Mogok Fresh

Mogok Fresh Always

လက်ဖက်ရဲ့အစကတော့ ရှေးဟောင်း တရုတ်နိုင်ငံပဲ ဖြစ်ပါတယ်၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ (BC ၃၀၀၀) လောက်က စတင်သုံးစွဲခဲ့တယ်လို့ သ...
19/02/2022

လက်ဖက်ရဲ့အစကတော့ ရှေးဟောင်း တရုတ်နိုင်ငံပဲ ဖြစ်ပါတယ်၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ (BC ၃၀၀၀) လောက်က စတင်သုံးစွဲခဲ့တယ်လို့ သမိုင်းအထောက်အထားများအရ သိရပါတယ်။

လက်ဖက်ဟာ ရေမြေရာသီဥတုပေါ် မူတည်ပြီး အာနိသင်၊ အရောင်အဆင်း၊ အနံ့အရသာ ပြောင်းလဲသလို ခူးပုံနည်းစနစ်၊ ခူးတဲ့အချိန် ခူးပြီးတဲ့နောက် ထုတ်လုပ်တဲ့ နည်းစနစ်ပေါ် မူတည်ပြီး ကွဲပြားမှုရှိပါတယ်။ ဒါကြောင့် လက်ဖက်နဲ့ပတ်သက်ရင် တစ်ခါတစ်လေမှာ နာမည်သာတူပြီး ပစ္စည်းအမျိုးအစားကတော့ များစွာကွဲပြားခြားနားလေ့ရှိပါတယ်။

မိုးကုတ်တော်ဝင်လက်ဖက်ဆိုင်မှ လက်ဖက်ကတော့ နှစ်ပေါင်း ၅၀ ကျော်သည်အထိ မိုးကုတ်လက်ဖက် (စစ်စစ်) ကိုဘဲ သုံးစွဲခဲ့ပါတယ်။

မူလလက်ဟောင်းအရသာအတိုင်းထုတ်လုပ်ထားတဲ့ မိုးကုတ်တော်ဝင်လက်ဖက်ကို ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးကြတဲ့ မိတ်ဆွေများအားလုံး ကို အထူးကျေးဇူးတင်ရှိပါတယ်။

မိုးကုတ် မျှစ်ချဉ်ကြော်
19/02/2022

မိုးကုတ် မျှစ်ချဉ်ကြော်

 #ဆီပြန်ဟင်းတွေဘဲစားနေရလို့ရိုးအီနေပြီလား????????အဲ့ဒါဆို စေတော်ဝင်ကထုတ်တဲ့မိုးကုတ်မျှစ်ချဉ်ကြော်လေးနဲ့စားလိုက်ပါမိတ်ဆွေ...
28/01/2022

#ဆီပြန်ဟင်းတွေဘဲစားနေရလို့ရိုးအီနေပြီလား????????

အဲ့ဒါဆို စေတော်ဝင်ကထုတ်တဲ့
မိုးကုတ်မျှစ်ချဉ်ကြော်လေးနဲ့စားလိုက်ပါမိတ်ဆွေ ♥️♥️♥️

😋😋အရသာလား ပြောစရာကိုမလိုဘူး စားဖူးသူတိုင်းသိ ♥️♥️

🧆🧆 သူ့တစ်မျိုးထဲစားစား ဘာဟင်းနဲ့တွဲစားစား အစပ်အဟပ်တော်တော်တဲ့ပြီး ထမင်းမြိန်တဲ့ မျှစ်ချဉ်ကြော်လေး ♥️♥️

🌻🌻 နေကြာဆီအသန့်နဲ့ကြော်ထားတာဆိုတော့ စိတ်ချလက်ချ စားသုံးနိုင်တယ်လေ ♥️♥️

🎁🎁 မိုးကုတ်လက်ဆောင်ဆိုပြီး လက်ဆောင်ပေးလည်း ရသေးတယ် ❤️❤️

😋😋ဘယ်မှာဝယ်စားရမလည်းဆိုတော့ မိုးကုတ် နီလာစျေးကြီး တော်ဝင်လက်ဖက်ဆိုင်မှာလည်းရတယ် ♥️♥️

😋😋ဒါမှမဟုတ် 09402530957 / 09256340594 ကို ဖုန်းဆက်ပြီးမှာလို့ရသေးတယ် ♥️♥️

ကဲ ဘာလိုသေးလည်း အရသာရှိရှိ မျှစ်ချဉ်ကြော်လေး ခုဝယ်လို့ရပြီနော် 🥰🥰🥰

မိုးကုတ်မြို့တွင်းဆို Hello တာလုပ်လိုက် အိမ်ရှေ့ရောက်ပြီးသားဘဲ 😍😍😍

#စေတော်ဝင်

ဟင်းတစ်ခွက်တည်းနဲ့ ထမင်းမြိန်မြိန်စားချင်ရင်စေတော်ဝင်က ထုတ်တဲ့ ငံပြာရည်ကြော်လေးသုံးဆောင်လိုက်ပါ မိတ်ဆွေ 😋😋😋🌻🌻 နေကြာဆီအသန...
26/01/2022

ဟင်းတစ်ခွက်တည်းနဲ့ ထမင်းမြိန်မြိန်စားချင်ရင်
စေတော်ဝင်က ထုတ်တဲ့
ငံပြာရည်ကြော်လေးသုံးဆောင်လိုက်ပါ မိတ်ဆွေ 😋😋😋

🌻🌻 နေကြာဆီအသန့်နဲ့ကြော်ထားတာဆိုတော့ စိတ်ချလက်ချ စားသုံးနိုင်တယ်လေ ♥️♥️

😋😋ဘယ်မှာဝယ်စားရမလည်းဆိုတော့ မိုးကုတ် နီလာစျေးကြီး တော်ဝင်လက်ဖက်ဆိုင်မှာလည်းရတယ်

😋😋ဒါမှမဟုတ် 09402530957 / 09256340594 ကို ဖုန်းဆက်ပြီးမှာလို့လည်းရသေးတယ် ♥️♥️

ကဲ!!! ဘာလိုသေးလည်း အရသာရှိရှိ ငံပြာရည်ကြော်ကို ခုဝယ်လို့ရပြီနော် 🥰 🥰🥰

🛵 မိုးကုတ်မြို့တွင်းဆို Hello တာလုပ်လိုက် အိမ်ရှေ့ရောက်ပြီးသားဘဲ 😍😍😍

🚕 နယ်ဝေးဆိုလည်း ကားဂိတ်နဲ့ပို့ပေးသေးတယ်ဗျာ 😍😍😍

#စေတော်ဝင်

23/11/2021

Always

ရွှေကဒ်လေးနဲ့မင်္ဂလာဖိတ်စာ
14/11/2021

ရွှေကဒ်လေးနဲ့
မင်္ဂလာဖိတ်စာ

လက်ဖက်ဆိုရင် မိုးကုတ်တော်ဝင် လက်ဖက်ဆိုင် ကို သတိရလိုက်ပါ။🏡 အမှတ် စ/၃၇။ စျေးသစ်ရပ်၊ မိုးကုတ်မြို့။ 🛍 နီလာစျေးကြီး၊ မိုးကု...
30/09/2020

လက်ဖက်ဆိုရင် မိုးကုတ်တော်ဝင် လက်ဖက်ဆိုင် ကို သတိရလိုက်ပါ။
🏡 အမှတ် စ/၃၇။ စျေးသစ်ရပ်၊ မိုးကုတ်မြို့။
🛍 နီလာစျေးကြီး၊ မိုးကုတ်မြို့။
📱 09442298886 ၊ 09772254952

ဒီလို covid အချိန်မှာ အိမ်မှာနေရင်း လက်ဖက်သုပ်လေး စားရင်းနဲ့ ရေနွေးကြမ်းလေးသောက်ရရင်ဖြင့် တော်တော်လေး အရသာရှိမှာပဲနော်။ မြန်မာလူမျိုး အများစုက လက်ဖက်သုပ်စားရတာကို နှစ်သက်ကြပါတယ်။ ဧည့်သည်ကို ဧည့်ခံတဲ့အခါမှာပဲဖြစ်ဖြစ် မိသားစုတွေ စုစုဝေးဝေးနဲ့ စကားဝိုင်း ထိုင်ပြောရင်းဖြစ်ဖြစ် တီဗွီကြည့်ရင်းဖြစ်ဖြစ် လက်ဖက်သုပ်စားကြသလို သူငယ်ချင်းတွေ ဆုံမိတဲ့အခါ အထူးသဖြင့် မိန်းကလေးသူငယ်ချင်းတွေ စုမိကြရင် လက်ဖက်လေးစားရင်း စကားပြောကြတာများပါတယ်။
လက်ဖက်စိမ်းရေနွေးကြမ်း က ဆေးဖက်ဝင်တယ်၊ရေနွေးကြမ်းကဘယ်လိုဆေးဖက်ဝင်တယ်လို့ပြောကြပေမယ့် ကိုယ်တွေနှစ်နှစ်သက်သက်နဲ့စားနေတဲ့ လက်ဖက်သုပ်က ဆေးဖက်ဝင်တယ်ဆိုတာကို သတိထားမိကြရဲ့လား။
လက်ဖက်ကို တရုတ်နဲ့အိန္ဒိယနိုင်ငံတွေမှာလည်းရှေးအစဉ်အဆက်ကတည်းကဆေးဖက်ဝင်တဲ့ စားစရာအဖြစ်လက်ခံထားကြပါတယ်။မြန်မာလူမျိုးတွေကလည်းရှေးအစဉ်အဆက်ကတည်းက လက်ဖက်ကိုနှစ်နှစ်ခြိုက်ခြိုက်စားသုံးခဲ့ကြတာပါ။ အလှူအတန်းတွေမှာ တည်ခင်းဧည့်ခံကြသလို အမှုအခင်းတွေပြေငြိမ်းတဲ့အခါမျိုးမှာလည်း လက်ဖက်စားပြီးပြေငြိမ်းကြတာမျိုးရှိပါတယ်။
လက်ဖက်ကို မြေပဲ၊နှမ်း၊ကြက်သွန်ကြော်၊ ပုစွန်ခြောက်လေးနဲ့ပဲ ရိုးရိုးရှင်းရှင်းသုပ်ပြီး ကြက်သွန်ဖြူလေး၊ ငရုတ်သီးစိမ်းလေးနဲ့ တွဲစားတာကလည်း စားကောင်းပါတယ်။ နောက်တစ်မျိုးကတော့ လက်ဖက်ကို အကြော်စုံ နဲ့ သုပ်ပြီး ခရမ်းချဉ်သီး၊ ဂေါ်ဖီ တွေကို ပါးပါးလေးလှီးထည့်ပြီးသုပ်စားတာမျိုးလည်းရှိပါတယ်။ လက်ဖက်ကိုအချို့နယ်ဘက်တွေမှာဆိုရင် သင်္ဘောရွက် နုနုလေးတွေ၊ပြောင်းဖူးပြုတ်၊ ပန်းဂေါ်ဖီ၊ ဆလတ်ရွက်တို့ကို ထည့်ပြီး သုပ်စားတာမျိုးတောင်ရှိပါတယ်။ လက်ဖက်က စားလို့ ကောင်းတာတင်မဟုတ်ဘဲ ဆေးဖက်လည်း ဝင်ပါသေးတယ်။
လက်ဖက်ရဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်ပုံလေးတွေက
ခန္ဓာကိုယ် ကျန်းမာဖို့အတွက် လက်ဖက် -လက်ဖက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်မှာ Oxidative stressကြောင့် ထိခိုက်ပျက်စီးတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လက်ဖက်မှာပါဝင်နေတဲ့ catechins က ဆဲလ်တွေ ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးတဲ့နေရာမှာ ဗီတာမင် C နဲ့ ဗီတာမင် Eတွေထက် ပိုသာပါတယ်။ လက်ဖက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက အချို့ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါသေးတယ်။
နှလုံးကျန်းမာရေးအတွက် လက်ဖက် – နောက်တစ်ချက်က လက်ဖက်စားသုံးပေးတာက နှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ လက်ဖက်စိမ်းမှာဖြစ်ဖြစ် နေပူပြပြီးလုပ်ထားတဲ့ လက်ဖက်မှာပဲဖြစ်ဖြစ် ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ လက်ဖက်ကို နေ့စဉ်စားသုံးတာပဲဖြစ်ဖြစ် လက်ဖက်စိမ်း ရေနွေးကြမ်းကိုနေ့စဉ်သောက်သုံးတာပဲဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင် သွေးတိုးကျစေမှာသေချာပါတယ်။
ကိုယ်အလေးချိန်ကျစေဖို့အတွက် လက်ဖက် – လက်ဖက်မှာ ကဖင်းဓာတ်က ပါဝင်နေမယ်ဆိုတာတော့ ပြောစရာတောင်မလိုပါဘူး။ လက်ဖက်မှာပါတဲ့ ကဖင်းဓာတ်က ဦးနှောက်နဲ့အာရုံကြောတွေကို လှုံ့ဆော်ပေးပြီး ပင်ပန်းနွမ်းနယ်မှုကို ယာယီသက်သာစေနိုင်ပါတယ်။ လက်ဖက်စိမ်းက ကိုယ်အလေးချိန်ကျဖို့ လုပ်ဆောင်ပေးနိုင်သလို လက်ဖက်ရွက်ကို စားသုံးပေးမယ်ဆိုရင်လည်း ကိုယ်အလေးချိန်ကို ကျဆင်းစေမှာ အသေအချာပါ။နေ့စဉ် လက်ဖက်ကိုစားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်ကအဆီတွေကိုလျော့ကျစေမှာဖြစ်ပါတယ်။
လက်ဖက်သုပ်စားသင့်တဲ့ အကြောင်းအရင်းတွေ
လက်ဖက်သုပ်က အိပ်ချင်ပြေစေသလို ညဘက်အိပ်ခါနီးမှစားရင် အိပ်မပျော်တာမျိုးလည်းရှိနိုင်ပါတယ်။ ဒီလိုမဖြစ်ဖို့ဆိုရင် လက်ဖက်ထဲကို သံပရာသီးညှစ်ပြီးစားပေးလို့ရပါတယ်။ လက်ဖက်ရည်သောက်တာထက်စာရင်တော့ လက်ဖက်သုပ်စားတာက ခန္ဓာကိုယ်ကို ပိုပြီးအကျိုးပြုပါတယ်။ လက်ဖက်ရည်သောက်တာက အဆီပိုများသလို ကယ်လ်လိုရီလည်းပိုများပါတယ်။
နောက်တစ်ချက်က လက်ဖက်မှာ စိတ်ပူပန်မှုတွေ နဲ့ ADHD (လှုပ်ရှားလွန်းပြီး အာရုံမစိုက်နိုင်တဲ့ရောဂါ)ကို သက်သာစေနိုင်တဲ့ အမိုင်နိုအက်ဆစ်လို့သိကြတဲ့ L-theanineဒြပ်ပေါင်းတစ်မျိုးပါဝင်နေပါတယ်။ ဒါတွေတင်မကပါဘူး လက်ဖက်မှာရောဂါတော်တော်များများကို တိုက်ဖျက်ပေးနိုင်တဲ့ အာဟာရဓာတ်တွေပါဝင်နေပါသေးတယ်။

Address

No, 37
Mogok
05091

Website

Alerts

Be the first to know and let us send you an email when Mogok Fresh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share