Holiday Online Shop

Holiday Online Shop လက်လီ လက္ကား ဝယ်ယူ အားပေးနိုင်ပါတယ်?

တောက် ! •••စောစောစီးစီး ကျက်သရေကိုမရှိဘူး ဟိုဘက်အိမ်ကလူတွေ သူခိုးတွေကွာ ဖေဖေ့ကိုသွားပြောမယ်" ဖေဖေ ခင်ဗျာ၊ ဘေးအိမ်က တို့တ...
27/05/2023

တောက် ! •••
စောစောစီးစီး ကျက်သရေကိုမရှိဘူး
ဟိုဘက်အိမ်ကလူတွေ
သူခိုးတွေကွာ
ဖေဖေ့ကိုသွားပြောမယ်

" ဖေဖေ ခင်ဗျာ၊
ဘေးအိမ်က
တို့တွေသရက်သီးကို
လာခိုးခူးနေပါတယ်၊ "

ကလေးသေးသေးလေးဟာ
ပြေးလာပြီး၊
ဖေဖေ့ကိုလာတိုင်ပါတယ်၊
ဖေဖေလည်း ရယ်မောရင်း
ဒီလိုပြန်ပြောလိုက်ပါတယ်၊

" သူခူးပြီးနောက် တို့တွေဆီမှာ
အများကြီးပဲ ကျန်နေသေးလား
ကလေး? "
" အပင်ပေါ်မှာ အများကြီးပဲ
ကျန်နေတာကို
မြင်လိုက်ရပါတယ် ဖေဖေ "
" ဒါဆိုရင် သရက်သီး ၇ လုံး
ကိုသွားခူးပြီးတော့ ဖေဖေ့ဆီကို
ယူလာပေးပါ ကလေး "

ကလေးဟာ သူ့ဖေဖေက
အိမ်နီးနားချင်းတွေ
လာထပ်ခိုးခူးလို့
ကုန်သွားမှကြောက်ပြီး၊
သူ့ကိုဒီလို
သရက်သီးသွားခူးခိုင်းနေတာလို့
နားလည်လိုက်ပါတယ်၊

ဒါကြောင့်သရက်သီးကို
အပြေးလေးခူးပြီးတော့
သူ့ဖေဖေကိုသွားပေးမယ်ပေါ့၊

သရက်သီးတွေ ခူးဆွတ်ပြီးနောက်
ပွေ့ပိုက်ပြီး ဖေဖေကို
လာပေးလိုက်ပါတယ်၊
ကိုယ်ပိုင်တဲ့ အရသာရှိရှိ
သရက်သီးကို စားရတာလောက်
အာဟာရသိဒ္ဓိ ပြည့်ဝ
တာမရှိလောက်ပါဖူး၊

ဒါပေမယ့်
တစ်ကယ်တမ်းမှာတော့
ဖေဖေဟာ သရက်သီးတွေ
အကုန်လုံးကို ခြင်းလေးထဲကို
လှပစွာစီတန်း ထည့်လိုက်ပါတယ်၊

ပြီးနောက်
ကလေးရဲ့လက်ကိုဆွဲပြီး၊
ခုနတုန်းက သရက်
သီးလာခိုးခူးနေတဲ့ အိမ်ရှေ့က
လူခေါ်ခေါင်းလောင်းကို
နှိပ်လိုက်ပါတယ်၊

ကလေးကအံ့ဩလို့ပေါ့၊

သူ့ဖေဖေရဲ့ လုပ်ရပ်ကို
နားမလည်နိုင်တော့ပါဘူး၊

အိမ်ရှင်ဟာ လူလတ်ပိုင်းပါပဲ၊
သူ့မျက်နှာဟာ အမှားတစ်ခုခုကို
ကျူးလွန်ထားလို့
လိပ်ပြာမလုံသလိုမျိုးပါ၊

သူဟာ
ခြံစည်းရိုးတံခါးပေါက်ကို
လာဖွင့်ပေးချိန်မှာတော့၊
ဖေဖေက
ဒီလိုပြောလိုက်ပါတယ်၊ "

ကျွန်တော့်ရဲ့
ခြံထွက်သရက်သီးကို
ခြံစည်းရိုးချင်းကပ်ရက်
အိမ်နီးနားချင်းကို
လာပေးတာပါ ခင်ဗျာ၊

ရှေးဘဝရေစက်ပါလို့
ဒီလိုလာဆုံကြရတာလေ၊
လိုတာရှိရင်လဲ ပြောပါခင်ဗျာ "

ဒီလူဟာဝမ်းနည်း၊
တောင်းပန်ရိပ်တွေ သူ့မျက်နှာမှာ
ထင်ဟပ်လာရင်း
ဖေဖေ့ကို
ခနလေးစောင့်နေပေးပါ
လို့ပြန်ပြောလိုက်ပါတယ်၊

ခနနေတော့
ခုနကပေးလိုက်တဲ့ခြင်းဆွဲပြီး
ပြန်ထွက်လာပါတယ်၊

အခုတော့ခြင်းထဲမှာ ကြက်ဥတွေ
အပြည့်ဖြစ်နေပြန်ပါပြီ၊ "

ကျွန်တော် ကြက်တွေအများကြီး
မွေးထားပါတယ်၊

ကျွန်တော်ရဲ့ ကြက်ဥကို
ခင်မင်မှုအထိန်းအမှတ်အဖြစ်
လက်ဆောင်ပြန်ပေးပါရစေ
ခင်ဗျာ "

ဖေဖေဟာလည်း "
ကျေးဇူးတင်ပါတယ် ခင်ဗျာ "

ပြီးတော့ကလေးရဲ့လက်ကိုဆွဲပြီး၊
အိမ်ပြန်လာခဲ့ပါတယ်၊

ကလေးဟာ သူ့ဖေဖေကို
နားမလည်မှုတွေနဲ့ ဒီလိုမေး
လာပါတယ်၊

" ဖေဖေက
ဘာဖြစ်လို့သရက်သီးတွေကို
သူ့ကိုသွား
ပေးရတာလဲဟင်? အမှန်ဆို
ဖေဖေလုပ်သင့်တာကခါး
ထောက်ပြီး ငါ့သရက်သီးတွေ
ခိုးခူးထားတာအကုန်ပြန်ပေး၊
အခုချက်ချင်းပြန်ပေး၊
ဇွတ်တောင်းရမှာလေ "

" တစ်ကယ်လို့များ
ဖေဖေက သရက်သီးတွေကို
ပြန်ပေး၊ အခုချက်ချင်းပြန်ပေးလို့
ဇွတ်တောင်းလိုက်ရင်
အိမ်နီးချင်းတစ်ယောက်
ဆုံးရှုံးသွားမယ်၊ စိတ်ဆိုး၊
စိတ်ကောက်၊ အမုန်းပွား၊
အညှိုးအတေးထား လာကြမယ်၊

အခုဖေဖေတို့ သရက်သီး
၇ လုံး သွားပေးတယ်၊

ခုနက သူ ၁ လုံး ခိုးခူးထားတယ်၊
၈ လုံး ဖြစ်သွားပြီ၊

ဒါပေမယ့်
ဖေဖေတို့ ပြန်ရလိုက်တာက
အိမ်နီးချင်း
မိတ်ဆွေတစ်ယောက်ရယ်၊
ခြင်းအပြည့် ကြက်ဥတွေရယ်လေ၊

ကလေး စဉ်းစားပေးပါ၊
ဘယ်ဟာပိုကောင်းလဲလို့လေ၊
အဓိက ကိုယ်လိုချင်တာကို
သူများကိုအရင်
ပေးတတ်ရတယ်၊

မေတ္တာ လိုချင်၊ ကိုယ်အရင်
မတ်ေတာ
ပေးတတ်ရမယ်၊
ရန်ပေးရင် ရန်ပဲပြန်ရမယ်၊
ကိုယ်ပေး
သလောက် ပြန်ရတတ်တာ '

မေတ္တာ တရား 'ပဲ ကလေး၊

မင်းမှာ မိတ်ဆွေတစ်ယောက်တိုး
ရန်သူတစ်ယောက်တိုးလာလား
ဆိုတာဟာ
မင်းရဲ့လုပ်ရပ်တွေအပေါ်
အမြဲမူတည်နေတတ်တာ
မှတ်ထားပါ "

စိတ်ခံစားမှု နောက်ကိုလိုက်နေရင်
ပြဿနာတွေကိုပဲ
မွေးဖွားပေး လာတတ်တယ်၊
အသိ၊ ပညာ၊ သတိ၊ က
ထွက်ပေါက်၊ စိတ်ခံစားမှု
အရလိုက်လုပ်ရင် လူသား
အချင်းချင်း
ပြဿနာအစပျိုးလာပြီး၊
အချိန်တွေကြာလာရင်
ပြဿနာကြီးတွေ
ဖြစ်လာတတ်ပါတယ်၊

လူဟာ
လူစိတ်မွေးပြီး၊ လူအချင်းချင်း
လူလိုသိ၊ ကိုယ်ချင်းစာ၊
စာနာ၊ နားလည်၊ ခွင့်လွှတ်တတ်ရင်၊
မုန်းစကိုတို ချစ်စကို
ရှည်စေတတ်ရင် လူ့ဘဝကြီးဟာ
နေပျော်စရာ၊
ကြည်နူး၊ ပီတိဖြစ်စရာတွေ
အပြည့်နဲ့ပါလား လို့
အမြင်မှန် ရလာနိုင်ပါတယ်၊

လူ့ဘဝဟာ ခံစားမှုတွေထက်
အဆပေါင်းများစွာ
တန်ဖိုးရှိလှပါတယ်၊

များစွာသော လူတွေရဲ့
အနာဂတ်တွေပျက်စီး
သွားတာကိုမြင်ရတာ
နှမြောမိ၊ မေတ္တာ၊
ဂရုဏာသက်မိပါတယ်၊

သူတို့ဟာ သူတို့ရဲ့စိတ်ကို
ကောင်းမွန်စွာ
မထိန်းသိမ်းနိုင်ကြဘူး၊

ပြဿနာတိုင်းမှာ
ဖြေရှင်းရန်နည်းလမ်း၊ အဖြေ၊
ထွက်ပေါက် အမြဲရှိနေပြီးသားပါ၊

တို့တွေဟာ ပြဿနာ
တွေကို ပညာ၊ အသိ၊ သတိ၊ နဲ့
ကြည့်၊ မြင်၊ သုံးသပ်၊
ဖြေရှင်းတတ်လို့ရှိရင်၊
ပြဿနာ ဖြစ်ရတဲ့
အဓိကအကြောင်းရင်း၊ ရင်းမြစ်ကို
သိထားရင်
ပြေလည်အောင် ဖြေရှင်းဖို့
လွယ်ကူလွန်း လှပါတယ်၊

တို့တွေမှာ မိတ်ဆွေစစ်
အယောက် တစ်ရာရှိနေရင်လည်း
နည်းနေသေးသလို၊
ရန်သူ တစ်ယောက် ရှိနေရင်လည်း
များလို့နေပြီလေ၊

မိတ်ဆွေ၊
သူငယ်ချင်းထားတာဟာ
မခက်လှပါဘူး၊

ခင်မင်မှု အဓွန့်ရှည်လာအောင်
ထိန်းသိမ်းရန်မှာ ခက်ခဲ
လွန်းလှပါတယ်၊

စိတ်ဆိုးချိန် ပြောချင်တာတွေ
တစ်ယောက်ထဲ ရွတ်ဆို၊ မြည်တွန်
တောက်တီးနေလိုက်ပါ၊

ခနနေ
သင်စိတ်ပြန်ပြေလာပါလိမ့်မယ်၊

Lap top, keyboard
ဖုန်းဆိုရင်လည်း
စိတ်ဆိုးဒေါသထွက်သမျှ
အကုန်တန်းစီချရေးပါ၊

ပြီးရင် ဖျက်၊ delete လုပ်လိုက်ပါ၊

သင်ခံစားနေရတာတွေ
သက်သာလာပါလိမ့်မယ်။

ဘာသာပြန် ထားတာပါ၊

ဝင်းတား

29/04/2022

သတိထားမိစေဖို့ ကလေးရှိသူများ
ရာသီဥတု အရမ်းပူပါသည်
မန်းလေး အပူချိန် 40-42` C ရှိပါသည်
ရန်ကုန် အပူချိန် 41 C ရှိနေပါပြီ
ကလေးတွေ ဖျားကြသည်
အပူချိန် 104-105` F ထိ ဖျားကြသည်
အဖျားသိပ်ကြီးလျှင် တက်သွားနိုင်ပါသည်

ကလေးဖျားလျှင်
အေးသောနေရာမှာ ထားကြပါ
အရိပ်ရသော နေရာမှာထားပါ
Air con ခန်းတွင် ထားနိုင်ပါသည်
ပန်ကာဖွင့်/ ပြတင်းတံခါးများ ဖွင့်ထားပါ

အနွေးထည် မဝတ်ရ
ဂျင်းသား အပူစများ မဝတ်ပေးရ
ပွပွချောင်ချောင် ချည်ထည် စွပ်ကြယ်သား စပန့်သား အဝတ်များသာ ဝတ်ပေးပါ

ရေပတ်တိုက်ပေးပါ
ရေပတ်တိုက်လျှင် သဘက်စ ချည်ထည်စကို ရေဆွတ်၍ ကလေး၏ တစ်ကိုယ်လုံးကို တိုက်ပေးပါ ပတ်ထားပါ နဖူး ဂျိုင်းကြား ပေါင်ခြံကြား မကျန်အောင် ရေပတ်တိုက်ပေးပါ
နဖူးပေါ်ပဲ ရေပတ်ဝတ် တင်ရုံဖြင့် အဖျား မကျပါ
တစ်ကိုယ်လုံးတိုက်မှ အဖျားကျပါမည်
ရေခဲရေ မသုံးရ (အဖျားပိုတက်တတ်သည်)
ရိုးရိုးရေအေးအေးသာ သုံးပါ

အဖျားကြီးသောကလေး
ရေချိုးပေးလို့ ရပါသည်
ရေချိုးလို့ မဖျားပါ
ရေမချိုးမှ အပူကြီးပြီး ကလေးတက်သွားနိုင်ပါသည်

အဖျားကျဆေး Paracetamol/ Sara တိုက်ပေး၍ရပါသည်
Paracetamol ကို တိုက်ချင်သလောက် တိုက်၍မရပါ
အချိုးအဆ မှန်မှန်တိုက်ရပါမည်
နည်းတိုက်လျှင်အဖျားမကျနိုင်ပါ
များတိုက်မိလျှင် Para ၏ ဘေးထွက်ဆိုးကျိုးမှာ
အသည်းထိခိုက်တတ်ပါသည်
Para ကို 15 mg/kg ဖြင့် 6 နာရီခြား
အပူအရမ်းကြီးလျှင် 4 နာရီခြား တိုက်၍ရပါသည်
(eg. body weight 8 kg ရှိသော ကလေးကို Para 120 mg အား 5 ml 4-6 times တစ်နေ့တာအတွက်တိုက်၍ရပါသည်)
Para အများစုမှာ 120 mg ဖြစ်သည်
250 mg 150 mg ပါသောဆေးများလည်းရှိသည်

ကလေးစအိုထဲသို့ အဖျားကျဆေးတောင့် Para suppositary လည်း ထည့်ပေးနိုင်ပါသည်
ချွင်းချက်-သွေးဥမွှားနည်းနေသောကလေးများ Reduced Platelet count
ဝမ်းလျှောနေသောကလေးများတွင် မထည့်ရပါ
Para suppo သည်လည်း 120 mg / 250 mg အမျိုးမျိုးရှိပါသည်
Para suppo ထည့်ထားပြီးလျှင်
Para ထပ်ပြီး ချက်ချင်းမတိုက်ရပါ
အနည်းဆုံး 4 နာရီခြားပြီးမှ တိုက်ရပါမည်

ဖျားနေသော ကလေးအား
မက်ကလောင် မဖောက်ရပါ
စအိုဝတွင် မက်ကလောင်ဖောက်လျှင် သွေးဆိပ်ပြန့်၍ အသက်ဆုံးသည်အထိ ဖြစ်တတ်ပါသည်

ရှားခြစ်တာလည်း မလုပ်ရပါ
(အရေပြားကို ဇွန်း စတီးပြား သံပြားဖြင့် နီရဲနေအောင်ခြစ်ပစ်ခြင်း)
ရှားခြစ်ခြင်းကြောင့် အရေပြားအောက်ရှိ သွေးကြောငယ်လေးများ ပေါက်သွားစေပါသည်
အမှန်တကယ် အဖျားကျစေသောနည်းလမ်း မဟုတ်ပါ

ဖျားနေသောကလေးအား
အပူပါသော ရင်လူးဆေးများ မလိမ်းပါနှင့်
အပူပိုတက်နိုင်သလို
အရေပြားများ လန်သွားနိုင်ပါသည်

လျှောလျှောလျူလျူ ဝင်လွယ်မည့်
အစားအစာများကျွေးပေးပါ
(ဆန်ပြုတ် ခေါက်ဆွဲပျော့ပျော့အရည်ဖျော် ကြက်ပေါင်းရည်)
နို့စို့အရွယ်လေးများ အမေနို့ဆက်တိုက်ပေးပါ
အဖျားတက်နေလျှင် ကလေးများမစားနိုင်ပါ
ရေပတ်တိုက်ပြီး အဖျားကျဆေးတိုက်ပြီး
အဖျားကျသွားချိန်တွင် အစားဝင်အောင်ကျွေးပေးပါ

ကလေးများ အပူဒဏ် အန္တရာယ်မှ ကင်းဝေးကြပါစေ။

စဥ့် ကော်ဖီခွက်၈၀၀ (5ခွက်ဈေး)ဖာလိုက်ဈေး သီးသန့်ရှိပါတယ်
02/04/2022

စဥ့် ကော်ဖီခွက်
၈၀၀ (5ခွက်ဈေး)
ဖာလိုက်ဈေး သီးသန့်ရှိပါတယ်

9တိုက်အလှတစ်ချပ် - 150010ချပ်ဈေးသီးသန့်ရှိ
02/04/2022

9တိုက်အလှ
တစ်ချပ် - 1500
10ချပ်ဈေးသီးသန့်ရှိ

ထုံးဘိုဘက်က ဆံပင်းအကျွတ်လေးတွေပါပြင်ဦးလွင်မြို့တွင်း ဆံပင်ရောင်းချင်တဲ့ သည်းလေးတို့ Page Messenger  ကို ဆက်သွယ်လို့ရတယ်...
06/03/2022

ထုံးဘိုဘက်က ဆံပင်းအကျွတ်လေးတွေပါ

ပြင်ဦးလွင်မြို့တွင်း ဆံပင်ရောင်းချင်တဲ့ သည်းလေးတို့ Page Messenger ကို ဆက်သွယ်လို့ရတယ်နော်

အခုချိန်ရောင်းတဲ့သူလေးတွေအတွက် မိုးက လက်ဆောင်လဲပြန်ပေးနေပါတယ်ရှင့်

ပန်းကန်လေးတွေ လက်ဆောင်ပေးမယ်နော်ဒီပန်းကန်းလေးတွေက ဘေးနားပဲ နည်းနည်းပွန်းပဲ့တာလေးတွေပါပါတယ် ဆိုင်မှာ ရောင်းတန်းမဝင်တော့တဲ...
06/03/2022

ပန်းကန်လေးတွေ လက်ဆောင်ပေးမယ်နော်

ဒီပန်းကန်းလေးတွေက ဘေးနားပဲ နည်းနည်းပွန်းပဲ့တာလေးတွေပါပါတယ် ဆိုင်မှာ ရောင်းတန်းမဝင်တော့တဲ့ ပန်းကန်လေးတွေပါ အသုံးလိုရင် မိုးဆီမှာ ဆံပင်ရောင်းရင်းနဲ့ ပန်းကန်လက်ဆောင် ယူပါနော်

ရချင်တဲ့ ပန်းကန်လေးရှိရင် ပုံလေး Save ပြီး Messenger မှာ လာပြောနော်

အိုးသည် အိုးကောင်းမသုံးတဲ့ မိုးလဲ အိမ်မှာ ဒါမျိုးလေးတွေပဲ သုံးပါတယ်ရှင့် ❤💛💚

ထမင်းကျွေးရခက်တဲ့ Baby လေးတွေအတွက် ဒီပန်းကန်းလေးတွေနဲ့ဆို ထမင်းအစားကြီးစားမှာသေချာတယ်ဖိုးဖိုး ပုံ ဖွားဖွားပုံ မြေးလေးပုံ...
18/02/2022

ထမင်းကျွေးရခက်တဲ့ Baby လေးတွေအတွက်
ဒီပန်းကန်းလေးတွေနဲ့ဆို ထမင်းအစားကြီးစားမှာသေချာတယ်

ဖိုးဖိုး ပုံ ဖွားဖွားပုံ မြေးလေးပုံလေးတွေနဲ့
အရမ်းလှတယ် 😍

Price - 1000
အသေးက - 700

ပန်းကန်လုံး အသေး တူစားဆယ်ချပ်ပါ တစ်ဖာ - 7000လက်ဆောင်ပေးဖို့အတွက်နဲ့ မင်္ဂလာ လက်ဖွဲ့ အတွက် ပါဆယ်ထုတ်ပေးပါတယ်ရှင့်
18/02/2022

ပန်းကန်လုံး အသေး တူစား

ဆယ်ချပ်ပါ တစ်ဖာ - 7000

လက်ဆောင်ပေးဖို့အတွက်နဲ့ မင်္ဂလာ လက်ဖွဲ့ အတွက် ပါဆယ်ထုတ်ပေးပါတယ်ရှင့်

8" ဇလုံPrice - 800ပြန်ရောင်လိုသူများအတွက် လက္ကားဈေး သီးသန့်ရှိပါတယ်ရှင့်
18/02/2022

8" ဇလုံ
Price - 800

ပြန်ရောင်လိုသူများအတွက် လက္ကားဈေး သီးသန့်ရှိပါတယ်ရှင့်

ပန်းကိုင်း ဖန်ခွက်Price - 3000 (6 လုံးပါ တစ်ဖာ)လက်ဆောင်ပေးလိုပါက ပါဆယ် စပ္ကူလေးနဲ့ ထုတ်ပေးပါတယ်ရှင့်
18/02/2022

ပန်းကိုင်း ဖန်ခွက်

Price - 3000 (6 လုံးပါ တစ်ဖာ)

လက်ဆောင်ပေးလိုပါက ပါဆယ် စပ္ကူလေးနဲ့ ထုတ်ပေးပါတယ်ရှင့်

7" ပန်းကန်ပက်Price - 1200Colour - 5 ရောင်5 လုံး 6000တစ်ရောင်တည်းယူချင်လဲရပါတယ် အရောင်ရောယူချင်လဲရပါတယ်
18/02/2022

7"
ပန်းကန်ပက်
Price - 1200
Colour - 5 ရောင်

5 လုံး 6000

တစ်ရောင်တည်းယူချင်လဲရပါတယ် အရောင်ရောယူချင်လဲရပါတယ်

7" ပန်းကန် ( 7စီဇောက်)Price - 1500Colour - 5 ရောင်5 လုံး 7500တစ်ဖာ အလုံး 60 ပါပါတယ်တစ်ရောင်တည်းယူချင်လဲရပါတယ် အရောင်ရောယ...
18/02/2022

7"
ပန်းကန် ( 7စီဇောက်)
Price - 1500
Colour - 5 ရောင်

5 လုံး 7500
တစ်ဖာ အလုံး 60 ပါပါတယ်

တစ်ရောင်တည်းယူချင်လဲရပါတယ် အရောင်ရောယူချင်လဲရပါတယ်

Address

Pyin Oo Lwin
Maymyo
05081

Telephone

+959400408829

Website

Alerts

Be the first to know and let us send you an email when Holiday Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share