Hsu Pwint

Hsu Pwint Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hsu Pwint, Shopping & retail, Myitkyina Ayar Quarters, Myitkyina.

17/03/2023
17/03/2023

Cattleya ကက်တလီယာ သစ်ခွစိုက်ပျိုးနည်း
***********************************
#ကက်တလီယာသစ်ခွတွေကသစ်ကပ်သစ်ခွမျိုးများဖြစ်ပြီး တုတ်ခိုင်တဲ့ (pseudobulb) ဥယောင်ပင်စည် ပါတဲ့အတွက် ရေငတ်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ရေလောင်းမလွန်မိစေဖို့သတိပြုရမှာဖြစ်ပြီး အစို အခြောက် တစ်လှည့်စီဖြစ်နေမှုကိုနှက်သက်တဲ့သစ်ခွဖြစ်လို့ ရေ တစ်ကြိမ်နှင့်တစ်ကြိမ်အကြားမှာ အပင်၊ အမြစ်၊ ပွါးစာတွေ ခြောက်သွေ့နေစေသင့်ပါတယ်။

#သဘာ၀_ကက်တလီယာသစ်ခွတွေက နည်းနည်းနှင့် ပုံမှန်ရွာသွန်းတဲ့မိုးရေမှာပါ၀င်လာတဲ့ သစ်ရွက်ဆွေး၊ တိရစ္ဆာန်အညစ်အကြေးတွေက မြေသြဇာ အာဟာရတွေကိုရရှိပြီး ရှင်သန်ကြပါတယ်။ သစ်တောမျာတွေဟာ သဘာ၀အခြေအနေအရ အပူချိန်နှင့် စိုထိုင်းဆများမှာလည်း များစွာ ကွာဟမှု မရှိတဲ့အတွက် စိုက်ပျိုးတဲ့အခါသဘာဝပေါက်ရောက်တဲ့အခြေအနေတွေကို ကြံဆပြီး စိုက်ပျိုးရမှာ ဖြစ်ပါတယ်။

#ကက်တလီယာသစ်ခွအများစုအတွက် ယေဘုယျအားဖြင့် နေ့အပူချိန် ၇၅ ံF မှ ၈၅ ံF နှင့် ညအပူချိန် ၆၀ ံF ဝန်းကျင် ရှိနေသင့်ပါတယ်။ နေ့နှင့် ည အပူချိန် ၁၀ ံF မှ ၁၅ ံ F ခန့်အပူချိန်ကွာခြားမှုက ပန်းဖူးများဖြစ်ပေါ်လာစေဖို့ အားပေးပါတယ်။ စိုထိုင်းဆအနေဖြင့် ၄၀%မှ ၆၀%ခန့်ထိ ရှိသင့်ပြီး အပူချိန်မြင့်လာသည်နှင့်အမျှ စိုထိုင်းဆကိုလည်း လိုက်၍မြှင့်ပေးသင့်ပါတယ်။

#ကက်တလီယာသစ်ခွတွေကသဘာ၀မှာအလင်းရောင်များတဲ့ နေပြောက်များကိုရရှိပြီး ရှင်သန်ကြီးထွားကြပါတယ်။ ဒါကြောင့် အပင်ကြီးထွားမှုကောင်းမွန်ဖို့အတွက် တိုက်ရိုက်မဟုတ်ဘဲ လုံလောက်ကောင်းမွန်တဲ့အလင်းရောင် ရရှိစေသင့်ပါတယ်။လုံလောက်သည့် အလင်းရောင်ရရှိနေပါက အရွက်တွေ အစိမ်းဖျော့ရောင်ရှိနေမှာဖြစ်ပြီး အလင်းရောင်နည်းပါက အစိမ်းရင့်ရောင် သန်းနေပါလိမ့်မယ်။ အဝါရောင်သန်းနေရင်တော့ အလင်းရောင်များနေတယ်ဆိုတာ သိရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးမှာ ဒီတိုင်း ဆက်ထားခဲ့ရင် အရွက်နေလောင်တာတွေ ဖြစ်သွားနိုင်ပါတယ်။

#ဒါကြောင့် အရွက်ကာလာကို ကြည့်ပြီး သင့်တော်တဲ့ အလင်းရောင် ရနိုင်ဖို့အတွက် အပေါ်မှာ မိုးထားတဲ့ အစိမ်းစကို နဲ/ များ ပြင်ပေးသင့်ပိါယ်။သဘာ၀မှာသစ်ခွမြစ်တွေက စို တစ်လှည့် ခြောက်တစ်လှည့် တစ်လှည့်စီ ဖြစ်ပြီးရှင်သန်ကြီးထွားတဲ့အတွက် စိုက်ပျိုးတဲ့ အခါ သဘာ၀ကိုတုပြီး ရေတစ်ကြိမ်နှင့် တစ်ကြိမ်အကြားမှာအမြစ်နှင့် ပွါးစာတွေ ခြောက်သွေ့နေသင့်ပါတယ်။ ဒါပေမယ့် ရေငတ်လွန်းပြီး(pseudobulb) ဥယောင်ပင်စည်တွေရှုံ့မသွားစေသင့်ပါ။
ပင်စည်ရှုံ့လာတာတွေ့ရင် ကိုယ့်အပင်ကို ရေလိုနေပြီဆိုတာ စိုက်ပျိုးသူက သိရမှာ ဖြစ်ပါတယ်။အမြစ်ပတ်၀န်းကျင် လေ၀င်လေထွက်ကောင်းမွန်စေဖို့အုတ်ခဲကျိုး၊ မီးသွေးခဲတို့နဲ့စိုက်သင့်ပါတယ်။

ကက်တလီယာအတွက် လိုအပ်တဲ့အပူချိန်ထက်မြင့်နေပါက တစ်နေ့ နှစ်ကြိမ်(သို့မဟုတ်)နေ့စဉ် နံနက်စောစော တစ်ကြိမ်လောင်းပေးပါ။ ၇၅/၈၅ ံ F ၀န်းကျင်မှာစိုက်ပျိုးထားပါက တစ်ပါတ်တစ်ကြိမ်/နှစ်ကြိမ်လောင်းပေးရုံဖြင့် လုံလောက်နိုင်ပါတယ်။

#ကက်တလီယာသစ်ခွတွေကအစာကို ဖြေးဖြေးမှန်မှန်စားသုံးတဲ့အတွက် ၂၁၊ ၂၁၊ ၂၁ မြေသြဇာကို အခြေခံထားပြီးအပင်ငယ်စဉ်မှာ နိုက်ထရိုများတဲ့၂၅၊ ၅၊ ၅ လိုမျိုးမြေသြဇာတွေကို ကျွေးသင့်ပြီး ပင်ပိုင်းကြီးထွားမှုပြီးဆုံးကာနီးရင် ၁၀၊ ၅၂၊ ၁၇ လို ဖော့စပိတ်များတဲ့လအပွင့် မြေသြဇာတွေကို ကျွေးသင့်ပါတယ်။ မြေသြဇာတွေကို အပါတ်စဉ် ပြင်းအားပျော့ပျော့သာ ဖျော်ကျွေးပါ။ ၁၄၊ ၁၄၊ ၁၄ လို Slow Release Fertilizer မြေသြဇာ အလုံးအခဲလေးတွေကိုလည်း တစ်လ တစ်ကြိမ်လောက်အိုးတွင်း ထည့်ပြီး ကျွေးနိုင်ပါတယ်။ အပင်တွေမှာ အရွက်ဖါးဖါးနဲ့ အပင်က အစာပိုစားပြီး အရွက်လုံလုံးနဲ့ အပင်တွေက အစာ စားတာ နဲပျါယ်။ ကက်တလီယာက ါရွက်ဖါးတဲ့ အပင်ဖြစ်လို့ ဗန်ဒါလိုမျိုး သစ်ခွတွေထက် အစာပိုစားတယ်ဆိုတာ မှတ်ထားရမှာ ဖြစ်ပါတယ်။

ေးအေးမိုး_Thanks

သစ်ခွချစ်သူလေးများအတွက်ပန်းအလှလေးတွေရောက်ပါပြီနော်🐝
13/03/2023

သစ်ခွချစ်သူလေးများအတွက်ပန်းအလှလေးတွေရောက်ပါပြီနော်🐝

31/10/2020
27/08/2020
( ၇၃ ) နှစ်​​မြောက်​အာဇာနည်​​နေ့အားဂုဏ်​ပြုပါသည်
19/07/2020

( ၇၃ ) နှစ်​​မြောက်​အာဇာနည်​​နေ့အားဂုဏ်​ပြုပါသည်

24/03/2020

COVID-19 virus ကြောက်တဲ့အရာ ၇ မျိုး

၁၊ ခရမ်းလွန်ရောင်ခြည် UV ကိုကြောက်ရွံ့တယ်၊

၂၊ အပူချိန် ၅၆ ဒီဂရီစင်တီဂရိတ် / အပူချိန်မြင့်
တာကိုကြောက်ရွံ့တယ်၊

၃။ လေဝင်လေထွက် ရှိတဲ့‌နေရာ ကိုကြောက်တယ်၊

၎၊ ကလိုရင်းပိုးသတ်ဆေးကို ကြောက်ရွံ့တယ်၊

၅၊ အရက်၊ အယ်လကိုဟောလ် ၇၅% ကိုကြောက်
ရွံ့တယ်၊

၆၊ လက်များကို မကြာခဏ ဆေး‌ကြောခြင်းကိုကြောက်တယ်၊

၇။ ခံနိုင်ရည်ရှိခြင်း၊ ကိုယ်ခံအား ကောင်းခြင်းကိုကြောက်ရွံ့တယ်၊ ကိုယ်ခံအား ကောင်းခြင်းဟာ
အကောင်းဆုံး ကြိုတင်ကာကွယ် ခြင်းပဲဖြစ်တယ်၊
virus ဗိုင်းရပ်စ်ပိုးမှ ကြိုတင် ခုခံ၊ ကာကွယ်ရန် လွယ်ကူတဲ့ နည်း ၈ ခု ရှိပါတယ်၊

၁၊ ဒီတစ်နှစ်အချိန် အတောအတွင်းမှာ အိပ်ရေးဝအောင် အိပ်ပါ၊
၂၊ နံနက်စာ ပုံမှန်စားပါ၊ ဒိန်ချဉ်စား‌ပေးပါ၊
၃၊ ကြက်သွန်ဖြူ များများစား‌‌ပေးပါ၊
၎၊ ပျားရည်နဲ့ ဂျင်းရေ၊ သံပုရာရည်ကိုသောက်ပါ၊
၅၊ နေ့လည် လက်ဖက်ရည် သောက်ပေးပါ၊
၆၊ လေ့ကျင့်ခန်းမှန်မှန်၊ အနည်းဆုံးတစ်ပတ်
တစ်ခါလုပ်ပေးပါ၊
၇၊ နေရောင်ခြည်ကို မကြာခဏ ထိတွေ့ပေးပါ၊
၈၊ တက်ကြွ၊ ရွှင်လန်းတဲ့စိတ်ကို ပိုင်ဆိုင်နိုင်ပါ‌စေ၊
အကောင်းမြင်တတ်ပါစေ၊

COVID-19 ဗိုင်းရပ်စ်ပိုးဟာ ၀ - ၂၄ ရက် အတွင်းပေါက်ဖွားရန် အရှိန်ယူလာပြီး၊ ရောဂါကူးစက်ပြီး တဲ့နောက်မှာရောဂါ၊ လက္ခဏာတွေကို မပြပေမယ့် အဆုတ်ဆဲလ်တွေက ပူပြင်းတဲ့ဒဏ်ကို မခံနိုင်တော့လို့ ကိုယ်ပူ၊ အပြင်းဖျား၊ ချောင်းဆိုးစ ပြုလာပါမယ်၊
ဆေးရုံမှာ လာစစ်ဆေးတဲ့အချိန်မှာ အဆုတ်
ရဲ့တစ်ဝက်‌ကျော်လောက် မှာ ရောဂါတွေ ကူးစက်
ပျံ့ပွားလို့နေခဲ့ပါပြီ၊ ကုသရန် အချိန်အလွန် နောက်ကျသွားပြီ၊ ကျွမ်းကျင်သူများက သင့်ရဲ့အဆုတ်ကို မထိခိုက်စေရန် တတ်နိုင်သမျှ နက်ရှိုင်းစွာ အသက်ရှူရန်၊ အသက်ပြင်းပြင်းရှူရန် အကြံပြုထားပါတယ်၊ တစ်ကယ်လို့ သင်က ချောင်းဆိုးခြင်း / ရင်ဘတ်မှာ နေထိုင်ရတာ အဆင်မပြေခြင်း / အသက်ရှူကြပ်ခြင်း လက္ခဏာများ မပြပါဘဲ၊ နေ့စဉ်ပုံမှန် နေရင်းထိုင်ရင်းနဲ့လည်း အဆုတ်မှာ ရောဂါကူးစက်၊ နိုင်သေးကြောင်းဖော်ပြထားပါတယ်၊ နံနက်‌စော‌စောတိုင်း ကြည်လင်တဲ့ ရာသီဥတု၊
နေရောင်ခြည်အောက်မှာ ကိုယ့်ကိုယ်ကိုစစ်ဆေးကြည့်ပါ၊ အသက်ရှူ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ၊

Source : Observation and surveillance of
Covid-19 from Songkhla Nakarin Hospital.
ဝင်းတား
credit
မှတ်ချက်..မည်သူမဆို လွတ်လပ်စွာ Copy ယူတင်ပေးကြပါနော်။

Kyi Myat Noe 💛
28/09/2019

Kyi Myat Noe 💛

Address

Myitkyina
88888

Telephone

+959261397342

Website

Alerts

Be the first to know and let us send you an email when Hsu Pwint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share