MAY NINE

MAY NINE personal blog

NC ဘော်ကနါခြေအိတ်ရှည်လက်ကျန်ဖြတ်တစုံ..3000plz..cb or viber 09784938323အိမ်အရောက်ငွေချေရ
26/08/2025

NC ဘော်ကနါခြေအိတ်ရှည်
လက်ကျန်ဖြတ်

တစုံ..3000

plz..cb or viber 09784938323

အိမ်အရောက်ငွေချေရ

စီလီကွန်ခြေအိတ်  လက်ကျန်ဖြတ်တစုံ ၃၅၀၀ (၈စုံကျန်)အိမ်အရောက်ငွေချေရplz cb ..
26/08/2025

စီလီကွန်ခြေအိတ်
လက်ကျန်ဖြတ်

တစုံ ၃၅၀၀ (၈စုံကျန်)

အိမ်အရောက်ငွေချေရ

plz cb ..

Molten basket ball (made in thailand)လက်ကျန်ဖြတ်လျော့ဈေးတလုံး ၂၀၀၀၀ ကျန်အိမ်အရောက်ငွေချေရ
26/08/2025

Molten basket ball (made in thailand)

လက်ကျန်ဖြတ်လျော့ဈေး
တလုံး ၂၀၀၀၀ ကျန်
အိမ်အရောက်ငွေချေရ

ကိုယ့်လက်ထဲမှာ ပိုက်ဆံတစ်ပြားမှမရှိတဲ့အခါ ...လောကကြီးကသင့်ကို လူတွေအကြောင်း သင်ပေးသွားပါလိမ့်မယ်။သင်ဆုံးရှုံးမှုတွေနဲ့ရင...
10/03/2023

ကိုယ့်လက်ထဲမှာ
ပိုက်ဆံတစ်ပြားမှမရှိတဲ့အခါ ...
လောကကြီးကသင့်ကို
လူတွေအကြောင်း သင်ပေးသွားပါလိမ့်မယ်။

သင်ဆုံးရှုံးမှုတွေနဲ့
ရင်ဆိုင်ရပြီးဆင်းရဲမွဲတေနေတဲ့အခိုက်မှာ
စစ်မှန်ပါတယ်ဆိုတဲ့ မိတ်ဆွေ၊
ခင်မင်လှပါတယ်ဆိုတဲ့ မိတ်ဆွေ၊
စာနာပါတယ္ဆိုတဲ့ မိတ်ဆွေတွေဆိုတာ
ဘယ်လိုမျိုးလဲ သင့်ကို သင်ကြားပေးပါလိမ့်မယ်။

အဆင်ပြေနေတဲ့အချိန်...
လက်ခုပ်ဝိုင်းတီးပေးတဲ့ မိတ်ဆွေထက်
အဆင်မပြေတဲ့အခါ
နှစ်သိမ့်စကားတစ်ခွန်းပြောပေးတဲ့
မိတ်ဆွေက ပိုတန်ဖိုးရှိပါတယ် ။

ပြဿနာတိုင်းက သင့်ကို
အဆုံးသတ်ဖို့ဖြစ်စေတာမဟုတ်ဘူး
တကယ်တော့သင့်ကို လမ်းညွှန်ပေးတဲ့
အရာတွေပါ။

အဆိုးတွေအားလုံးက သင့်ကို
အရှုံးပေးဖို့ဖြစ်စေတာမဟုတ်ဘူး
တကယ်တော့သင့်ကို
အကောင်းဖက်ဘယ်လိုသွားရမလဲ
သင်ပြပေးနေကြတာပါ။

ရုန်းကန်မှုအားလုံးက
သင့်ကို စိတ်ဓါတ်ကျစေဖို့
ဖြစ်စေတာမဟုတ်ဘူး။
တကယ်တော့သင့်ကို
အောင်မြင်ခြင်းကို ဘယ္လို ယူရမလဲ
သင်ပြပေးနေကြတာပါ။

လွယ်လွယ်အရှုံးမပေးတတ်ဘူးဆို
အရာရာ သင့်လက်ထဲမှာ ပါပဲ ။

သူတစ်ပါးရဲ့လုပ်ရပ်ကြောင့်
ကိုယ်ထိခိုက်ရပေမယ့်
ကိုယ့်လုပ်ရပ်ကြောင့်
သူတစ်ပါးကို မထိခိုက်စေနဲ့။

သူတစ်ပါး စကားကြောင့်
ကိုယ်စိတ်ဆင်းရဲရပေမယ့်...
ကိုယ့်စကားတစ်ခွန်းကြောင့်
သူတစ်ပါးစိတ်မဆင်းရဲစေနဲ့။

သူတစ်ပါး ကြောင့်
ကိုယ်မျက်ရည်ကျရပေမယ့်...
ကိုယ့်ကြောင့်...
သူတစ်ပါးမျက်ရည်မကျစေနဲ့ ။

လောကကြီးမှာ
လူတွေအားလုံးက အမြင့်ကိုရောက်ဖို့
လှေကားတွေကိုနင်းတက်ကြတယ်။
ဒါပေမယ့် အဲ့ဒီလှေကားတွေကို
ကျေးဇူးတင်ရကောင်းမှန်းမသိကြဘူး

အမြင့်မှာ ပျံသန်းနေတဲ့စွန်ဟာ
သူ့ကို ကြိုးနဲ့ချီပြီး မြေပြင်ကနေ
ရစ်ဘီးလေးကိုင်လို့ မျှော်ကြည့်နေသူကို
မေ့နေတတ်တယ်

ကိုယ့်ဘ၀ရဲ့ တန္ဖိုး
ကိုယ်ဘယ်လို ဖွစျလာသလဲဆိုတာ
ဘယ်နေရာရောက်ရောက်...
ဘယ်အခြေအနေမှာဖြစ်ဖြစ်...
မမေ့ဖို့အရေးအကြီးဆုံးပါပဲ

သုညဆိုတာ
သူ့ဘာသာနေရင်တော့...
တန်ဖိုးမရှိဘူးထင်ကြလိမ့်မယ်။
ဒါပေမယ့် သူ့ရှေ့က ဂဏန်းတွေကိုတော့
တန်ဖိုးအမြင့်ဆုံးရောက်အောင်
မြှင့်တင်ပေးနိုင်ပါတယ်။
#မေတ္တာများစွာဖြင့်
(ဘဝစာပေ)

ပြောစရာ စကားရှိပြီးနားထောင်မယ့်လူ မရှိတဲ့အချိန်တွေရှိတယ်။နားထောင်မယ့် လူရှိပြီးပြောချင်စိတ် မရှိတဲ့အချိန်တွေလည်းရှိတယ်။တ...
07/03/2023

ပြောစရာ စကားရှိပြီး
နားထောင်မယ့်လူ မရှိတဲ့အချိန်တွေရှိတယ်။
နားထောင်မယ့် လူရှိပြီး
ပြောချင်စိတ် မရှိတဲ့အချိန်တွေလည်းရှိတယ်။
တစ်ခါတလေ တွန်းထုတ်ချင်ပြီး
တစ်ခါတလေ အနားမှာရှိစေချင်တဲ့
ကိုယ်တိုင်တောင် နားမလည်နိုင်တဲ့စိတ်တွေကြောင့်ပဲ
ကျွန်တော်တို့ဟာ အထီးကျန်ခဲ့ကြတာ။ ။

🌻🤍

ငါးကြီးကြီး လိုချင်ရင်ပင်လယ်ထဲကို သွားပါ ဒါပေမယ့် မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။ဘဝကို ကြက်တူရွေးလို မနေဘဲ  သိန်းငှက်လို ...
09/02/2023

ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ
ဒါပေမယ့်
မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။

ဘဝကို ကြက်တူရွေးလို မနေဘဲ
သိန်းငှက်လို ကျင့်ကြံပါ
ကြက်တူရွေးက စကားတတ်ပေမဲ့
အမြင့်မပျံနိုင်ဘူး
သိန်းငှက်က နူတ်ဆိတ်ပေမဲ့
မိုးထိအောင် ပျံနိုင်တယ် ။

ကြိုးစားတဲ့ လူတိုင်းက
မအောင်မြင်ပါဘူး
ဒါပေမယ့်
အောင်မြင်နေတဲ့ သူတိုင်းက
ကြိုးစားခဲ့ကြပါတယ် ။

လမ်းပျောက်နေလို့
စိတ်ဓာတ်မကျပါနဲ့
ကိုယ်လျှောက်မယ့် လမ်းက
ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။

လူ့သက်တမ်းက
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု ရလဒ်ကတော့
အကန့်သတ် မရှိပါဘူး ။

အစိတ်စိတ် ကွဲနေတဲ့
ဖန်ကွဲစက ပြောတယ် ဖြစ်ပြီးမှ
နောင်တရနေရင် အလကားဘဲ ။

ဘောပင်က ပြောတယ်
မှင်ကုန်ရင် လွင့်ပစ်လိုက်ပါတဲ့
မင်းအတွက် အသုံးမဝင်တာကို
သိမ်းမထားပါနဲ့တဲ့ ။

တံခါးပေါက်က ပြောတယ်
ငါ့ကို ဖွင့်ပီး
မင်းအောင်မြင်မှု လမ်းကြောင်းကို
ရောက်အောင် သွားတဲ့ ။

မီးသီးကပြောတယ်
ဘဝကို တောက်ပအောင် လုပ်ပါတဲ့ ။

ပြတင်းပေါက်က မြင်ရတဲ့
လမင်းက ပြောတယ်
ရည်မှန်းချက်ကို မြင့်မြင့်ထားတဲ့ ။

ပြက္ခဒိန်ကပြောတယ်
ကုန်လွန်သွားတဲ့ ရက်စွဲတွေက
နောက်ပြန်လှည့်လို့ မရဘူး ။

စာအုပ်တွေကပြောတယ်
ဗဟုသုတကို ဝယ်လို့မရဘူး
ဖတ်ပြီး မှတ်လို့ဘဲ ရတယ် ။

ဓားတစ်လက်က ပြောတယ်
မသုံးဘဲထားရင်
တုံးသွား လိမ့်မယ်တဲ့ ။

နာရီလေးက ပြောတယ်
အချိန်ဆိုတာ နောက်ပြန်မရနိုင်ဘူး ။

ရေသန့်ဘူးက ပြောတယ်
စိတ်ကိုကြည်လင်အောင်ထား
ဘဝကို သန့်ရှင်းအောင်နေတဲ့ ။

ပိုက်ဆံလေးက ပြောတယ်
များများ သုံးချင်ရင် များများရှာတဲ့ ။

အားလုံးဘဲဘဝမှာ အဆင်ပြေကြပါစေ။


ရှင်သု နန္ဒ

မင်မင်လိုမျိုး ဘဝတူ‌‌တွေရှိကြလား🥹😁
03/02/2023

မင်မင်လိုမျိုး ဘဝတူ‌‌တွေရှိကြလား🥹😁

02/02/2023

တစ်ချို့အရာတွေက တစ်ကြိမ်တစ်ခါလွဲပြီးရင်
ပြန်မဆုံကြတော့မဲ့လူတွေ ၊ မဖြစ်နိုင်တော့မဲ့ အရာတွေဟာ
တကယ် ရှိခဲ့တယ် …

ခရီးအတူထွက်ဖို့ တိုင်ပင်ထားကြတဲ့ ဘော်ဒါတွေက
ပြန်ရှာမရအောင် အဆက်သွယ်ပြတ်ကုန်တယ်

" နောက်တစ်ခါ လာလည်ရင် ရှမ်းပြည်က တိုဟူးချဉ်လေး လက်ဆောင်ယူခဲ့ပါ " ဆိုတဲ့ သူငယ်ချင်းက
ကိုယ်နောက်တစ်ကြိမ်ပြန်မရောက်ခင် အချိန်မှာပဲ
ဆုံးပါးသွားတယ်

" သား ကားဝယ်ပြီးရင် ပုဂံလိုက်ပို့မယ် " လို့ ကတိပေးဖူးတဲ့ အဖွားက အိပ်ယာထဲက မထနိုင်တော့ဘူး ၊ " ငါ့မြေးလေး ကားနောက် လိုက်မစီနိုင်တော့ဘူး ၊ ပုဂံ လဲ မရောက်ဖူးတော့ဘူး " တဲ့

သေချာပေါက် စောင့်နေမှာမို့ အမြန်ပြန်လာပါဆိုတဲ့
လူတစ်ယောက်က တခြားတစ်ယောက်နဲ့ အဆင်ပြေနေခဲ့ပြီ

ကတိတွေ က မမြဲခဲ့ဘူး …
မနှစ်က ကိုယ့်ဘေးနား ရှိနေတဲ့လူတွေဟာ
ဒီနှစ်မှာ မရှိကြတော့ဘူး ။
နှောက်နှစ်တွေမှာလဲ ဒီအဖြစ်က ထပ်ကြုံရဦးမယ် ။
အသစ်တွေ ဝင်လာလိုက် ၊ အဟောင်းတွေ ထွက်သွားလိုက်နဲ့ ဘဝက ရင်ဖို စရာပဲ ။

ရှိနေတုန်းမှာ တန်ဖိုးထား ၊ လုပ်ပေးနိုင် သလောက်လုပ်ပေး
ကတိတွေဟာ မသေချာဘူး ၊
တစ်နေ့ကျရင်ဆိုတာ တကယ် မရှိခဲ့ဘူး ၊
ဒါဟာ စိတ်ကူးသက်သက်ပဲ ။

ဒီနေ့ပဲ ချစ် ၊ ဒီနေ့ပဲ တန်ဖိုးထား
ဒီနေ့ပဲ နီးနီးကပ်ကပ် နေလိုက်ပါ …. ။

03/01/2023
ဘဝနေထိုင်နည်း ============( ၁ ) သိသလောက် မပြောပါနဲ့ကိုယ်သိတာနဲ့ သူများက လက်ခံထားတာ မတူညီနိူင်ပါဘူးလူတစ်ယောက်ရဲ့ လက်ခံနား...
27/12/2022

ဘဝနေထိုင်နည်း
============
( ၁ ) သိသလောက် မပြောပါနဲ့

ကိုယ်သိတာနဲ့ သူများက လက်ခံထားတာ မတူညီနိူင်ပါဘူး
လူတစ်ယောက်ရဲ့ လက်ခံနားလည်မှူဆိုတာ အရွယ်နဲ့ဆိုင်သလို
သူကြုံတွေ့ခဲ့ရသော ဘဝအတွေ့အကြုံ ၊ အတွေးအခေါ်နဲ့
ဆိုင်ပါတယ်။ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်ကို
မိန်းမယူတာ ၊ ရည်းစားထားတာ မကောင်းဘူး အပူမရှာနဲ့
တရားရှာလို့ သွားပြောရင် လက်ခံမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။
ပါးစပ်မှာ ခဲဖျက်မပါသလို စကားဆိုတာကလည်း တန်ဖိုးထားတတ်
သူနဲ့သာ သင့် စကားတွေက တန်ဖိုးထားခြင်း ခံရမှာပါ။

( ၂ ) အမြင်မတော်ရင် မျက်နှာလွဲနေပါ

အမြင်မတော်တာတွေ့တိုင်း ၊ မှားနေတာတွေ့တိုင်း မပြောပါနဲ့
အမြင်မတော်တိုင်းသာ ပြောနေမယ်ဆိုင် သင် ရွာပြင်
အထုတ်ခံရပါလိမ့်မယ်။ဘာလို့လဲဆိုတော့ လူအများစုက ကိုယ်လုပ်
တာ ကိုယ်မှန်တယ်ထင်နေပြီး အမှန်တရားကိုထောက်ပြရင်
သူတို့ကို အရှက်ခွဲတယ်ဆိုပီး သင့်ကို အမြင်စောင်းကြပါလိမ့်မယ်။
လူအများအရှေ့မှာ ဖက်နမ်းနေပီး အမြင်မတော်သော အပြုအမူများ
လုပ်ဆောင်နေသော ချစ်သူနှစ်ဦးကို "မင်းတို့ မရှက်ကြဘူးလားကွာ"လို့
သွားပြောရင် သင့်ကို အထင်လွဲသွားပါလိမ့်မယ်။

( ၃ ) ကြားတိုင်းမယုံပါနဲ့

နားဆိုတာက အကြားအာရုံဖြစ်သောကြောင့် သင့် နားထဲကို
ဟုတ်တာ ၊ မဟုတ်တာ ၊ မှန်တာ ၊ မမှန်တာ အကုန်ကြားနေရပါလိမ့်
မယ်။ကြားနေတိုင်း လိုက်ခံစားနေရင် သင့် မှာ နှလုံးသား အပိုမပါ
သလို ဦးနှောက်လည်း အပိုမပါဘူးလေ။လူတစ်ချို့က သင့်ကို တစ်မျိုး
ပြောမယ် ၊ နောက်လူတစ်ချို့က သင့် ကိုတစ်မျိုးလာပြောကြပါလိမ့်မယ်။
ဘယ်သူတွေက ဘာတွေပဲပြောပြော ကိုယ့်ဦးနှောက်နဲ့ ချင့်ချိန်ပီး
နှလုံးသားနဲ့ တော်သင့်ရုံပဲ ခံစားပါ။
မြင်ရင်မြင်တယ်လို့ မှတ် ၊ ကြားရင် ကြားတယ်လို့မှတ်ပြီး လောကမှာ ဖြစ်ပျက်နေတဲ့ အရာတော်တော်များများကို သင်လက်ခံလာနိူင်ရင်
သင့် ပါးစပ်ကလည်း သင့်တော်သော ၊ အမုန်းမပွားသော ၊ အများလက်ခံ
နိူင်သော စကားကို ပြောဆိုလာပါလိမ့်မယ်။

နှူတ် ကိုစောင့်စည်းလာနိူင်ခြင်းသည် လူမုန်းနည်းလာမယ်။
အမြင်ကျယ်ကျယ်ကြည့်လာနိူင်ပြီး အကောင်းမြင်စိတ်များလာရင်
သူရော မိမိပါ အေးချမ်းလာပါလိမ့်မယ်။
နားကကြားခဲ့သမျှကို ဟိုဘက်နားကဝင်ပြီး ဒီဘက်နားက ထွက်ခဲ့ရင်
သင့် ရင်ထဲမှာ ခံစားချက်နည်းလာသလို အခြားသူကို အပြစ်မြင်မှူ
လည်း လျော့နည်းလာပြီး ကိစ္စတော်တော်များများမှာ သင်
ငြိမ်းချမ်းပျော်ရွှင်လာပါလိမ့်မယ်။

သူငယ်ချင်း....
နေတတ်ရင် ၊ လက်ခံတတ်ရင် အရာအားလုံးက ကျေနပ်စရာတွေ
ချည်းပါပဲ။

Credit _

25/12/2022

ခရစ်စမတ်လက်ဆောင်😊တက်နိုင်တာလေးပါ

ဦးရာလူ bill ဖြည့်ပါ လက်ဆောင်လေးပါ😊28000ဘိုးလေးပေါ့တက်နိုင်သလောက်ပါ

45 9583 5070 2323 7893 - Mytel 1000
76 3255 4664 4672 5507 - Telenor 1000
33 6439 7323 3203 9607 - Ooredoo 1000
84 0437 2132 1112 8999 - Ooredoo 1000
21 9100 8726 8329 8727 - - Mytel 1000
21 9100 8726 8329 8727 - MPT 1000

35 9583 5070 2323 7892 - Mytel 3000
86 3255 4664 4672 5590 - Telenor 3000
22 6439 7323 3103 9697 - Ooredoo 3000
94 0437 2132 1112 8777- Ooredoo 5000
56 8847 5569 2985 6276 - MPT 3000
21 9100 8726 8329 8797 - MPT 5000
-





















ဘယ်သူတင်ထားတာလဲ
မသိဘူး
ကူးလာတာ🤣🤣🤣စိတ်ဆိုးနဲ့ရှိ😂😂😂ဘဲဥ

Address

Mawlamyine

Opening Hours

Monday 08:30 - 19:00
Tuesday 08:30 - 19:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959969730369

Website

Alerts

Be the first to know and let us send you an email when MAY NINE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MAY NINE:

Share