Ruby99.MGK Gems&Jewellery

Ruby99.MGK Gems&Jewellery ယုံကြည်မှုဖြင့်လက်တွဲအလုပ်လုပ်ပါ
09422286636

နီလာအကြောင်း သိကောင်းစရာ 💙(၁) နီလာကျောက်(Sapphire)သည်...ကံကောင်းစေသောကျောက်ဖြစ်၏ချစ်ခြင်းတရားကို ခိုင်မြဲနိုင်စွမ်းရှိ၏စ...
01/03/2024

နီလာအကြောင်း သိကောင်းစရာ 💙

(၁) နီလာကျောက်(Sapphire)သည်...
ကံကောင်းစေသောကျောက်ဖြစ်၏
ချစ်ခြင်းတရားကို ခိုင်မြဲနိုင်စွမ်းရှိ၏
စိတ်မရှည်မှု၊စိတ်တိုမှုတို့ကို ကွယ်ပျောက်စေနိုင်၏။

(၂) နီလာသည် ပတ္တမြားနှင့် မျိုးရင်းတူ ကိုရမ်ဒမ် တွင်းထွက်ဖြစ်ပြီး ဓာတုဖွဲ့စည်းပုံအရ အလူမီနီယမ် အောက်ဆိုက်ဖြစ်သည်။ နီလာအား အပြာရောင်ကို ဖြစ်ပေါ်စေသော ဒြပ်စင်မှာ တိုက်တေနီယမ်နှင့် အိုင်ယွန်းအောက်ဆိုက် ဖြစ်သည်။ ပတ္တမြားကို အနီရောင် ဖြစ်ပေါ်စေသော ဒြပ်စင်မှာမူ ခရိုမီယမ်ဒြပ်စင်ဖြစ်သည်။

(၃) ပတ္တမြားသည် အနီရောင်အမျိုးမျိုးရှိပြီး အနီရောင်မှလွဲ၍ ကျန်အရောင်များ ရှိသော ကိုရမ်ဒမ်ကို နီလာဟု ခေါ်သည်။ နီလာတွင်ပါ၀င်သော သံဓာတ်အမျိုးအစားကို လိုက်ပြီး အရောင်မျိုးစုံ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် နီလာသည် အရောင်စုံရှိသော ကျောက်ဖြစ်ပါသည်။ သို့သော် Sapphire ဟူသော စကားရပ်မှာ အပြာဟု အဓိပ္ပာယ်ရပြီး ဂရိဘာသာစကားမှ ဆင်းသက်လာသည်ဟုဆို​ကြသည်။ မူရင်းမှာ သင်္ကရိုက်ဘာသာမှ ဆင်းသက်လာဟန်ရှိသည်ဟု ဆိုကြပြန်​သေးသည်။

(၄) နီလာ၏ သိပ်သည်းဆသည် (၄)ဖြစ်ပြီး မိုးစကေးအရ မာဆင့် (၉)ဖြစ်သည်။ သက်ဆိုင်ရာ အခြားသော တွင်းထွက်များလိုပင် အောင်း၀င်များသည် ထွက်ရှိရာဒေသပေါ် မူတည်ပြီး မတူညီကြပေ။ မြန်မာနိုင်ငံတွင် နီလာများကို ကျောက်ပြာသာဒ်၊ ကျပ်ပြင်၊ ကသဲ၊ ဘားနတ်၊ လေသာ၊ ပန်ရှိုးမိုးမိတ်လွင်ပြင်၊ မိုးဟောက်ဒေသတို့တွင် တွေ့ရသည်။ နီလာသည် မြန်မာနိုင်ငံအပါအ၀င် သီရိလင်္ကာ၊ ကက်ရှမီးယား၊ သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စုနှင့် ထိုင်းနိုင်ငံတို့ တွင်လည်း ထွက်ရှိပါသည်။

#နီလာ
to original owner

hot pink (heart shape)90%cleanအပြင်မှာ ပိုလှပါတယ်ဗျ W> 0.55ct p> Cb or 09422286636
22/02/2024

hot pink (heart shape)
90%clean
အပြင်မှာ ပိုလှပါတယ်ဗျ
W> 0.55ct
p> Cb or 09422286636

Mogok Natural Rubyအရည်ဥခဲလေးနားကပ်လေးဘဲလုပ်ဝတ်မလား လက်စွပ်လေးဘဲ ကွင်းထားမလား မြင်တာနဲ့ မျက်စိထဲ စွဲနေမဲ့ ကျောက်လေးပါဗျာ ...
22/02/2024

Mogok Natural Rubyအရည်ဥခဲလေး
နားကပ်လေးဘဲလုပ်ဝတ်မလား
လက်စွပ်လေးဘဲ ကွင်းထားမလား
မြင်တာနဲ့ မျက်စိထဲ စွဲနေမဲ့ ကျောက်လေးပါဗျာ

W >1.90ct
P > 15သိန်း အရောင်း
(စစ်ချက်လိုအပ်ရင် ထုတ်ပေးပါတယ်)

#အထည်များ (gold/silver) မိမိစိတ်ကြိုက် အော်ဒါ အပ်လို့ရပါတယ်ဗျာ)

တာချီလိတ်က သူဋ္ဌေးကိုကိုမမများ အားပေးမှုကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာ 🙏ရတနာတွေလဲ ဒီထပ် ပိုင်ဆိုင်နိုင်ကြပါစေဗျ🙏​  #အထည်မျ...
18/02/2024

တာချီလိတ်က သူဋ္ဌေးကိုကိုမမများ အားပေးမှုကို
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ 🙏
ရတနာတွေလဲ ဒီထပ် ပိုင်ဆိုင်နိုင်ကြပါစေဗျ🙏

​ #အထည်များ(gold/silver) မိမိစိတ်ကြိုက်အော်ဒါ
အပ်လို့ ရပါတယ်ဗျ🤗 #

ပတ္တမြားအကြောင်း....❤️-----------------------------ပတ္တမြား(Ruby)သည် တွင်းထွက်ကျောက် တစ်မျိုးဖြစ်သည်။ ပတ္တမြား၏အရောင်သည်...
17/02/2024

ပတ္တမြားအကြောင်း....❤️
-----------------------------
ပတ္တမြား(Ruby)သည် တွင်းထွက်ကျောက် တစ်မျိုးဖြစ်သည်။ ပတ္တမြား၏အရောင်သည် အများအားဖြင့် သွေးကဲ့သို့သော အနီရောင် ဖြစ်သည်။ တွင်းထွက်ကျောက်ထဲတွင် အရည်အသွေးကောင်းပါက တန်ဖိုး
ကြီးလေသည်။ မြန်မာနိုင်ငံတွင် မိုးကုတ်ဒေသမှ အများဆုံးထွက်ရှိသည်။
ထို့ကြောင့် မိုးကုတ်ဒေသကို ပတ္တမြားမြေဟုလည်း တင်စားခေါ်ဝေါ်ကြသည်။

ပြဒါးဓါတ်များ ကိန်းအောင်းရာမှ ဖြစ်လာသည်ဟု ရှေးကအယူရှိသောကြောင့် ပြဒါးများဟု ခေါ်ရာမှနေပြီး နောင်တွင် ပတ္တမြားဟု အမည်တွင်လာသည်ဟု ပြောဆိုကြသည်။ (အကယ်၍ သံနှင့်တိုက်တေနီယံ ဒြပ်စင်သာ အစားထိုးပါ၀င်သွားပါက အပြာရောင်💙 နီလာအဖြစ်🩵ရောက်ရှိသွားမည်ဖြစ်သည်။)

ဓာတုဗေဒဖွဲ့စည်းမှု ဓာတုဗေဒအရ ပတ္တမြားနှင့် နီလာသည် အလူမီနီယံအက် တမ် ၃ခုနှင့် အောက်စီဂျင်အက်တမ်၂ခု တို့ဖြင့် ဖွဲ့စည်းထားသည့်ကိုရမ်ဒမ်(Al2O3) ဒြပ်ပေါင်းသာဖြစ်သည်။ ထိုဒြပ်ပေါင်းအတွင်းသို့ ခရိုမီယံဒြပ်စင် အနည်းငယ်ပါ၀င်သောကြောင့် အနီရောင် အဖြစ် အရောင်ရှိနေရခြင်း ဖြစ်သည်။ ပုံဆောင်စနစ်မှာ တြိဂုဏ်စနစ်ဖြစ်ပြီး ရောင်လက်အားဖြင့် ဖန်ရောင်လက်ဖြစ်သည်။ အမာဆင့်မှာ 💥၉ ရှိပြီး သဘာ၀တွင်းထွက်များအနက် စိန်💎ပြီးလျှင် အမာဆုံးတွင်း ထွက်ဖြစ်ပါသည်။

ပတ္တမြား အရည်အသွေးများမှာ

(၁)လည်သီးရည် ကြက်ဖလည်ပင်းမှထွက်သော သွေးအရောင် အနီရောင်အပြည့်ရှိသည့် ပတ္တမြား ကျောက်ကို ခေါ်ခြင်းဖြစ်သည်။

(၂)ငရှဥ့်သွေးရည် ငရှဥ့်သွေးကဲ့သို့ အနီရောင်ရှိသည့် ပတ္တမြားကျောက်ကို ခေါ်ခြင်းဖြစ်သည်။

(၃)ခိုသွေးရည် ပတ္တမြားကျောက် အနီရောင်တွင် အပြာရည်စွက်သော အရောင်ကို ခေါ်ခြင်းဖြစ်သည်။

(၄)ယုန်သွေးရည် ပတ္တမြားကျောက် အနီရောင်တွင် အဝါရည်စွက်သော အရောင်ကို ခေါ်ခြင်းဖြစ်သည်။

(၅)သပြေသီးရည် ပတ္တမြားကျောက် အနီတွင် အပြာ၊ အညို ရောယှက်နေသည့် သပြေသီးမှည့် အရောင်ကို ခေါ်ခြင်းဖြစ် သည်။

(၆)ဘုံဘိုင်ညွန့်ရည် နှင်းဆီပန်းအရောင်ရင့်၏ စိုပြေသော နီနီရဲရဲ အရောင်မျိုးးကို ခေါ်ခြင်းဖြစ်သည်။

(၇)ဘုံဘိုင်ရည် လူငယ်၏အသွေးအရောင်ကဲ့သို့ အနီရောင် သက်သက်မျိုးကို ခေါ်ခြင်းဖြစ်သည်။

(၈)ကျောက်တိမ်းရည်
အနီတွင် အပြာရည်လွန်သော အရောင်မျိုး ကို ခေါ်ခြင်းဖြစ်သည်။

(၉)အရည်ကျ
အနီရောင် ဖျော့သောအရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

(၁၀)ပန်းရည်
နှင်းဆီပန်းရောင်ကဲ့သို့ အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

(၁၁)ကြက်သည်းရောင်အရည် ညိုပုပ်ပုပ်နှင့် မနီသယောင်ယောင်မျိုး အနီပုပ်ရောင်မျိုးကိုခေါ်ခြင်းဖြစ်သည်။

(၁၂)ကြက်သွန်ဥခွံအရည် အနီရောင်ဖျော့လျှက် ဖြူသယောင် အရော င်မျိုးကို ခေါ်ခြင်းဖြစ်သည်။

(၁၃)ထုံးခြောက်ရည်
နီသော်လည်း ဖြူပြီး ခြောက်တောက် တောက် ဖြစ်နေသော အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

(၁၄)ကတ္တီပါရည်
ကတ္တီပါအပြာစ ကဲ့သို့ အပြာရောင်ရှိသော နီလာကျောက်အ‌ရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

ဒါလေးတွေက ❤️ပတ္တမြားရဲ့ အရည်ကိုသာ ဖော်ပြပေးခြင်းဖြစ်ပါသည်။
ဆက်လက်၍လဲ ဘယ်နေ့သမားတွေကဆောင် ဘာတွေအကျိုးဖစ်စေသလဲဆိုတာကိုတော့ ဆက်လက်ဖော်ပြပေးသွားပါဦးမယ်။
#မူရင်းရေးသားသူအားရို‌သေလေးစားစွာဖြင့်creditပေးပါတယ်ခင်ဗျာ။🙏🙏🙏

Photo crd

Address

Mogok
Mogok

Telephone

+959422286636

Website

Alerts

Be the first to know and let us send you an email when Ruby99.MGK Gems&Jewellery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share