Mra TheinGi

Mra TheinGi "မဟိစော်ထက် မသိစော်ခက်" ဆိုးဘဝကို ရပ်လီဖို့ စာပီကူ

အိပ်မက်တိကိုအကောင်အထည်ဖော်ပါ။
စာအုပ်စာပီဖတ်ပါ📚📚

The Songs in English for you
31/07/2023

The Songs in English for you

  9/2023 ဝင်ခွင့် #နေပြည်တော်ဦးနိုင် တန်ဖိုး ၂၀၀၀၀
03/04/2023

9/2023 ဝင်ခွင့်
#နေပြည်တော်ဦးနိုင်

တန်ဖိုး ၂၀၀၀၀

နွီကျောင်းပိတ်ရက်မှာ လေ့လာဖို့ အင်္ဂလိပ်စာအုပ်တိ
19/02/2023

နွီကျောင်းပိတ်ရက်မှာ လေ့လာဖို့ အင်္ဂလိပ်စာအုပ်တိ

- မမဝေ"မမဝေသည် ကျွန်တော်လှမ်းပေးသော ပိတောက်ခက်များကိုယူကာ ခေါင်းမှာပန်၏။လှပါတယ် မမဝေ၊ ပန်းဟာလည်း လှသွားတယ်။မမဝေ လည်း ပို...
28/10/2022

- မမဝေ
"မမဝေသည် ကျွန်တော်လှမ်းပေးသော
ပိတောက်ခက်များကိုယူကာ ခေါင်းမှာပန်၏။
လှပါတယ် မမဝေ၊ ပန်းဟာလည်း လှသွားတယ်။
မမဝေ လည်း ပိုလှသွားတယ်..."
(ပိတောက်ပွင့်ဆဲ လသာဆဲဝယ်)

- မမရီ
" မမရီမှာ ကြင်နာတတ်တဲ့ မျက်လုံးတွေရှိတယ် ။
ကရုဏာအပြုံးကို ပြုံးတတ်တဲ့ မျက်နှာရှိတယ် ။
ဒါတွေဟာ နားလည်မှုအတွက် အခြေခံတွေပဲ ။
ဘဝမြူတွေစင်သွားရင် မမရီ အလိုလို နားလည်သွားမှာပဲ ။
( မိုးညအိပ်မက်မြူ )

- မမမေ
"မေလလိုလှပ၍မေမေ့လိုကြင်နာတတ်သောမမမေ"
မမမေ နှင့် တွေ့ပြီး၍ မကြာမီ ဆိုက်ရောက်လာသော
နွေဦးသည် လွမ်းလည်းလွမ်းစရာ ကြမ်းလည်း ကြမ်းပါပေ၏"
(မောင့်ဘဝညအလားကွယ်)

- မမနွယ်
"မမနွယ်နဲ့မောင်ကြုံခဲ့ရသမျှ ဘဝအစဉ်ကို
ပုံပမာတင်ပြမယ် ကြံမိလေတိုင်း မမနွယ် နဲ့ မောင်
ကောင်းကောင်းသိကြတဲ့
ရေနံချောင်း-ချောက်လမ်းကို သတိရမိတယ် . . ."
(ကမ္ဘာကုန်ကျယ်သရွေ့ဝယ်)

- မမမွန်
"မမမွန်ကို တစ်ခါလေးမြင်ဖူးရုံနဲ့
ကျွန်တော် လွမ်းတယ်။ ဘာဖြစ်လို့ လွမ်းမှန်းမသိဘူး။ နောက် ၀မ်းနည်းတယ်။ဘာဖြစ်လို့ ၀မ်းနည်းမှန်းမသိဘူး။
နောက်ပြီးမှ ချစ်လာရတာ"
(တိမ်ညိုအလွင့် လအမြင့်)

- မမသန့်
"မမသန့်ရေ...
မမသန့် လည်း ကျေနပ်ပါ။
မျက်ရည်ဝဲတယ်လေ။ အဲဒါတော့ မတတ်နိုင်ဘူး။
ဒါပေမဲ့ ကျွန်တော် ရပ်နေတယ်...၊
မမေ့နိုင်တဲ့ ဒီနေရာမှာ ကျွန်တော် မျက်ရည်ဝဲရင်း ရပ်နေတယ်။မျက်ရည်ဝဲတာက သတ်သတ်၊
ရပ်တည်နိုင်သေးတာက သတ်သတ် မမသန့် ။
ဒါကို အလိုရှိတယ် မဟုတ်လား။
သည်တော့ မမသန့် လည်း ကျေနပ်ပါ။ "
(လေရူးသည်စာမတတ်ပါ)

- မမလွမ်း
"ရက်စက်လှချည်လား မမလွမ်းရယ်၊
ခင်ဗျားရင်ထဲက အမုန်းတရားတွေဟာ
ခင်ဗျားရင်ထဲက အသည်းနှလုံးတွေကို
လောင်မီးလို ကျွမ်းသွားတာမို့ ဒီလောက်တောင် ရက်စက်နိုင်တာလားဟင်..."
(လွမ်း)

- မမခိုင်
"အသည်းနှလုံးကိုမှနည်းသေး တယ်ထင်ရင်
ဒီမှာ မမခိုင် ကျွန်တော့်အသက်ကို
ထပ်ပူဇော်ဦးမယ်..."
(သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်)

- မမသက်
စွယ်တော်ပွင့်လျှင် နုနုဖတ်ဖတ် ဖြူသည်..၊
ကြည်ကြည်လေးဝင်းသော ရွှေရည်ရိပ်ရိပ် ပြေးနေဦးမည်။ ဟိုဒင်း..သက်ရဲ့ အသားမျိုး။ထဘီ ဝါဝါနုနုလေး
ဝတ်တတ်သော သက်၏ အသားရောင်မျိုး ။
သက်သက်သက်သူ့ကိုယ်သူ မမသက်တဲ့။
အင်း ဟင်း မမသက်သက်။
မုန်းလိုက်ပါသည့် အမျိုး။မုန်းသူကိုမှ သတိရပလေ ။
အဆိပ်အပြင်းဆုံး မိန်းမတစ်ဦးကိုမှ အပြစ်အကင်းဆုံး
စွယ်တော်ပန်းနှင့် နှိုင်းယှဉ်မိပလေ ။
(လွမ်းပါလေရစ်သည်သောင်ငွေဦး)

#တက္ကသိုလ်ဘုန်းနိုင်

03/10/2022

ကဗျာဆရာတွေ ဘယ်တော့မှ
မအောင်မြင်တဲ့ စစ်မျက်နှာဟာ
အချစ်ပဲ

- ကြည်ဇော်အေး

ဆုံးရှုံးမှုကြီး😭😭😭
03/10/2022

ဆုံးရှုံးမှုကြီး😭😭😭

23/09/2022

“ စိမ်းရွက်မဝေသော ”

#ခင်မြဇင်

အမေသည် အဖေ့မျက်နှာကို တစ်ချက် ငဲ့ကြည့်လိုက်သည်။ ပြောရက်လိုက်တာလို့ တွေးမိသည်။

“မင်းက ကိုယ့်ပင်စင် ၆၀၀ ယူ”

အဖေသည် ဟင်းကောင်းမှ၊ များမှ၊ ရုံးကို စတီးချိုင့် ၅ ဆင့်ချိုင့်နှင့် အပြည့် ဟင်းစုံ၊ အချိုပွဲ ပါပါမှ။ သည်လို လှလှပပ ဟင်းကောင်းနဲ့ ထည့်နိုင်ဖို့ မပြောနှင့် သူ့ ၆၀၀ မှာ ဆန်ဖိုးပင် မရှိပါပေ။ ပင်စင် ယူပြီးနောက် ကုမ္ပဏီမှာ လုပ်ရတာလည်း ရသည့် လစာက ကားခနှင့် ထမင်းချိုင့်ဖိုးနှင့် လောက်တောင် မလောက်နိုင်။ သည်လတော့ ကုမ္ပဏီက ရသည့် လစာကို လုံးဝ စာရင်းမပြဘဲ ကုန်ပြီလို့ ဆိုလေပြီ။ နောင်ကိုလည်း လစဉ် ပင်စင်ထဲကပဲ စားစရိတ် ပေးမယ် ပြောနေပြီ။

အမေ့မှာ ဘာစီးပွါးရေးမှ မရှိ။ သားသမီးတချို့ ထောက်ပံ့စာ (ပုံမှန်မဟုတ်) နှင့် အဖေ့ ပင်စင်လေးနှင့် ဘယ်လိုလုပ် စားရပါ့။

အဖေကြီးသည် ပင်စင်ယူပြီးမှ ပိုလို့ ဇီဇာ ကြောင်လာသည်။ ခွဲရေး တွဲရေးလည်း အမြဲလို ပြောလေသည်။

“မင်းနဲ့ မင်းသား” ဆိုသည့် စကားကို အမြဲလို သုံးလျက်၊ လခနဲ့ မလောက်တာ မင်းနဲ့ မင့်သား အသုံးစရိတ်ကြောင့်လို့ သူ ထင်လေသလား။ အိမ်ထောင် မကျသေးသည့် အငယ်ဆုံး သားတစ်ယောက်သာ အိမ်မှာ ရှိလေသည်။ သားအတွက် ကျူရှင်စရိတ်ကို အစ်မတွေက ထောက်နေ၍သာ။ အမေသည် အဖေ ရှာပေးသမျှနှင့် လူသုံးယောက်စရိတ် ဘယ်လိုမှ မလောက်နိုင်သဖြင့် သားသမီးဆီက မျှော်စားရမလို ဖြစ်နေပြီ။ သားသမီးတွေ ဆိုတာကလည်း သူ့အိမ်ထောင်နှင့် သူတွေမို့ လစဉ်ပုံမှန် ပေးနိုင်ကြတာ မဟုတ်။

ပင်စင်ယူပြီး ရှိတာလေးတွေ ထုခွဲပြီး ဝိုင်းဝယ် အိမ်ဆောက် လိုက်ပြီးနောက် စီးပွါးလုပ်ဖို့ ရင်းနှီးမြှုပ်နှံဖို့လဲ ဘာမှ ကျန်ခဲ့သည် မဟုတ်ပေ။ မုန့်ဟင်းခါးလေး၊ အသုတ်ကလေး ရောင်းမည်ဆိုလျှင် အမေ ရောင်းနိုင်ပါ၏။ ဒီလိုကျလဲ အမေ ပင်ပန်းမှာ စိုးလို့ မလုပ်စေချင်။

အမေသည် သူ မစားရလျှင် နေပါစေ။ နားအေးပါးအေးနှင့် ကြည်ကြည်လင်လင်ပဲ နေချင်လေသည်။ လင်သည်ကို အနှစ် (၃၀) ကျော် ကာလတစ်လျှောက်လုံး ရိုကျိုး ကိုးစားခဲ့သူ ပီပီ သည်တစ်ခါလည်း ဘာမှ ပြန်မပြောတော့ပေ။ အိုဇာတာ မကောင်းသော ကိုယ့်ဘဝကိုယ်သာ စိတ်နာမိတော့၏။

အမေတို့ ဘဝ ဆိုတာက လင်သည်၏ ရာထူးနှင့် လစာကို အမှီပြုပြီး အိမ်ဦးနတ်ပမာ ကိုးကွယ် မြတ်နိုးကာ နေလာခဲ့ရသည့် ဘဝပဲ မဟုတ်ပါလား။ “ကတော်” အခေါ်ခံ ဘဝတွင် ဌာနကား တဝီဝီနှင့် သွားလာခဲ့ရာက ဗြုန်းဆို ပင်စင်စားတည်း ဟူသော ဝဲဂယက်ကြီးထဲတွင် နှစ်ယောက် အတူတူ ကူးခတ် ရုန်းကန်ကြဆဲ အဖေက ကမ်းဆီသို့ ဦးတည်ရုန်းနှင့်ပြီ။ အမေ့ကိုချည်း ကူးဦးတော့လို့ ထားခဲ့လေပြီ။

အဖေသည် အမေ့ကို မမြတ်နိုး၊ မချစ်ခင်လို့တော့ မဟုတ်။ နားလည်လျက်နှင့် နားမလည်ချင်ယောင် ဆောင်တာပဲလားတော့ အမေ မသိ။ အဖေက သူ့ကို ညနေရုံးပြန်ကြိုမှ ကြိုက်သည်။ ကားဂိတ်မှာ လာကြိုတိုင်း နန်းကြီးသုတ်၊ အုန်းနို့ခေါက်ဆွဲ တစ်ခုခု ကျွေးမြဲ။ တနင်္လာနေ့တိုင်းလည်း ဘီစကစ် ဖြစ်ဖြစ်၊ လိမ္မော်သီး ဖြစ်ဖြစ် ဝယ်လာခဲ့မြဲ။ အဖေက လက်ဖွာသည်။ အကောင်း ကြိုက်သည်။ ကုမ္ပဏီက လခကို အမေ့အတွက် မုန့်ပဲသရေစာ ဝယ်နိုင်ဖို့၊ အိတ်ဆောင်များ ထားချင်လေသလား မသိ။ “အဖေကြီး ဒီလိုက ဒီလို” ပြောလျှင်လည်း အကျိုးသင့် အကြောင်းသင့် လက်ခံချင်ပုံ မရ။

အဖေနှင့် အမေ့ကြားတွင် မမြင်နိုင်သော တံတိုင်းတစ်ခုက ကာဆီးလို့ ထားခဲ့လေပြီ။ အမေသည် ထိုတံတိုင်းကြီး အထဲတွင် ပိတ်မိလျက် အမြဲတမ်း အထီးကျန်ချည်း ဖြစ်လို့နေ၏။

မြေးကလေးတွေ လာလည်လျှင်လည်း အမေက သည်းခံ ကြည်လင်နိုင်သော်လည်း အဖေသည် တစ်ရက် နှစ်ရက် ကြာလာလျှင် ကလေးတွေကို ကြည့်မရတော့။ ပူညံပူညံ လုပ်တတ်လာ၏။

အမေသည် အားလျှင် ဘုရားရှိခိုး၊ ပုတီးစိပ်၊ ဒါမှ မဟုတ်လျှင် သိုးမွေးချည် ထိုးလို့ နေတတ်၏။ အားတယ်လို့တော့ မရှိလှပေ။ လူအားလျှင်လည်း စိတ်က မအား၊ တိမ်းတိမ်းလွလွ ဖြစ်မြဲဖြစ်လျက်။

ဆင်းရဲရခြင်း၊ အခြွေအရံ နည်းပါးရခြင်းကို အမေသည် ခံနိုင်သော်လည်း အနှစ် (၃၀) ကျော် ပေါင်းသင်း လာခဲ့ပြီးနောက် တစ်ဦးနှင့် တစ်ဦး တဖြည်းဖြည်း တစ်စတစ်စ ဝေးလျက် အတွေးများပါ ခြားနားလာရခြင်းကို ဝမ်းနည်းလျက် ရှိ၏။ မန္တလေးက သမီး အပျိုကြီးဆီမှာ သွားနေမည် စိတ်ကူးသော်လည်း၊ သမီးက သူ့ကို လာနေဖို့ ခဏခဏ မှာနေသော်လည်း စိတ်လွတ်ကိုယ်လွတ် သွားနေလို့ မဖြစ်သေးပေ။ အဖေကြီးနှင့် သားလေးတို့၏ စားရေး၊ နေရေးကို စိတ်မချ။ သားကလဲ လိမ္မာလှသည် မဟုတ်ပေ။ ဟိုတုန်းက အချိုးအတိုင်း သုံးချင် စွဲချင်တုန်း။

“အမေ ပိုက်ဆံ ပေးပါဦး”

ဆယ်တန်းလည်း မအောင်၊ အလုပ်လည်း မရှိသော သားသည် ကျူရှင်ပဲ တက်လေသလား၊ ရည်းစားနှင့်ပဲ လျှောက်လည်နေသလား။ အမေကိုယ်တိုင် သဲသဲကွဲကွဲ မသိခဲ့ပါလေ။

သား မလိမ္မာ ပြန်တော့လဲ သည်အမေ။

“မင့်သားကို မဆုံးမဘူး”

အမေသည် နှစ်ယောက်စလုံးမှာ တာဝန်ရှိတာပဲလို့ စိတ်ထဲကပဲ ပြန်ပြောဖြစ်သည်။ နှုတ်က ပြောဖို့ရာ ဆွံ့လျက် ပြောမထွက်ဝံ့။ ဘာကြောင့်လဲ ဆိုတော့ အဖေ၏ ဆုံးမနည်းကို သိပြီးသားမို့ပင်။

သားကြီးတုန်းကလည်း သည်လိုပဲ ဘာအဖြစ်ရယ်လို့ သူ မမှတ်မိတော့။ လက်သီးနှင့် ထိုးပြီး အဆုံးအမ ကောင်းလိုက်ပုံမှာ သားကြီးသည် ၉ တန်း စာမေးပွဲပင် မဖြေတော့ဘဲ အိမ်က ထွက်ပြေးတော့သည်။ စောစီးစွာ အိမ်ထောင်ကျသွားပြီ: ရုံးအကူလေး ဘဝနှင့် အဆုံးသတ်ရပုံကို အမေ ပြန်ပြောရလျှင် ရင်နာရဦးမည်။ ယောက္ခမဘက်က ထောက်ထောက်ခံခံ ရှိလို့သာ သမီးကို ဈေးဆိုင်တည်ပေးပြီး ကလေး သုံးယောက်နှင့်ပေမင့် ပြေပြေလည်လည် နေနိုင်ခဲ့ကြသည်။ အခု သည် အငယ်ကောင်လေးကလည်း ...

“အမေ မရှိရင် ကျွန်တော် အိမ်မှာ မနေဘူးဗျာတဲ့”

အမေ့ သားသမီး (၅) ယောက်မှာ ဆိုးဆိုးရွားရွားတော့ မဟုတ်ကြပါ။ လိမ္မာတယ်လို့ လုံးလုံးလျားလျား ပြောလို့ မရသည့်တိုင် သိတတ် နားလည်မှုတော့ ရှိကြသည်။ တစ်နှစ်တစ်ခါ အိမ်မှာ လူစုံလာလျှင် ဆူညံစည်ကားလျက် အမေကလည်း ချွေးမ၊ သမက်တွေ၊ သားတွေ၊ သမီးတွေ၊ မြေးတွေကြားမှာ ပြုံးရွှင်လျက်။

ဟိုတုန်းက အခြေနှင့် အနေနှင့် နေခဲ့စဉ်ကလည်း သားတွေ သမီးတွေ အိမ်ထောင်ကျသွားလျှင် မမြင်နိုင်သော လက်မည်းကြီးများဖြင့် ကိုယ့်ရင်ခွင်ထဲက ဆွဲထုတ်ခံလိုက်ရသလို ခံစားခဲ့ရ၏။ ခံစားလျက်ကပင် သားသမီးတွေ စိတ်ဆင်းရဲမှာ စိုး၍ အပြုံးမပျက်ခဲ့။ မျက်ရည်တွေကိုတော့ အိပ်ရာထဲမှာပဲ သိမ်းဆည်းခဲ့ရလေသည်။

သမီးလတ်က ပထမဆုံး အိမ်ထောင်ကျလေသည်။ မမြင်ဖူး၊ မသိဖူးသော တစ်ရပ် တစ်ကျေးသားနှင့် တက္ကသိုလ်မှာ တွေ့ခဲ့ကြလေသည်။ ကျောင်းအပြီး အလုပ်မှ မရသေးခင် လက်ထပ်ချင်လှပါပြီ ဆို၍ လက်ထပ်ပေးခဲ့ရသည်။ ဖအေကြီးက အလုပ်ရှာပေး ခဲ့ရသည်။ နှစ်ယောက်စလုံး အလုပ်နှင့် အကိုင်နှင့် ဖြစ်သွားပြီမို့ စိတ်အေးရမည် ပြင်ဆဲ သမီးဘဝကို ပိုင်စိုးလာသည့် သမက် ဖြစ်သူက မအေ့ ရှေ့မှာပင် ကိုယ့်သမီးကို ဆူတာ မာန်တာ မြင်လျှင် အမေ ရင်နာရသည်။ သမီးကလည်း သမီးပါပဲ သူ့နေရာနှင့်သူ မနေတတ်။ မပါးနပ်လှချေ။ သည်သမီးနှင့် နယ်မပြောင်းကြခင် အတူနေခဲ့ရရာ သမီးက မွေးသည့် မြေးဦးကလေးကို အမေ အချစ်ဆုံး။ အဖေနှင့် အမေ နယ်ပြောင်းစမှာ သည်မြေးကလေးကို ထည့်ပင် မထည့်ရက်ဘဲ နို့ဘူးတိုက်မွေးခဲ့သည်။ နောက်တော့ မိဘတွေကလည်း သူတို့ ကလေးကို ကြာရှည် မခွဲရက်သည်မို့ အမေသာ မြေးကို လွမ်းစိတ်ဖြင့် ရင်ကွဲ ကျန်ရစ်ခဲ့ရသည်။ မြေးကလေးကလည်း စကားတီတီတာတာ ပြောတတ်စ “ဘွားရေ ဘွားရေ” နှင့် ညာချွဲတတတ်ခါစ ဆိုတော့ အဘွားခမျာ မြေးကလေးကိုချည်း မြင်ယောင်ကာ လွမ်းနေတတ်ခဲ့သည်။

နောက်တော့ တစ်သက်လုံး အိမ်ထောင်ပြုမည်လို့ မထင်ခဲ့သည့် သမီးကြီး ယောက်ျားယူသည်။ ယူသည့် ယောက်ျားကလည်း လူရည် မလည် အူတူအတ။ မျက်မှန် ထူထူ တပ်ပြီး လောကကြီးကို မဖတ်တတ်သည့် ယောက်ျား။ ကလေးနှစ်ယောက်နှင့် ဖတ်သီ ဖတ်သီ ရုန်းကန်ရသော သမီးကြီးကို ကြည့်ရင်း မောရသည်။

ခုတော့ အမေ့ထံမှာ သားထွေး လူပျိုနှင့် သူ့အထက်က မန္တလေးရောက် မြို့နယ်မှူး သမီး အပျိုကြီးပဲ ကျန်တော့သည်။ သမီးကလဲ အပျိုကြီးသာ ဆိုသည် သူ့လခနှင့် သူ့ကိုယ်သူ လှအောင် ဝတ်ရဆင်ရ သည်နှင့် အမေ့ထံ တစ်လ နှစ်ရာပင် အနိုင်နိုင်။ မောင်လေးဖို့တော့ အင်္ကျီ၊ ပုဆိုးလေးတွေ ဝယ်ဝယ် ပို့ပေးတတ်ပါ၏။ အိမ်ထောင်မပြု၊ အပူ မရှာတာနှင့် အမ့မှာ ကျေးဇူးတင် ဂုဏ်ယူလို့ မဆုံး။

အမေကတော့ အမြဲတမ်း စိမ်းရိပ်နှင့် အေးမြသည့် သစ်ပင်ကြီးပမာ ဖြစ်ချင်ရှာသည်။ ကန္တာရ လေဝှေ့တိုင်း အမေ့ ရင်ခွင်မှာ ခေါင်းတိုး ဝင်စေချင်သည်။ သို့ပေမယ့် အမေကသာ စိမ်းရိပ် အေးမြ ပေးချင်ပေမယ့် အပင့်ရှင် ရုက္ခစိုး နတ်ကြီး၏ အလိုကို ကြည့်ရသေးသည်။ ခုလည်း သည်သားလေးကိုပင် မျက်မာန် သိုနေပြီ ဆိုတော့ အမေ အလိုလို ရင်မောနေရရှာ၏။ သို့ပေမယ့် ပျော့ညံ့သည်လို့ ဆိုချင်ဆို သည်မိသားစု (၃) ဦးသားကြားမှာ အမုန်းကို မျိုသိပ်လျက် အပြစ်ကို မေတ္တာနှင့် ဆေးကြောစေချင်သည်။

အဖေ့ အပေါ်မှာ အတတ်နိုင်ဆုံး အပြစ် မမြင်တတ်အောင် နေတတ်ခဲ့သည်က ဘဝ တစ်လျှောက်လုံးပင်။ အဖေနှင့် ရခဲ့သဖြင့် နေပူစပ်ခါး မသွားရ။ တစ်ဝမ်းတစ်ခါး အတွက် ပင်ပန်းကြီးစွာ မရှာခဲ့ရ။ အရိပ်အောက်မှာ သက်သောင့်သက်သာ နေခွင့် ရခဲ့ပြီ။ လူမြင်လျှင် ခေါင်းမော့ ပြုံးပြ နိုင်ခဲ့သည့် ဘဝ။ အခု အိုမင်းစ ပြုခါမှ ဒုက္ခတွေ ရောက်ရတာတော့ ရှိစေတော့။

အမေသာ စီကာပတ်ကုံး ပြောတတ်လျှင် အဖေ့ စက်ဘီးနောက်မှာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဘဝတစ်ခုလုံး ယုံမှတ်ပြီး လိုက်ပါခဲ့ပုံကို ပြန်ပြောပြမည်ပင်။ သည်တုန်းက ၁၉ နှစ်သမီး အရွယ် နုနုနယ်နယ် ငယ်ငယ်လှလှကလေး။ ချစ်သူက သူ့လက် ဖြူဖြူသွယ်သွယ် ကလေးတွေ အိုးမည်းပေမှာ စိုးလို့ မီးဖိုချောင်ပင် မဝင်ခိုင်းရက်ခဲ့။ ရွှေနှင်းဆီ ကြယ်သီးလေးတွေ တပ်၊ ရွှေနှင်းဆီ လက်ကောက်ကလေး ဝတ်၊ ရွှေဘီးကုပ်ကလေး တစ်ပတ်လျှို ဆံထုံးမှာ စိုက်ပြီး သမီးဦးကလေးကို ချီလျက် အမေ အဖေ့အိမ် သွားကန်တော့ ခဲ့ပုံတွေ၊ အဖေ ဖြစ်သူက စိတ်မပြေနိုင်ဘဲ မျက်ထောင့်နီဖြင့် ကြည့်ခဲ့တာတွေ၊ သည်တုန်းကလည်း အမေ၏ မိခင်က မြေးဦးလေးကို ချီချင်ဇောဖြင့် တပြုံးပြုံး ဆီးကြိုခဲ့သော်လည်း လင်သည် ရှေ့မှာ သမီးနဲ့ သမက်ကို ဟက်ဟက်ပက်ပက် မပြောဆိုရဲခဲ့ ရှာပေ။ ဒါတောင် အမေ့မှာ အဖေ၏ လုပ်စာကို ထိုင်စားခဲ့ရတာ မဟုတ်။ အဖေကသာ အိမ်ဦးခန်းမှာ အမြိန့်သား ထိုင်စားခဲ့ပြီး အမေက ကလေးတစ်ပြုံကြီးကို စက်ချုပ်၊ ဈေးရောင်းပြီး ကျွေးခဲ့ရသည်။ သည်အဖေ၏ သမီး အမေသည် သူ့ဖခင်နှင့် နှိုင်းယှဉ်ပြီး ခင်ပွန်းသည်၏ ကျေးဇူးကို တင်စားခဲ့ပေလိမ့်မည်။

အနှစ် ၃၀ ဆိုတာက ထာဝစဉ် ဖြူဖြောင့်ခဲ့တာတော့ မဟုတ်ခဲ့ပါပေ။ မိန်းမတို့သည် နဒီမြစ်နှင့် တူ၏ ဆိုသော်လည်း သွားရင်းဟန်လွှဲ မြစ်လက်တက်ကလေးတွေ ထဲက ငါးရှာတတ်သော ယောက်ျားတို့ သဘောကြောင့် နှစ် ၃၀ ခရီး ဆိုတာ တစ်မျိုးတစ်ဖုံလည်း ပြောင်းလဲ သွားနိုင်ပေမည်။ ကလေးတို့၏ ပညာရေး၊ ကလေးတို့၏ နေရေးစားရေး၊ မိသားစုဘဝကလေး၏ ချမ်းမြေ့လုံခြုံ ရေးတွေ ကသာ အမေ၏ မိခင်ဘဝကို ပြဌာန်းခဲ့လေသည်။ မြေသားလို ကြံ့ကြံ့ခိုင်ခိုင် ရပ်ခဲ့ပြီး အေးချမ်း တည်ငြိမ်စ ကာလမှာပင် ကလေးတို့သည် သိုက်မြုံထဲမှ ခွဲကြပြန်လေသည်။

ခုလည်း တစ်အိုးတည်း စားပြီး တစ်စီးပွါးတည်း မဖြစ်နိုင်တော့သော အဖေကြီးကို ဘာမှ ပြန်မပြောဖြစ်တော့ပေ။

“ရတယ်လေ အဖေကြီးဖို့ အသားလေး ၁ဝိသား ၁၅ိသား ဝယ်ချက် အမေကြီးတို့ အသီးအရွက်နဲ့ စားမှာပေါ့”
“အဲသလိုတော့ မလုပ်ပါနဲ့လေ မင်း ကျန်းမာရေးက ကောင်းတာမှ မဟုတ်တာ”

အမေက ခပ်ယဲ့ယဲ့ ပြုံးနေသည်။

ခုလဲ ဖအေကြီးဖို့ ထမင်းချိုင့် ထည့်ပေးပြီးလျှင် လက်ဖက်သုတ်နဲ့ ပြီးခဲ့ရတာတွေ စာမဖွဲ့ချင်တော့။

ထိုးလက်စ ဆွယ်တာထဲမှာသာ စိတ်နှစ်လို့ ထားလိုက်သည်။ ခြုံစောင်လေး၊ အနွေးထည်လေးတွေ ထိုးပြီး ချွေးမ၏ ဆိုင်မှာ တင်ဖို့ပဲ စဉ်းစားနေလိုက်သည်။ အနှစ် (၃၀) ကျော် သူ ရှာတာကို စားခဲ့ပြီးမှ အိုမင်းမစွမ်းချိန်တွင် ကိုယ်လဲ တစ်လှည့် စီးပွါးရှာရမယ် ဆိုတာကို အမေ မငြိုငြင်မိပါ။ ဒါပေမယ့် အဆစ်အမြစ်တွေ၊ အကြောအချဉ်တွေ၊ မျက်လုံးတွေ၊ ရုပ်ခန္ဓာကြီးရဲ့ ရော့ရဲရဲ ဖွဲ့စည်းမှုတွေက အမေ့ အလုပ်ကို အံတုနေကြသည်။

စစ်တုရင်ခုံ ပေါ်မှာ အရုပ်ကလေးများကို နေရာချထားရင်း ကစားကွက်များကို စဉ်းစားနေသော အဖေသည် သိုးမွေးချည် ကလေးများကို တွဲငင်ယှက်သီကာ နှစ်ချောင်းထိုး အပ်ကလေးတွေနှင့် အတူ လှုပ်ရှားနေကြသော အမေ့ အရိုးပြိုင်းပြိုင်း လက်ကလေးများကို မြင်ပုံမရ။

ခင်မြဇင်
ကလျာမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၁၉၉၃။

 #နီဝင်ရီတရောက ကောင်ချေ(ကွယ်ဝှက်ခံ တရုတ်ပြည်က ဝတ္ထုတိုတိ) #လင်းနီနန့်နီငြိမ်းတန်ဖိုး ၅၀၀၀ ကျပ်
20/09/2022

#နီဝင်ရီတရောက ကောင်ချေ
(ကွယ်ဝှက်ခံ တရုတ်ပြည်က ဝတ္ထုတိုတိ)
#လင်းနီနန့်နီငြိမ်း

တန်ဖိုး ၅၀၀၀ ကျပ်

🌻စာအုပ်တွေရဲ့ သိကောင်းစရာ လျှို့ဝှက်ချက် (၁၀) ချက်🌻စာအုပ်စာပေတွေအမြဲဖတ်ကြတဲ့ စာဖတ်ချစ်သူတို့ရေ…🙋‍♀️ စာအုပ်ဖတ်ပေမယ့်လည်း ...
11/09/2022

🌻စာအုပ်တွေရဲ့ သိကောင်းစရာ လျှို့ဝှက်ချက် (၁၀) ချက်🌻

စာအုပ်စာပေတွေအမြဲဖတ်ကြတဲ့ စာဖတ်ချစ်သူတို့ရေ…🙋‍♀️ စာအုပ်ဖတ်ပေမယ့်လည်း စာအုပ်တွေနဲ့ ပတ်သက်ပြီး အံ့သြစရာ ကောင်းတဲ့အချက်တွေ သိကြပါသလား… ဒီတစ်ခါတော့ အပျော်အနေနဲ့ စာအုပ်တွေနဲ့ ပတ်သက်ပြီး သိကောင်းစရာ လျှို့ဝှက်ချက် (၁၀) ချက်ကို ရေးပေးထားပါတယ်…ဖတ်ကြည့်ကြဦးနော်…👇👇👇

၁. စာအုပ်ဖတ်စရာ အကြောင်းအရာတွေကုန်သွားမှာကို အရမ်းကြောက်တယ်မလား. အဲ့ဒီကြောက်စိတ်ကို Abibliophobia လို့ ခေါ်ပါတယ်။

၂. သစ်ပင်တစ်ပင်ကနေ စာအုပ်ရေ အုပ် (၅၀) ကျော် ထုတ်လုပ်နိုင်ပါတယ်။

၃. ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး စာအုပ်ကတော့ “Codex Leicester” စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကို Leonardo Da Vinci ကရေးသားခဲ့ပြီး Bill Gates က သန်းပေါင်း ၃၀.၈ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။

၄. ဝတ္ထုစာအုပ်တစ်အုပ်ရေးဖို့အတွက်ဆိုရင် ၄၇၅ နာရီခန့် ကြာပါတယ်။ စကားလုံးရေးရုံနဲ့တင်မဟုတ်ပါဘူး။ ဝတ္ထုရေးဖို့ သုတေသန ပြုစုရတဲ့အချိန်လည်း ဒီထဲမှာ ပါဝင်ပါတယ်။

၅. သုတေသန စာတမ်းတစ်ခုအရ နေ့တိုင်းစာဖတ်ပေးရင် အသက်အရွယ်ကြီးလာတဲ့အချိန်မှာ Alzheimer’s ရောဂါရရှိနိုင်ချေ ပိုပြီး လျော့ကျစေပါတယ်။

၆. စာအုပ်ဖတ်တဲ့အခါ စာအုပ်အနံ့ကို ကြိုက်နှစ်သက်တယ်မလား။ အဲ့ဒီ ကြိုက်နှစ်သက်တဲ့စိတ်အတွက် စကားလုံး ရှိပါတယ်။ Bibliosmia လို့ ခေါ်ပါတယ်။

၇. ခန့်မှန်းခြေအရ နှစ်စဉ်နှစ်တိုင်း စာအုပ်ပေါင်း ၉သိန်းကျော်ကို ထုတ်လုပ်ကြပါတယ်။

၈. စာပေလောကမှာ အရှည်ဆုံး စာကြောင်းကို “Les Miserables” စာအုပ်ထဲမှာ တွေ့ ရှိနိုင်ပါတယ်။ Victor Hugo ရေးထားတာဖြစ်ပြီး စာကြောင်းထဲမှာ ၈၂၃ စကားလုံးပါဝင်ပါတယ်။

၉. အမေရိကန် သမ္မတဟောင်း Theodore Roosevelt ဟာ စာအုပ်ကို တစ်နေ့တစ်အုပ်ဖတ်တဲ့သူပါ။

၁၀. လက်နှိပ်စက်နဲ့ ပထမဦးဆုံးရေးသားခဲ့တဲ့ စာအုပ်ကတော့ “The Adventure of Tom Sawyer” စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကို Mark Twain ဟာ ၁၈၇၅ ခုနစ်မှာ ရေးသားခဲ့တာပါ။

စာအုပ်ချစ်သူတို့လည်း ကိုယ်သိတဲ့ သိကောင်းစရာ စိတ်ဝင်စားစရာအချက်လေးတွေ ရှိရင် ကော်မန့်မှာ မင်မင်တို့အတွက် ရေးပေးခဲ့ပါနော်။

Reference:

https://digital.imprint.co.uk/top-20-book-facts/

 #မယ့်ကိုး #အရေးပေါ်အခန်းထဲမှာတန်ဖိုး ၃၅၀၀လိင်တူချစ်သူ ပန်းပုပညာရှင် ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်လေးတွေ .. ဒီစာအုပ်ကို ...
11/09/2022

#မယ့်ကိုး
#အရေးပေါ်အခန်းထဲမှာ

တန်ဖိုး ၃၅၀၀

လိင်တူချစ်သူ ပန်းပုပညာရှင် ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်လေးတွေ ..

ဒီစာအုပ်ကို အညွှန်းအနေနဲ့ ရေးဖို့ မဝံ့ရဲဘူး ဖြစ်နေမိပေမယ့် ဖတ်ပီးတဲ့စာအုပ်တိုင်းကို အညွှန်းရေးမယ်လေ ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ရေးဖြစ်လိုက်တယ် .. အမှားပါသွားမှာဆိုးတာရော ၊ ကျွန်တော့်ကို အမြင်တွေ လွဲကုန်မှာဆိုးတာရော ၊ လက်မခံနိုင်တဲ့ လူတချို့က ရှိနေနိုင်တာရောကြောင့် တွေဝေနေရခြင်းဖြစ်တယ် ..

ဒါပေမဲ့ လိင်တူချစ်သူတွေရဲ့ ခံစားချက်တချို့ကို မြင်လိုက်ရတော့ သနားမိသွားတယ် ၊ အားနာမိသွားတယ် .. ဒီထဲမှာပါတဲ့ စာသားလေးတစ်ခုကို ပြန်ကောက်နှုတ်ရမယ်ဆို " လိင်တူချင်း စိတ်၀င်စားခြင်းဟာ ရွေးချယ်မှုဆိုရင် ကျွန်တော် ငြင်းပယ်မှာပါ " တဲ့

အထက်ပါစာသားလေးရော ၊ ဖတ်ဖူးတဲ့စာအုပ်တချို့မှာပါတဲ့ အကြောင်းအရာ တချို့အရ သူတို့ထဲက တချို့ဟာ လိင်တူချစ်ရခြင်းကို ဖြစ်နိုင်မယ်ဆို ငြင်းပယ်ပြီး သဘာ၀အတိုင်း ဆန့်ကျင်ဘက်ကိုသာ ချစ်ခင်ချင်တယ်ဆိုတာကို တွေ့ရတယ် .. ဒါပေမဲ့ ခံစားချက်အရလို့ ပြောရမလား ၊ ခန္ဓာကိုယ်ရဲ့ တောင့်တမှုအရလို့ ပြောရမလား သူတို့ဟာ လိင်တူကိုပဲ ပိုမို စိတ်အားထက်သန်နေလေ့ရှိတယ် ..

ဒီစာအုပ်ထဲမှာ ကောင်လေးဟာ ငယ်စဉ်ကလေးဘ၀ကတည်းက မိဘဖြစ်သူနဲ့ ပတ်၀န်းကျင်ရဲ့ လှောင်ပြောင်ကဲ့ရဲ့ခြင်းကို ခံခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေ ၊ အချစ်ရေးနဲ့ပတ်သက်ပြီး ကြုံတွေ့ရတဲ့ အကြောင်းတွေကို တွေ့ရတယ် ..

ကိုရင်ဝတ်ပေးတာတောင်မှ စိတ်ဆန္ဒက လိင်တူအပေါ်မှာပဲ သာယာနေမိတယ်ဆိုတဲ့ အကြောင်းလေးကို တွေ့မိတော့ စဉ်းစားစရာတွေဝောာ့ များခဲ့တယ် .. လိင်တူချစ်သူ သားသမီးကို အတင်း သာသနာ့ဘောင် သွတ်သွင်းပေးတဲ့ မိဘတွေကိုပဲ အပြစ်တင်ရမလား မပြောတတ် ..

ယနေ့ခေတ်အခါမှာတော့ လိင်တူချစ်ကြိုက်ကြတဲ့ လူတွေကို နိုင်ငံတကာနဲ့ ပတ်၀န်းကျင်က လက်ခံလာကြပါပြီ .. ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ သူတို့ရဲ့ ဖြစ်တည်မှုကိုတော့ အသိအမှတ်ပြု လက်ခံသင့်တယ် မဟုတ်လား .....

#အရေးပေါ်အခန်းထဲမှာ
#မယ်ကိုး
#ဇလပ်နီ

Address

Mahar Pyinnyar Kyaw
Mrauk-Oo

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959791166950

Website

Alerts

Be the first to know and let us send you an email when Mra TheinGi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share