44 Family

44 Family ကျန်းမာခြင်းသည်လာဘ်တစ်ပါး

21/04/2022
စပါးလင်🌹🌹🌹၁။ ဝမ်းဗိုက်နာကျင်အောင့်ခြင်းဖြစ်လျှင် အရွက်ကို ရေနွေးဖြင့် ကြိုသောက်က ပျောက်၏။၂။ ခြေလက်လှုပ်ရှားမရပါက အရွက်သတ...
27/10/2021

စပါးလင်
🌹🌹🌹
၁။ ဝမ်းဗိုက်နာကျင်အောင့်ခြင်းဖြစ်လျှင် အရွက်ကို ရေနွေးဖြင့် ကြိုသောက်က ပျောက်၏။

၂။ ခြေလက်လှုပ်ရှားမရပါက အရွက်သတ္တုရည်ကို လိမ်းပေးပါက ပျောက်၏။

၃။ အဖျားရောဂါနှင့် နှာစေး ချောင်းဆိုးရောဂါများအတွက် အရွက် ၁ဝ ကျပ်သား၊ ရေ ၄ဝ ကျပ်သား ထည့်ပြီးနောက် ၁ဝ ကျပ်သား ကျန်အောင်ကြိုပြီးသောက်က ပျောက်၏။

၄။ အဆစ်အမြစ်ရောင်ပါက အဆီကို လိမ်းပေးပါက ပျောက်ကင်းစေပါသည်။

၅။ ဆံပင်ကျွတ် ခေါင်းပြောင် သူများ စပါးလင်ဆီနေ့တိုင်းလိမ်း ပေးပါက ဆံပင်များပြန်ပေါက်ပါ သည်။

၆။ အရေပြားရောဂါ ဝဲနာ၊ ယားနာ၊ ပွေးနာများပေါ်သို့ စပါးလင်အဆီ လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။

စပါးလင်နှင့်ပတ်သက်၍ လို အပ်သလို အသုံးပြုနိုင်ရန် ဖော်ပြလိုက်ပါသည်။

အစွမ်းထက် အဆုတ်ဆေး

21/10/2021
21/10/2021
ထုံကျဉ်ကိုက်ခဲသူတွေအတွက် အိမ်တွင်းဖြစ် အစွမ်းထက် လိမ်းဆေးတလက် 💙💕အထူးသဖြင့် အထိုင်သမားများ၊ ရုံးသမား၊ စက်ချုပ်စသည်ဖြင့် စ...
19/10/2021

ထုံကျဉ်ကိုက်ခဲသူတွေအတွက်
အိမ်တွင်းဖြစ် အစွမ်းထက် လိမ်းဆေးတလက် 💙💕

အထူးသဖြင့် အထိုင်သမားများ၊ ရုံးသမား၊ စက်ချုပ်စသည်ဖြင့် စားဝတ်နေရေးအတွက် နံနက်မှသည်ညနေဆီတိုင် အလုပ်ခွင်တွင် ထိုင်ကြရပါသည်။ ကြာလာတော့ ခြေထောက်၊ ဒူးနှင့်ပေါင်က ထုံကျဉ်လာတတ်တော့သည်။ တစ်နေရာတွင် ကြာကြာမထိုင်နိုင်ပါ။ခါးအောက်ပိုင်း လေးလံပြီး မသယ်ချင်ဖြစ်နေသူများအတွက် လိမ်းဆေးလေးဖော်ပြပေးလိုက်ပါတယ်။

(၁) ဂျင်းတက် … ၁တက်။

(၂) စပါးလင် … ၅ပင် အမြစ်ပါယူက ပိုကောင်းပါသည်။ (ရေစင်အောင်ဆေးပါ)။

ထိုနှစ်မျိုးကို ဆုံကိုသန့်အောင် ပြုလုပ်ပြီး မညက်တညက်လေး ထောင်းပါ။ ထိုဂျင်းတက်နှင့်စပါးလင် ထောင်းထားသည့်ထဲသို့ သံပုရာသီး(၂)လုံးလောက် အရည်ညှစ်ထည့်ပြီး လက်ဖြင့်နယ်ပေးပါ။ ပေါင်းစပ်ထားသော ညှစ်ရည်များ ထွက်လာပါမည်။

ထိုညှစ်ရည်ဆေးကို ညအိပ်ရာဝင်ချိန်တွင် ပေါင်တံရင်းမှ ခြေဖျားအထိ အထက်မှ အောက်သို့ပူလာတိုင်းလိမ်း လူးပေးပြီးမှ အိပ်ရာဝင်ပါ။

(၃)ရက် (၄)ရက်ဆက်တိုက် နေ့တိုင်းလိမ်းပေးပါ။ ထုံကျဉ်မှုများ ပျောက်ကင်းသွားပါလိမ့်မည်။လက်တွေ့အကျိုးရှိသော နည်းလေးဖြစ်ပြီး၊ စပါးလင်၊ ဂျင်းနှင့်သံပုရာရည်တို့မှာ ရှာဖွေရလွယ်ကူသော အိမ်မီးဖိုချောင်းသုံး ပစ္စည်းများဖြစ်ပါသည်။

 #တောင်ပို့''မှို''ဖောက်နည်း အကြောင်း သိကောင်းစရာ  #ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သ...
08/10/2021

#တောင်ပို့''မှို''ဖောက်နည်း အကြောင်း သိကောင်းစရာ

#ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သား အားလုံး တပိုင်တစ်နိုင်လုပ်ကိုင်နိုင်သလို မြေဧကအနည်းရှိသူတွေအတွက်လည်းစီးပွာဖြစ်ထုပ်လုပ်ရောင်ချနိုင်ပါတယ်။

သဘာဝနည်းဖြစ်တာကြောင့်ဓာတုဗေဒဆေးဝါးကင်းတာကြောင့် စားသုံးသူများအန္တရယ်မရှိယုံသာမက အနံ့အရသာဟာလည်းသဘာဝမှိုကဲ့သို့ စိမ့်ချိုနေစေမှာပါ။

#နည်းမှာ ပါဝင်ပစ္စည်း ၃ မျိုးသာရှိပြီးမိမိပတ်ဝန်းကျင်မှာအလွယ်တစ်ကူရှာဖွေရလွယ်ပါတယ်

၁။ ခြတောင်ပို့ အတွင်းပိုင်းမှမြေသား ၂၀ သားခန့်

၂။ ထမင်းဖြူ ၆၅ ကျပ်သား(တစ္ကီလို)

၃။ ရေ၂လီတာ(ရေသန့်ဗူး၂ဘူး)တို့ဘဲဖြစ်ပါတယ်

ပထမဦးစြာ တောင်ပို့မြေ နဲ့ ထမင်းဖြူ တို့ကိုဇလုံတစ်ခုထဲမှာရောထည့်ပြီး သမအောင်မွှေပေးရပါမယ်

ထို့နောက် ရေ ကိုဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန်ဘူး ၂ဘူးစာကုန်တဲ့အထိ မွှေပေးရပါမယ်
ပြီးနောက် ထိုဇလုံကိုနေရောင်ခြည်တိုက်ရိုက်မကျတဲနေရာ မပူလွန်းမအေးလွန်း တဲ့နေရာမှာ ၇ ရက်ခန့်ထားရပါမယ်။ကိုဝေယံဦး(စိုက်ပျိုးရေး အေထြေထြ)

ထိုအတောအတွင်းဇလုံကိုရွှေ့ပြောင်းခြင်းမပြုဘဲငြိမ်သက်စွာထာရမှာပါ
၇ ရက်ကျော်တဲအခါ ဇလုံ ရဲ့မျက်နှာပြင်ပေါ်မှာအမြှုပ်အဖတ် ဖြူဖြူမဲမဲများတက်လာတာကိုတွေ့ရပါမယ် အဲဒါဟာ မှို ဖောက်ဖို့ ကျူလ္လင်စီ တွေဘဲဖြစ်ပါတယ် (တနည်းအားဖြင့် မှို မျိုးစေ့တွေဘဲဖြစ်ပါတယ်)

ထိုမှို မျိုးများအားခပ်ယူ၍ အစိုဓာတ်ရှိသော မြေဆွေးပုံ ကောက်ရိုးဆွေး ပုံ သစ်ပင်အောက်ရှိမြေဆွေး တွေအပေါ်နှံစပ်အောင်ချထားပေးပြီးထားရပါမယ်

မှိုမျိုးစေ့များချထားသောနေရာအား ၇/၈ ရက်တစ်ကြိမ်ရေစိုရုံသာဖျန်းပေးရုံဖြင့် အနံ့အရသာနှင့်ပြည်စုံတဲ့တောင်ပို့ မှို တနည်း ကောက်ရိုးမှိုတို့ကို လြယ္ကူစြာ စားသုံးနိုင်ပြီးပိုလျှံပါကရောင်းချ၍ဝင်ငွေတိုးစေမှာပါ။

#ပန်းအိုးများအတွင်းမြေဆွေး ထည့်၍စိုက်ပျိုးနိုင်ပါတယ်

(အကယ်၍ ကျူလင်စီများ ပိုလျှံနေပါက ဌင်းကျူလင်စီ ရေသန့်ဘူး တစ္ဗူးစာကို ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး အပင်များပေါ်ဖျန်းပေးခြင်းဖြင့်၄င်း မှိုမျိူးစေချထားသောနေရာများအားပက်ဖျန်းခြင်းဖြင့် အပင်များရှင်သန်ကြီးထွားစေသောမြေဩဇာကဲသို့အသုံးပြုနိုင်ပါသည်။crd

#ပြန်လည်မျှဝေပေးပါသည်။မျှဝေပေးရုံသက်သက်ပါ

25/09/2021

ထိုင်း၅ထပ်အောင်မဲညိုအော်ဒါတွေ စပို့နေပြီနော်
အလှည့်ကျပို့ပေးနေလို့ စိတ်ရှည်ပေးနော်တျဲတို့

20/09/2021
"သြဇာ(၃)ရွက် သွေးတိုးပြတ်"🌿🌿🌿🌿🌿🌿🌿 ရဲမျိုးသူ (ဗောဓိမြိုင်)                                  🌿🌿🌿🌿🌿🌿 🌿အမျိုးမျိုးအကြောင်းကြ...
20/09/2021

"သြဇာ(၃)ရွက် သွေးတိုးပြတ်"
🌿🌿🌿🌿🌿🌿🌿 ရဲမျိုးသူ (ဗောဓိမြိုင်)
🌿🌿🌿🌿🌿🌿

🌿အမျိုးမျိုးအကြောင်းကြောင့်
သွေးတိုးနေကြသည်။
သွေးတိုးရှိသူတို့
သွေးတိုးအမြစ်ပြတ်စေရန်
ဆေးရွက်သည်ကား
သြဇာရွက်ဖြစ်ကြောင်း
ဘိုးတော်သိန်းပြောဖူးသည်။

"သွေးတိုး....
အရိပ်အယောင်မြင်တာနဲ့
သြဇာရွက်ကို
ဘုရားဆေး
တရားဆေး
သံဃာဆေးအဖြစ်နဲ့
နေ့တိုင်းဝါးစားတာပဲ"
"ဆေးဆိုတော့ ...
သကြားလုံးလိုတော့
ဘယ်ချိုမလဲ
ငါပြောသလိုသာလုပ်
သွေးတိုးတယ်ဆိုတာ
မကြားစေရပါဘူးကွာ"

🌿နက္ခတ္တရောင်ခြည်
=============
နေ့စဉ်အရက်သောက်
အလုပ်အလုပ်ပင်ပန်းခြင်းကြောင့်
အအိပ်အစားပျက်သူ
"မူးတယ်မူးတယ်"ဆိုကာလှဲသွား၏။
အကြောင်းက....
သွေးတိုးခြင်းဖြစ်သည်။
သွေးတိုးကျဆေးမရှိ
အရေးပေါ် ...
အသက်ကယ်လိုက်သည်က
သြဇာရွက်ဖြစ်သည်ဆိုသည်။
အရွက်၄-၅ရွက်
ခူးပြီး ဝါးစေ၍
ရေအေးဖြင့်တိုက်လိုက်ခြင်းသာ။
အမှန်ပင် ...
သက်သာပျောက်ကင်းခဲ့သည်။
ထိုဆေးရွက်က...
သြဇာရွက်သာဖြစ်သည်။
သြဇာ၃ရွက်မှန်မှန်စားပါက
သွေးတိုးစေခြင်း
အရှင်းကင်းပါကြောင်း
သိမီသမျှ။
စာကိုး။ နက္ခတ္တရောင်ခြည် အမှတ်၃၆၈
သွေးတိုးရောဂါအတွက်သြဇာရွက်

to Original Writer.
🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲

Address

44
Myawadi
10800

Telephone

+959775097835

Website

Alerts

Be the first to know and let us send you an email when 44 Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share