Ma Ei

Ma Ei Onlineshop

Permanently closed.
🍊La la soap၆၀၀၀ကျပ် 🔶အမြှုပ်အိအိလေးနဲ့ သစ်ကြမယ်Sensative skin တောင် သုံးလို့ရတယ် ဘာနဲ့မှမတည့်တဲ့သူတွေ  la la soap  စမ်းသ...
25/10/2020

🍊La la soap
၆၀၀၀ကျပ်

🔶အမြှုပ်အိအိလေးနဲ့ သစ်ကြမယ်
Sensative skin တောင် သုံးလို့ရတယ်

ဘာနဲ့မှမတည့်တဲ့သူတွေ la la soap စမ်းသုံးကြည့်လိုက်ပါ
ထူးခြားတဲ့ရလဒ်ကို ရခါမှာ သေချာပြောရဲပါတယ်

🍊Vitamin C&E အဓိကပါဝင်သောကြောင့်

👉Sensative skin မလား
👉အဆီပြန် တဲ့ အသားရေလား
👉ဝက်ခြံ နေလောင်ကွက် အမဲစက် အသားရေလား
La la soapလေးကို ဆောင် ထားလိုက်ပါ နော်😘

🍊🍊🍊

စိတ်ဝင်စားသူများ cbမှာ ဆက်သွယ်နိူင်ပါတယ်ရှင့်
🙏🙏🙏09447767338

 ေးပြီးစိုပြေတဲ့မျက်နှာပိုင်ဆိုင်ချင်လား?အဲ့ဆို........🤭🍊La La orange Soap ကို သတိရလိုက်ပါ🧡ဘယ်လိုဝက်ခြံဖြစ်ဖြစ်🧡အဆီပြန်တ...
22/10/2020

ေးပြီးစိုပြေတဲ့မျက်နှာပိုင်ဆိုင်ချင်လား?

အဲ့ဆို........🤭
🍊La La orange Soap ကို သတိရလိုက်ပါ
🧡ဘယ်လိုဝက်ခြံဖြစ်ဖြစ်
🧡အဆီပြန်တဲ့မျက်နှာလား
🧡အပြင်ထွက်ပြီး နေလောင်ထားလား
ဒါတွေအားလုံးကို သက်သာပျောက်ကင်းစေတယ်

🍊La La Soapတမျိုးတည်းနဲ့ မျက်နှာပေါ်မှာ ဖြစ်တဲ့ပြသာနာကို
လုံးဝကင်းစင်သွားစေမယ်
🍊🍊🍊
၂လအသုံးခံ

စိတ်ဝင်စားသူများ cbမှာ ဝယ်ယူနိူင်ပါတယ်ရှင်
09447767338
09664911445

✨လက်ရှိဘဝအခြေအနေပိုမိုမြင့်တက်သွားအောင် … အရင်း 40000ks ဖြင့် LaLa Brand ရဲ့  ✨တရားဝင်ကိုယ်စားလှယ်အဖြစ်လုပ်ကြအောင် 😍🤗 ငွ...
22/10/2020

✨လက်ရှိဘဝအခြေအနေပိုမိုမြင့်တက်သွားအောင် …
အရင်း 40000ks ဖြင့် LaLa Brand ရဲ့
✨တရားဝင်ကိုယ်စားလှယ်အဖြစ်
လုပ်ကြအောင် 😍

🤗 ငွေအရင်းနှီးနည်းနည်းက စတင်နိုင်ပါတယ်။💵

🤗မရောင်းတတ်လျှင်ရောင်းတတ်အောင်သင်ပေးမယ့်
Leader 👩🏻‍💼 များရှိပါသည်။

🤗 ကြိုးစားလျှင်ကြိုးစားသလောက် အရင်းနည်းပြီးအမြတ်များသည့် product ဖြစ်သည်။

🤗အကောင်းဆုံး ingredient များနဲ့ဖော်ထုတ်ထားပြီး အောင်မြင်မှုများ ရရှိထားသော brand 🛍တစ်ခုဖြစ်သည်

🤗 ရောင်းချသော agent များအတွက် မျက်နှာမငယ်စေရမည့် quality product 🤝ဖြစ်သည်

🤗Customer review, Honest reviewများအမြောက်အများပိုင်ဆိုင်ထားပြီး နာမည်ရပြီးသားbrand ဖြစ်သည်။

📞 သင်သူဌေးဖြစ်ဖို့လက်တကမ်းအလိုတွင်သာရှိတော့သည်။ ယခုပဲလက်တွဲလိုက်ပါ 😍
🍊🍊🍊
✨Welcome to La La family ✨

စိတ်ဝင်စားသူများcbမှာ ဆက်သွယ်နိူင်ပါတယ်ရှင့်🙏🙏🙏

21/10/2020
20/10/2020
20/10/2020
အခုတလော အိပ်လို့မရဘူး ပြောသံတွေကြားနေရတယ် ဒါလေးဖတ်ကြည့််လိုက်နော်---======------====+++=====+++===----===++++++အိပ်ချိန်...
20/10/2020

အခုတလော အိပ်လို့မရဘူး ပြောသံတွေကြားနေရတယ် ဒါလေးဖတ်ကြည့််လိုက်နော်
---======------====+++=====+++===----===++++++

အိပ်ချိန်မမှန်တာက ရေရှည်မှာ ဒုက္ခရောက်စေမှာပါ။

အခုတလော လူတိုင်း အိပ်ချိန်မမှန်တာ တွေ့ရပါတယ်။ အများစုက အိမ်မှာနေကြရတဲ့အတွက် အိပ်ရေးအပြည့်ရှိပေမယ့် အိပ်ချိန်တွေ မှားကုန်ပါတယ်။ တကယ်တော့ လူတစ်ယောက်အတွက် အစာအာဟာရ အရေးကြီးသလို အိပ်ချိန်ကလည်း အရေးကြီးပါတယ်။ အိပ်ရာဝင်ချင်တဲ့အချိန်ဝင်၊ ထချင်တဲ့အချိန် ထနေတာက ကျန်းမာရေးဆိုးကျိုးတွေ အများကြီးရှိလာနိုင်ပါတယ်။
____________________________________________________

အိပ်ချိန်စက်ဝန်း

ကျွန်တော်တို့အားလုံးရဲ့ အိပ်ချိန်စက်ဝန်းဟာ အတူတူပါပဲ။ လူတိုင်း သန်းခေါင်မတိုင်ခင် အိပ်ရာဝင်သင့်ပြီး နံနက်ခင်းမှာ အိပ်ရာထသင့်ပါတယ်။ ဒါမှ အိပ်ချိန်စက်ဝန်းက ပုံမှန်ဖြစ်နေမှာပါ။ အဲ့လိုမဟုတ်ဘဲ အိပ်ချင်တဲ့အချိန်အိပ်ပြီး ထချင်တဲ့အချိန် ထနေမယ်ဆိုရင် ကြာလာတဲ့အခါ အိပ်ချိန်စက်ဝန်းဟာ ပျက်စီးသွားမှာပါ။

အိပ်ချိန်စက်ဝန်းပျက်စီးသွားရင် ညဘက် အိပ်ငိုက်တယ်ဆိုတာ မရှိတော့ဘူး။ ၁၁ နာရီ အိပ်ရာထဲဝင်ပါတော့မယ်ဆိုလည်း မျက်လုံးက မမှိတ်နိုင်တော့ဘူး။ နာရီသံကအစ နားထဲမှာဆူညံလာမယ်။ နောက်ဆုံး ညလုံးပေါက် မိုးလင်းတဲ့အထိ ငုတ်တုတ်ထိုင်နေရမယ်။ နံနက် ၄ နာရီလောက်မှ အိပ်ပျော်ပြီး ၇ နာရီဆို ပြန်နိုးလာရော။ လူက မအိပ်ချင်ပေမယ့် ခန္ဓာကိုယ်ကြီးက ပင်ပန်းနွမ်းနယ်လာမယ်။ ကြိုးစားပြီးအိပ်လည်း အိပ်မပျော်ဘူး။ ဒီလိုဖြစ်လာပြီဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ရှိလာပါမယ်။

- ကိုယ်ခံအား မကောင်းတော့ဘူး။ ဖျားနာလွယ်လာမယ်။
- Silent Killer လို့ တင်စားကြတဲ့ နှလုံးရောဂါဖြစ်လာမယ်။
- ကျောက်ကပ် ပျက်စီးလာမယ်။
- အသည်း အားနည်းလာမယ်။
- အစာအိမ်ကို ဒုက္ခရောက်စေတယ်။
- စိတ်ကျန်းမာရေး ထိခိုက်လာမယ်။ တကယ်မရှိတာတွေ မြင်လာမယ်။
- စိတ်ဓာတ်ကျဖို့ လွယ်ကူလာမယ်။ စိတ်ဖိစီးမှု ပိုများလာမယ်။
- မှတ်ဉာဏ်စွမ်းအား ကျဆင်းလာမယ်။ မေ့လွယ်လာမယ်။
- မျက်ကွင်းညိုတာနဲ့ အသားအရေပျက်စီးတာတွေလည်း ဖြစ်လာမယ်။
____________________________________________________

အိပ်ရေးနဲ့ အိပ်ချိန်

လူတစ်ယောက်ဟာ အိပ်ချိန် ၇ နာရီ (သို့မဟုတ်) ၈ နာရီ ရှိသင့်ပါတယ်။ ဒါပေမယ့် အိပ်ရေးပြည့်ရုံနဲ့ မလုံလောက်ပါဘူး။ အိပ်ချိန်မှန်ရပါမယ်။ ညဘက် ၁၀ နာရီကနေ ၁၂ နာရီအတွင်း အိပ်ရာဝင်သင့်ပြီး နံနက် ၇ နာရီကနေ ၉ နာရီအတွင်း အိပ်ရာထသင့်ပါတယ်။ အကောင်းဆုံး အိပ်ချိန်ကတော့ ည ၁၁ နာရီ - နံနက် ၇ နာရီ ဖြစ်ပါတယ်။
____________________________________________________

အိပ်မပျော်တာကို ဘယ်လိုကုသလို့ရလဲ။

တစ်ချို့တွေက အိပ်ပျော်ဖို့ ခက်နေကြတယ်။ အိပ်ချိန်စက်ဝန်းတော့ မပျက်စီးသေးပေမဲ့ ညဘက်စောစောမအိပ်တတ်တဲ့ အကျင့်ဖြစ်သွားလို့ဖြစ်စေ၊ လတ်တလော စိတ်ညစ်စရာတွေကြောင့်ဖြစ်စေ အိပ်ပျော်ဖို့ ခက်နေတာမျိုး ဖြစ်တတ်ပါတယ်။ အရင်တုန်းက ကျွန်တော်လည်း အသည်းကွဲပြီး အိပ်မပျော်တဲ့ညတစ်ချို့ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် အိပ်ပျော်စေဖို့အတွက် အကျိုးရှိတဲ့ နည်းလမ်းလေးတွေ မျှဝေပေးပါရစေ။

1. အိပ်ချင်သည်ဖြစ်စေ၊ မအိပ်ချင်သည်ဖြစ်စေ၊ ည ၁၁ နာရီဆိုတာနဲ့ အိပ်ရာထဲဝင်ဖို့ ကြိုးစားကြည့်ပါ။ ၂ ပတ်လောက်ဆို ခန္ဓာကိုယ်ကြီးက ည ၁၁ နာရီဆို ကုတင်ပေါ်တက်ရမယ်လို့ အကျင့်ရသွားပါလိမ့်မယ်။ မအိပ်ချင်လို့ နောက်ကျမှအိပ်ရင် နောက်ကျမှ အိပ်ရာထရပြီး နောက်တစ်ရက်မှာလည်း မအိပ်ချင်တာမျိုး ဖြစ်သွားတတ်ပါတယ်။

2. မအိပ်ခင် ဖုန်းကြည့်နေတာက အရမ်းဆိုးတဲ့ အကျင့်တစ်ခုပါ။ ၁၁ နာရီအိပ်မယ်ဆိုရင် ည ၁၀ ခွဲလောက်ကတည်းက ဖုန်းနဲ့ အဆက်ဖြတ်ပါ။ ကျိန်းသေ လုပ်ရပါမယ်။

3. အိပ်ခါနီးမှာ ဟို‌တွေး ဒီတွေး လျှောက်မတွေးပါနဲ့။ မဖြစ်မနေတွေးမိနေရင် 1 ကနေ 200 အထိကို ဖြည်းဖြည်းလေး ရေတွက်ပါ။ ကျွန်တော်ကတော့ 50 - 60 လောက်ဆို အိပ်ပျော်သွားရော။

4. ညနေမှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာက ညဘက်အိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။ ညဘက် ခြေထောက်ကို ရေနွေးစိမ်ပေးတာကလည်း အိပ်ပျော်လွယ်စေပါတယ်။

5. အေးတာက အိပ်စက်စေဖို့ တွန်းအားပေးပါတယ်။ Air-con ဖွင့်ထားပါ။ Temperature 20°C နဲ့ အိပ်တာက အကောင်းဆုံးပါပဲ။ Air-con မရှိရင် ပန်ကာဖွင့်ထားပါ။

6. နေ့ခင်း တစ်ရေးမှေးတာဟာ ကောင်းပါတယ်။ ကျွန်တော်လည်း နေ့ခင်းအိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေအကြောင်း ရေးဖူးပါတယ်။ ဒါပေမယ့် နေ့ခင်းမှာ အကြာကြီး မအိပ်သင့်ပါဘူး။ ညဘက်အိပ်ချိန်ကို ထိခိုက်စေနိုင်လို့ပါ။

7. အရက်၊ ဘီယာ မသောက်ပါနဲ့။ Alcohol က အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးပါတယ်။ အားဖြည့်အချိုရည်တွေလည်း မသောက်ပါနဲ့။ ကော်ဖီကိုလည်း ခဏရှောင်ပေးပါ။ အထူးသဖြင့် နေ့ခင်းနဲ့ ညနေဘက်တွေ လုံးဝမသောက်ပါနဲ့။ ညဘက်ကောင်းကောင်းအိပ်ပျော်ဖို့ ကဖင်းဓာတ်တွေ ခန္ဓာကိုယ်ထဲ မရှိဖို့လိုပါတယ်။

8. နွားနို့ပူပူလေးတစ်ခွက် မအိပ်ခင်သောက်ပေးတာကလည်း အိပ်ပျော်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ငှက်ပျောသီးစားပေးတာကလည်း အိပ်ပျော်စေပါတယ်။

9. နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ပါ။ ၁၅ မိနစ်လောက်ဆိုရပါပြီ။ ပြီးတော့ စိတ်ကို အနားပေးပါ။ ယောဂကျင့်တတ်ရင် ကျင့်ပါ။ တရားထိုင်တတ်ရင်လည်း ထိုင်ပါ။

10. အိပ်ဆေးကို လုံးဝ မသုံးမိပါစေနဲ့။ အိပ်‌ဆေးက ယာယီဖြေရှင်းချက်ပါ။ ရေရှည်မှာ ဒုက္ခများလာဖို့ပဲရှိပါတယ်။ အိပ်ဆေးမရှိရင် မအိပ်နိုင်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အိပ်ဆေးကိစ္စကို မေ့ထားပါ။
____________________________________________________

အိပ်ချိန်စက်ဝန်းမပျက်စီးစေဖို့ အရမ်းအရေးကြီးတယ်။ ကျောင်းသားတွေဆိုရင်လည်း ညလုံးပေါက်စာကျက်တာမျိုးကို နှစ်နဲ့ချီပြီး လုပ်နေမယ်ဆိုရင် အိပ်ချိန်စက်ဝန်းပျက်စီးနိုင်တယ်။ ညဘက်အလုပ်လုပ်ရပြီး နံနက်မှအိပ်ရတဲ့သူတွေလည်း ပျက်စီးနိုင်တာပဲ။ မလွဲမသာတဲ့ ဘဝအခြေအနေတွေကြောင့် အိပ်ချိန်တွေပျက်စီးရတာကိုတော့ ကျွန်တော် risk ယူလို့မရပါဘူး။

ဒါပေမဲ့ ကိုယ့်ဘဝက ညလုံးပေါက် စာကျက်စရာလည်းမရှိ၊ ညလုံးပေါက် အလုပ်လုပ်စရာလည်းမရှိဘူးဆိုရင် အိပ်ချိန်စက်ဝန်းကို မဖျက်စီးမိပါစေနဲ့။ ရည်းစားနဲ့ဖုန်းပြောဖို့၊ ဂိမ်းဆော့ဖို့၊ ရုပ်ရှင်ကြည့်ဖို့ အိပ်ချိန်ပျက်ရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ညဘက် ၁၀ နာရီခွဲလောက်ဆို mobile phone ကို လက်ထဲကချပြီး အိပ်ရာဝင်နိုင်အောင် ကြိုးစားကြည့်ရအောင်။

Credit To AD
မူရင်းကို Credit ပေးပါသည်

သင့်ဘဝကို လုံးဝပြောင်းလဲစေမယ့် အိမ်သုံးနည်းများ------------------------------------------------(share ထားပါ)(၁) အမဲစက်အတ...
20/10/2020

သင့်ဘဝကို လုံးဝပြောင်းလဲစေမယ့် အိမ်သုံးနည်းများ
------------------------------------------------
(share ထားပါ)

(၁) အမဲစက်အတွက် သံပုရာ
သံပုရာသီးမှာပါတဲ့ ဗီတာမင်စီက အရောင်ချွတ်တဲ့ အာနိသင်ရှိတယ်။ ဒါ့ကြောင့် မှဲ့ခြောက်နဲ့ မျကိနှာအမဲစက်တွေ သက်သာစေတယ်။ သံပုရာသီးလတ်လတ်ဆတ်ဆတ်ယူပြီး အရည်ညှစ်ပါ။ ရလာတဲ့ သံပုရာရည်ကို အမဲစက်နေရာမှာ ၁၅ မိနစ်ကြာ လိမ်းပါ။ ပြီးရင် ရေနဲ့ မျကိနှာပြန်သစ်ပါ။ အာနိသင်ပိုကောင်းချင်သေးရင် ကြက်ဥအကာ တဇွန်း၊ သံပုရာရည် တဇွန်း၊ နွားနို့ ဇွန်းတဝက်လောက် ရောပြီး သမအောင်မွှေပြီးမှ လိမ်းသင့်တယ်။ ၁၅ မိနစ်ကြာရင် ရေအေးနဲ့ ပြန်ဆေးပါ။
အသက်ကြီးပြီး တွန့်ကျတဲ့အသားအရေကို ပြန်လည်ပြုပြင်ဖြိူ ပျားရည်နဲ့ သံပုရာရည်ရောပြီး မျက်နှာကို လိမ်းပေးသင့်တယ်။ မိနစ်(၂၀)ထားပြီးရင် ရေနွေးနဲ့ ပြန်သစ်ရမယ်။

(၂) အသားအရေ ခြောက်သွေ့သူအတွက် coconut milk
coconut အုန်းရည်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတယ်။ ကိုကိုးနက်က အစိုဓာတ်ထိန်းပြီး အသားအရေနူးညံ့စေတယ်။ အုန်းသီးစိမ်းကု ခြစ်ပြီး အရည်ညှစ်ပါ။ coconut milk အုန်းနို့ ရလာတယ်။ ခြောက်သွေ့တဲ့ မျက်နှာမှာ မိနစ်(၂၀)ကြာထားပြီး ရေပြန်ဆေးချပါ။ အသားအရေခြောက်သွေ့သူကို ပြန်လည်စိုပြေလာစေပြီး sensitive skin အတွက်လည်း အသုံးဝင်ပါတယ်။

(၃) အသားတင်းရင်းစေတဲ့ သင်္ဘောသီး
အဝါရောင် သဘောင်္သီးဟာ ဗီတာမင်အေ ကြွယ်ဝတယ်။ မျက်ကွင်းညိုတာ၊ အသားအရည် မွဲခြောက်တာအတွက် ကောင်းတယ်။ သဘောင်္သီးမှာ papain ဆိုတဲ့ အင်ဇိုင်းဓာတ်တမျိုးပါတယ်။ သူက ဆဲလ်သေတွေကု ချေဖျက်ပြီး elastin ထုတ်လုပ်မှုကို များစေတယ်။ ဒါ့ကြောင့် အသားအရေတင်းရင်းစေတဲ့ အာနိသင်ရှိတယ်။ မှဲ့နေတဲ့ သင်္ဘောသီးကို သေးသေးလေးတွေလှီးပြီး အနှစ်ဖြစ်တဲ့ထိ ခြေပါ။ ရလာတဲ့ အနှစ်တွေကို မျက်နှာအနှံ့(ကုတ်ပါမကျန်) လိမ်းပေးသင့်တယ်။ ၁၅ မိနစ်ထားပြီး ရေပြန်ဆေးချရင် နုပျိုတောက်ပတဲ့ မျက်နှာကို ချက်ချင်းမြင်တွေ့ရမှာဖြစ်တယ်။

(၄) ချွေးပေါက်ကျဉ်းစေတဲ့ နှင်းဆီရည်
နှင်းဆီရည်ဟာ ချွေးပေါက်ကျဉ်းရုံမက မျက်နှာအဆီနဲ့ အညစ်အကြေးတွေက်ုပါ ဖယ်ရှားနိုင်တဲ့ အာနိသင်ရှိတယ်။ နှင်းဆီရည်ဖြန်းပြီးတာနဲ့ မျက်နှာက သန့်စင်ကြည်လင်သွားတယ်။ဒါ့ပြေင် မျက်နှာရဲတာ၊ဖောတာ၊ ရောင်တာတွေအတွက်လည်း အသုံးဝင်တယ်။ နှင်းဆီရည် ၂ ဇွန်း၊ သံပုရာရည် ဇွန်း တဝက်နဲ့ အလှဆီ (၅)စက်ရောပြီး ညစဉ် မအိပ်ခင် ပွတ်လိမ်းပေးပါလေ။ ချွေးပေါက်ကျဉ်းပြီး ကြည်လင်နေတဲ့ မျက်နှာပြင်ကု မနက်အိပ်ရာထမှာ ပိုင်ဆိုင်နိုင်မယ်။ ငှက်ပျောသီးမှည့်ကု နှင်းဆီရည်နဲ့ ရောကျိတ်ပြီး အနှစ်ကို မျက်နှာလိမ်းပေးရင် ဝင်းပပြီး အဆီပြန်ခြင်းကင်းတဲ့ မျက်နှာကို ပိုင်ဆိုင်စေမယ်။

(၅) မျက်ကွင်းအတွက် သခွားသီးနဲ့ ဒိန်ချဉ်
မျက်ခွံဖောတာ၊ ရောင်တာ၊ မျက်ကွင်းညိုတာအတွက် အိမ်သုံးနည်းက သခွားသီးကို ခြစ်ပြီး ၂ ဇွန်းစာ ယူပါ။ ဒိန်ချဉ် ခွက်တဝက်သာထဲကို သခွားသီးအနှစ်ထည့်ပြီး ရောစပ်ကာ မျက်နှာလိမ်းပေးခြင်းဖြင့် မျက်ကွင်းညိုတာ၊ မျက်ခွံဖောရောင်တာတွေ သက်သာစေတယ်။ ဒိန်ချဉ်မှာ lactic acidပါလို့ အမဲစက်နဲ့ ဆဲလ်သေတွေဖယ်ရှားပေးပြီး ငယ်ရုပ်ဆင်နိုင်တဲ့ အာနိသင်ရှိတယ်။
ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ၊ အစေ့အဆန်၊ အခွံမာသီးနဲ့ ငါးကြီးဆီတွေက အသားအရေ နုပျိုစေပြီး ကြည်လင် လန်းဆန်းစေနိုင်ပါတယ်။
Crd:

ဒေါက်တာအေးမင်းထူး
၃.၂.၂၀

❤️Say Hello to Glowing Skin❤️✨ကြည်လင်တဲ့ အသားအရေဖြစ်ဖို့ဆိုတာ ဝက်ခြံတွေ၊ ဝက်ခြံကြောင့်ဖြစ်တဲ့ အနာရွတ်တွေကင်းစင် ဖို့က အရ...
20/10/2020

❤️Say Hello to Glowing Skin❤️

✨ကြည်လင်တဲ့ အသားအရေဖြစ်ဖို့ဆိုတာ ဝက်ခြံ
တွေ၊ ဝက်ခြံကြောင့်ဖြစ်တဲ့ အနာရွတ်တွေကင်းစင် ဖို့က အရေးအကြီးဆုံး 💯ဂရုစိုက်ရမယ့် အချက်ပါ...

⚠️၀က်ခြံပေါက်ရတဲ့ အကြောင်းအရာတွေကတော့ အများကြီးပေါ့ (အဆီပြန်တာ၊ မွေးညှင်းပေါက်တွေပိတ်ဆို့နေတာ၊ မျက်နှာသေချာမသန့်စင်မိလို့ (သို့) မသန့်ရှင်းတဲ့ လက်နဲ့ကိုင်တွယ်တာ၊ ဟော်မုန်းဓာတ်တွေမညီမျှတာ အစရှိသဖြင့်ပေါ့နော်)

🔄ဒီအကြောင်းအရာတွေ အားလုံးဟာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေကြပါတယ်

🤷🏻‍♀️၀က်ခြံပျောက်မယ့် product တွေလဲ အကုန်စမ်းပြီးပါပြီ
အစပိုင်းမှာ ပျောက်သလိုနဲ့ နောက်တော့လဲပြန်ဖြစ်တာပါပဲ ဆိုရင်တော့ ကိုယ့်နေထိုင်စားသောက်မှုပုံစံကို ပြန်စမ်းစစ်ကြည့်ဖို့ လိုနေပြီနော်🤔

ဒါကြောင့် ဒီတစ်ပတ်မှာ "ဝက်ခြံနဲ့ breakout" တွေအတွက် ဘယ်လိုအစားသောက်တွေကို 🙅🏻‍♀️ ရှောင်ရှားရမယ်ဆိုတာ ပြောပြပေးမယ်နော် !

❌ရှောင်ရန် (၁)

🍭 အချိုဓာတ်များလွန်းတဲ့ အစားအသောက်တွေ 🍭
ဒီအကြောင်းနဲ့ ပတ်သက်ပြီး နောက်post တွေမှာ အသေးစိတ် ပြောပြပေးပါ့မယ်...
အကြမ်းဖျင်းအားဖြင့် ပြောရမယ်ဆိုရင်တော့ စားပြီးပြီးခြင်း သွေးထဲ 🍬 အချိုဓာတ်အများအပြား တက်သွားနိုင်တဲ့ အစားအသောက်တွေ (High Glycemic Index foods) ကို ရှောင်ရပါမယ်

❌ရှောင်ရန် (၂)

🥛 နို့နဲ့နို့ထွက်ပစ္စည်းတွေ 🥛
ဒီအုပ်စုကတော့ အသားအရေ အဆီပြန်မှုကို အားပေးပြီး ဟော်မုန်းထွက်ရှိမှု ⚖️ မညီမျှတာတွေ ဖြစ်စေပါတယ်!

❌ရှောင်ရန် (၃)

🥨 ဆီကြော်မုန့်တွေ 🥨
😪ကျွန်မတို့ မြန်မာလူမျိုးတွေ ရှောင်ရှားဖို့ အရမ်းခက်ခဲပါတယ်။
တစ်နေ့တစ်နေ့ စားသောက်တဲ့ အထဲမှာ မီးပြင်းပြင်းမှာ ဆီများများနဲ့ ကြော်ချက်ထားတဲ့ အစားအသောက်တွေ ဘယ်လောက်များနေလဲလို့ 🤔 ဆန်းစစ်ပြီးရှောင်ရှား သင့်ပါတယ်

ဆက်ရန်ရှိသေးတယ်နော် 😍

Crd~ SK

Unicode :ရှားစောင်းလက်ပတ်မှသည် Perfect skinဆီသို့ရှားစောင်းလက်ပတ်ပင်တွေကိုမင်မင်တို့အနီးအနားကစျေးတွေထဲမှာတင်အလွယ်တကူဝယ်န...
20/10/2020

Unicode :

ရှားစောင်းလက်ပတ်မှသည်
Perfect skinဆီသို့

ရှားစောင်းလက်ပတ်ပင်တွေကိုမင်မင်တို့အနီးအနားကစျေးတွေထဲမှာတင်အလွယ်တကူဝယ်နိုင်ပါတယ် အဲ့ဒီ့ရှားစောင်းလက်ပတ်ကိုသုံးပြီးမင်မင်တို့ဘယ်လိုလှအောင်လုပ်ကြမလဲဆိုတာပြောပြမယ်နော်💙💙

🌵 သူကအလွန်ပူပြင်းတဲ့ကန္တာရလို နေရာမျိုးမှာတောင်မှရှင်သန်ပေါက်ရောက်နိုင်တဲ့အပင်မျိုးပါ ရေဓာတ်ပြည့်ဝစွာပါဝင်လို့ dry skin သမားတွေအတွက်သင့်လျှော်ပါတယ်
🌵မကြာခင်ရောက်လာတော့မယ့်နွေရာသီမှာနေလောင်တာ နေပူမိပြီးအသားအရေနီရဲတာတွေဖြစ်ရင် ရှားစောင်းလက်ပတ်လေးကိုအခွံနွာပြီးကပ် ချက်ချင်းအေးမြသွားမယ်
🌵အပူအစပ်တွေ အငန်တွေစားပြီးဝက်ခြံထွက်တတ်တာလား❓ရှားစောင်းလက်ပတ်အသားလေးကိုဓားလေးနဲ့လှီးပြီးယောင်နေတဲ့ဝက်ခြံအဖုပေါ်မှာတင် အယောင်ကျပြီးချပ်သွားမယ်
🌵အသားအရေကြည်ချင်တယ် smooth ချင်တယ်ဟုတ်❓ရှားစောင်းလက်ပတ်အနှစ်လေးတွေကိုချေပြီးမျက်နှာပေါ်၁၅မိနစ်လောက်ကပ် ပြီးရင်ရေပြန်ဆေး glow စမ်းဘဲ
🌵အိပ်ရေးပျက်လို့မျက်ကွင်းညို မျက်အိပ်ဖောင်းတာတွေဖြစ်သေးလား ရှားစောင်းလက်ပတ်ကိုအနေတော်လေးလှီး ရေခဲသေတ္တာထဲ၅မိနစ်လောက်ထား ပြီးရင်မျက်လုံးအောက်ကပ် .panda eye ပျောက် ကြည်လင်တဲ့မျက်ဝန်းလေးရ

💚aloe vera ရဲ့ ကောင်းကျိုးတွေက အများကြီး ပြောလို့တောင်မကုန် ချစ်တို့သိတဲ့တခြားကောင်းကျိုးလေးတွေပါထည့်ရေးရင် စာအုပ်တောင်ထုတ်လို့ရလောက်မယ်နော် ကဲအဲ့တော့ဆိုလိုချင်တာက စျေးထဲမှာရှားစောင်းလက်ပတ်လေးတွေရောင်းတာတွေ့ရင် မကျော်သွားနဲ့ စျေးကြီးမပေးရဘဲကိုယ့်ကိုလှစေတာသူဘဲ သိလား💚
အားလုံးကိုလှစေချင်တဲ့မင်မင်



PS👉ဝက်ခြံထွက်သူများ မသုံးသင့်ပါ

Zawgyi :

ရှားစောင်းလက်ပတ်မှသည်
Perfect skinဆီသို့

ရှားစောင်းလက်ပတ်ပင်တွေကိုမင်မင်တို့အနီးအနားကစျေးတွေထဲမှာတင်အလွယ်တကူဝယ်နိုင်ပါတယ် အဲ့ဒီ့ရှားစောင်းလက်ပတ်ကိုသုံးပြီးမင်မင်တို့ဘယ်လိုလှအောင်လုပ်ကြမလဲဆိုတာပြောပြမယ်နော်💙💙

🌵 သူကအလွန်ပူပြင်းတဲ့ကန္တာရလို နေရာမျိုးမှာတောင်မှရှင်သန်ပေါက်ရောက်နိုင်တဲ့အပင်မျိုးပါ ရေဓာတ်ပြည့်ဝစွာပါဝင်လို့ dry skin သမားတွေအတွက်သင့်လျှော်ပါတယ်
🌵မကြာခင်ရောက်လာတော့မယ့်နွေရာသီမှာနေလောင်တာ နေပူမိပြီးအသားအရေနီရဲတာတွေဖြစ်ရင် ရှားစောင်းလက်ပတ်လေးကိုအခွံနွာပြီးကပ် ချက်ချင်းအေးမြသွားမယ်
🌵အပူအစပ်တွေ အငန်တွေစားပြီးဝက်ခြံထွက်တတ်တာလား❓ရှားစောင်းလက်ပတ်အသားလေးကိုဓားလေးနဲ့လှီးပြီးယောင်နေတဲ့ဝက်ခြံအဖုပေါ်မှာတင် အယောင်ကျပြီးချပ်သွားမယ်
🌵အသားအရေကြည်ချင်တယ် smooth ချင်တယ်ဟုတ်❓ရှားစောင်းလက်ပတ်အနှစ်လေးတွေကိုချေပြီးမျက်နှာပေါ်၁၅မိနစ်လောက်ကပ် ပြီးရင်ရေပြန်ဆေး glow စမ်းဘဲ
🌵အိပ်ရေးပျက်လို့မျက်ကွင်းညို မျက်အိပ်ဖောင်းတာတွေဖြစ်သေးလား ရှားစောင်းလက်ပတ်ကိုအနေတော်လေးလှီး ရေခဲသေတ္တာထဲ၅မိနစ်လောက်ထား ပြီးရင်မျက်လုံးအောက်ကပ် .panda eye ပျောက် ကြည်လင်တဲ့မျက်ဝန်းလေးရ

💚aloe vera ရဲ့ ကောင်းကျိုးတွေက အများကြီး ပြောလို့တောင်မကုန် ချစ်တို့သိတဲ့တခြားကောင်းကျိုးလေးတွေပါထည့်ရေးရင် စာအုပ်တောင်ထုတ်လို့ရလောက်မယ်နော် ကဲအဲ့တော့ဆိုလိုချင်တာက စျေးထဲမှာရှားစောင်းလက်ပတ်လေးတွေရောင်းတာတွေ့ရင် မကျော်သွားနဲ့ စျေးကြီးမပေးရဘဲကိုယ့်ကိုလှစေတာသူဘဲ သိလား💚
အားလုံးကိုလှစေချင်တဲ့မင်မင်

PS👉ဝက်ခြံထွက်သူများ မသုံးသင့်ဘာ

Crd/

Address

Zayar Thi Won
Mezaligon

Website

Alerts

Be the first to know and let us send you an email when Ma Ei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share