Cho's Paradise

Cho's Paradise တိမ်တွေရယ် ၊ ကောင်းကင်ပြာရယ် ၊ ပန်းလေးတွေရယ် ။ 🌎

25/10/2023

“ သူငယ်ချင်း ” ဆိုတဲ့ စကားသုံးလုံးထဲရှိပေမယ့် သိပ်နက်ရှိုင်းတယ် ။

Friendship 1 year ကျော်တဲ့လူတွေ Mention ကြည့် 🪻🩵

- ချို

Newton ရဲ့ “ သက်ရောက်မှူတိုင်းမှာတန်ပြန်သက်ရောက်မှုရှိတယ် ”ဆိုတဲ့ နိယာမဟာလူတစ်ချို့အတွက်မှန်ခဲ့ပေမယ့် ကျွန်တော်အတွက်ကတော...
25/10/2023

Newton ရဲ့ “ သက်ရောက်မှူတိုင်းမှာတန်ပြန်သက်ရောက်မှုရှိတယ် ”ဆိုတဲ့ နိယာမဟာလူတစ်ချို့အတွက်မှန်ခဲ့ပေမယ့် ကျွန်တော်အတွက်ကတော့ မမှန်ခဲ့ဘူး ။

တစ်စုံတစ်ယောက်အပေါ်အများကြီးအားစိုက်ခဲ့ရတာတွေက တန်ပြန်သက်ရောက်မှူတွေမရှိခဲ့ဘူး ။

- strawberrychoco

25/10/2023

25/10

-Tain

တစ်ယောက်ထဲပြိုလဲနေချိန်မှာဘယ်သူမှမရှိခဲ့လို့ အားလုံးကိုကျေးဇူးတင်တယ် ။လိုအပ်တေချိန်မှာလဲမရှိခဲ့လို့ကျေးဇူးတင်တယ် ။‌အဲ့တာ...
25/10/2023

တစ်ယောက်ထဲပြိုလဲနေချိန်မှာဘယ်သူမှမရှိခဲ့လို့ အားလုံးကိုကျေးဇူးတင်တယ် ။

လိုအပ်တေချိန်မှာလဲမရှိခဲ့လို့ကျေးဇူးတင်တယ် ။

‌အဲ့တာ‌တွေကပဲ‌ကျွန်တော့်ကို တစ်ယောက်ထဲနေသားတကျဖြစ်စေခဲ့လို့ ။

-အဲရစ်ချို

ဒီနေ့ Admin နှစ်ယောက်လုံးပျက်ကွက်ခဲ့ပါတယ်ဗျ အဲ့ကြောင့်မိုးချိုကညကြမှ Tell Me More စာအုပ်လေးဖတ်ပြမယ်နော်
25/10/2023

ဒီနေ့ Admin နှစ်ယောက်လုံးပျက်ကွက်ခဲ့ပါတယ်ဗျ အဲ့ကြောင့်မိုးချိုကညကြမှ Tell Me More စာအုပ်လေးဖတ်ပြမယ်နော်

စိတ်တွေ ။
24/10/2023

စိတ်တွေ ။

ခင်ဖုန်းသက်ဝေ ဖတ်ဖို့ နွေ_________________________ရိုးသားနိုင်သလောက်အမြင့်ဆုံးတောင်ကုန်းမှာကျနော်နေရာယူထားဆဲပါ ခင်ဖုန်းသ...
24/10/2023

ခင်ဖုန်းသက်ဝေ ဖတ်ဖို့ နွေ
_________________________

ရိုးသားနိုင်သလောက်
အမြင့်ဆုံးတောင်ကုန်းမှာ
ကျနော်နေရာယူထားဆဲပါ ခင်ဖုန်းသက်ဝေ။

မိုးရိပ်မိုးဦးတွေ ကျူးပြီဆိုရင်
ပန်းနီနီတွေ ပွင့်ပြီဆိုရင်
ခြွင်းချက် မရှိ အယူသည်းနေတတ်တုန်းပါပဲ။

ကျနော်တို့ရဲ့ ပုံတိုပတ်စလေးတွေအကြောင်း
ချဲ့ကားထားတဲ့သီချင်းတွေတော့
တခါတလေ ရေးဖြစ် ဆိုဖြစ်ပါတယ်။

ပိုးဖလံလေးတကောင်
သူ့အတောင်ပံတွေကိုချွတ်ချလိုက်သလိုပေါ့။
ဘေးလူတွေအမြင်မှာ ပေါ့ပါးနေပေမယ့်
သူ့လေးလံဖိစီးမှုနဲ့သူပါ ခင်ဖုန်းသက်ဝေ။
ဒီလိုကြောင့်သာ
ကျနော် မီးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကန်သုံးဆင့်ကို
ရောက်ဖြစ်ခဲ့သေးတယ်
ရေလှိုင်းလာရာအတိုင်း
ရေညှိပင်လေးတွေ ဆက်လက်ရွေ့ရှားနေကြ
ရေလယ်ကျွန်းကငှက်တွေ
အရင်လို တေးသီဖောင်ဖွဲ့နေကြ။
တံတားပျက်ကြီးရဲ့လက်ကျန်တိုင်တွေက
ရေလည်မှာထိုးထိုးထောင်ထာင်နဲ့
လှမ်းပြီးနှုတ်ဆက်တယ်
အင်မတန် အထီးကျန်လှပေမယ့်
ခုထိပြိုလဲခွင့်မရသေးပါဘူးကွာတဲ့။

တချို့လူတွေအတွက်
လမ်းခွဲတယ်ဆိုတာလွယ်လွန်းပါတယ်
ကိုယ့်အအေးဖိုးကိုယ်ရှင်းပြီး ထပြန်ကြရုံပဲ။

ခက်တယ် ခင်ဖုန်းသက်ဝေရယ်….

မအောင်မြင်ခဲ့တဲ့မြောက်အရပ်က ကြယ်တွေ
ဓူဝံကြယ်ကိုစိတ်နာသလို
ဘယ်သူငိုနေတာလည်းကွယ်
ဒီမှာ သိပ်ခက်တယ်။

ကမ်းပြိုနားကသစ်ပင်ကတော့
မရှိရှာတော့ဘူး။
အဲ့ဒီလိုဆိုမှဖြင့် သူ့သစ်မြစ်တွေမှာ
ငြိနေခဲ့ဖူးတဲ့
ကျနော်တို့ရဲ့ စက္ကူလှေလေးလည်း
မရှိတော့ဘူးပေါ့။
နတ်ဝှက်ထားတာလို့ချည်း ကျနော့်စိတ်မှာ
ထင်မိနေသေးတယ်။

အချစ်တဲ့
ခြင်္သေ့အားလုံး သိုးငယ်ဖြစ်သွားတဲ့တောအုပ်
နှုတ်ဆက်ပါတယ်။

ဟယ်လင်ကဲလား ပြောတဲ့အတိုင်းဆိုရင်
ခင်ဖုန်းသက်ဝေ မှန်ပါတယ်
ချစ်စရာကောင်းတဲ့ ဘယ်မိန်းမပျိုက
အကြာကြီးစောင့်နေမှာ မို့လို့လဲ။

ရှေ့ကိုသွားနေတဲ့ရထား မှာ
နောက်ပြန်ထိုင်စီးရင်း
ဝေးကွာခြင်းဆိုတာကို ပိုနားလည်လာရတယ်။

မဲဇလီပင်တန်းတွေ တရွေ့ရွေ့ကျန်ခဲ့ပြီ
ဖဲကြိုးရောင်စုံတွေ ကျန်ခဲ့ပြီ
ဖိုးချိုသီချင်းတွေကျန်ခဲ့ပြီ
ပန်းသင်္ချိုင်းက စောင့်နေမယ်ဆိုတာတွေ ကျန်ခဲ့ပြီ
ကျောင်းသားကဒ်ပြပြီး
စက်ဘီးငှားလို့ရတဲ့ ဆိုင်လေးတွေကျန်ခဲ့ပြီ။

ဟိုနားက သီချင်းစသင်တဲ့နေရာ
ဒီနားက အချစ်စသင်တဲ့နေရာ
အားလုံးကျန်ခဲ့ပြီ။

ဘယ်သူ့ခေါ်သံမှ ကြားရလို့တော့မဟုတ်ပါဘူး
ရွာရိုးကိုးပေါက်
ကျနော်လျောက်သွားနေခဲ့တာ
ဆယ်စုနှစ် တခုစာ
တယူဇနာ နှစ်ယူဇနာ
ခြေရာတွေတောင်ပြာလို့
ပင်လယ်ပက်ပင်းနဲ့ ကျွန်းကြိုကျွန်းကြားမှာ
အိပ်တဲ့အခါအိပ်တယ်။

တခါတလေ ကမ်းခြေတွေ..
ကျောက်ညိုနန်းဆောင်မြင့်တွေ

ခရုခွံတွေ ဖွေးဖွေးလှုပ်အောင်ခင်းထားတဲ့
ရိုးမြေကျလမ်းကလေးတွေ။

တခါတခါ ဆန်းပြားလွန်းတဲ့ ခင်တန်းသာယာတွေ
ခင်ဖုန်းသက်ဝေလို
လူစကားပြောတတ်တဲ့ ပန်းပွင့်လေးတွေ။

တခါတလေ
တချို့တောင်ပေါ်ရွာလေးတွေမှာ
တဆောင်း တနွေ
ကျနော်ပျော်သလောက် နေပစ်လိုက်တာပဲ
သူတို့ဘာသာစကားနဲ့
ထိကရုန်းပင်လေးကို"ရှက်တတ်မ"တဲ့။

ဒီလို တိုက်ဆိုင်လာတဲ့ညတွေဆို
လူတခြား အိပ်မက်တခြားပဲ။

တခါတခါတော့
ခေါင်းစဉ်ပေါ့ပျက်ပျက်နဲ့ စစ်မက်လမ်းကြားတွေ

အရင်နည်းကိုသုံးပြီး
မုန်းချင်တိုင်းမုန်းနေကြတဲ့ညီအကိုတွေ

ဆေးဆရာနဲ့ လူသတ်သမား
နှစ်ကိုယ်ခွဲထားကြသူတွေ။

တခါတလေ
မုတ်သုံကွယ်ရာ လျှိုတွေ မြောင်တွေ
ကွန်ကရစ်နာကျနေတဲ့ မြို့ပြတွေ။

တခါတခါ
စိတ်လိုက် မာန်ပါ ငိုခွင့်မရှိတဲ့ ထပ်ခိုးလေးတွေ။

ဒီလိုအရစ်ကျစနစ်နဲ့
ကျနော် ကဗျာဆရာဖြစ်လာခဲ့ပုံရပါတယ်။

မြေကမ္ဘာရေ..
ခင်ဖုန်းသက်ဝေရေ..
ဟောဒီလို ရတုဆိုးတွေ လင်္ကာပျက်တွေနဲ့
သေးနုပ်သူရဲ့ ဆက်သမှုမှာ ပျော်နိုင်ကြပါစေ။

ပုံမှန်ပါပဲ ...
ခင်ဖုန်းသက်ဝေ
ဗျစ်တောက်ဗျစ်တောက်ပြောဖူးသလို
ဆေးခန်းပြဖြစ်တိုင်း
အချိန်မှန်မှန်စားခိုင်းတာတို့
စီးကရက်တွေ အပူအစပ်တွေ လျော့ခိုင်းတာတို့။
ဘယ်အချိန်ကတည်းက
ဒီလိုစအောင့်တာလဲဆိုတော့
"လျှို့ဝှက်သော နှင်း"ရုပ်ရှင်
ရုံတင်တဲ့နေ့ကပေါ့လို့
ကျနော်ပြန်ဖြေလိုက်တယ်။
သူတို့နားမလည်ကြဘူး ခင်ဖုန်းသက်ဝေ။
ခုနှစ် သက္ကရာဇ်တွေ
ဒါတွေကိုပဲ ထပ်ထပ်မေးနေတယ်။

ပြီးတော့
စုံလုံးကန်းနေသူက ရှုမျှော်ခင်းကို ကြည့်သလို
ကျနော့်ကို သူတို့ကြည့်ကြတယ်။

အားလုံးကို ရွပ်ရွပ်ချွံချွံ
အရှုံးပေးလိုက်ပါတယ်။
မနေ့ကကို ဒီနေ့လို့ စိတ်မှာထင်လာရင်
အားလုံး လွမ်းတတ်သွားကြပါလိမ့်မယ်။

ခွင့်လွတ်နေကျ ကမ်းပါးတွေကို
တိုက်စားဖြိုချခဲ့တဲ့မြစ်
ကျနော်အပြစ်ရှိတာ ကျနော်သိပါတယ်။

ကျနော်မှားခဲ့ပါတယ်
ဒါက
ဧပရယ်ထောင့်က သစ်တပင်ဖြစ်ပါတယ်
တောင်းပန်ပါတယ်။
ဒါက ကျနော်ပွင့်စေချင်တဲ့
စနေရောင် ပန်းတပွင့်ဖြစ်ပါတယ်။

ခင်ဖုန်းသက်ဝေလှောင်ရယ်နေမှာလည်း
ကျနော်သိပါတယ်
ကြည့်နေတဲ့သူတွေ နှ‌မြောသွားတဲ့အထိ
ရယ်တတ် ပြုံးတတ်တာ
ကျနော်သိပါတယ်။

အလွယ်တကူ ထုတ်သုံးမိတိုင်း
အလွမ်းဟာ အန္တရာယ် များလှတယ်။

နွေလေရူးတွေ
ဇဝေဇဝါနဲ့ တိုက်နေကြပြန်ပါပြီ။

အလွန်အကျွံ စွန့်စားရတဲ့အရပ်မှာ
သူလို ငါလို
ကျနော်အရင်လိုပါပဲ ခင်ဖုန်းသက်ဝေ။

ဒီတညလည်း အရင်ညကဆုတောင်းလို
တခါလောက်ပဲ
ထပ်တွေ့ချင်မိပါတယ်။

နှုတ်ဆက်ဖို့ပါ ။ ။

#သန်းတင့်

-အဲရစ်ချို

24/10- အဲရစ်ချို
24/10/2023

24/10

- အဲရစ်ချို

23/10/2023

အချစ်ထက်ပိုပြီး
ဘယ်မီးဖိုက နွေးပါ့မလဲ

-Tain

မင်္ဂလာပါရှင် ။“ If the hurt comes so will the happiness - C's ” Page လေးမှာ လော"ဆယ် Run နေတာ Adm 3 ယောက်ရှိပါတယ်ရှင် ။သ...
23/10/2023

မင်္ဂလာပါရှင် ။

“ If the hurt comes so will the happiness - C's ” Page လေးမှာ လော"ဆယ် Run နေတာ Adm 3 ယောက်ရှိပါတယ်ရှင် ။
သိစေချင်လို့ပါရှင် ။

23/10/2023

"ရှူနိုင်စရာ လေ မရှိတော့ရင်လည်းရတယ် ။

သံသရာဟာ မလည်ပတ်တော့ရင်လည်းရတယ် ။

ဒီကမ္ဘာရဲ့ နောက်ဆုံးနေ့တွေအထိပေါ့ကွယ် ငါဟာအမြဲ မင်းအနားဘဲနေမယ် ။ "
-Tain

သံယောဇဉ်ဆိုဘယ်သံယောဇဉ်မှ မကောင်းဘူး၊ သံယောဇဉ်မရှိသေးသူများ မရှိတဲ့အတိုင်းပဲ နေကြစေချင်တယ်၊ ရှိကြလို့ရှိရင်လည်းသံယောဇဉ်ကြ...
23/10/2023

သံယောဇဉ်ဆို
ဘယ်သံယောဇဉ်မှ မကောင်းဘူး၊
သံယောဇဉ်မရှိသေးသူများ
မရှိတဲ့အတိုင်းပဲ နေကြစေချင်တယ်၊
ရှိကြလို့ရှိရင်လည်း
သံယောဇဉ်ကြိုးကို မရှည်ခင်
တိုတိုဖြတ်တာကောင်းတယ်၊
မုန်းစကိုတိုစေ၊ ချစ်စကို ရှည်စေလို့
ဆိုရိုးစကားရှိတယ်၊
တစ်ခါတလေ ကျွန်တော် တွေးမိတယ်။
ချစ်စကိုတိုနိုင်ရင်
လူတွေဟာ ဒီထက်
ကံကောင်းကြမလား မသိဘူး”

- တက္ကသိုလ်ဘုန်းနိုင်

Address

Myanaung

Website

Alerts

Be the first to know and let us send you an email when Cho's Paradise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cho's Paradise:

Share

Category