22/06/2023
အပိုင်း ၉၉၂.သူတောင်းစားတစ်ယောက်ကို မောင်းထုတ်ခြင်း
ဟောင်ရှောင်လုံ ဟာ မတ်တပ်ရပ်လိုက်ပီး ဆိုင်ဝင်ပေါက် ဆီကို အလျင်မြန် သွားလိုက်သည်။
ဒါပေမယ့် သူ တံခါးဆီ ရောက်သွားချိန်တွင် လင်းရှောင်ချွမ်ရဲ့ ပုံရိပ်ဟာ ရှုပ်ထွေးနေတဲ့ လမ်းမကြီးပေါ်က လူအုပ်ကြားထဲ တိုးဝင်ပျောက်ကွယ်သွားပီ ဖြစ်သည်။ သူ့မျက်လုံးနဲ့ အချိန် အနည်းငယ်ရှာလိုက်သော်လည်း လင်းရှောင်ချွမ်ရဲ့ အရိပ်အယောင်တောင် မမြင်ရတော့ပေ။
ဒါကြောင့် သူဟာ လက်လျော့လိုက်ပီး သူ့စားပွဲရှိရာသို့ ပြန်လာလိုက်သည်။
ဒါပေမယ့် သူ့စားပွဲကို သူရောက်သွားတဲ့ ချိန်မှာတော့ စားပွဲထိုးက သူ့ရဲ့ ဟင်းပန်းကန်တွေကို ရှင်းနေတာကို တွေ့လိုက်ရလေသည်။ ပြီးတော့ သူ့ စားပွဲ နားမှာ ရပ်နေတာကတော့ ဇုဝမ်ချန် နဲ့ သူ့ရဲ့ အစေခံနှစ်ယောက်ပင်။
ဟောင်ရှောင်လုံက သူ့ရဲ့ လက်ကို ဆန့်လိုက်ပီး စားပွဲထိုးကို တားလိုက်ပြီး မေးလိုက်သည်။
မင်း ဘာလုပ်နေတာလဲ။ ငါ ရှင်းမယ်လို့ ခုထိ မပြောရသေးဘူး။
စားပွဲထိုးက ဟောင်ရှောင်လုံကို မသက်သာတဲ့ မျက်နှာ အမူအရာ နဲ့ ကြည့်လိုက်လေသည်။
ဒီက သခင်လေး။ ခင်ဗျား မြင်တယ်မလား ။ သခင်လေးက အနဲ နဲ့ အများတော့ စားပီးပီမလား။ ပီးတော့ ဒီနားမှာ တစ်ခြား လွတ်တဲ့ စားပွဲမှ မရှိတော့တာ။ သခင်လေး ဇုဝမ်ချန် ကလဲ စားပွဲ ရှာနေတာ။ အဲ့ဒါကြောင့်...
ဘယ်လိုလုပ်ပီး ဟောင်ရှောင်လုံက စားပွဲထိုးဆိုလိုတာကို နားမလည်ပဲ နေလိမ့်မလဲ။
ခုလေးတင်ပဲ စားပွဲထိုးဟာ ဟောင်ရှောင်လုံ သူ့စားပွဲမှာ မရှိတာ တွေ့လိုက်လို့ ၊ ပြီးတော့ တစ်ခြား စားပွဲတွေကလဲ မအားတာနဲ့ပဲ ဟောင်ရှောင်လုံ ရဲ့ စားပွဲကို ရှင်းပီးတော့ ဇုဝမ်ချန် ကို ပေးဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
အနည်းနဲ့ အများတော့ စားပီးပီ...။ ဟောင်ရှောင်လုံက လှောင်ပြီး ပြောလိုက်လေသည်။ ပီးတော့ သူ့ရဲ့ မတို့ထိရသေးတဲ့ ဟင်းပွဲတွေကတစ်ဆင့် စားပွဲထိုးကို ကြည့်လိုက်ပီး
မင်း တစ်ကယ် ကန်းနေတာလို့တော့ ငါ့ကို လာမပြောနဲ့။ ငါ ဒီဟင်းပွဲ တစ်ခုကိုမှ မထိရသေးဘူး။
တစ်ကယ်တော့ ဟောင်ရှောင်လုံက ဝိုင် နှစ်ခွက်ပဲ သောက်ရသေးပီး သူမှာထားတဲ့ ဟင်းပွဲတွေကို တစ်ဇွန်း တောင် မစားရသေးပါဘူး။ အဓိက ကတော့ စားပွဲထိုး ဟာ ဇုဝမ်ချန် ဆီကနေ အကျိုးမြတ်တွေ ရရှိထားတဲ့ ပုံပါပဲ။ တစ်ချိန်ထဲမှာပဲ ဇုဝမ်ချန် ရဲ့ အထောက်အထားကြောင့်လဲ စားပွဲထိုးက ဒီလို လုပ်ဆောင်နေတာပါ။
ဟောင်ရှောင်လုံရဲ့ စကားကို ကြားပီးနောက် စားပွဲထိုးရဲ့ အမူအရာဟာ ရုပ်ဆိုးသွားလေသည်။ ဒါပေမယ့် သူက အဆင့်နိမ်တဲ့ စားပွဲထိုးတစ်ယောက်သာ ဖြစ်တဲ့ အတွက် ဟောင်ရှောင်လုံ ကိုအင်အားသုံးပီး ဆိုင်အပြင် မောင်းထုတ်ဖို့ သတ္တိ သူ့မှာ မရှိပါဘူး။ သူဟာ မတတ်နိုင်တဲ့အဆုံး အကူညီမဲ့စွာနဲ့ပဲ ဇုဝမ်ချန် ကို လှမ်းကြည့်လိုက်လေသည်။
အဲ့ချိန်မှာပဲ ဇုဝမ်ချန် ရဲ့ နောက်မှာ ရပ်နေတဲ့ အစေခံအိုကြီး တစ်ယောက်က ဟောင်ရှောင်လုံ နား လာပီး ပြောလိုက်သည်။
ဘယ်လိုလဲ ကောင်လေး။ ငါတို့ မင်းရဲ့ ကုန်ကျစရိတ်ကို ရှင်းလိုက်မယ်။ ပီးရင် မင်းကို နောက်ထပ် နတ်ဘုရား ကြေးပြား တစ်ပြား ထပ်ပေးလိုက်မယ်။ အဲ့ဒါက မင်း တစ်ခြား စားသောက်ဆိုင်ကို သွားပီး အစားအသောက်တွေ အများကြီး ဝယ်စားဖို့ လုံလောက်မှာပါ။ ပြောပီးသည်နှင့် နတ်ဘုရားကြေးပြား တစ်ပြားကို စားပွဲပေါ်တင်ထားလိုက်သည်။
နတ်ဘုရား ကြေးပြား တစ်ပြား
ဒါကတော့ ဟောင်ရှောင်လုံက သာမန်လူတွေလို ဝတ်ဆင်ထားလို့ သူတောင်းစား တစ်ယောက်လိုမျိုး ပညာသားပါပါ နှင်ထုတ်လိုက်တာပါ။ ပြီးတော့ နတ်ဘုရား ကြေးပြားတစ်ပြားဟာ သာမန်လူတွေတွက် မမျော်လင့်နိုင်တဲ့ အရာပါ။
ဟောင်ရှောင်လုံက လှောင်ပြုံး ပြုံးလိုက်ပီး နတ်ဘုရား ကြေးပြား သုံး ပြားကို ထုတ်ယူကာ စားပွဲပေါ် ပစ်ချလိုက်လေသည်။
ငါ မင်းတို့ကို နတ်ဘုရားကြေးပြား သုံးပြားပေးလိုက်မယ် ။ မင်းတို့ နှစ်ယောက်နဲ့ မင်းတို့ သခင်လေးက တစ်ယောက်ကို တစ်ပြား စီ ယူလိုက်ကြ။ အခု မင်းတို့ ထွက်သွားကြတော့။ ငါ့ မျက်စိရှေ့မှာ လာမရှုပ်ကြနဲ့။ မင်းတို့ကောင်တွေ ငါ သေရည်သောက်နေတဲ့အချိန် ငါ့ ခံစားချက်တွေကို လာဖျက်စီးနေတာပဲ။
အစေခံအို နှစ်ယောက်ဟာ ချက်ချင်း ဒေါသထွက်သွားပီး သူတို့ရဲ့ မျက်နှာပါ ခရမ်းရောင် ပြောင်းသွားလေသည်။
သူတို့နှစ်ယောက်ဟာ ဟောင်ရှောင်လုံကို ပညာပေးဖို့ပြင်လိုက်တဲ့ အချိန်မှာပဲ ဇုဝမ်ချန် က ခေါင်း ခါလိုက်ပီး သူတို့နှစ်ယောက်ကို တားလိုက်လေသည်။
ထားလိုက်တော့။ ဒါက စားပွဲတစ်ခုပဲ မလား။ တစ်ခြား စားသောက်ဆိုင် တစ်ဆိုင် ထပ်ရှာကြတာပေါ့။
ဇုဝမ်ချန် ရဲ့ အမြင်မှာတော့ သူ့လို ကျော်ကြားတဲ့ ဇု မိသားစုရဲ့ သခင်လေးတစ်ယောက်က စားပွဲခုံလေးတစ်ခု အတွက်နဲ့ လူမြင်ကွင်းကြီးမှာ နာမည်မရှိတဲ့ မိသားစုက တပည့်တစ်ယောက်နဲ့ တိုက်ခိုက်တယ်ဆိုတာ သူ့ရဲ့ အဆင့်အတန်းကို
စော်ကားနေသလိုပါပဲ။
ဒါပေမယ့် သူထွက်မသွားခင် ဟောင်ရှောင်လုံ အတွက် စကား အချို့ချန်ထားခဲ့လေသည်။
တစ်စုံတစ်ယောက်က ငါ့ကို အာခံ ရဲတဲ့ သတ္တိ ရှိတာ တော်တော်ရှားတယ်။ ငါ့ကို ဆန့်ကျင်ဖို့အတွက် မင်းရဲ့ ယုံကြည်ချက်တွေ ဘယ်က လာသလဲဆိုတာ ငါတော်တော်လေး သိချင်မိတယ်။
ဟောင်ရှောင်လုံ ကပြန်မဖြေတော့ပေ။ တစ်ကယ်တော့ ဟောင်ရှောင်လုံက ဒီလူတွေကို နောက်တစ်ကြိမ် လှည့်ကြည့်ဖို့တောင် တော်တော်လေး ပျင်းနေပါပီ။ သူက သူ့ရဲ့ ခုံမှာ ပြန်ထိုင်လိုက်ပီး ဝိုင်ကို စိမ်ပြေနပြေ သောက်နေလိုက်သည်။
စူးရှတဲ့ အလင်းတန်းတစ်ခု က ဇုဝမ်ချမ် ရဲ့ မျက်လုံးတွေ ရဲ့အတွင်းထဲမှာ တောက်ပသွားလေသည်။
သွားမယ်....
သူက အစေခံ အိုနှစ်ယောက်ကို ပြောလိုက်ပီး စားသောက်ဆိုင်ကနေ ထွက်ခွာ သွားကြလေသည်။ သေချာတာ တစ်ခုကတော့ သူဟာ ဟောင်ရှောင်လုံက သူ့ကို ဆန့်ကျင်တာကို မှတ်ထားတယ် ဆိုတာပါပဲ။
စားပွဲထိုးက ဟောင်ရှောင်လုံကို သနားတဲ့ ပုံစံနဲ့ ကြည့်လိုက်ကာ ခေါင်းခါ ပီး ထွက်သွားလေသည်။
ဒီကောင်လေးက ဇုဝမ်ချန် ကို တစ်ကယ် ဆန့်ကျင်ရဲတာပဲ။ သေခြင်းတရား ဆိုတဲ့ စကားလုံး ကို ဘယ်လို ရေးရမယ်ဆိုတာ တကယ် မသိဘူးနဲ့ တူပါတယ်။
ဇုမိသားစုရဲ့ ခွန်အားဟာ ထိပ်သီး ဂိုဏ်း သုံးဂိုဏ်းနဲ့ မယှဥ်နိုင်ပေမယ့် အစိမ်းရောင် တိမ်တိုက်ကျွန်း မှာ ရှိတဲ့ ထပ်သီး ဆယ်ခု ထဲက တစ်ခု ဖြစ်နေတုန်းပဲလေ။ဒီနေရာမှာ ဇုဝမ်ချန် ကို ဆန့်ကျင်ဖို့ ရွေးချယ်တဲ့ လူ အများကြီး မရှိဘူးလေ။
အခြားဧည့်သည်တွေကလဲ ဟောင်ရှောင်လုံ ကို တိတ်တိတ်လေး အကြိမ်ကြိမ် ခိုးကြည့်ကာ ခေါင်းကို ရမ်းလိုက်ကြပီး သူတို့ အချင်းချင်း တီးတိုး ပြောနေကြသည်။ အထူးသဖြင့် သူတို့ ရဲ့အဖြေကတော့ စောနက စားပွဲ ထိုးနဲ့ အတူတူပါပဲ။
ဟောင်ရှောင်လုံဟာ ဘယ်တော့မှာ တစ်ခြားလူတွေရဲ့ အမြင်တွေကို ဂရုစိုက်လေ့ မရှိတာကြောင့် အေးဆေးထိုင်ပီး ဝိုင်ကို ဆက်သောက်နေလေသည်။
သူ့ရဲ့ အစာအိမ်ကို ဖြည့်ပီးနောက် ဟောင်ရှောင်လုံဟာ စားသောက်ဆိုင်ကနေ ထွက်လိုက်ပီး တစ်ညတာ အနားယူရန်အတွက် တည်းခိုခန်းရှာဖို့ ထွက်လာလေသည်။
သူ စားသောက်ဆိုင်ကနေ ထွက်လိုက်တာနဲ့ တစ်ပြိုင်နက် သိပ်မဝေးတဲ့ အခြား စားသောက်ဆိုင်တစ်ခုအတွင်းမှာ ဇုမိသားစုရဲ့ အစေခံ တစ်ယောက်က ဇုဝမ်ချန် ဆီကို ပြေးပီး သတင်းပို့လေသည်။
သခင်လေး...အဲ့ကောင် စားသောက်ဆိုင်ကနေ ထွက်သွားပြီ။ အခု ကျွန်တော်တို့ လှုပ်ရှားလိုက်ရတော့မလား။
ဇုဝမ်ချန်က ခေါင်းခါလိုက်ပီး အရေးမပါတဲ့ ပုံစံနဲ့ ပြောလိုက်သည်။
သူ့လို့ ဘာမဟုတ်တဲ့ကောင်အတွက် မင်းတို့ကိုယ်တိုင် လှုပ်ရှားစရာမလိုဘူး။ တစ်ယောက်ယောက်ကို ရှာပြီး သူ့ကို ပညာပေးခိုင်းလိုက်ရင် ရပါပြီ။ သူ့ကို သတ်စရာ မလိုဘူး။ အသက်ရှင်လျက် ထားလိုက်။
အစေခံ နှစ်ယောက်ဟာ ဇုဝမ်ချန် ဘာကို ဆိုလိုတယ်ဆိုတာကို ချက်ချင်း သဘောပေါက်သွားလေသည်။ ပြောချင်တာကတော့ အဲ့ကောင်လေးကို သေတာထက် ပိုးဆိုးတဲ့ ဘဝနဲ့ အသက်ရှင်နေရအောင် လုပ်ခိုင်းတာပါ။
ဟုတ်ကဲ့ပါ သခင်လေး..
အစေခံနှစ်ယောက်က သူတို့ သဘောပေါက်ကြောင်း ပြန်ပြောလိုက်လေသည်။
ဒီတစ်ခေါက် တပည့်သစ်ရွေးချယ်မှု စာမေးပွဲအတွင်းမှာ အဆင့်တစ်ဆယ် ထိပ်တန်း နတ်ဘုရား ဦးခေါင်းနဲ့ ပါရမီရှင်တွေ ပါမပါ ငါ သိချင်မိတယ် ဟု ဇုဝမ်ချန် က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
အစေခံတွေထဲက တစ်ယောက်က မျက်နှာလို မျက်နှာရ ပြုံးလိုက်ပီး .......
ထိပ်တန်း အဆင့်တစ်ဆယ် နတ်ဘုရား ဦးခေါင်း.......
အစိမ်းရောင် တိမ်တိုက် ကျွန်းတစ်ခုလုံး ပတ်ရှာရင်တောင် နောက်ထပ်တစ်ယောက်ကို သူတို့ ရှာတွေ့မှာ မဟုတ်ဘူး။
အခုတစ်ခေါက် တပည့်သစ်ရွေးချယ်မှု စာမေးပွဲမှာ ပါဝင်ဖို့ စောင့်ဆိုင်းနေတဲ့ လူတွေ အားလုံး ထဲမှာ သခင်လေး တစ်ယောက် ထဲကပဲ အဆင့်တစ်ဆယ် ဒါမှမဟုတ် ရင် အဆင့်တစ်ဆယ်ထက်ပိုတဲ့ နတ်ဘုရားဦးခေါင်း နဲ့ လူ ဖြစ်မှာပါ။
သခင်လေးရဲ့ ပါရမီနဲ့ဆိုရင် လူရိုင်း နတ်ဘုရားဂိုဏ်းခေါင်းဆောင်ရဲ့ မျက်စိကျတာကို ခံရဖို့ သေချာပီး သူ့ရဲ့ ကိုယ်ပိုင်တပည့် အဖြစ် လက်ခံမှာပါ။ ပီးတော့ လာမဲ့ ကျွန်းအားလုံးရဲ့ မဟာ စစ်ပွဲ လဲ ရောက်ရှိတော့မှာ မလို့ အဲ့ဒီ ပြိုင်ပွဲအတွက် နေရာ တစ်နေရာကိုလဲ သခင်လေး က သေချာပေါက်ရမှာပဲ။ ပီးတော့ ကျွန်းအားလုံးရဲ့ မဟာ စစ်ပွဲ အတွင်း သခင်လေးရဲ့ ထူးချွန် ပြောင်မြောက်တဲ့စွမ်းဆောင်ချက်တွေကို ကံကြမ္မာ ဂိတ် ရဲ့ အကြီးကဲတွေကမြင်ပီး သခင်လေးကို သူတို့ရဲ့ ကိုယ်ပိုင် တပည့် အဖြစ်လက်ခံဖို့တွက် တိုက်ခိုက်ကြလိမ့်မယ်ဆိုတာ ဒီ အစေခံအိုကြီး က သံသယ မရှိ ယုံကြည်တယ်။
ဇုဝမ်ချမ်က ယဲ့ယဲ့လေး ပြုံးလိုက်ပီး ခေါင်းညိမ့်လိုက်သည်။
အဲ့အချိန်မှာ ဟောင်ရှောင်လုံကတော့ သူ့ အခန်းထဲမှာ ရှိနေပီး တိုင်ချန်တုန် တို့ အဖွဲ့ရဲ့ နတ်ဘုရား ဦးခေါင်းတွေကို သန့်စင်နေလေသည်။
တိုင်ချန်တုန် ရဲ့ နတ်ဘုရားဦးခေါင်းကတော့ မီးဒြပ်စင် ဖြစ်ပီး ကျန်တဲ့ ငါးခုကတော့ မြေ၊ ရေနဲ့ သစ်သား ဒြပ်စင် နတ်ဘုရား ဦးခေါင်းများပင် ဖြစ်သည်။ မတူညီတဲ့ ဒြပ်စင်တွေထဲက နတ်ဘုရားစွမ်းအား တွေဟာ အဲ့ဒီ နတ်ဘုရား ဦးခေါင်း ငါးခု ထဲကနေထွက်လာပီး ဟောင်ရှောင်လုံ ရဲ့ ခန္ဓာကိုယ် ထဲ ဝင်သွားကြလေသည်။
ညဟာ လျင်မြန်စွာနဲ့ပဲ ကုန်ဆုံးသွားလေသည်။
ဟောင်ရှောင်လုံဟာ သူ့ရဲ့ အခန်းထဲ မနက်ခင်းနေရောင်ခြည်တွေ ဝင်ရောက်လာမှ သူ့ရဲ့ ကျင့်ကြံခြင်းကို ရပ်လိုက်လေသည်။
တစ်ညတည်း ကျင့်ကြံတာ ဖြစ်ပေမယ့် ဟောင်ရှောင်လုံက သူဟာ အဆင့်တစ်ဆယ် နောက်ပိုင်း အဆင့် ထိပ်ဆုံး အဆင့်မြင့်နတ်ဘုရားနယ်ပယ်နဲ့ နီးကပ်လာတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ခံစားနေရပါတယ်။ ဒီ ကျင့်ကြံမှု နှုန်းနဲ့သာဆိုရင် သူဟာ သူ့ရဲ့ ပန်းတိုင်ကို လဝက်အတွင်း ရောက်သွားမှာပါ။
ဟောင်ရှောင်လုံဟာ အခန်းထဲက ထွက်လိုက်ပီး တည်းခိုခန်းကနေ ထွက်မသွားခင် ပေါ့ပေါ့ပါးပါး အကြောဆန့်လိုက်သည်။ ထို့နောက် လူရိုင်း နတ်ဘုရား ဂိုဏ်း ရှိရာသို ထွက်ခွာသွားလေသည်။
နာရီ အနည်းငယ် ကြာပြီးနောက် ပင်ယိမြို့ဟာ သူ့နောက်မှာ ကျန်ခဲ့ လေသည်။ သူဟာ သစ်ပင်တွေကို ဖြတ်သွားတဲ့ အချိန်မှာပဲ သူ့ရှေ့က လမ်းဟာ လူ သုံးယောက်ရဲ့ ရုတ်တရက် ပိတ်ဆို့ ခြင်းကို ခံလိုက်ရသည်။
ဇုဝမ်ချန်က မင်းတို့ကောင်တွေကိုလွှတ်လိုက်တာလား။
ဟောင်ရှောင်လုံက အဲ့ဒီ လူသုံးယောက်ကို ကြည့်လိုက်ပီး အေးအေးဆေးဆေး မေးလိုက်လေသည်။ ဟောင်ရှောင်လုံ ဟာ အစောကြီးကတည်းက သူ့နောက်ကို လူသုံးယောက်က လိုက်လာတယ်ဆိုတာ သိထားပြီးဖြစ်သည်။ ဒါပေမယ့် မြို့ထဲမှာ လှုပ်ရှားဖို့က မသင့်တော်တာကြောင့် သူတို့ကို သူ့နောက်ကနေ လိုက်လာရန် ခွင့် ပြုထားခြင်းပင် ။
သူတို့ထဲက တစ်ယောက်က နတ်ဆိုးဆန်ဆန် ရယ်လိုက်ပီး...
မင်းကို ကြည့်ရတာ အဲ့လောက်လဲ တုံးအတဲ့ ပုံ မပေါ်ပါဘူး။ ကောင်လေး ငါတို့ကို အပြစ်မတင်နဲ့နော်။ ငါတို့က အမိန့်ကို နာခံယုံပဲ။ သခင်လေး ဇုဝမ်ချန်ကို ဆန့်ကျင်ပီး လူတွေကို ဘယ်လို ဆက်ဆံရမယ် ဆိုတာ မသိတဲ့ မင်းကိုယ် မင်းပဲ အပြစ်တင်လိုက်တော့။ ဒါပေမယ့် စိတ်မပူပါနဲ့ ။ သခင်လေး ဇုဝမ်ချန် က မင်းရဲ့ ခွေးလို အသက်ကို ချန်ထားပေးဖို့ ပြောလိုက်တယ်။
ဟားဟားဟား...........
သူက မင်းကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်ရင် လုံလောက်ပီလို့ ပြောလိုက်သေးတယ် ဟု နောက်တစ်ယောက်ကပါ ဝင်ရောက်ပြောဆိုလေသည်။
ဟောင်ရှောင်လုံက ခေါင်းခါလိုက်ပီး ယဲ့ယဲ့လေး ပြုံးလိုက်သည်။
မင်းတို့ကောင်တွေကလည်း ငါ့ကို အပြစ်မတင်ကြပါနဲ့။ မင်းတို့ တစ်ကယ့်တစ်ကယ် တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် မင်းတို့ရဲ့ သခင်လေး ဇုဝမ်ချန်ကို အပြစ်တင်ကြပေါ့။
ထိုသို့ပြောပီးသည်နှင့် ဆွဲအားတစ်ခုက လူသုံးယောက်ကို သူ့ရှေ့ကို ဆွဲငင်လိုက်လေသည်။
အဲ့ဒီနောက် သူ့မျက်လုံးထဲ၌ ခရမ်းရောင် အမှတ်အသားများ လည်ပတ်လာကာ ထိုလူ သုံးယောက်၏ နတ်ဘုရား ဦးခေါင်း တွေထဲ ဝင်ရောက်သွားပီး စိတ်ဝိညာဉ် ရှာဖွေခြင်းကို စတင်လိုက်သည်။
ခနအကြာ အရာအားလုံးကို သိရှိသွားပီးနောက်
ဟောင်ရှောင်လုံက သူတို့ ကို လက်ညှိုး ထိုးလိုက်ပီး တစ်ပြိုင်ထဲမှာပဲ အကြွင်းမဲ့ ဝိဥာဥ်လက်ချောင်းကို အသုံးပြုပြီး သူတို့ သုံးယောက်စလုံးရဲ့ နတ်ဘုရား ဦးခေါင်း တွေကို ထိုးဖောက်လိုက်လေသည်။
အားလုံး ပြီးပြီးနောက် သူ့ရဲ့လက်ဝါးကို ဓားပုံသဏ္ဍန်ရွယ်လိုက်ပီး ရှေ့သို့ ခုတ်ချလိုက်လေသည်။
မျက်လုံး ပွင့်လျက်သား ခေါင်းသုံးလုံဟာ မြေကြီးပေါ်မှာ လိမ့်ထွက်သွားလေသည်။ မယုံကြည်နိုင်မှုနဲ့ ကြောက်ရွံမှုတွေဟာ သူတို့ရဲ့ မျက်နှာတွင်ပေါ်နေလေသည်။
ဟောင်ရှောင်လုံက လှောင်သည့်ပုံစံဖြင့် ...
....ဒီ ဇုဝမ်ချမ် က ငါ့ကို တစ်ကယ် အမြင့်ကြီးမှန်းထားတာပဲ။ ပထမအဆင့်ကောင်းကင်ဘုံ နတ်ဘုရား နယ်ပယ် သုံးယောက်ကို ငါ့ကို သတ်ဖို့ လွှတ်လိုက်တာပဲ။
သူတို့ သုံးယောက်ရဲ့ နတ်ဘုရား ဦးခေါင်းတွေ ဒုက္ခခံပီး ထုတ်ယူမနေတော့ပေ။ ထို့နောက် လက်ကို အသာ အယာဝှေ့ယမ်းလိုက်ကာ နတ်ဘုရားမီးတောက်ကို ထုတ်ယူလိုက်ပီး အလောင်းသုံးလောင်းကို လုံးဝမကျန်အောင် မီးရှို့ ပစ်လိုက်လေသည်။
အဲ့ဒီ လူ သုံးယောက်ရဲ့ မှတ်ဉာဏ်တွေက တစ်ဆင့် ဇုဝမ်ချမ် ဟာလဲ လူရိုင်း နတ်ဘုရားဂိုဏ်းရဲ့ တပည့်သစ်ရွေးချယ်တဲ့ ပြိုင်ပွဲကို ဦးတည်နေတာ ဖြစ်ကြောင်း ဟောင်ရှောင်လုံ သိရှိသွားလေသည်။