Shwe Pyi Soe - Air Ticket Agent

Shwe Pyi Soe - Air Ticket Agent ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ်များကို ယုံကြည်စွာနှင့်စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ပါသည်။

မြန်မာနိုင်ငံသားတွေ အသွားအများဆုံး  မြို့ ၃ မြို့အတွက် အနိမ့်ဆုံး လေယာဉ်လက်မှတ် စျေးနှုန်းတွေကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗ...
26/07/2024

မြန်မာနိုင်ငံသားတွေ အသွားအများဆုံး မြို့ ၃ မြို့အတွက် အနိမ့်ဆုံး လေယာဉ်လက်မှတ် စျေးနှုန်းတွေကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
ကိုယ်သွားမယ့်နေရာပေါ်မူတည်ပြီး လိုအပ်တဲ့ မေးခွန်းတွေကို အားမနာတမ်းမေးနိုင်ပါတယ် ခင်ဗျာ။
Fly with MNA
ရန်ကုန်- ဘန်ကောက် (One Way 300,000)
ရန်ကုန်- ဘန်ကောက်-ရန်ကုန် (Round Trip 516,000) မှစပြီး
ရန်ကုန်- ချင်းမိုင် (One Way 345,000 )
ရန်ကုန်-ချင်းမိုင်- ရန်ကုန် (Round Trip 696,000 )မှစပြီး
ရန်ကူန်-စင်ကာပူ (One Way 620,000)
ရန်ကူန်-စင်ကာပူ -ရန်ကုန် (Round Trip 1,260,000) မှစပြီး
Baggage allowance
Inflight Meal
Fly with MAI
ရန်ကုန်-ဘန်ကောက် $ 78.55 (One Way) မှစပြီး
ရန်ကုန်-ချင်းမိုင် $98.55 (One Way) မှစပြီး
ရန်ကုန်- စင်ကာပူ $ 158.25 (One Way) မှစပြီး
ရန်ကုန်-ကွာလာလမ်ပူ $ 133.25 (One Way) မှစပြီး
Baggage allowance
Inflight Meal
အထက်ပါ စျေးနှုန်းတွေက အနိမ့်ဆုံးစျေးနှုန်းတွေ ဖြစ်ပြီး ခရီးစဉ်ရက်နဲ့ လက်မှတ်ဝယ်ယူချိန်ပေါ်မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်ခင်ဗျာ

Viber/Phone - 09420034237



✈လေဆိပ်မှာ မျက်စိလည်ပြီးဒုက္ခမရောက်နေစေဖို့✈❤️❤️❤️❤️❤️❤️❤️❤️❤️❤️နိုင်ငံခြားသွားနေကျ မဟုတ်ရင် လေဆိပ်အတွင်း မျက်စိလည်မှာ စ...
26/07/2024

✈လေဆိပ်မှာ မျက်စိလည်ပြီးဒုက္ခမရောက်နေစေဖို့✈
❤️❤️❤️❤️❤️❤️❤️❤️❤️❤️

နိုင်ငံခြားသွားနေကျ မဟုတ်ရင် လေဆိပ်အတွင်း မျက်စိလည်မှာ စိုးရိမ်တဲ့စိတ် အနည်းနဲ့အများ ရှိကြမယ်ထင်တယ်။ခရီးခဏခဏ သွားတဲ့သူတွေတောင် ခုချိန်ထိ လေဆိပ်အတွင်း Sign တွေလိုက်ကြည့်ပြီးပဲ သွားရတာပါ။ Dubai, Doha နဲ့ Kuala Lumpur တို့လို Transit အဝင်အထွက်များတဲ့ Airport တွေဆို Terminal တစ်ခုနဲ့တစ်ခုကူးဖို့ လေဆိပ်အတွင်း Bus နဲ့ Mini Train တွေတောင် ရှိတတ်ပါသေးတယ်။ ဒါပေမယ့် နိုင်ငံတကာက လေဆိပ်တွေအားလုံးရဲ့ အဆင့်ဆင့်ဖြတ်ကျော်ပုံက အတူတူပဲမို့ အထောက်အကူဖြစ်အောင် ဒီ Content လေး ရေးပေးလိုက်ပါတယ်၊ အသုံးလိုတဲ့အခါ ထုတ်ကြည့်လို့ ရအောင်ပေါ့...။

💥အဆင့် (၇) ဆင့်ကို အလွတ်မှတ်ထားပါ 💥

၁။ Check-in Counter သွားမယ်
အရင်ဆုံး ကိုယ့်လေယာဥ် ဘယ် Terminal ကစီးရမှာလဲ သိရမယ်၊ အဲ့တာကလည်း Flight Ticket ထဲ ပါမှာမို့ စိတ်ပူစရာမလိုပါ။ ထွက်ခွာဆို Departure ကိုသွားပြီး ဆိုက်ရောက်က Arrival ပါ။ Departure Terminal အတွင်း ကြိုက်တဲ့ Gate ကဝင်ပြီး အရင်ဆုံးလုပ်ရမှာ Airline Check-in Counter ရှာရပါမယ်၊ လေဆိပ်တွေမှာ အပေါက်ဝဝင်ဝင်ချင်း LED Board တွေနဲ့ ဘယ် Airline Counter ကတော့ ဘယ် Roll မှာ A, B, C စသဖြင့် ရေးထားလို့ အဲ့မှာကြည့်ပြီး Sign အတိုင်းလိုက်သွားပါ၊ ကိုယ်စီးရမယ့် Flight နံပါတ် ပြထားတဲ့ Counter တွေ့ရင် တန်းစီ Passport ပေးပြီး Luggage အပ်၊ Check-in ဝင်ပါ။ Luggage အပ်တဲ့အခါ ကွဲတတ်တာတွေပါရင် တစ်ခါတည်းပြောပါ၊ Battery ပါတဲ့ Power Bank လို ပစ္စည်းတွေကတော့ ကိုယ်နဲ့အတူ လေယာဥ်ပေါ် Hand Carry သယ်သွားပါ။ မတော်တဆပါသွားခဲ့ရင် လေယာဥ်ပေါ်ရောက်ပြီးမှ ကိုယ့်နာမည်ခေါ်ပြီး ပြန်လာထုတ်ခိုင်းလို့ အရမ်းကို အလုပ်ရှုပ်တဲ့အပြင် လေယာဥ်ပါ Delay ဖြစ်နိုင်တာမို့ အထူးဂရုစိုက်ပါ။ (ခုက Traditional နည်းပဲ ရေးထားပါတယ် Online နဲ့ Self Check-in နည်းတွေပါရေးရင် ရှည်သွားမှာမို့ ဒီလောက်ပဲမှတ်ထားရင် ရပါပြီ)

၂။ Immigration ဖြတ်မယ်
Check-in ဝင်ပြီးပြီဆို ကိုယ်လေယာဥ်စီးရမယ့် လက်မှတ် Boarding Pass ရလာပါမယ်၊ အဲ့တာရပြီးပြီဆို လူဝင်မှုကြီးကြပ်ရေး Immigration ဆိုပြီး ရဲပုံလေးနဲ့ Sign နောက်ကို သွားပါ၊ ဒါမှမဟုတ် To Gates ဆိုတာနောက် လိုက်သွားလည်း ရပါ၏၊ ကိုယ်ဒီနိုင်ငံက ထွက်ခွာသွားပြီဆိုတဲ့ တုံးထုပေးဖို့ပါပဲ စိတ်ပူစရာမလို ကြောက်စရာမလို။ ကိုယ်သွားမယ့်နိုင်ငံက မြန်မာနိုင်ငံသားတွေအတွက် Visa လိုတယ်ဆို ဒီနေရာမှာ စစ်ပါတယ်၊ မြန်မာပြည်က Departure Card ဆိုတာ ဖြည့်ရလို့ Check-in Counter မှာရလာတဲ့ Card ကိုဖြည့်ပြီး Immigration မှာပေးခဲ့ပါ။

၃။ Security စစ်မယ်
Immigration ကို ဖြတ်လာပြီးရင်တော့ လေယာဥ်စီးရမယ့် Gate တွေကို မရောက်ခင် ကိုယ့်ကိုရော လေယာဥ်ပေါ်ယူသွားမယ့် Hand Carry ကိုပါ Security စစ်ပါမယ်၊ ဒီနေရာမှာ အရည်ပါတဲ့ပစ္စည်းတွေ 100ml ထက်ပိုပြီး သယ်မရပါ Skincare ဘူးကြီးတွေဆိုလည်း အကုန်ထားခဲ့ရမှာမို့ Luggage အကြီးထဲထည့်ပေးလိုက်ဖို့ မမေ့ပါနဲ့။ လိုအပ်ချက်ပေါ် မူတည်ပြီး ဖိနပ်၊ ဦးထုပ်၊ အနွေးထည်နဲ့ ခါးပတ်တွေပါ ချွတ်ခိုင်းမှာမို့ သူတို့တောင်းဆိုတဲ့အတိုင်း လုပ်ပေးပြီး အစစ်ဆေးခံပါ။

၄။ စီးရမယ့် Gate ရှာမယ်
ဒီနေရာကို ရောက်လာပြီဆို စိတ်နည်းနည်းအေးရပါပြီ... To Gates ဆိုတဲ့ ဆိုင်းဘုတ်တွေနောက် လိုက်သွားပါ၊ Boarding Pass ပေါ်က ကိုယ်စီးရမယ့် Gate နံပါတ်ကို လိုက်ရှာပြီး Boarding Time မခေါ်ခင်ထိ Duty Free Area ထဲ သွားချင်တဲ့နေရာသွားပြီး စျေးဝယ် မုန့်စား ကော်ဖီသောက်ရင်း စောင့်ဆိုင်းရုံပါပဲ။ တစ်ခုသတိထားရမှာက Last Minute မှ Gate ပြောင်းတတ်လို့ ကိုယ့် Gate ကိုတော့ အမြဲ Check နေပါနော်။

၅။ လေယာဥ်ပေါ်တက်မယ်
Boarding ခေါ်တဲ့အခါ အသံနဲ့ကြေငြာပါတယ်၊ အများအားဖြင့် Business Class က အရင်ဝင်ရပြီး Economy Class ကတော့ သူပြီးရင် ဝင်ရပါတယ်၊ လေယာဥ်အတွင်းရောက်ပြီဆို ကိုယ့်ရဲ့ Seat နံပါတ်အတိုင်း လိုက်ရှာပြီး ထိုင်ပါ။ ကိုယ် Window Seat ဆို ကိုယ့်နံပါတ်ဘေးမှာ လေယာဥ်ပြတင်းပေါက်ပုံလေး ပြထားပါလိမ့်မယ်၊ မဟုတ်ရင်တော့ ဆန့်ကျင်ဘက်ခုံပေါ့။

၆။ Immigration ဖြတ်မယ်
Landing ဖြစ်ပြီး လေယာဥ်ပေါ်က ပြန်ဆင်းရပြီဆို Arrival ဆိုတဲ့ Sign အတိုင်းလိုက်သွားပါ၊ အရင်ဆုံး Immigration ဖြတ်ရမှာအပြင် တခြားမရှိပါ၊ ကိုယ့်မှာပါတဲ့ စာရွက်စာတမ်းတွေပြ၊ Officer က တုံးထု၊ လိုအပ်တဲ့ Scan ဖတ်တာတွေလုပ် ပြီးရင် သူတို့နိုင်ငံအတွင်း ဝင်လို့ရပါပြီ။ လေဆိပ်သွားရင် သပ်သပ်ရပ်ရပ်ဝတ်စားသွားဖို့ အရေးကြီးတယ်ဆိုတာ ဒီနေရာမှာ အရမ်းစကားပြောပါတယ်၊ ကိုယ့်ကိုမသင်္ကာရင် မသင်္ကာသလို ရစ်နိုင်လို့ ကိုယ်ကကြောက်နေတဲ့ပုံ မနေသင့်ပါဘူး၊ ပုံမှန်အားဖြင့်တော့ ဒီတိုင်းတုံးထုပေးပြီး မစစ်လိုက်တာများပါတယ်၊ ကျန်တာတော့ ကိုယ့်ကံပေါ့။

၇။ Baggage Claim မယ်
နောက်ဆုံးအဆင့်ရောက်ပါပြီ၊ Immigration က ထွက်တာနဲ့ ကိုယ့်ရဲ့ Flight က ဘယ်နံပါတ်မှာ Luggage တွေ ချပေးမလဲဆိုတာ ကြည့်ရမယ့် LED Board ကို ရှာပါ။ အဲ့မှာကြည့်ပြီး အထုပ်စောင့်ယူပြီးပြီဆိုရင်တော့ လိုအပ်တဲ့ Sim Card ဝယ်၊ ကိုယ်ဆက်သွားမယ့်နေရာ ဆက်သွားနိုင်ပါပြီ။
ဒီအဆင့်တွေအားလုံးက ကျော်စရာလည်းမလိုသလို ကျော်လို့လည်း မရပါဘူး... စိတ်ချမ်းသာပြီး အရာရာ အဆင်ပြေတဲ့ ခရီးစဥ်တွေ ဖြစ်ကြပါစေ....

------------------

Crd_ Original Uploader

အိမ်နီးချင်းနိုင်ငံတွေကို ခရီးသွားမယ်ဆို   Fly with MNA ရန်ကုန်- ဘန်ကောက် (One Way 300,000)ရန်ကုန်- ဘန်ကောက်-ရန်ကုန် (Ro...
10/07/2024

အိမ်နီးချင်းနိုင်ငံတွေကို ခရီးသွားမယ်ဆို
Fly with MNA
ရန်ကုန်- ဘန်ကောက် (One Way 300,000)
ရန်ကုန်- ဘန်ကောက်-ရန်ကုန် (Round Trip 516,000) မှစပြီး
ရန်ကုန်- ချင်းမိုင် (One Way 345,000 )
ရန်ကုန်-ချင်းမိုင်- ရန်ကုန် (Round Trip 696,000 )မှစပြီး
ရန်ကူန်-စင်ကာပူ (One Way 920,000)
ရန်ကူန်-စင်ကာပူ -ရန်ကုန် (Round Trip 1,776,000) မှစပြီး
Baggage allowance
Inflight Meal

Fly with MAI
ရန်ကုန်-ဘန်ကောက် $ 78.55 (One Way) မှစပြီး
ရန်ကုန်-ချင်းမိုင် $98.55 (One Way) မှစပြီး
ရန်ကုန်- စင်ကာပူ $ 158.25 (One Way) မှစပြီး
ရန်ကုန်-ကွာလာလမ်ပူ $ 133.25 (One Way) မှစပြီး
Baggage allowance
Inflight Meal
အထက်ပါ စျေးနှုန်းတွေက အနိမ့်ဆုံးစျေးနှုန်းတွေ ဖြစ်ပြီး ခရီးစဉ်ရက်နဲ့ လက်မှတ်ဝယ်ယူချိန်ပေါ်မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်ခင်ဗျာ

Ph/Viber 09420034237



#

ဗီယက်နမ်သွားမလား၊ ဒူဘိုင်းသွားမလား  MAI ရဲ့ Direct flight တွေ ရှိပါတယ်ခင်ဗျာ။ ခရီးသွားရာသီ မဟုတ်တော့ လက်မှတ်လည်း အလွယ်တက...
27/06/2024

ဗီယက်နမ်သွားမလား၊ ဒူဘိုင်းသွားမလား MAI ရဲ့ Direct flight တွေ ရှိပါတယ်ခင်ဗျာ။
ခရီးသွားရာသီ မဟုတ်တော့ လက်မှတ်လည်း အလွယ်တကူ ဝယ်လို့ ရပါတယ်။ အကောင်းဆုံး ဝန်ဆောင်မှူတွေနဲ့အတူ Shwe Pyi Soe မှ သင့်ခရီးစဉ်တွေကို စီစဉ်ပေးပါရစေ။

Ph/Viber 09420034237



ပထမဆုံး လေယာဉ်စစီးမဲ့ သူတွေသိထားသင့်တဲ့အချက် (10) ချက် ✈️✈️✅လေယာဉ်လက်မှတ်ကိုဘယ်အချိန်ဝယ်ရမလဲပထမဆုံးပြောချင်တာကတော့ ခရီးသ...
27/06/2024

ပထမဆုံး လေယာဉ်စစီးမဲ့ သူတွေသိထားသင့်တဲ့အချက် (10) ချက် ✈️✈️

✅လေယာဉ်လက်မှတ်ကိုဘယ်အချိန်ဝယ်ရမလဲ

ပထမဆုံးပြောချင်တာကတော့ ခရီးသွားတော့မယ်ဆိုရင် ကိုယ်ဖာသာဘယ်နေ့သွားမှာသေချာပြီလဲလို့ပြန်မေးပါ။

သွားမှာသေချာတဲ့ရက်က တစ်လလောက်လိုသေးရင် လေယာဉ်လက်မှတ်ကိုကြိုဝယ်ထားပါ။

Air Ticket တွေက ရက်နီးဈေးတွေကတစ်ရိပ်ရိပ်လေပါ။

တစ်ရက်နဲ့တစ်ရက်လည်း ဈေးမတူပါဘူး။

တစ်ချို့ကရက်နီးမှဝယ်မယ်ဆိုပြီး အေးအေးဆေးဆေးနေတတ်ပါတယ်။

ရက်နီးလေ Air Ticket ဈေးတွေကတက်လေပါပဲ။

✅Airticket ဝယ်ရင် ဘယ်ရက်တွေကိုရှောင်ရမလဲ

Airticket ဝယ်တဲ့အခါ Sat Sanလိုရက်တွေကိုရှောင်ပါ။ အဲ့လိုရက်တွေဟာ ခရီးသွားတွေလည်းများတတ်တာမို့ လေယာဉ်လက်မှတ်ဈေးတွေဟာ လည်း ပုံမှန်ရက်တွေထက်ပိုတတ်ပါတယ်။

ခရီးသွားတွေများတဲ့နေ့တွေမှာ Airticket ဈေးတွေပိုများတတ်ပါတယ်။

ခရီးသွားမယ်လို့ Plan ချပြီးပါက Airticket ကိုတစ်လလောက်ကြိုဝယ်ပါ။

✅Air Ticket ဝယ်တဲ့အခါ Seat တစ်ခါတည်းရတာလား

တစ်ခါတည်းရွေးဝယ်လို့ရပါတယ်။ တစ်ချို့လေကြောင်းလိုင်းတွေကတော့ Seat ရွေးမယ်ဆိုရင်တော့ fees ထပ်ပေးရတာရှိသလို တစ်ချို့လေကြောင်းလိုင်းတွေကတော့ ထပ်ပေးစရာမလိုပါဘူး။

လေယာဉ်လက်မှတ်မှာ Seat မပါရင်ဘယ်လိုလုပ်မလဲ??

တစ်ကယ်က လေယာဉ်လက်မှတ်နဲ့ boarding pass နဲ့ကမတူပါဘူး။ Air Ticket က လေကြာင်းလိုင်းကနေဝယ်ဝယ်ပြီးချင်းရတဲ့ဟာပါ။

Boarding Pass ကတော့ Check In Counter ရောက်မှ ရတာပါ။

ဘာကွာတာလည်းဆိုတော့ Boarding Pass မှာSeat တွေတစ်ခါတည်းရေးပေးလိုက်ပါတယ်။

Gate No ဘယ်လောက်မှာစီးရမယ် ဆိုတာတွေပါပါတယ် လက်မှတ်လိုပါပဲ။ Checkin Counter ရောက်မှပေးတာပါ။

✅လေဆိပ်ကိုအိမ်ကနေဘယ်အချိန်လောက်ဆင်းရမလဲ

လေယာဉ်Check In Counter တွေဟာ လေယာဉ်မထွက်ခင်နာရီဝက် တစ်နာရီလောက် စောပြီးတော့ပိတ်တတ်ပါတယ်။ ခရီးသွားတွေများတဲ့ လတွေအချိန်တွေဆို CheckIn ကောင်တာမှာ တန်းစီစောင့်ရတာနဲ့အချိန်ကြာတတ်ပါတယ်။

Airline Check In Counter ပိတ်ချိန်တွေဟာမတူတတ်တာမို့ လမ်းမှာကားပိတ်မှာနဲ့ဘာနဲ့အချိန်ကိုတွက်ပြီး အိမ်ကနေ နှစ်နာရီ သို့မဟုတ် သုံးနာရီလောက်ကြိုပြီးစောထွက်ပါ။

✅Boarding Pass ဆိုတာဘာလဲ

Boarding Passဆိုတာကတော့ Checkin Counter မှာထုတ်ပေးလိုက်တဲ့ လေယာဉ်ပေါ်တက်ရင်ပြရတဲ့လက်မှတ်လေးကိုပြောတာပါ။

အဲ့လက်မှတ်ထဲမှာ ခုံနံပါတ်တွေ။ ဘယ် Gate မှာသွားစီးရမလဲဆိုတာတွေပါပါတယ်။ လေယာဉ်နံပါတ်တွေ။
အဲ့လက်မှတ်ထဲမှာရေးထားတဲ့ Gate Noကိုရောက်အောင်သွားပြီး လေယာဉ်စီးရမှာပါ။

✅လေယာဉ်လက်မှတ်ရရင် Print ထုတ်ထားသင့်သလား

Print ထုတ်ထားစရာမလိုပါဘူး။ ဖုန်းထဲမှာသိမ်းထားတဲ့ လက်မှတ်ကို Checkin Counter ရောက်မှပြလိုက်ရင် Boarding Passထုတ်ပေးပါတယ်။

ထုတ်ထားရင်တော့ ပိုရှင်းပါတယ်။ အဲ့Air ticket ပရင့်ထုတ်ထားတဲ့စာရွက်ကိုပေးလိုက်ရင် Bording Passထုတ်ပေးမှာပါ။

✅Terminal1ကိုသွားရမှာပါ။

✅လေဆိပ်ထဲကိုဘယ်လိုဝင်ရလဲ

လေဆိပ်ထဲက စဝင်တဲ့အခါ မြန်မာလေဆိပ်မှာ အဝင်ကို တစ်ခါစစ်ပါတယ်။

Luggage အိတ်တွေ လူတွေကိုစစ်ပါတယ်။
ပြီးရင်တော့ လေဆိပ်ထဲကိုရောက်ပါပြီ။

လေဆိပ်ထဲရောက်တဲ့ အခါ Check In လုပ်လို့ရမရ Departure Board မှာကြည့်လို့ရပါတယ်။

ကိုယ့် အဲ့လိုင်းနံပါတ် ကဉပမာ UB307ဆိုရင် board မှာ အချိနဲ့ Airline No တွေနဲ့ပြနေပါတယ်။ Check In Counter ဖွင့်နေရင် ကိုယ့်အဲ့လိုင်းနံပါတ်ကို

Board မှာပါတာတွေကတော့

Time Destination Flight Gate Status ပါ။

Time ကတော့ ကိုယ့်Air Line ကဘယ်အချိန်ထွက်မှာလည်းဆိုတာကိုပြနေတာပါ။ Air Ticket မှာပါတဲ့အချိန်ပါ။

Destination ကတော့ သွားမယ့်နိုင်ငံပါ။

Thailand ဆို Thailand လို့ပြနေမှာပါ။

Flight ကတော့ ကိုယ့် Air Ticket မှာပါတဲ့ Flight Noပါ။

လေယာဉ်နံပါတ်ဘယ်လောက်ဆိုပြီးပြနေတာပါ။ ကိုယ်စီးရမယ့်လေယာဉ်နံပါတ်ပါ။

Gate ကတော့ ကိုယ်လေယာဉ်သွားစီးရမယ့်Gate ပါ။

Status မှာတော့ Boardingဆို လေယာဉ်ထွက်ခွာပြီလို့ပြောတာပါ။

Gate Close ဆိုGate ပိတ်ပြီ

Gate Openဆို Gate ဖွင့်နေပြီ။

Check In ဆို Check In ကောင်တာဝင်လို့ရပြီလို့ပြောတာပါ။

တစ်ခုရှိတာက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူတာမို့ ပုံစံချင်းကတော့အတူတူပါပဲ။

တစ်ချို့ကလည်း Check In လို့တန်းရေးထားတတ်ကြပါ။ ဝင်လို့ရရင် Open လို့ရေးထားတတ်ကြပါတယ်၊

မြန်မာမှာတော့ လေဆိပ်ကကျဉ်းကျဉ်းလေးမို့ ကြည့်မနေပါနဲ့ Check In ကောင်တာဖွင့်မဖွင့်ကို လေဆိပ်ထဲက ဝန်ထမ်းတစ်ယောက်ယောက်ကိုသာ ကိုယ်စီးမယ့်လေကြောင်းလိုင်းနာမည်ပြောပြီး Check In ကောင်တာဘယ်မှာလဲလို့သာမေးလိုက်ပါ။ ဝင်လို့ရရင် လူတွေတန်းစီနေတာတွေ့ရပါလိမ့်မယ်။

✅Check In ဘယ်လိုဝင်မလဲ

Check In ဝင်တယ်ဆိုတာကတော့ ကိုယ် ဝယ်ထားတဲ့ လေယာဉ်လက်မှတ်ကို Boarding Passပြောင်းပြီး Show Money ပါမပါတို့။ စာရွက်စာတမ်းတွေစစ်တဲ့နေရာပါ။ Passport ကနာမည်နဲ့ Airticket ကနာမည်တွေတူမတူတိုက်စစ်ပါတယ်။ Visa နဲ့လားရိုးရိုးလားတွေတိုက်စစ်တဲ့နေရာပါ။ အဲ့မှာ ကိုယ့်ရဲ့ Luggage အိတ်ရဲ့ အလေးချိန်တွေစစ်ပါတယ်။

လေကြောင်းလိုင်းတစ်ချို့ကLuggage အိတ်ကို 30Kg ထိ လေယာဉ်အိတ်ထဲကိုထည့်လို့ရပြီး ။ 7Kg လောက်ထိ Hand Curry သယ်လို့ပါတယ်။

Kgပိုနေရင်တော့ ပိုက်ဆံထပ်ပေးရပါတယ်။ မြန်မာငွေမလိုတော့ဘူးဆိုပြီးတော့မှမယူလာတာမျိုးတွေမလုပ်ပါနဲ့။ အပိုအလိုထည့်လာပါ။

✅Kg ပိုမပို ဘယ်လိုချိန်မလဲ

Kg ပိုမပိုဘယ်လိုချိန်မလဲဆိုရင်တော့ အိမ်မှာပေါင်ချိန်စက်ရှိရင် အဲ့အပေါမှာအိတ်ကိုတင်လိုက်ပါ။ lbဖြစ်နေရင် kgကိုပြောင်းလိုက်ပါ။ အနီးစပ်ဆုံးပြပါတယ်။ သာမာန် Luggage အိတ်တစ်လုံးဟာ 30KGထက်မပိုပါဘူး။ အဲ့တာကြောင့် သိပ်တော့မစိုးရိမ်ပါနဲ့။

✅Check In ဝင်ပြီးရင်ဘယ်ကိုသွားရမလဲ

Check In ဝင်ပြီးရင် သွားရမှာက Immigration ပါ။ Immigrationဖြတ်တဲ့အခါ Visa Type တွေဘာတွေ စစ်ပါမှာ။ Sacanဖတ်ပါမယ်။ ပြီးရင်တော့ ဘယ်နေ့ကနေစပြီးထွက်ခွာပါတယ်လို့တုံးထုပေးလိုက်မှာပါ။

Immigration Counter ကိုဖြတ်ပြီးရင်တော့ hang carry တွေကိုစစ်ပါမယ်။ ဖိနပ် ဖုန်း အိတ်အကုန်စစ်ပါမယ်။ အဲ့တာကိုဖြတ်ပြီးရင် တော့ Gate ကိုသွားလို့ရပါပြီ။

Bording Pass မှာပါတဲ့ Gate Noကိုသွားပါ။

Bording Gateကို လေယာဉ်ထွက်ခွာမယ့် အချိန်ထက် 45မိနှစ်လောက်ကြိုရောက်အောင်သွားပါ။

လေကြောင်းကြောင်းက Flight Noကိုအော်ပါလိမ့်မယ်။ လေယာဉ်ပေါ်တက်ဖို့အသင့်ဖြစ်ပါပြီဆိုရင်တက်လိုက်လာရုံပါပဲ။

လေယာဉ်ပေါ်ရောက်ရင် စကားအကျယ်ကြီးမပြောပါနဲ့။ ပြောလို့မရလို့မဟုတ်ပါဘူး။ ရပါတယ်။ တိုးတိုးတိတ်တိတ်နေတာဟာ ပတ်ဝန်းကျင်ကိုအနှောင့်ယှက်မပေးရာရောက်ပါတယ်။

လေယာဉ်ပေါ်ရောက်တဲ့အခါ Airplane Mode ကိုOn ထားပါ။

လေယာဉ်ဆိုက်တဲ့အခါ ပြန် ပိတ်ထားပါ။

ဘန်ကောက်ကိုရောက်တဲ့အခါ တယ်လီနောကဒ်ကိုသုံးလို့ရပါတယ်။

တယ်လီနောကဒ် ကို Roaming Data ကိုOn ထားပါ။
အဲ့တာဆိုအင်တာနက်ကောသုံးလို့ရသလို။ ဖုန်းလည်းဆက်လို့ရပါတယ်။

တစ်ဖက်နိုင်ငံလေဆိပ်ကို ကိုရောက်တဲ့အခါဘယ်လိုလုပ်ရမှာလဲ။

Immigration ဆိုတဲ့ Sign ကိုမတွေ့မချင်းလျှောက်ပါ။

Immigrationဆိုတဲ့ Sign ကိုတွေ့တဲ့အခါကွေ့ပြီး တန်းစီပါ။

Immigration Counter မှာ လေယာဉ်လက်မှတ်ရယ်။ Passport ရယ်၊ Hotel Booking၊ Show Money တို့ပြရပါတယ်။

Hotel Booking နဲ့ Show Moneyကလိုအပ်တဲ့အခါမှသာတောင်းကြည့်တတ်ပါတယ်။ ဒါပေမယ့် ပြည့်စုံအောင်ပြင်ဆင်လာပါ။

Passport ကိုတုံးထုပေးလိုက်ရင် နိုင်ငံထဲကိုဝင်လို့ရပါပြီ။

အားလုံးပဲအဆင်ပြေကြပါစေ။

Credit to Original Uploader

#ပထမဆုံးလေယာဉ်စီးမယ့်သူတွေသိထားသင့်သည့်အချက်များ
#လေယာဉ်ဘယ်လိုစီးရတာလဲ

Fly to Bangkok ဘန်ကောက်လမ်းတွေကို သွားဖို့ မြန်မာ အမျိုးသားလေကြောင်းလိုင်းရဲ့  ရန်ကုန်- ဘန်ကောက်- ရန်ကုန် ခရီးစဉ်နဲ့ဆို ...
25/06/2024

Fly to Bangkok
ဘန်ကောက်လမ်းတွေကို သွားဖို့
မြန်မာ အမျိုးသားလေကြောင်းလိုင်းရဲ့ ရန်ကုန်- ဘန်ကောက်- ရန်ကုန် ခရီးစဉ်နဲ့ဆို စိတ်ချမ်းသာ လုံခြုံမှာ အမှန်ပါပဲခင်ဗျာ။
နေ့စဉ်လေယာဉ်ရှိလို့ သွားမယ့်ရက်ကို စိတ်တိုင်းကျ ရွေးချယ်လို့လည်း ရပါတယ်။
လက်မှတ်စျေးနှုန်းတွေကတော့
Yangon-Bangkok One way start from $85
Yangon-Bangkok-Yangon Round trip start from $144
-Baggage Allowance
-7Kg Hand Carry Allowance
-Meal (or) Snack Box

Ph/Viber 09420034237



MAI နဲ့ ရန်ကုန်- စင်ကာပူကို ခရီးစဉ်တကြောင်းစာအတွက် 136 က စရှိပါတယ်။ တနေ့နှစ်ကြိမ်လေယာဉ်ရှိတဲ့အတွက် ကြိုက်ရာအချိန်ရွေးလို...
24/06/2024

MAI နဲ့ ရန်ကုန်- စင်ကာပူကို ခရီးစဉ်တကြောင်းစာအတွက် 136 က စရှိပါတယ်။ တနေ့နှစ်ကြိမ်လေယာဉ်ရှိတဲ့အတွက် ကြိုက်ရာအချိန်ရွေးလို့ ရပါတယ်။

Ph/Viber 09420034237



24/06/2024

July လအတွက် ပြည်တွင်းလေယာဉ်လက်မှတ်ဈေးနှုန်းလေးတွေပါခင်ဗျာ။
အနည်းဆုံးဈေးနှုန်းတွေ ဖြစ်ပြီး ရက်နှင့်အချိန်ပေါ်မူတည်ပြီး ဈေးနှုန်းအပြာင်းအလဲရှိနိုင်ပါတယ်ခင်ဗျာ။
စောစောဝယ်လေ ပိုသက်သာလေ မို့လို့ ခရီးထွက်မယ့်ရက်သေချာတာနဲ့ ဖုန်းလေးသာ ဆက်လိုက်ပါခင်ဗျာ။
ရန်ကုန်-မန္တလေး( 195,500 မှစ၍)
ရန်ကုန်-နေပြည်တော် (174,000 မှစ၍)
ရန်ကုန်-မြစ်ကြီးနား (475,000 မှစ၍)
ရန်ကုန်-ကျိုင်းတုံ (387,500 မှစ၍)
ရန်ကုန်-တာချီလိတ် (421,500 မှစ၍)
ရန်ကုန်-ဟဲဟိုး (222,000 မှစ၍)
ရန်ကုန်-လားရှိုး (388,000 မှစ၍)
ရန်ကုန်-ညောင်ဦး (275,000 မှစ၍)
ရန်ကုန်-ထားဝယ်-( 280,000 မှစ၍)
ရန်ကုန်-ကော့သောင်း( 645,000 မှစ၍)
ရန်ကုန်-မြိတ်(428,000 မှစ၍)
ရန်ကုန်-စစ်တွေ 295,000 မှစ၍)
မန္တလေး-မုံရွာ (200,000 မှစ၍)
မန္တလေး-ဟုမ္မလင်း (370,000 မှစ၍)
မန္တလေး- ကလေး (267,000 မှစ၍)
မန္တလေး-ခန္တီး ( 360,000 မှစ၍)
မုံရွာ-ဟုမ္မလင်း (300,000 မှစ၍)
မန္တလေး-မြစ်ကြီးနား (375,000 မှစ၍)
Ph/Viber 09420034237



24/06/2024

# မဂ်လာပါ ခင်ဗျာ Shwe Pyi Soe - Air Ticket ဝန်ဆောင်မှု့လုပ်ငန်းမှ ‌
နွေးထွေးစွာကြိုဆိုပါတယ် ခင်ဗျာ ။

# ကျွန်တော်တို့ ရွှေပြည်စိုး Air Ticket ဝန်ဆောင်မှု့လုပ်ငန်းမှ ပြည်တွင်းပြည်ပ လေယာဥ်လက်မှတ်များအား ‌စျေးနှုန်းချိုသာစွာဖြင့် စိတ်ချယုံကြည်စွာ ဝယ်ယူအားပေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။

# ယုံကြည်စွာ ဝယ်ယူအားပေးကြတဲ့ လူကြီးမင်းများကိုလဲ
Shwe Pyi Soe - Air Ticket ဝန်ဆောင်မှု့လုပ်ငန်း မိသားစုမှ ကျေးဇူးအထူးပင်တင်ရှိပါသည် ခင်ဗျာ။



Address

Yangon. Myanmar
Myanmar
11241

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959420034237

Website

Alerts

Be the first to know and let us send you an email when Shwe Pyi Soe - Air Ticket Agent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Pyi Soe - Air Ticket Agent:

Share

Category