07/02/2023
#တူရကီနှင့်ဆီးရီးယားနိုင်ငံငလျင်_ထပ်မံရရှိသည့်သတင်းများ ၇/၂/၂၀၂၃
ယမန်နေ့ကလှုပ်ရှားခဲ့သည့် အင်အားပြင်းငလျင်ကြီးကြောင့် တူရကီနှင့်ဆီးရီးယားနိုင်ငံများမှ လူသေဆုံးမှုဟာ 3000 ဦး ကျော်လွန်သွားခဲ့ပါပြီ။
နောက်ထပ်လူပေါင်း 15000 ကျော် ဒဏ်ရာရရှိသွားခဲ့ကြပြီး WHO ပဏာမအစီရင်ခံစာများအရ လူပေါင်း 20000 ကျော်သေဆုံးနိုင်ကြောင်းခန့်မှန်းထားပြီး အပျက်အစီးများအောက် ထောင်နှင့်ချီကာပျောက်ဆုံးလျက်ရှိသည်။
ယခုငလျင်ကြီးဟာ ခေတ်သစ်တစ်ခု၏အင်အားအပြင်းဆုံးတန်နှင့်လူသေဆုံးမှုအများဆုံးဖြစ်စေသည့်ငလျင်ကြီးအဖြစ်မှတ်တန်းဝင်သွားခဲ့ပါသည်။
Magnitude 7.8, 6.7, 7.8 စွမ်အားပြင်းငလျင်ကြီးများ နာရီပိုင်းခြားကာလှုပ်ရှားပြီးနောက် aftershock နောက်ဆက်တွဲ ငလျင် magnitude 6.0 နှင့်အောက် ငလျင်လှုပ်ရှားမှုများဟာ ကြောက်ခမန်းလိလိ စံချိန်တင်ကာ ၂၄ နာရီ အတွင်းမှာအကြီမ် ၃၀၀ ကျော်လှုပ်ရှားသွားခဲ့ပြီး ယခုတိုင်ဆက်လက်လှုပ်ရှားမြဲရှိနေသည်
Crd #မြငလျင်သတင်းများစင်တာ