16/07/2026
📘ဘ၀မှာမဖြစ်မနေဖတ်သင့်တဲ့ စာအုပ်တွေထဲကတစ်အုပ်ဖြစ်တဲ့ 21 lessons for the 21st Century
စာအုပ်လေးကဘာလို့မဖြစ်မနေဖတ်သင့်လဲဆိုတဲ့ စာအုပ်အကျဉ်းမပြောခင် ဒီစာအုပ်လေးကို ဒီစာအုပ်လေးကဘာလို့ နာမည်ကြီးလဲဆိုတာကိုအရင်ပြောပြပေးချင်ပါတယ်။
💯ဒါလေးကBill Gates ရဲ့အကြိုက်ဆုံး စာအုပ် ၅ အုပ်ထဲကတစ်အုပ်၊ ဖတ်ပြီးတဲ့သူတိုင်း သဘောကျတဲ့စာအုပ်ဖြစ်တဲ့အပြင် Best sellerပါရထားတဲ့ စာအုပ်လေးပါ။
ကဲဒါဆို ဒီစာအုပ်လေးအကြောင်းအနည်းငယ်ကို အမြည်းပြောပြမယ်နော်။
❌ပထမဆုံးစာအုပ်ခေါင်းစဉ်ကိုမြင်လိုက်တာပြီး ဒီ 21 ရာစုမှာ ကိုယ်ဘယ်လိုရှင်သန်နေထိုင်မလဲဆိုတဲ့ motivation တွေပြောထားမယ်ဆိုပြီးတွေးလိုက်ရင်မှားမယ်နော်။
ကျွန်တော်လည်းစဖတ်ခါစကအဲ့လိုထင်ခဲ့တာကို။ တကယ်တော့ ဒီစာအုပ်က အဲ့တာထက်ပိုပါတယ်။
⁉️စာအုပ်ထဲမှာ အခုခေတ် လူတွေအငြင်းပွားဖွယ်မေးခွန်းတွေကို သူ့အမြင်တွေနဲ့ဖော်ပြထားတယ်။
ပြီးတော့ သူ့ရဲ့ထင်မြင်ချက်စကားဝိုင်းမှာပါ လူတွေဖတ်ပြီး ပါ၀င်ဆွေးနွေးနိုင်စေဖို့ ဖိတ်ခေါ်ထားတယ်။
💭ဒီစာအုပ်ဘယ်လိုအကြောင်းအရာတွေပါလဲဆိုရင်
➖➖➖➖➖
✅ နည်းပညာတွေဖွံ့ဖြိုးတိုးတက်လာမှုက နောင်တစ်ချိန်မှာ လူတွေကိုအလုပ်လက်မဲ့ ဖြစ်စေမလား
✅ Social media တွေကြောင့် အမျိုးသားရေးပြဿနာ (ဘာသာရေး၊ အကြမ်းဖက်မှု) အစရှိတာတွေဖြစ်လာတဲ့အကြောင်း
✅အခုချိန်မှာဘ၀ရဲ့အဓိပ္ပာယ်ကိုဘယ်လိုရှာဖွေရမလဲ
✅ကိုယ့်ကလေးတွေကို Logical thinking ပိုင်းဆိုင်ရာကိုဘယ်လိုမျိုးသင်ပေးရမလဲ
✅အရင်တုန်းက ဖြစ်ပျက်ခဲ့တာတွေ၊ ကမ္ဘာစစ်တွေ၊ ဘာသာရေးကြောင့် ဖြစ်ပျက်ခဲ့တဲ့ တိုက်ပွဲတွေ၊ အုပ်ချုပ်ရေး ပြောင်းလဲမှုတွေအကြောင်းတွေကိုပြောပြထားတယ်။
ဒါတွေကသူတင်ပြခဲ့တဲ့အချက်တွေထဲကတချို့ပဲရှိပါသေးတယ်။ လူမျိုးရေး၊ဘာသာရေး၊နိုင်ငံရေး၊ ပညာရေး အစရှိတဲ့ မေးခွန်းတွေကို ကျိုးကြောင်းဆီလျော်စွာရေးဖွဲ့ထားတယ်။
🪖လူတွေအတိတ်မှာလုပ်ခဲ့မိတဲ့သင်ခန်းစာတွေကိုသင်ယူပြီး နောင်တစ်ချိန်မှာ အကောင်းဆုံးသောကမ္ဘာကို ဖန်တီးနိုင်စေဖို့ရည်ရွယ်ပြီး ရေးသားခဲ့တဲ့စာအုပ်ကောင်းလေး တစ်အုပ်ပါ။
ပြီးတော့လည်း စာရေးသူရေးထားတာကို ကိုယ်ကောသဘောတူလားဆိုတဲ့ ကိုယ့်ရဲ့အထင်အမြင်ကို တစ်ခန်းဖတ်ပြီးတိုင်း တစ်ခန်းစဉ်းစားရတာကအသက်ပဲ။
💭ကျွန်တော့်လို့အတွေးနယ်ချဲ့တတ်တဲ့သူ၊ ကမ္ဘာတစ်ဝှမ်းလုံးမှာဖြစ်ပျက်နေတဲ့အကြောင်းအရာကို စိတ်၀င်စားသူ၊ စူးစမ်းတတ်တဲ့သူတွေ မဖြစ်မနေဖတ်သင့်တဲ့စာအုပ်တစ်အုပ်။
လက်ထဲကမချချင်လောက်အောင် ဖတ်လို့ကောင်းမယ်ဆိုတာတော့ရဲရဲကြီးအာမခံတယ်။
🔶ဈေးနှုန်း🔶
➖➖➖➖
စာရွက်တွေကလည်း အရည်အသွေးကောင်းပြီး Hardcover စာအုပ်အဖုံးနဲ့ Original bookပုံစံအတိုင်းဖြစ်အောင်ဖန်တီးထားတဲ့အတွက် 21 lessons for the 21st Century စာအုပ်လေးကဈေးကြီးပါတယ်။
▪️26500 MMK
ကိုယ့်ရမယ့်ဗဟုသုတ၊ အတွေးအခေါ်တွေကိုယ့်ရဲ့ Critical, logical thinking တွေတိုးတက်နိုင်ဖို့ဆိုရင် 26500 ကဘာမှတောင်မဟုတ်တော့ဘူးနော်။