Lu Aye

Lu Aye မော်တာအပ်ချုပ်စက်နှင့် အပိုပစ္စည်းေ

Good second ကွန်တိန်နာစက်ခေါင်း 95%New(japan)စားပွဲအသစ် ခုံအသစ် servo motorအသစ် ချည်ရစ်တိုင်အသစ် ပတ်လည်အသစ်မီးမစား အချိန...
20/02/2021

Good second ကွန်တိန်နာစက်ခေါင်း 95%New(japan)
စားပွဲအသစ် ခုံအသစ် servo motorအသစ် ချည်ရစ်တိုင်အသစ် ပတ်လည်အသစ်
မီးမစား အချိန်ကုန်သက်သာတယ် အသံငြိမ်တယ် ညဘက်ပါသုံးလို့အဆင်ပြေမယ့် စက်တွေရနေပါပြီနော်
Service အတွက်လည်းပူစာရာမလိုဘူးနော်
Servo motorကလည်း အာမခံ(၁)နှစ်ပါတယ်တယ်နော်
နေရာ👉အမှတ်(၃)ဈေးအဆင်း
ရေတွင်းဝိုင်အနီး မြင်းခြံမြို့
ဖုန်း 👉၀၉၇၈၂၅၅၄၆၅၂

ဘဝနေထိုင်နည်း ==========( ၁ ) သိသလောက် မပြောပါနဲ့ကိုယ်သိတာနဲ့ သူများက လက်ခံထားတာ မတူညီနိုင်ပါဘူးလူတစ်ယောက်ရဲ့ လက်ခံနားလည...
23/06/2019

ဘဝနေထိုင်နည်း
==========

( ၁ ) သိသလောက် မပြောပါနဲ့

ကိုယ်သိတာနဲ့ သူများက လက်ခံထားတာ မတူညီနိုင်ပါဘူး
လူတစ်ယောက်ရဲ့ လက်ခံနားလည်မှူဆိုတာ အရွယ်နဲ့ဆိုင်သလို
သူကြုံတွေ့ခဲ့ရသော ဘဝအတွေ့အကြုံ ၊ အတွေးအခေါ်နဲ့
ဆိုင်ပါတယ်။ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်ကို
မိန်းမယူတာ ၊ ရည်းစားထားတာ မကောင်းဘူး အပူမရှာနဲ့
တရားရှာလို့ သွားပြောရင် လက်ခံမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။
ပါးစပ်မှာ ခဲဖျက်မပါသလို စကားဆိုတာကလည်း တန်ဖိုးထားတတ်
သူနဲ့သာ သင့် စကားတွေက တန်ဖိုးထားခြင်း ခံရမှာပါ။

( ၂ ) အမြင်မတော်ရင် မျက်နှာလွဲနေပါ

အမြင်မတော်တာတွေ့တိုင်း ၊ မှားနေတာတွေ့တိုင်း မ​ပြောပါနဲ့
အမြင်မတော်တိုင်းသာ ပြောနေမယ်ဆိုင် သင် ရွာပြင်
အထုတ်ခံရပါလိမ့်မယ်။ဘာလို့လဲဆိုတော့ လူအများစုက ကိုယ်လုပ်
တာ ကိုယ်မှန်တယ်ထင်နေပြီး အမှန်တရားကိုထောက်ပြရင်
သူတို့ကို အရှက်ခွဲတယ်ဆိုပီး သင့်ကို အမြင်စောင်းကြပါလိမ့်မယ်။
လူအများအရှေ့မှာ ဖက်နမ်းနေပီး အမြင်မတော်သော အပြုအမူများ
လုပ်ဆောင်နေသော ချစ်သူနှစ်ဦးကို "မင်းတို့ မရှက်ကြဘူးလားကွာ"လို့
သွားပြောရင် သင့်ကို အထင်လွဲသွားပါလိမ့်မယ်။

( ၃ ) ကြားတိုင်းမယုံပါနဲ့

နားဆိုတာက အကြားအာရုံဖြစ်သောကြောင့် သင့် နားထဲကို
ဟုတ်တာ ၊ မဟုတ်တာ ၊ မှန်တာ ၊ မမှန်တာ အကုန်ကြားနေရပါလိမ့်
မယ်။ကြားနေတိုင်း လိုက်ခံစားနေရင် သင့် မှာ နှလုံးသား အပိုမပါ
သလို ဦးနှောက်လည်း အပိုမပါဘူးလေ။လူတစ်ချို့က သင့်ကို တစ်မျိုး
ပြောမယ် ၊ နောက်လူတစ်ချို့က သင့် ကိုတစ်မျိုးလာပြောကြပါလိမ့်မယ်။
ဘယ်သူတွေက ဘာတွေပဲပြောပြော ကိုယ့်ဦးနှောက်နဲ့ ချင့်ချိန်ပီး
နှလုံးသားနဲ့ တော်သင့်ရုံပဲ ခံစားပါ။
မြင်ရင်မြင်တယ်လို့ မှတ် ၊ ကြားရင် ကြားတယ်လို့မှတ်ပြီး လောကမှာ ဖြစ်ပျက်နေတဲ့ အရာတော်တော်များများကို သင်လက်ခံလာနိုင်ရင်
သင့် ပါးစပ်ကလည်း သင့်တော်သော ၊ အမုန်းမပွားသော ၊ အများလက်ခံ
နိုင်သော စကားကို ပြောဆိုလာပါလိမ့်မယ်။

နှူတ် ကိုစောင့်စည်းလာနိုင်ခြင်းသည် လူမုန်းနည်းလာမယ်။
အမြင်ကျယ်ကျယ်ကြည့်လာနိုင်ပြီး အကောင်းမြင်စိတ်များလာရင်
သူရော မိမိပါ အေးချမ်းလာပါလိမ့်မယ်။
နားကကြားခဲ့သမျှကို ဟိုဘက်နားကဝင်ပြီး ဒီဘက်နားက ထွက်ခဲ့ရင်
သင့် ရင်ထဲမှာ ခံစားချက်နည်းလာသလို အခြားသူကို အပြစ်မြင်မှူ
လည်း လျော့နည်းလာပြီး ကိစ္စတော်တော်များများမှာ သင်
ငြိမ်းချမ်းပျော်ရွှင်လာပါလိမ့်မယ်။

သူငယ်ချင်း....
နေတတ်ရင် ၊ လက်ခံတတ်ရင် အရာအားလုံးက ကျေနပ်စရာတွေ
ချည်းပါပဲ။

Credit _ လေးစားစွာဖြင့်♥ ♥ ♥
ဇင်းနစ်​ မကွေး

အကြိုက်ဆုံး စာသားငါးတစ်ကောင် ကုန်းပေါ်ရောက်လာပါတယ် …ရေထဲပြန်ဆင်းဖို့ သူ.. လူးလှိမ့်ခုန်ပစ်ပေမယ့်ရေမြောင်းဆီကို မရောက်နိုင...
05/07/2018

အကြိုက်ဆုံး စာသား

ငါးတစ်ကောင် ကုန်းပေါ်ရောက်လာပါတယ် …
ရေထဲပြန်ဆင်းဖို့ သူ.. လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..သေပါစေတော့ ပေါ့ …

ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ …

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်…
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကို နာအောင် ဝိုင်းကိုက်ကြမယ် "ဆိုပြီး
ဝိုင်းကိုက်ကြလေတော့..

ငါးက..နာလွန်းပြီး တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ ရောက်သွားနိုင်ခဲ့တယ်. . .

တစ်ချို့ နာကျင်ခြင်းတွေဟာ.. …
တစ်ချို့တိုက်ခိုက်မှု့တွေဟာ . …
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။

တစ်ခါတလေ..တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် … စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း,ကြောင်း ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...

နင်းတတ်ရင်..အားလုံးဟာ လှေကားထစ်တွေချည်းပါပဲ။

"အရာရာဟာ ကောင်းဖို့ ဖြစ်လာတာ" ဆိုတဲ့ ပုံပြင်လေးကို သတိရပါ..

 #* #အမေ့မှာတမ်း #* #              သား -----------            အမေ သေတဲ့အခါ-            လုံးဝ မငိုပါနဲ့။            သေပြီ...
21/05/2018

#* #အမေ့မှာတမ်း #* #

သား -----------
အမေ သေတဲ့အခါ-
လုံးဝ မငိုပါနဲ့။
သေပြီးမှ ငိုကြတာ
ရူးသွပ်တဲ့ ရောဂါပဲ----

မသေခင် ပြုစုကြ
မသေခင် ကျေးဇူးဆပ်ကြ
မသေခင် ချစ်ခင်ကြ
မသေခင် ညီညွတ်ကြ
မသေခင် စာနာကြ
မသေခင် ယိုင်းပင်းကူညီကြ
မသေခင် ခွင့်လွှတ်ကြ
မသေခင် အပြစ်မရှိအောင်နေကြ
မသေခင် ပေးဆပ်ကြ
မသေခင် လုပ်ရမယ့်အရာ
အများကြီး ---- အများကြီးပါပဲ။ ။

အဲဒီလိုနေခဲ့ရင်
သေတဲ့အခါ
ဘာမှလုပ်စရာမလိုဘူး။ ။

သေသွားပြီလား -----
အမေ သေသွားရင်
တစ်ပြားမတန် အမေ့ရုပ်ကျန်ကို
ဘယ်ဆွေ ဘယ်မျိုး ဘယ်လူမျိုးမကျန်
ဒုက္ခမခံနဲ့။ ။
ဒီနေ့သေ ဒီနေ့ချ
အမေ့ အသုဘကြောင့်
အများ ဒုက္ခမရောက်စေချင်တာ
အမေ့ဆန္ဒ ပါ ----။


***မျိုးဆက်သစ်မေတ္တာရှင်***

သမင်ရဲ့ပြေးနိုင်တဲ့အမြန်နူန်းက ၁ နာရီမှာ ၉၀ ကီလိုမီတာရှိတယ်။ကျားရဲ့ပြေးနိုင်တဲ့အမြန်နူံန်းက ၁ နာရီမှာ ၅၉ ကီလိုမီတာပဲရှိတ...
20/05/2018

သမင်ရဲ့ပြေးနိုင်တဲ့အမြန်နူန်းက ၁ နာရီမှာ
၉၀ ကီလိုမီတာရှိတယ်။

ကျားရဲ့ပြေးနိုင်တဲ့အမြန်နူံန်းက ၁ နာရီမှာ
၅၉ ကီလိုမီတာပဲရှိတယ်။

ဒါပေမယ့်လဲ များသောအားဖြင့်
ကျားက သမင်ကိုလိုက်ရင် သမင်လေးခမျာ
ကျားပါးစပ်ထဲရောက်ရောက်သွားတယ်။

ဘာကြောင့်လဲ? စဉ်းစားဖူးသလား?

အဖြေကတော့………

သမင်က ကျားလိုက်လို့ပြေးပြီဆိုရင်
စိတ်အားငယ်သွားလေ့ရှိတယ်။

ကျားကအင်အားကြီးတယ် ငါ့ကိုလွှတ်မှာမဟုတ်ဘူး။
ဆိုပြီးပြေးရင်းနဲ့
ငါ နဲ့သူ အကွာအဝေးဘယ်လောက်ပဲကျန်တော့တယ်
ဆိုတာ တွေးတောစဉ်းစားလေ့ရှိတယ်။

ကျားကတော့
ဒီကောင် ငါ့အရှေ့ဘာမို့လဲ ရကိုရနိုင်ရမယ်"ဆိုတဲ့
စိတ်ဓါတ်နဲ့လိုက်တော့ များသောအားဖြင့်ရသွားလေ့ရှိတယ်။

သူ့ရဲ့စိတ်ဓါတ်ဟာ
သူ့ရဲ့ပြေးနုံန်းကိုလျှော့စေ/မြန်စေလိုက်တယ်။

ပေးချင်တဲ့ message ကတော့

ဘဝရဲ့ခြေလမ်းတိုင်းမှာ အဓိက စိတ်ဓါတ်ပါပဲ။
အင်အားတစ်ခုထဲနဲ့မဖြစ်ပါဘူး။

Credit Kyaw Ye Htun

ဘဝတန်ဖိုး●●●●●●●●●●●●●●●တစ်နေ့မှာ လူငယ်လေး တစ်ဦးဟာ အဖိုးဖြစ်သူ အနားကို သွားပြီး... "ဘ၀တန်ဖိုး ဆိုတာဘာလဲ... အဖိုး..?" ဆိ...
17/02/2018

ဘဝတန်ဖိုး
●●●●●●●●●●●●●●●

တစ်နေ့မှာ လူငယ်လေး တစ်ဦးဟာ
အဖိုးဖြစ်သူ အနားကို သွားပြီး... "ဘ၀တန်ဖိုး ဆိုတာ
ဘာလဲ... အဖိုး..?" ဆိုပြီး မေးလိုက်တယ်...

ဒါနဲ့ အဖိုးဖြစ်သူလည်း
ကျောက်တုံး တစ်တုံးကို လူငယ်လက်ထဲ
ထည့်ပေးလိုက်ပြီး...

"ကဲ... ဒီကျောက်တုံးရဲ့ တန်ဖိုးဟာ
ဘယ်လောက် ရှိလဲ ဆိုတာ သွားစုံစမ်းခဲ့ချေ...
ဒါပေမဲ့ ရောင်းတော့ မရောင်းခဲ့နဲ့နော်..." ဆိုပြီး
မှာလိုက်တယ်...

လူငယ်လည်း အဖိုးပေးလိုက်တဲ့
ကျောက်တုံးကို ယူပြီး ထွက်သွားလိုက်တယ်...

လမ်းမှာ လိမ္မော်သီးရောင်းတဲ့
ဆိုင်တစ်ဆိုင်ကို တွေ့တော့ အထဲဝင်ပြီး
ကျောက်ရဲ့ တန်ဖိုးကို မေးလိုက်တယ်...

ဈေးသည်က..." ဒီကျောက်တုံးဆိုရင်
လိမ္မော်သီး ၁၂ လုံးတော့ ရမယ်...
ယူမှာလား" ဆိုပြီး ဈေးဖြတ်လိုက်တယ်...

လူငယ်လည်း အဖိုးဖြစ်သူက မရောင်းနဲ့လို့
မှာထားတဲ့ အတွက် ဈေးသည်ကို
တောင်းပန်ပြီး ပြန်ထွက်လာခဲ့တယ်...

ဆက်သွားပြီးမကြာခင်
ဟင်းသီးဟင်းရွက် ရောင်းတဲ့
ဆိုင်တစ်ဆိုင်ကိုတွေ့ပြီး အထက်ပါအတိုင်း
ဈေးသည်ကို ကျောက်တုံးရဲ့တန်ဖိုးကို
မေးလိုက်တယ်...

ဒါနဲ့ ဈေးသည်လည်း ပြောင်လက်နေတဲ့
ကျောက်တုံးကို ကြည့်ပြီး...

"ကျောက်တုံးပေးရင်
အာလူးတစ်အိတ် ရမယ်" ဆိုပြီး
လူငယ်ကို ပြောလိုက်တယ်...

လူငယ်လည်း မရောင်းသေးဘူး
ဆိုတဲ့အကြောင်း တောင်းပန်ပြောဆိုပြီး
ပြန်ထွက်လာ ခဲ့တယ်...

ရှေ့နားမှာ လက်ဝတ်ရတနာ
အရောင်းဆိုင် တစ်ဆိုင်ကို တွေ့ပြီး
ကျောက်တန်ဖိုးကို ၀င်မေးလိုက်ပြန်တယ်...
ဆိုင်ရှင်လည်း ကျောက်တုံးကို မှန်ဘီလူးနဲ့
တချက်ကြည့်လိုက်ပြီး..
"ဒေါ်လာ သန်း ၅၀ ပေးမယ်" ဆိုပြီး
လူငယ်ကို ကမ်းလှမ်း လိုက်တယ်...
လူငယ်လည်း ခေါင်းခါပြီး မရောင်းနိုင်သေးဘူး
ဆိုတဲ့အကြောင်း ရှင်းပြတောင်းပန်ကာ
ဆိုင်ထဲကနေ ပြန်ထွက်လာခဲ့တယ်...

ဒီိလိုနဲ့ ရှေ့ကို ဆက်ပြီး
သွားလိုက်တဲ့ အခါ မှာတော့ အဖိုးတန်
ကျောက်မျက် ရတနာတွေ ရောင်းဝယ်တဲ့
ဆိုင်ကြီး တစ်ဆိုင်ကို တွေ့လိုက်တယ်...

လူငယ်လည်း အလားတူပဲ
ကျောက်ရဲ့တန်ဖိုးကို ဝင်မေးလိုက်တယ်...

ဆိုင်ပိုင်ရှင်က တောက်ပြောင်နေတဲ့
ပတ္တမြားကြီးကို တွေ့လိုက်တဲ့ အခါမှာ
အ၀တ်အနီစ တစ်ခုကို ဖြန့်ခင်းလိုက်ပြီး
အပေါ်မှာ တင်လိုက်တယ်...

ကျောက်တုံး ဘေးပတ်လည်ကို
လှည့်ပတ်ကြည့် လိုက်တယ်... ပြီးတော့
ခါးကို ကိုင်းကာ ကျောက်တုံးကို
သေသေချာချာ စိုက်ကြည့်ရင်း...

"ဒီလောက် အဖိုး မဖြတ်နိုင်တဲ့
ပတ္တမြားကြီးကို ဘယ်ကနေ ရလာတာလဲ"... လို့
လူငယ်ကို မေးလိုက်ပြီး...

"ကမ္ဘာကြီး တခုလုံးကို ရောင်းပြီးတော့
ဝယ်မယ် ဆိုရင်တောင် ဒီလောက် တန်ဖိုးကြီးတဲ့
ပတ္တမြားကြီးကို ၀ယ်နိုင်မှာ မဟုတ်ဘူး"... လို့
တအံ့တသြ ပြောလိုက်တယ်...

လူငယ်လေးလည်း
နားမလည်နိုင်အောင် ဖြစ်ကာ
ကြက်သေသေပြီး အဖိုးဖြစ်သူထံ
ပြန်လာခဲ့ လိုက်တယ်...
အဖိုးကို သူကြုံတွေ့ခဲ့ရတာတွေကို
ပြောပြပြီး တဲ့နောက်...

"ကဲ... အခု.. အဖိုးက ကျနော့ကို
'ဘ၀တန်ဖိုး' ဆိုတာ ဘာလဲ ရှင်းပြပေတော့" လို့
ပြောလိုက်တယ်...

ဒါနဲ့ အဖိုးဖြစ်သူက...

"ဘ၀တန်ဖိုးက ဘာလဲ ဆိုတာ
ငါ့မြေးသွားခဲ့တဲ့ လိမ္မော်သီးဆိုင်၊
ဟင်းသီး ဟင်းရွက်ဆိုင်၊ လက်ဝတ်ရတနာဆိုင်နဲ့
အဖိုးတန် ကျောက်မျက် ရတနာတွေ
ရောင်းဝယ်တဲ့ ဆိုင်တွေက
အဖြေပေးခဲ့ပြီ မဟုတ်လား...

ငါ့မြေးဟာ ဒီလို အဖိုးမဖြတ်နိုင်တဲ့
ကျောက်တုံးတစ်တုံး ဖြစ်ကောင်းဖြစ်မယ်...
ဒါပေမဲ့ လူတွေဟာ သူတို့ရဲ့
ငွေကြေးအခြေအနေ...
ပညာအရည်အချင်း... အသိပညာ
အဆင့်အတန်း... ယုံကြည်ချက်တွေ...
သူတို့ ကျင်လည် ဖြတ်သန်းရတဲ့
ဘ၀တွေပေါ်မှာ အခြေခံပြီး
ငါ့မြေးရဲ့ ဘ၀ကို တန်ဖိုး ဖြတ်ကြလိမ့်မယ်...

လူတွေဟာ သူတို့ အဆင့်အတန်းနဲ့
ယှဉ်ပြီး အခြားသူတွေရဲ့ ဘ၀ကို တန်ဖိုး
ဖြတ်တတ်ကြတယ်... ဒါပေမဲ့ မစိုးရိမ်ပါနဲ့...
ငါ့မြေးရဲ့ ဘ၀တန်ဖိုး အစစ်အမှန်ကို
ထိုးထွင်း သိမြင်နိုင်တဲ့ လူတွေကို
ငါ့မြေး ကျိန်းသေပေါက် ရှာတွေ့မှာပါ...
ကိုယ့်ကိုကိုယ် လေးစားမှု ရှိပါ... '

ငါ့မြေးဟာ... ငါ့မြေးပါပဲ'......။"

"ဘ၀ကို တန်ဖိုးထားတတ်ကြပါစေ..."
______________________________
စာချစ်သူများ အတွက် မျှဝေပါတယ်
ကိုရဲ

06/02/2018

အတိတ်သို့ …ဝန်ခံခြင်း
_________________

ဘယ်တော့မှ…
မချစ်တော့ဘူးဆိုတဲ့ လူတစ်ယောက်ရဲ့ရင်ထဲမှာ
ဘယ်တော့မှ…
မေ့ပစ်လို့မရတဲ့ လူတစ်ယောက်သိမ်းထားတယ်။

ဘယ်တော့မှ…
မငိုတော့ဘူးဆိုတဲ့ လူတစ်ယောက်ရဲ့မျက်ဝန်းမှာ
ဘယ်တော့မှ…
အစားထိုးလို့မရတဲ့ အကြင်နာတွေ ပျောက်ကွယ်ခဲ့တယ်။

ဘယ်တော့မှ…
မလိမ်ညာတော့ဘူးဆိုတဲ့ လူတစ်ယောက်ရဲ့ဘဝမှာ
ဘယ်တော့မှ…
ပြန်မရနိုင်တဲ့ ဆုံးရှုံးမှုတွေ ရှိခဲ့တယ်။

ဘယ်တော့မှ…
နောင်တ,မရှိစေရဘူးဆိုတဲ့ လူတစ်ယောက်ရဲ့အတ္တမှာ
ဘယ်တော့မှ…
မထင်မှတ်ထားတဲ့ ယုံကြည်မှုတွေ ရိုက်ချိုးခံခဲ့ရတယ်။

ဘယ်တော့မှ…
သစ္စာမဖောက်တော့ဘူးဆိုတဲ့ လူတစ်ယောက်ရဲ့စိတ်ထဲမှာ
ဘယ်တော့မှ…
တည်ဆောက်လို့မရတော့တဲ့ နန်းတော်ကြီးတစ်ခု ပျက်သုဉ်းခဲ့ဖူးတယ်။

ဘယ်တော့မှ…
လှည့်မကြည့်တော့ဘူးဆိုတဲ့ လူတစ်ယောက်ရဲ့ဆုံးဖြတ်ချက်မှာ
ဘယ်တော့မှ…
ဖြေဆေးမရှိတဲ့ စိတ်နာခြင်းတွေ မျိုသိပ်ထားတယ်။

အချိန်ဆိုတာ…
အကောင်းဆုံးမေ့ဆေးဆိုပေမယ့် စွဲလမ်းစိတ်နဲ့ ခရီးဆက်နေမိတယ်။
တစ်ခါတစ်လေ…အကြင်နာတွေဖြစ်ပြီး
တစ်ခါတစ်လေ…နာကျင်ခြင်းတွေဖြစ်နေပြန်တယ်။

ဘယ်တော့မှ…
မျှော်လင့်ချက်မရှိတော့တဲ့ အတိတ်ကာလ ပတ်သတ်မှုတွေ အတွေးထဲကို မကြာခဏဝင်ရောက်လာခြင်းက အကြောင်းကံမမှန်လို့ ဖူးစားကံ လွဲချော်ခဲ့ပေမယ့် စစ်မှန်တဲ့အချစ်တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။

"ဘဝဆိုတာ"ဘဝဆိုတာ ကိုယ်လိုချင်တာရဖို့နဲ့ကိုယ်မလိုချင်တာ မရဖို့အမြဲအားပြိုင်နေရတာပဲ။*ဘဝဆိုတာအပူနဲ့အအေးမှာပျော်ရွှင်မှူတွေထက...
23/01/2018

"ဘဝဆိုတာ"

ဘဝဆိုတာ
ကိုယ်လိုချင်တာရဖို့နဲ့
ကိုယ်မလိုချင်တာ မရဖို့
အမြဲအားပြိုင်နေရတာပဲ။*

ဘဝဆိုတာ
အပူနဲ့အအေးမှာ
ပျော်ရွှင်မှူတွေထက် ဝမ်းနည်းမှူတွေကို
ပုံပေးပီး စမ်းသပ်ခံနေရတာက
ဘဝပဲ။**

ဘဝဆိုတာ
အဆိုးတွေချည်းပဲ ကြုံရခြင်းကြောင့်
ကြံ့ခိုင်လာလေ ဖြစ်ပီး
လွတ်မြောက်ရာလမ်းကို ဖောက်ထွက်ခိုင်းတာက
ဘဝပါပဲ။***

ဘဝဆိုတာ
လိုချင်တာတွေ မပေးတတ်ဘဲ
မလိုချင်တာတွေ ပေးတတ်တာက
အရာအားလုံးကိုလက်ခံတတ်လာအောင်
သင်ခန်းစာပေးနေခြင်းက
ဘဝပါပဲ။****

ဘဝဆိုတာ
တစ်​ခါတစ်​​လေမှာ ပြုံးနေရခြင်းထက်
ငိုနေရတဲ့အချိန်တွေ ပိုများနေတတ်တာက
ဘဝပါပဲ။*****

ဘာတွေပဲကြုံတွေ့နေရပါစေ
လက်ခံတတ်အောင် ကြိုးစားပီး
ပျော်အောင်နေနေရခြင်းက
လူသားတိုင်းရဲ့ ဘဝပါပဲ။******

မေတ္တာဖြင့် ♥ ♥ ♥

22/01/2018

ပျော်ရွှင်တယ်ဆိုတာ
======***======

တချို့က ကိုယ်ပိုင်ဆိုင်ရလို့
ပျော်တတ်ကြတယ။်

တချို့ကြတော့ ပေးဆပ်လိုက်ရလို့
ပျော်တတ်ကြတယ်။

ကိုယ်ကပိုင်ဆိုင်ရတဲ့ အခါ
တစ်ဖက်မှာ ဆုံးရှုံးသွားမှာပဲ
ကိုယ့်အတွက် ပျော်ရွှင်မှုဖြစ်နိုင်ရင်လည်း
သူ့အတွက်မဖြစ်နိုင်ပါ

ကိုယ်က စွန့်လွှတ်နိုင်ခဲ့မယ်ဆိုရင်တော့
တစ်ဖက်မှာ ပျော်ရွှင်နေမှာပါ

တကယ်တမ်း အနှောင်ဖွဲ့ကင်းကင်း
ပျော်ရွှင်ချင်ရင်တော့ ပေးဆပ်ခြင်းက
အကောင်းဆုံး ဖြစ်ပါလိမ့်မယ်

အရှင်ဂုဏိန္ဒ(ဓမ္မဝိဟာရ)
page= (ဂုဏအလင်္ကာ)

Address

ဈေးအတက်ဦးသန်းမောင်လမ်း
Myingyan
အမှတ်(၃)ရေတွင်းဝိုင်းအနီးဈေးကုန်းဆင်

Telephone

09782554652

Website

Alerts

Be the first to know and let us send you an email when Lu Aye posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lu Aye:

Share