06/02/2025
ကိုယ်ဝန်ဆောင်မိန်းမတစ်ယောက်က
သူ့ခင်ပွန်းကို မေးလိုက်တယ်။
"မောင် ဘာမျှော်လင့်နေလဲ၊
သားလေးလား၊ သမီးလေးလား။"
ခင်ပွန်းက ပြန်ဖြေလိုက်တယ်။
"သားလေးဆိုရင် သူ့ကို သင်္ချာသင်ပေးမယ်၊
အားကစားလုပ်တာ သင်ပေးမယ်၊
ငါးမျှားတတ်အောင် သင်ပေးမယ်၊"
အမျိုးသမီးက ရယ်မောပြီး
"ဒါဆို သမီးလေး ဆိုရင်ရော။"
ခင်ပွန်းက ပြုံးလိုက်ရင်း
"သမီးလေးဆိုရင် ငါဘာမှသင်ပေးစရာ မလိုဘူး။
သူက ငါ့ကို အရာရာသင်ပေးမှာ။
ဘယ်လို ဝတ်ဆင်ရမယ်၊ ဘာစားရမယ်၊
ဘာပြောရမယ်၊ ဘာမပြောရဘူး
ဆိုတာ သူသင်ပေးမှာ။
မကြာခင်မှာ သူက ငါ့အတွက်
ဒုတိယမိခင်တစ်ယောက်လို ဖြစ်လာမယ်။
ဘာမှ အထူးအထွေ သူ့အတွက်လုပ်စရာမလိုဘဲ
သူက ငါ့ကို သူရဲကောင်း လို့အမြဲထင်မှာ။
ငါ ငြင်းဆန်ရင်လည်း သူ နားလည်ပေးမယ်။
နောက်ပြီး သူ့အနာဂတ်ခင်ပွန်းကို ငါနဲ့ယှဉ်ပြီး ကြည့်မှာ။
သူ ကြီးလာရင်တောင်
သူက ငါ့ကို သူ့ရဲ့ကလေးငယ်လေးလို ဆက်ဆံချင်နေမှာ။
ငါ့အတွက် ကမ္ဘာကြီးနဲ့တောင် သူ တိုက်ပွဲဝင်မှာ။
တစ်ယောက်ယောက်က ငါ့ကိုထိခိုက်ရင်
သူ ဘယ်တော့မှ မခွင့်လွှတ်ဘူး။"
အမျိုးသမီးက နည်းနည်းစဉ်းစားပြီး မေးလိုက်တယ်။
"ဒါဆို မင်းသမီးက ဒါတွေအားလုံး လုပ်ပေးမယ်၊
သားက မလုပ်ပေးဘူးလား။"
ခင်ပွန်းက ပြောလိုက်တယ်။
"မဟုတ်ဘူး၊ မဟုတ်ဘူး။
ငါ့သားလည်း ဒါတွေ လုပ်ပေးနိုင်ပါတယ်။
ဒါပေမယ့် သူ့ကို အချိန်နဲ့အမျှ သင်ပေးရမှာ။
ဒါပေမယ့် သမီးတွေကတော့
ဒီအရည်အသွေးတွေနဲ့ မွေးလာကြတာ။
သမီးတစ်ယောက်ရဲ့ဖခင်ဖြစ်တာက
ယောက်ျားတိုင်းအတွက် ဂုဏ်ယူစရာပါပဲ။"
အမျိုးသမီးက ထပ်ပြောလိုက်တယ်။
"ဒါပေမယ့်
သူက ငါတို့နဲ့ တစ်သက်လုံးမနေနိုင်ဘူးလေ။"
ခင်ပွန်းက နူးညံ့စွာနဲ့ ပြန်ပြောလိုက်တယ်။
"ဟုတ်တယ်၊
ဒါပေမယ့် သူ့နှလုံးသားထဲမှာ ငါတို့ အမြဲရှိနေမှာ။
သူ ဘယ်ကိုသွားသွား ငါတို့က သူနဲ့အတူ ရှိနေမှာပါ။"
သမီးတွေက ကောင်းကင်တမန်လေးတွေပါ...
သူတို့က မွေးကတည်းက
ချစ်ခြင်းမေတ္တာနဲ့ စောင့်ရှောက်မှုတွေကို
သယ်ဆောင်လာကြတာ၊ အမြဲတမ်းပါပဲ။
ဒီစာကို သမီးတွေရှိတဲ့ ဖခင်တိုင်းအတွက် ရည်စူးပါတယ်။