Swe Swe Min

Swe Swe Min ဘတ်စုံသုံးဆပ်ပြာဆီသည်��
Home made ဖြစ်တဲ?

ဘတ်စုံသုံးဆပ်ပြာဆီသည် ရေမရွေးအထည်မဆွေးပဲ
အသုံးပြုနိုင်ပါသည်။ အိမ်ရှင်မများအတွက်အချိန်မကုန်ပဲ
အလွန်လွယ်ကူစွာအဝတ်စားများကိုလျှော်ဖွတ်နိုင်ပါသည်။
ပန်းကန်ဆေးရာတွင်လည်းဆီများကိုအလွယ်တကူဆေးကြောနိုင်ပါသည်။
Home made ဖြစ်တဲ့အတွက် chemical ပစ္စည်းများမပါ၀င်ပါ။

စာနာစိတ်  ဆိုသည်မှာဝယ်  စရာလည်းမလိုတောင်း  စရာလည်းမလိုကမ္ဘာပတ်ကာ  ရှာဖွေစရာလည်းမလို။ငါသာ  သူနေရာမှာ  ဆိုခဲ့ရင်နှလုံးသားက...
15/06/2024

စာနာစိတ် ဆိုသည်မှာ
ဝယ် စရာလည်းမလို
တောင်း စရာလည်းမလို
ကမ္ဘာပတ်ကာ ရှာဖွေစရာလည်းမလို။

ငါသာ သူနေရာမှာ ဆိုခဲ့ရင်
နှလုံးသားက. ဒီအတွေးလေးတစ်ခုတည်းနဲ့
စာနာစိတ် မြောက်ပါတယ်။

စာနာစိတ် လူတိုင်းအပေါ် ထားတတ်ကျပါစေ

မင်းဒုက္ခရောက်နေတာတောင်မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့ ။ဘယ်သူကမှ မင်းကို ကူညီဖို့ တာဝန်ရှိမနေပါဘူး ။မင်းရဲ့အခက်အခဲတွေ...
15/06/2024

မင်းဒုက္ခရောက်နေတာတောင်
မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့ ။
ဘယ်သူကမှ မင်းကို ကူညီဖို့ တာဝန်ရှိမနေပါဘူး ။

မင်းရဲ့အခက်အခဲတွေ အကြပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလား လို့
အပြစ်မတင်ချင်ပါနဲ့ ။

ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့
လူလာဖြစ်နေကြတာ မဟုတ်ဘူး။

မင်း အထီးကျန်တယ် အဖော်မပြုရကောင်းလားလို့
မနာကျည်းလိုက်ပါနဲ့ ။

မင်းလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း၊ မိတ်ဆွေရင်း၊ အဖော်မွန်စစ်
ပါချင်ပါလာမယ် ။ မပါချင် မပါဘူး ။

လမ်းခုလတ်က လှည့်ထွက်သွားတာလည်း
ဖြစ်ချင်ဖြစ်မယ် ။

သေချာတာ ကိုယ် သွားချင်တဲ့လမ်း
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ ။

မင်းဒုက္ခရောက်နေတာတောင်
ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက် ။
ဘယ်သူမှ မရှိဘူးလား
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ။

ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက် ။
မချစ်တော့ဘူးလား
လွတ်လပ်ခွင့်ပေးလိုက် ။

သူတစ်ပါး စိတ်နှလုံးအိမ်ထဲမှာ
နေရာတစ်ခုရဖို့ဆိုတာ
မင်း တောင်းဆိုလို့ မရဘူး ။

တစ်ဖက်က ပေးသလောက်ပဲ မင်းနေရမယ် ။
ကျေနပ်တာ မကျေနပ်တာ မင်းကိစ္စပါ ။
ဘယ်သူကမှ မင်းခံစားချက်ကို မေးနေမှာမဟုတ်ဘူး။
ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေလေ ။

ထွေထွေထူးထူး ကြေကွဲမနေနဲ့ ။

crd

Address

လမ်းသွယ် (2)
Maymyo

Website

Alerts

Be the first to know and let us send you an email when Swe Swe Min posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Swe Swe Min:

Share