို့ပင် ရက်စက်ပါစေ ဂန္တမာကြီးကား ချစ်တတ်သေးသည်။ အပျိုမဟုတ်တဲ့ ဟော်တယ်မယ် (ခန္ဓာသည်)ကိုမှ ချစ်မိခဲ့တဲ့သူ။ လက်ထပ်ယူခဲ့သူ။ ချစ်ရတဲ့ မိန်းကလေးကို သူ့ကိုယ်သူ "မောင်" လို့ သုံးနှုန်းတတ်တဲ့ ဂန္တမာကြီးရဲ့ အချစ်က အံ့ဩဖို့ကောင်းလှသည်။

ဗိုလ်တစ်ထောင်ငမိုးကား ဆရာသင်ကို သတ်မှုဖြင့် တစ်ကျွန်းကျခံရပြီးမှ ပြန်လွတ်လာသူ။ သူကား မွေးရာပါ တစ်ဇွတ်ထိုးလုပ်တတ်မှု၊ စိတ်ဆတ်မှု၊ မဟုတ်မခံချင်စိတ်တို့ကြောင့် လူမိုက်လောကသို့ ရောက်ရှိလာသူဖြစ်သည်။ ဖိုးတုတ်တို့ကဲ့သို့ အာဏာ၊ စီးပွားရေး တို့ကြောင့် လူမိုက်လုပ်သူမဟုတ်ပေ။ တစ်ကျွန်းမှလွတ်ပြီး လူ့ဘောင်တွင်နေလျှင် လူမိုက်လောကထဲ ပြန်ရောက်မှာစိုး၍ ဘုန်းကြီးဝတ်ကာ သာသနာ့ဘောင်တွင် ပျော်မွေ့‌သော လူမိုက်ကြီး။ ဗိုလ်တစ်ထောင်ငမိုးကား အံ့ဩဖို့ကာင်းသူပင်။

မတ်စတီးခန်း၊ ပုဏ္ဏားဘထွန်း၊ ထွန်းရင် အပါအဝင် လူမိုက်များစွာ၏ ဇတ်ကြောင်းများကိုလဲ ထည့်သွင်းရေးသားထားသည်။ နိုင်ငံရေးလောကနှင့် လူမိုက်လောကတို့၏ ဆက်စပ်မှုတွေ၊ နိုင်ငံ့စီးပွားရေး လောကတွင် လူမိုက်တို့၏ အာဏာသက်ရောက်မှူတွေ၊ လူမိုက်တွေရဲ့ အခန်းကဏ္ဠတွေကို မယုံနိုင်အောင် စုံစုံလင်လင် သိခွင့်ရတဲ့ စာအုပ်ဖြစ်တာကြောင့် ဆရာခက်ဇော်ရဲ့ The gyus of Rangoon ဟာ ဖတ်ကိုဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
by Lun's

🍀TheGuysofRangoon
🍀ခက်ဇော်
🍀စာမျက်နှာ - ၅၂၁
🍀တန်ဖိုး - ၉၅၀၀ကျပ်

မြစ်ကြီးနားမြို့အတွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။မျက်ကွယ်ပြုလို့ မရလောက်အောင်ထူးချွန်ပြလိုက်ပါ ဆိုတာကအမှ...
08/05/2024

မြစ်ကြီးနားမြို့အတွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။

မျက်ကွယ်ပြုလို့ မရလောက်အောင်ထူးချွန်ပြလိုက်ပါ ဆိုတာကအမှန်တော့ နာမည်ကျော် လူပြက် Steve Martin ရဲ့အင်တာဗျူး ဗီဒီယိုတစ်ခုမှာ ဘဝအောင်မြင်ရေးသော့ချက် အနေနဲ့ဖြေဆိုထားတာလေးပါ။ ဝါသနာနောက် လိုက်နိုင်မှ ဘဝမှာ တိုးတက်မယ်ဆိုတဲ့ ရှေးဟောင်း အယူအဆကြီးကို ဆန့်ကျင်ပြီး၊ တန်ဖိုးလဲရှိ အသုံးလဲကျတဲ့ ကိုယ်ပိုင်အရည်အချင်း၊ ကိုယ်ရည်ကိုယ်သွေး ရှိမှသာထူးချွန်ပြောင်မြောက်တဲ့ အတွေးအမြင်အသစ်တွေနဲ့ ရေးသားထားတဲ့ စာအုပ်တစ်အုပ်ပါ။
ဒီစာအုပ်လေးဟာ
– စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ
– နည်းပညာ ကြမ်းပိုးတွေ
– ဘွဲ့ရထားပေမဲ့ ဘာဆက်လုပ်မှန်းမသိတဲ့ လူငယ်တွေ
– လုပ်ချင်စရာများပြီး မျက်စိလည်နေတဲ့ လူငယ်တွေ
– ဝမရှိဘဲ ဝိလုပ်မိနေသူတွေ
– ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ် ပါသလောက် ကိုယ်တိုင်ကျ ဟိုမကျ ဒီမကျ ဖြစ်နေတဲ့လူတွေအားလုံးအတွက် ပြေပြစ်တဲ့ အရေးသား၊ လိုတိုရှင်း တင်ပြမှုတွေနဲ့ စနစ်တကျ လမ်းညွှန်ထားပြီး လက်တွေ့အသုံးကျနိုင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ အမေရိကန်စာရေးဆရာ Cal Newport ရဲ့ နာမည်ကျော် So Good They Can’t Ignore You ကို ဆရာမောရိသျှက ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။

🍀မျက်ကွယ်ပြုလို့မရလောက်အောင်ထူးချွန်ပြလိုက်ပါ
🍀မောရိသျှ
🍀စာမျက်နှာ - ၃၂၉
🍀တန်ဖိုး - ၁၂၉၀၀ကျပ်

မြစ်ကြီးနားမြို့အတွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။ 🍀Universe ရဲ့ သဘောတရားတွေဆိုတာ ကိုယ်အပါအ၀င် ..ကိုယ့်ပတ...
08/05/2024

မြစ်ကြီးနားမြို့အတွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။

🍀Universe ရဲ့ သဘောတရားတွေဆိုတာ ကိုယ်အပါအ၀င် ..ကိုယ့်ပတ်၀န်းကျင်က လူတွေ .. အဖြစ်အပျက်တွေ .. အခြေအနေတွေနဲ့ Reflect လုပ် .. ထင်ဟပ်ကြည့်လိုက်တိုင်း ဘာနဲ့မှ မလွတ်ဘဲ တည့်ကြီးတွေ တိုးနေတဲ့ .. ရှာဖွေလေ.. တွေ့ရှိလေ သဘောတရားတွေပါပဲ။
Universe ဆိုတာ တကယ်တော့ Infinite Wisdom အနှိုင်းမဲ့ ပညာဥာဏ် ရတနာသိုက်ကြီးတစ်ခုပဲဖြစ်ပါတယ်။

– မိမိတို့ရဲ့ Innerworld မှာ စကြ၀ဠာရဲ့ ရိုးရှင်းတဲ့ လျှို့ဝှက်ချက်တွေဟာ ဆန်းကြယ်စွာ တည်ရှိနေပါတယ်။ကိုယ်တိုင်ရှာဖွေတတ်ဖို့သာ လိုပါတယ်။

– စကြ၀ဠာရဲ့ လှို့ဝှက်ချက်၊ အလှတရား၊ ရတနာတွေဆိုတာက ကိုယ်ရဲ့အတွင်းစိတ်ကိုပြောင်းလဲကြည့်လိုက်တာနဲ့ ကိုယ့်စိတ်ထဲမှာပဲ ဘွားကနဲတွေ့ မြင်လိုက်ရတာမျိုးပါ။
ကိုယ်က Universe ထဲမှာနေတယ်။ Universe ဟာ ကိုယ့်ရင်ထဲမှာလည်း ရှိနေတယ်။

ကိုယ်တိုင်က ကိုယ့်ရဲ့ Universe ပဲ ဖြစ်ပါတယ်။
ကိုယ်လိုချင်တဲ့အရာတွေအကုန်လုံးဟာ ကိုယ့်ဆီမှာပဲ ရှိနေပါတယ်။
မိမိကိုယ်သာ ကိုးကွယ်ရာပဲ ဖြစ်ပါတယ်။

🍀သင်သည်သာ သင့်ရဲ့စကြ၀ဠာ
🍀မွန်ဟော်စီ
🍀စာမျက်နှာ - ၂၆၄
🍀တန်ဖိုး - ၉၀၀၀ကျပ်

Address

Myitkyina
Myitkyina

Telephone

+959985402182

Website

Alerts

Be the first to know and let us send you an email when Aladdin Myitkyina Book Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category