28/10/2022
- မမဝေ
"မမဝေသည် ကျွန်တော်လှမ်းပေးသော
ပိတောက်ခက်များကိုယူကာ ခေါင်းမှာပန်၏။
လှပါတယ် မမဝေ၊ ပန်းဟာလည်း လှသွားတယ်။
မမဝေ လည်း ပိုလှသွားတယ်..."
(ပိတောက်ပွင့်ဆဲ လသာဆဲဝယ်)
- မမရီ
" မမရီမှာ ကြင်နာတတ်တဲ့ မျက်လုံးတွေရှိတယ် ။
ကရုဏာအပြုံးကို ပြုံးတတ်တဲ့ မျက်နှာရှိတယ် ။
ဒါတွေဟာ နားလည်မှုအတွက် အခြေခံတွေပဲ ။
ဘဝမြူတွေစင်သွားရင် မမရီ အလိုလို နားလည်သွားမှာပဲ ။
( မိုးညအိပ်မက်မြူ )
- မမမေ
"မေလလိုလှပ၍မေမေ့လိုကြင်နာတတ်သောမမမေ"
မမမေ နှင့် တွေ့ပြီး၍ မကြာမီ ဆိုက်ရောက်လာသော
နွေဦးသည် လွမ်းလည်းလွမ်းစရာ ကြမ်းလည်း ကြမ်းပါပေ၏"
(မောင့်ဘဝညအလားကွယ်)
- မမနွယ်
"မမနွယ်နဲ့မောင်ကြုံခဲ့ရသမျှ ဘဝအစဉ်ကို
ပုံပမာတင်ပြမယ် ကြံမိလေတိုင်း မမနွယ် နဲ့ မောင်
ကောင်းကောင်းသိကြတဲ့
ရေနံချောင်း-ချောက်လမ်းကို သတိရမိတယ် . . ."
(ကမ္ဘာကုန်ကျယ်သရွေ့ဝယ်)
- မမမွန်
"မမမွန်ကို တစ်ခါလေးမြင်ဖူးရုံနဲ့
ကျွန်တော် လွမ်းတယ်။ ဘာဖြစ်လို့ လွမ်းမှန်းမသိဘူး။ နောက် ၀မ်းနည်းတယ်။ဘာဖြစ်လို့ ၀မ်းနည်းမှန်းမသိဘူး။
နောက်ပြီးမှ ချစ်လာရတာ"
(တိမ်ညိုအလွင့် လအမြင့်)
- မမသန့်
"မမသန့်ရေ...
မမသန့် လည်း ကျေနပ်ပါ။
မျက်ရည်ဝဲတယ်လေ။ အဲဒါတော့ မတတ်နိုင်ဘူး။
ဒါပေမဲ့ ကျွန်တော် ရပ်နေတယ်...၊
မမေ့နိုင်တဲ့ ဒီနေရာမှာ ကျွန်တော် မျက်ရည်ဝဲရင်း ရပ်နေတယ်။မျက်ရည်ဝဲတာက သတ်သတ်၊
ရပ်တည်နိုင်သေးတာက သတ်သတ် မမသန့် ။
ဒါကို အလိုရှိတယ် မဟုတ်လား။
သည်တော့ မမသန့် လည်း ကျေနပ်ပါ။ "
(လေရူးသည်စာမတတ်ပါ)
- မမလွမ်း
"ရက်စက်လှချည်လား မမလွမ်းရယ်၊
ခင်ဗျားရင်ထဲက အမုန်းတရားတွေဟာ
ခင်ဗျားရင်ထဲက အသည်းနှလုံးတွေကို
လောင်မီးလို ကျွမ်းသွားတာမို့ ဒီလောက်တောင် ရက်စက်နိုင်တာလားဟင်..."
(လွမ်း)
- မမခိုင်
"အသည်းနှလုံးကိုမှနည်းသေး တယ်ထင်ရင်
ဒီမှာ မမခိုင် ကျွန်တော့်အသက်ကို
ထပ်ပူဇော်ဦးမယ်..."
(သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်)
- မမသက်
စွယ်တော်ပွင့်လျှင် နုနုဖတ်ဖတ် ဖြူသည်..၊
ကြည်ကြည်လေးဝင်းသော ရွှေရည်ရိပ်ရိပ် ပြေးနေဦးမည်။ ဟိုဒင်း..သက်ရဲ့ အသားမျိုး။ထဘီ ဝါဝါနုနုလေး
ဝတ်တတ်သော သက်၏ အသားရောင်မျိုး ။
သက်သက်သက်သူ့ကိုယ်သူ မမသက်တဲ့။
အင်း ဟင်း မမသက်သက်။
မုန်းလိုက်ပါသည့် အမျိုး။မုန်းသူကိုမှ သတိရပလေ ။
အဆိပ်အပြင်းဆုံး မိန်းမတစ်ဦးကိုမှ အပြစ်အကင်းဆုံး
စွယ်တော်ပန်းနှင့် နှိုင်းယှဉ်မိပလေ ။
(လွမ်းပါလေရစ်သည်သောင်ငွေဦး)
#တက္ကသိုလ်ဘုန်းနိုင်