Baby Book Monywa

Baby Book Monywa Monywa Township

Briff, Chip & KipperPhonic & first story level 1 to 6All 19 BookPrice 15000  MMKstory လေးဖတ်ပီး Talk about the story les...
12/12/2023

Briff, Chip & Kipper
Phonic & first story level 1 to 6
All 19 Book
Price 15000 MMK
story လေးဖတ်ပီး Talk about the story lession လေးပါသလို Key words puzzle and game exercise လေးတွေပါပူးတွဲပါတော့ Phonic Story အတွက်အရမ်းကောင်းသော စာအုပ်လေးတွေပါရှင့်

08/12/2023

ကားပုံနဲ့ စာအုပ်
ကားချစ်သော ကလေးလေးများအတွက်
Busy DIGGER
စာအုပ်လေးထဲမှာမြေတူးစက်လေး ဘာတွေလုပ်လဲဆိုတာ ပြထားပါတယ်ရှင့်

Board Book
price 2000 MMK
CB or Ph 09-797041528

Alphabet နဲ့ words လေးတွေကိုတွဲသင်ပေးသွားတာ 😍အတွင်းက illustrations နဲ့ paper လေးအတော်ကောင်း😍123 and ABCLucy & Tom'sHardc...
08/12/2023

Alphabet နဲ့ words လေးတွေကိုတွဲသင်ပေးသွားတာ 😍
အတွင်းက illustrations နဲ့ paper လေးအတော်ကောင်း😍
123 and ABC
Lucy & Tom's

Hardcover
Good condition
Price 6500 MMK
❣️❣️❣️

ပုံပြင်ပြောပြတာက ဘာလို့ကောင်းတာလဲ....?------------------------------------------       ပုံပြင်ကို ကလေးတို့ အလွန်သဘောကျပါ...
07/12/2023

ပုံပြင်ပြောပြတာက ဘာလို့ကောင်းတာလဲ....?
------------------------------------------

ပုံပြင်ကို ကလေးတို့ အလွန်သဘောကျပါတယ်။ အထူးသဖြင့် အရောင်အသွေးစုံစုံနဲ့ ရုပ်ပုံကလေးတွေ ပါတဲ့ ပုံပြင်စာအုပ်ကို ကြည့်ပြီး ပုံပြင်နားထောင်ရတာကို ကလေးတို့ အလွန်နှစ်သက်ကြပါတယ် ။ ကလေးတွေဟာ ရေးထားတဲ့စာကို နားမလည်ကြသေးရင်တောင် လူကြီးပြောပြတဲ့ အကြောင်းအရာကို နားထောင်ရင်း သရုပ်ဖော်တဲ့ရုပ်ပုံလေးတွေ ကို ဆက်စပ်ကြည့်ရင်းက ပုံပြင်ကို ကောင်းကောင်း နားလာ်ကြပါတယ်။

လူကြီးက ပုံပြင်တွေ ပြောပြတာ၊ ပုံပြင်စာအုပ်တွေ ဖတ်ပြတာဟာ ကလေးတို့အတွက် ပျော်စရာအတွေ့အကြုံ ဖြစ်သလို၊ အဓိပ္ပာယ် အမျိုးမျိုးကို စာနဲ့ရေးလို့ရတယ်။ စာဖတ်ရင် အဓိပ္ပာယ်တွေကို သိလာရယ်ဆိုတာ ပုံပြင်နားထောင်ရင်း သိလာကြပါတယ်။ ပုံပြင်ကိုဖတ်တဲ့အခါ ပုံပြင်ထဲမှာပါတဲ့ စာသားကို အောက်ကနေလက်နဲ့ထောက်ပြီး ဖတ်ပြဖို့လိုပါတယ်။ ကလေးက လူကြီး ဖတ်တဲ့အသံကို နားထောင်ရင်း လူကြီးလက်နဲ့ ထောက်ထောက်ပြတဲ့ စာသားတွေကို လိုက်ကြည့်ပါတယ်။ ဘယ်စာလုံးက ဘာဆိုတာမသိသေးပေမဲ့ ကြားနေရတဲ့ အသံနဲ့ယှဥ်တဲွဲပြီး စာလုံးရဲ့ ပုံသဏ္ဍန်ကို မှတ်မိလာစေပါတယ်။အမြင်နဲ့အကြား ယှဥ်တွဲဖန်များလာရာကနေ စာလုံးတွေရဲ့ ပုံသဏ္ဍန်နဲ့ အသံထွက်တွေကို ကလေးက မှတ်မိလာပါတယ်။ ဒါကြောင့် တစ်ချို့ကလေးတွေဟာ စာတွေကို နားမလည်ခင်ကတည်းက လက်နဲ့ထောက်ထောက်ပြီး ရွတ်တတ်၊ ဆိုနေတတ်ကြတာ ဖြစ်ပါတယ်။

ပုံပြင်ဖတ်ပြတဲ့ အလေ့အကျင့်ဟာ ကလေးတွေစာဖတ်ချင်စိတ်ဖြစ်လာအောင် လှုံ့ဆော်ပေးပါတယ်။ ကလေးကပုံတွေကြည့်ပြီး ဘာအဓိပ္ပါယ်ဆိုတာ သိချင်လာပါတယ်။ လူကြီးက ပုံပြင်ဖတ်ပြလိုက်တော့ သူသိချင်တာ သိလာရပါတယ်။အဲ့ဒီလို သိလာရာမှတစ်ဆင့် ကိုယ်တိုင်ဖတ်ချင်တဲ့စိတ်ကို
ဖြစ်ပေါ်လာစေပါတယ်။

ကလေးက ပုံပြင်စာအုပ်ကို ယူလာပြီး ဖတ်ပြဖို့ပြောလာတဲ့အချိန် ပုံပြင်စာမျက်နှာ တစ်ခုခုကိုထောက်ပြီး `ဒါက ဘာလဲ`ဆိုတာမျိုး မေးလာတဲ့အချိန်တွေဟာ ကလေးသိချင်စိတ်ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒီလို သိချင် စိတ်ကလေး နိုးကြွနေချိန်မှာ စာလုံးကို သေသေချာချာ ထောက်ပြီးဖတ်ပြတာဟာ ကလေးစာဖတ်လာဖို့အတွက် အကောင်းဆုံး အစပျိုး လေ့ကျင့်ပေးမှုဖြစ်ပါတယ်။

ကလေးတွေဟာ သူတို့နှစ်သက်သဘောကျတဲ့ပုံပြင် ကလေးတွေကို ခဏခဏ ဖတ်ပြတာမျိုးကို သဘောကျပါတယ်။ ပုံပြင်တစ်ပုဒ်ကို နှစ်ကြိမ်သုံးကြိမ်ဖတ်ပြရင်လည်း ကလေးကမပျင်းပါဘူး။လူကြီးက နှစ်ကြိမ်၊ သုံးကြိမ်ဖတ်ပြပြီးရင်ကလေးကို ပြန်မေးကြည့်နိုင်ပါတယ်။` ဒီပုံလေးနားမှာ ဘာတွေရေးထားလဲ`လို့ မေးကြည့်နိုင်ပါတယ်။ကလေးက ကောင်းကောင်း ပြောနိုင်တာမျိုးလည်း ရှိနိုင်ပါတယ်။ ကောင်းကောင်းမမှတ်မိသေးရင်လူကြီးက စာကိုလက်နဲ့ထောက်ပြီး ကောင်း ကောင်း မသိသေးတဲ့နေရာကို ထပ်မံပြောပြနိုင်ပါတယ်။

အဲ့ဒီလိုနဲ့ ကလေးဟာ ပုံနဲ့စာသားတွေကို ယှဥ်တွဲသိလာပါတယ်။တစ်နည်းပြောရရင် ပုံနဲ့စာရဲ့သဏ္ဍန်တွေကိုယှဥ်တွဲသိလာတာပါ။စာရဲ့ပုံသဏ္ဍန် နဲ့အဓိပ္ပါယ်တွေကိုလည်းဆက်စပ်သိလာပါတယ်။ စာလုံးတစ်လုံးချင်းရဲ့အဓိပ္ပါယ်နဲ့အသံထွက်ကိုတော့ကလေးကသိနေခြင်းမရှိသေးပါဘူး။ကလေးက စာလုံးတစ်လုံးချင်းကို ေထာက်ပြီး `ဒါကဘာလဲ၊ ဘယ်လိုအသံထွက်သလဲ`လို့ မေးလာတဲ့အချိန်ဆိုရင် ကလေးကိုစာသင်ပေးဖို့် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဒီလို စာတွေရဲ့အဓိပ္ပါယ်ကို နားလည်ဖို့ အတွက် `က၊ခ`ကို စတင်သင်ရတဲ့ အကြောင်းပြောပြီး အက္ခရာတွေကို စတင်သင်ပေးနိုင်ပါတယ်။ တစ်နေ့ နည်းနည်းသာ သင်ဖို့လိုပါတယ်။ တတ်စေချင်လွန်းလို့ တွန်းသင်ရင် ကလေးအတွက်ဝန်ပိပြီး သိချင်တတ်ချင်တဲ့ စိတ်ကလေးတောင် ပျောက်သွားမှာ စိုးရိမ်ရပါတယ်။

ပုံပြင်ဖတ်ပြတာဟာ အရေးကြီးသလို ပုံပြင်ပြောပြတာလည်း ကလေးအတွက်အရေးကြီးပါတယ်။ပုံပြင်ကနေ ကလေးတို့ဘဝအတွက် အရေးကြီးတဲ်အချက်တွေကို ပြောပြပေးနိုင်ပါတယ်။ ဥပမာ အလုပ်ကိုကြိုးစားလုပ်တာ ကောင်းတဲ့အကြောင်း၊ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် နေတာ ကောင်းတဲ့အကြောင်း စတာတွေကို ပုံပြင်ပြောရင်း ကလေးနားလည်အောင် ပြောပြပေးနိုင်ပါတယ်။

ပုံပြင်ပြောတဲ့အခါ ရုပ်ပုံပါတဲ့ပုံပြင်ဆိုရင် ကလေးတို့ ပိုနှစ်သက်ပါတယ်။ တကယ်လို့ ရုပ်ပြပုံစာအုပ်မရှိခဲ့ရင်လည်း ပုံပြင်ကလေးတွေကို ကလေးတို့စိတ်ဝင်စားလာအောင် ပြောပြနိုင်ပါတယ်။ ဥပမာ အကောင်ကလေးတွေပါလာရင် အဲ့ဒီအကောင်ကလေးတွေရဲ့အသံတွေကို ထည့်ပြောပေးရင် ကလေးတို့ပိုသဘောကျပါတယ်။ လှုပ်ရှားတဲ့အသံလေးတွေထည့်ပြောပေးနိုင်ပါတယ်။ ဇာတ်ကောင်တွေရဲ့ အသံနဲ့ အမူအရာတွေကိုကလေးတို့ ကြားလာ၊ မြင်လာအောင် အားဖြည့်ပြောသင့်ပါတယ်။

ပြီးတော့ ပုံပြင်ဇာတ်လမ်းရဲ့စိတ်ဝင်စားစရာအကောင်းဆုံး အပိုင်းကို ရောက်ရင်ပုံပြင်ကို လူကြီးကဆက်မပြောဘဲ ခဏရပ်ထားပြီး `ကဲ...အခုဆိုရင် ပုံပြင်ကလေးကဘယ်လိုဆက်ဖြစ်လာမယ်လို့ ထင်သလဲ`ဆိုပြီး ကလေးကိုကြိုတင်ခန့်မှန်းခိုင်းနိုင်ပါတယ်။ ကလေးခန့်မှန်းတာနဲ့ ပုံပြင်ဆက်ဖြစ်တာ မတူလည်း ကိစ္စမရှိပါဘူး။ တူနေခဲ့ရင်တော့ ကလေးရဲ့ကြိုတင်မှန်းဆမှုတော်တာကို ချီးကျူးရင်း ဆက်ပြောနိုင်ပါတယ်။ အဲ့ဒီလို မေးခွန်းမေးတဲ့အခါ အစပိုင်းတော့ ကလေးကမသိဘူးလို့လည်းဖြေနိုင်ပါတယ်။အဲ့ဒီလိုဖြေလဲ ကိစ္စမရှိပါ။ နောက်ပိုင်းပုံပြင်နားထောင်လေ့ရှိလာပြီး စဥ်းစားတဲ့ အလေ့အကျင့်ရှိလာရင် ကလေးက စဥ်းစားဖြေတတ်လာပါလိမ့်မယ်။

ပုံပြင်ပြောတဲ့အခါ အသံကို တစ်မျိုးတည်းပုံမှန်ပြောမယ့်အစား သူ့နေရာနဲ့သူ နိမ့်လိုက်၊ မြင့်လိုက်ပြောရင် ပုံပြင်ဟာ ပိုပြီးအသက်ဝင်လာပါတယ်။အဲ့ဒီလိုပြောရင်း အသံဆွဲကလေးတွေကို ထည့်ပြောလိုက်တော့ ပိုပြီးသဘာဝကျလာပါတယ်။ ဒီတော့ ကလေးက ပိုစိတ်ဝင် စားလာတယ်။ သူ့ပတ်ဝန်းကျင်မှာ ကြားနေက အသံတွေ ပုံပြင်ထဲမှာပါလာတော့ ပုံပြင်က ပိုအသက်ဝင်လာတာပေါ့။

ပုံပြင်ထဲမှာပါတဲ့ ဇာတ်ကောင်ကလေး ကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပြီးညကလေးသာ အဲဒီဇာတ်ကောင်ကလေးဖြစ်ရင် ဘာလုပ်မလဲဆိုတာမျိုးလည်း မေးနိုင်ပါတယ် ။ပုံပြင်ဇာတ်လမ်းအပေါ် ကလေးရဲ့နှစ်သက်ခံစားမှုကို မထိခိုက်စေဖို့တော့ လိုပါတယ်။ မေးခွန်းတွေခဏခဏမေးရင် ပုံပြင်အသွားအလာကို ထိခိုက်စေပြီး ကလေးဟာ ပုံပြင်ရဲ့အရသာကို ကောင်းကောင်း မခံစားနိုင်တော့ပါ။ ကလေးရဲ့စဥ်းစားမှုကို အားပေးစေနိုင်တဲ့ နေရာမျိုးမှာ ပုံပြင်ကို ခဏရပ်ပြီး ေမးသင့်ပါတယ်။

ပုံပြင်ပြောပြီးတဲ့အခါ လူကြီးတွေက ပုံပြင်ကနေပြီး သင်ခန်းစာ တွေထုတ်ပေးတတ်ကြပါတယ်။ ပုံပြင်ဆုံးသွားတဲ့အခါ ကလေးကိုယ်တိုင်စဥ်းစားဖော်ထုတ်နိုင်အောင်မေးခွန်းမေးပြီး ကလေးကိုယ်တိုင် သင်ခန်းစာ ထုတ်စေနိုင်ရင်ပိုကောင်းပါတယ်။ အဲဒီလို ဖန်တီး​ပေးတာ ကလေးကိုယ်တိုင် နားလည်ပြီး စဥ်းစားမှုကို အားပေးပါတယ်။ ကိုယ်တိုင်စဥ်းစားပြီး ထုတ်ယူထားတဲ့အချက်ဖြစ်လို့ ကလေးစိတ်မှာ ပိုစဲွဲမြဲပါတယ်။ အဓိပ္ပာယ် လည်း ပိုရှိပါတယ်။

ပုံပြင်ပြောတဲ့ အလေ့အကျင့်၊ ပုံပြင်စာအုပ်တွေကို ဖတ်ပြတဲ့အလေ့အကျင့်ဟာ ကလေးနဲ့လူကြီးဆက်ဆံရေးကို ပိုနွေးထွေးစေပါတယ်။ ကလေးနဲ့လူကြီး တစ်ဦးကို​တစ်ဦး ပိုပြီး နားလည်ခွင့်လည်းရပါတယ်။ကလေးက ဘာတွေကြိုက်နှစ်သက်တယ်ဆိုတာကိုလည်း လူကြီးအနေနဲ့လေ့လာခွင့်ရပါတယ်။ဒီအချိန်ကလေးတွေဟာ လူကြီးနဲ့ကလေးအေးအေးဆေးဆေးနေရတဲ့အချိန်ဖြစ်ပြီး ကလေးကို ပြောပြချင်တာလေးတွေ၊ တန်ဖိုးထားပျော်စေချင်တာလေးတွေကို ပြောပြပေးဖို့်၊ သွန်သင်ပေးဖို့ အကောင်းဆုံး အချိန်တွေဖြစ်ပါတယ်။

အထူးသဖြင့် အိပ်ရာဝင်ခါနီး ပုံပြင်ပြောတဲ့အလေ့အကျင့်ဟာ ကောင်းပါတယ်။ကလေးစိတ်ထဲမှာ မိဘရဲ့နွေးထွေးမှုကို ခံစားရင်းအိပ်ပျော်ရတဲ့အတွက် သိပ်ကောင်းပါတယ်။ စိတ်ထဲမှာ ပူပင်ပြီး၊ စိတ်ပင်ပန်းပြီး အိပ်ပျော်ရတာမျိုးဟာ ကလေးအတွက်မကောင်းပါဘူး။

ကလေးကိုပုံပြင်လေးတွေပြောပြီး ကလေးကိုယ်တိုင်အဲ့ဒီပုံပြင်ကို သူနားလည်လို ပြန်​ပြောခိုင်းကြည့်ပါ။ အဲ့ဒီအလေ့အကျင့်လုပ်ပေးရင်ကလေးဟာ အပြောအဆို၊ အနာအကြားစွမ်းရည်တွေ တိုးတက်လာမှာဖြစ်ပါတယ်။

ငယ်စဥ်က ကြားခဲ့ရတဲ့ ပုံပြင်လေးတွေ၊ မှတ်သားနာယူစရာလေးတွေဟာ ကစေိတ်ထဲမှာ စွဲနေတတ်ပါတယ်။ အသက်အရွယ်ကြီးလာတဲ်အထိ အဲ့ဒီမှတ်သားစရာ လေးတွေကို ကောင်းကောင်းမှတ်မိနေတတ်ကြပါတယ်။ ပုံပြင်ဟာ လူတွေရဲ့စိတ်ထဲမှာ အသိစွဲစေတဲ့အား အလွန်ကောင်းပါတယ်။

တစ်ခါတစ်ရံ စိတ်ကူးပြီး ပုံပြင်လေးတွေကိုပြောပြနိုင်ပါတယ်။ ကလေးအတွက် မှတ်သားနာယူစရာကလေးတွေ၊ ရယ်​ေမာစရာကလေးတွေပါဝင်အောင် ပြောပြရင် ကလေးတွေသိပ်သဘောကျပါတယ်။ စိတ်ကူးပြောကို ကလေးကနောက်တစ်ကြိမ် ပြန်ပြောခိုင်းတတ်ပါတယ်။ ပထမပြောထားတာနဲ့မတူရင်ကလေးက ထောက်တတ်ပါတယ်။ တစ်ခါတစ်ရံ တမင်ကွဲလွဲအောင်ပြောကြည့်ပါ။ ကလေးကချက်ချင်းထောက်လာရင် အရင်က ပြောထားတာကို ကလေးဘယ်လောက်ကောင်းကောင်းမှတ်မိသလဲဆိုတာ သိနိုင်ပါတယ်။

ဒီတော့ ပုံပြင်ဖတ်ပြတဲ့ အလေ့အကျင့်နဲ့ ပုံပြင်ပြောတဲ့ အလေ့အကျင့်ကို မိဘတိုင်း ပြုလုပ်သင့်ပါတယ်။လိမ္မာတဲ့ကလေး ၊ လူတစ်ယောက်အနေနဲ့တန်ဖိုးထားသင့်တာကို တန်ဖိုးထားတတ်တဲ့ ကလေးတွေ ဖြစ်လာအောင်လေ့ကျင့်ပေးရာမှာပုံပြင်ဟာ တန်ဖိုးကြီးမားလှပါတယ်။ သုံးကြည့်ကြပါ။

စာရေးသူ
ဒေါက်တာသိန်းလွင်( ပညာရေးစိတ်ပညာပါရဂူ )

( ကလေးကို ချစ်ရင်မခြောက်ပါနဲ့ )စာအုပ်မှ ထုတ်နှုတ်တင်ပြပါသည် ။

English စကား​ပြောကို စိတ်ဝင်စား ဖွယ်ကောင်းတဲ့ ပုံပြင်စာအုပ်လေးတွေလိုချင်တယ်ဆိုရင်တော🙆🏻‍♂️ ☎09-797041528 သို့ဆက်သွယ်ပေးနော်
Page လေးလည်းfollowလုပ်ထားပေးပါရှင့်

First reader လေးတွေအတွက် အဆင်ပြေသလိုညအိပ်ပုံပြင်ဖတ်ပြမယ်ဆိုလည်းအရမ်းမစိမ်းတဲ့ Story Book လေးတွေလည်းရောက်ထားပါပီရှင့် Siz...
07/12/2023

First reader လေးတွေအတွက် အဆင်ပြေသလို
ညအိပ်ပုံပြင်ဖတ်ပြမယ်ဆိုလည်းအရမ်းမစိမ်းတဲ့ Story Book လေးတွေလည်းရောက်ထားပါပီရှင့်
Size 7" 4.5"
Price 3000 MMK
UK Book မို့Hard cover နှင့် Colour ကတော့ဆွဲဆောင်မှု့အပြည့်စိုတောက်နေသော

3+ သုံးနှစ်အထက်ချစ်စရာသားသားမီးမီးလေးတွေအတွက်Colour သင်ပေးလို့လည်းရဇာတ်ကောင်လေးတွေကဖောင်းကြွလေးတွေပါစာရွက်သားကအထူ Board ...
06/12/2023

3+ သုံးနှစ်အထက်ချစ်စရာသားသားမီးမီးလေးတွေအတွက်
Colour သင်ပေးလို့လည်းရ
ဇာတ်ကောင်လေးတွေကဖောင်းကြွလေးတွေပါ
စာရွက်သားကအထူ Board Book ပါ
စာအုပ်များနှင့်ရင်းနှီးစေဖို့စတင်မိတ်ဆက်ပေးသင့်သောလေးပါရှင့်
Size 5.5" / 6"
Price 5000 MMK
Type Board Book
Ph 09-797041528

📡မုံရွာမြို့ကပါရှင့် သားသားမီးမီးတို့အတွက် UK book အမျိုးမျိုးကိုစျေးနှုန်းသင့်တင့်စွာရောင်းချပေးနေပါတယ်ရှင့်ရရှိနိုင်မယ...
06/12/2023

📡မုံရွာမြို့ကပါရှင့် သားသားမီးမီးတို့အတွက် UK book အမျိုးမျိုးကိုစျေးနှုန်းသင့်တင့်စွာရောင်းချပေးနေပါတယ်ရှင့်
ရရှိနိုင်မယ့်စာအုပ်အမျိုးအစားများကတော့
်Story Book
📕Knowledge Book
📔paper back/
📕Board Book
📒pop up Book
📙touch & Feel Book စသဖြင့် UK second စာအုပ်မျိုးစုံရောင်းချပေးနေပါတယ်ရှင့်
📮ကလေးလေးများ စာဖတ်အလေ့အကျင့်ဖြစ်စေဖို့နှင့် Screen Time လျော့ချပေးဖို့အတွက် ဝယ်ယူအားပေးကြပါအုံးရှင့်
👪ညအိပ်ယာဝင်ပုံပြင် Story Book လေးတွေလည်းရှိတာမို့ လသားကလေးမှစပီး အသုံးပြုလို့ရပါတယ်ရှင့်
Page မှာနေ့စဥ်ရောင်းချပေးပါသည်ရှင့်
စိတ်ဝင်စားလို့မှာယူချင်တာဖြစ်ဖြစ် ကလေးလေးအသက်အလိုက်လိုချင်သော စာအုပ်များရှိပါက Hello လိုက်ပါနော်
☎️09-797041528
🛍မုံရွာ အိမ်အရောက်ငွေချေပို့ပေးပါမည်(၁၀၀၀၀ ဖိုးတော့အနည်းဆုံးယူပေးနော်)

Address

Monywa
Monywa

Telephone

+959797041528

Website

Alerts

Be the first to know and let us send you an email when Baby Book Monywa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category