Shane Company Limited

Shane Company Limited Northern Lights

🔔ဒီတစ်ခါတော့ ကျွန်တော်တို့ “Northern Lights” အမှတ်တံဆိပ် ဒယ်နီအိုးကြိုးလေးနဲ့ မိတ်ဆက်ပါရစေခင်ဗျာ။🔔Thailand 🇹🇭 ယိုးဒယား စ...
28/07/2019

🔔ဒီတစ်ခါတော့ ကျွန်တော်တို့ “Northern Lights” အမှတ်တံဆိပ် ဒယ်နီအိုးကြိုးလေးနဲ့ မိတ်ဆက်ပါရစေခင်ဗျာ။
🔔Thailand 🇹🇭 ယိုးဒယား စက်ရုံကနေ တိုက်ရိုက် Quality ကို ဦးစားပေးပြီ ထုတ်ထားတဲ့ ဒယ်နီအိုးကြိုးလေးပါ ၊
🔔ကြေးနီကြိုး စစ်စစ် ကို အသုံးပြုထားပြီး Watt 3000 အထိ စိတ်ချ လက်ချ အသုံးပြုလို့ ရပါတယ်ခင်ဗျာ ၊
🔔"ချိုသာသော စျေးနှုန်း နဲ့ သုံးစွဲသူများ စိတ်ချမ်းသာစေဖို့"
ဆိုတဲ့ ကျွန်တော်တို့ “Northern Lights” ရဲ့ စေတနာအရင်းခံတဲ့ ဆောင်ပုဒ်လေး အတိုင်း အကောင်းဆုံး နဲ့ အသက်သာဆုံးဖြစ်အောင် ထုတ်လုပ်ထားတဲ့ ဒယ်နီအိုးကြိုးလေးပါ ခင်ဗျာ
🙏🏻ရန်ကုန် ၊ မန္တလေး နဲ့ အခြား မြို့ကြီး များမှ ဝယ်ယူနိုင်ပါပြီ ခင်ဗျာ

ကျွန်တော်တို့ “Northern Lights” မှာ ကပ်ခေါင်းပျော့ လေးတွေလည်း ရပါတယ် ခင်ဗျ တစ်ဘူးကို (၂၀) ပါ ပါတယ် ခင်ဗျ 😀
28/07/2019

ကျွန်တော်တို့ “Northern Lights” မှာ ကပ်ခေါင်းပျော့ လေးတွေလည်း ရပါတယ် ခင်ဗျ
တစ်ဘူးကို (၂၀) ပါ ပါတယ် ခင်ဗျ 😀

GT တံဆိပ် ဆွဲခေါင်းလေးတွေပါ ခင်ဗျာ တစ်ဘူးကို (၂၀ ) ပါ ပါတယ်ခင်ဗျ မီးခေါင်းချင်းတူပေမယ့် GT တံဆိပ် သုံးပြီးရင် တစ်ခြား တံ...
28/07/2019

GT တံဆိပ် ဆွဲခေါင်းလေးတွေပါ ခင်ဗျာ
တစ်ဘူးကို (၂၀ ) ပါ ပါတယ်ခင်ဗျ
မီးခေါင်းချင်းတူပေမယ့် GT တံဆိပ် သုံးပြီးရင် တစ်ခြား တံဆိပ် မသုံးချင်တော့တာ သေချာတယ်ခင်ဗျ
လိုအပ်တယ် ဆိုရင်တော့ ကျွန်တော်တို့ “Northern Lights “ ကို ဆက်သွယ် လိုက်ပါခင်ဗျ 😀

ဒီပစ္စည်းလေးကတော့ Two Pin Plug လေးပါခင်ဗျ250V , 16A ခံနိုင်ရည်ရှိတဲ့ plug 🔌 လေးပါခင်ဗျတစ်ဘူး ကို (၂၀) ပါ ပါတယ် ခင်ဗျဈေးေ...
28/07/2019

ဒီပစ္စည်းလေးကတော့
Two Pin Plug လေးပါခင်ဗျ
250V , 16A ခံနိုင်ရည်ရှိတဲ့ plug 🔌 လေးပါခင်ဗျ
တစ်ဘူး ကို (၂၀) ပါ ပါတယ် ခင်ဗျ
ဈေးပေါပေါ ပစ္စည်းကောင်းကောင်းလေးပါ ခင်ဗျ
လိုအပ်တယ်ဆိုရင်တော့ ကျွန်တော်တို့ “Northern Lights “ ကို ဆက်သွယ်ခိုက်ပါခင်ဗျာ😀

ဒါလေးကတော့ ကျွန်တော်တို့ Northern Lights က ဖြန့်ဖြူးနေတဲ့ “One Way Tester “ လေးဖြစ်ပါတယ်။Quality ပစ္စည်းလေးမို့ မရှိမဖြစ်...
28/07/2019

ဒါလေးကတော့
ကျွန်တော်တို့ Northern Lights က ဖြန့်ဖြူးနေတဲ့
“One Way Tester “ လေးဖြစ်ပါတယ်။
Quality ပစ္စည်းလေးမို့ မရှိမဖြစ် လေးပေါ့
တစ်ဘူး ကို အချောင်း (၃၀) ပါ ပါတယ်ခင်ဗျ၊
အရောင်လေး တွေကလည်း စုံပါတယ်

ကြော်ငြာလေးတွေ နည်းနည်းဝင်မယ်နော် ကျွန်တော် တို့ Northern Lights က လက်လီလက်ကား ဖြန့်ဖြူးနေတဲ့ လျှပ်စစ် ပစ္စည်းလေးတွေနဲ့ မ...
28/07/2019

ကြော်ငြာလေးတွေ နည်းနည်းဝင်မယ်နော်
ကျွန်တော် တို့ Northern Lights က လက်လီလက်ကား ဖြန့်ဖြူးနေတဲ့ လျှပ်စစ် ပစ္စည်းလေးတွေနဲ့ မိတ်ဆက်ပေးပါရစေ
ဒါလေးကတော့ Two Way Tester လေး ဖြစ်ပါတယ် 😀
မီးစမ်းလို့လည်း ရတယ် Two Way Screw Driver နဲ့ဆိုတော့ အရမ်း အဆင်ပြေတာပေါ့ 😉
တစ်ဘူးကို အချောင်း (၂၀ ) ပါတယ်ခင်ဗျ ။

09/01/2019

ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိခြင်းဟာ လူတစ်ယောက်မှာ လိုအပ်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတဲ့လူတစ်ယောက် ရဲ့ အပြောအဆို အနေအထိုင်၊ အပြုအမူတွေက ဆွဲဆောင်မှုရှိပါတယ်။ လုပ်ငန်းတစ်ခု၊ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်မယ့်သူတွေမှာ မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတစ်ခုကလဲ ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိခြင်းဖြစ်ပါတယ်။

ဒါပေမယ့် သတိထားရမှာ တစ်ခုကတော့ လွန်ကဲတဲ့ယုံကြည်မှု (Overconfident) ကတော့ မကောင်းပါဘူး။ ကိုယ်လုပ်တာမှ အမှန်၊ ကိုယ်ပြောတာမှ အမှန်၊ ကိုယ်မှာရှိတဲ့ တကယ့်လုပ်ကိုင်နိုင်စွမ်းထက်ကို ပိုနေတဲ့ ခံယူချက်မျိုးဟာ Overconfident ဖြစ်နေတဲ့ သဘောဘဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကိုယ့်ကိုကိုယ် ပိုကောင်းတဲ့ ပုံစံ ဖြစ်အောင် ကြိုးစားနေတဲ့ Better-Versions တို့အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုတည်ဆောက်ဖို့ နည်းလမ်း တချို့နဲ့ Overconfident လဲ မဖြစ်အောင် ထိန်းညှိလို့ ရနိုင်မယ့် နည်းလမ်းတစ်ခုကို ပြောပြချင်တာပါ။

Confident လို့ပြောရင် အလုပ်တစ်ခုကို ငါလုပ်နိုင်ပါတယ်ဆိုတဲ့ စိတ်ခွန်အားလို့ ဆိုကြပါစို့။ လူတစ်ယောက်ဟာ ကိုယ်စိတ်ထဲမှာရှိသလောက် ကိုယ်ထင်သလောက်သာ ပေါက်မြောက်အောင်မြင်ပါတယ်။ တစ်နေ့ကို ငွေတစ်သောင်းရှာမယ်ဆိုတဲ့လူဟာ တစ်သောင်းအထက်ရဖို့ခက်ပါတယ်။ ငါ ငွေတစ်သိန်းရှာနိုင်တယ်လို့ ယုံကြည်မှုရှိလာတယ်ဆိုရင် တစ်သိန်းရှာနိုင်ဖို့အတွက် နည်းလမ်းတွေလဲ တွေ့လာတတ်ပါတယ်။

အကြောက်တရားဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှု နဲ့ စည်းပါးပါးလေးသာ ခြားနားတာမျိုးဖြစ်ပါတယ်။ လူတွေရှေ့မှာ စကားပြောဖို့ ကြောက်တယ်။ အမြင့်တက်ရတာကြောက်တယ်။ ကိုယ်ကြောက်သလိုလို၊ရွံ့သလိုလို အကောင်တွေလဲ ရှိတယ်။ စာရေးရမှာ ကြောက်တယ်။ ငါရေးတာကို ကြိုက်ပါ့မလား။ ငါရေးနိုင်ပါ့မလား။ ဒီလို စိုးရိမ်စိတ်တွေနဲ့ Confident တွေပျောက်ကြတယ်။

ကျွန်တော်မှာလဲ အကြောက်တရားတွေရှိပါတယ်။ အမြင့်တက်ရမှာ ကြောက်တယ်။ အခုလို ပိုစ့်တွေရေးကြည့်ဖို့အတွက် စိုးရိမ်စိတ်တွေလဲ ရှိခဲ့ဖူးတယ်။ ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့အတွက် မဝံ့မရဲ ဖြစ်တယ်။ ဒါတွေကို ကျွန်တော် ဘယ်လို ကျော်လွှားခဲ့သလဲ။

အခု ဒီပိုစ့်ကို ဖတ်နေတဲ့ လူဆီမှာလဲ အကြောက်တရားတွေရှိမှာပါ။ အရင်ဆုံးလုပ်ရမှာက ကိုယ်ဘာတွေလုပ်ဖို့ကြောက်တယ်ဆိုတာကို ကိုယ်တိုင် သေချာသိအောင်လုပ်ဖို့လိုပါတယ်။ စာအုပ်မှာ ဒါမှမဟုတ် ကိုယ့်ဖုန်းရဲ့ Notes စသည်ဖြင့် တစ်နေရာရာမှာ စာရင်းလုပ်ပါ။ ကိုယ်ဘာတွေလုပ်ဖို့ကြောက်လဲပေါ့။

ပြီးရင်နောက်တစ်ဆင့်ကတော့ ဒီအကြောက်တရားတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ခြေလမ်းသေးသေးတစ်ခုက ဘာဖြစ်မလဲ။ ဆိုတာကို ဘေးမှာရေးပါ။

ဥပမာ။ ။ စာရေးဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိဘူးဆိုပါတော့။ တစ်နေ့ကို စာလုံးရေ ငါးဆယ်လောက်ပါတဲ့ ပိုစ့်လေးတွေ စရေးပြီး တင်မယ်။ ဒါမျိုးဖြစ်ပါတယ်။

ပြီးတော့ အဲဒီအလုပ်ကို ဘယ်အချိန်တွေမှာ လုပ်မလဲဆိုတာမျိုးပါ။တစ်ခါတည်း ရေးပါ။ ဥပမာ။ ။ နှစ်ရက်တစ်ခေါက်ရေးမယ်။ စသည်ဖြင့်ဖြစ်ပါတယ်။ ပြီးရင် ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်ချပြီး လုပ်ဖြစ်အောင်လုပ်ပါ။

အဲလို လုပ်ခြင်းအားဖြင့် ကိုယ်မလုပ်ရဲဘူးဆိုတဲ့ အလုပ်တွေကို တဖြည်းဖြည်းချင်းလုပ်ကိုင်နိုင်လာရင်းနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုတက်လာမှာ ဖြစ်ပါတယ်။ ကျွန်တော့် ပိုစ့်တွေကို ဟိုးအရင် သုံးလေးလောက်ကတည်းက ဖတ်နေခဲ့တဲ့ လူတွေဆိုရင် သတိထားမိနိုင်ပါတယ်။ ကျွန်တော့်အရင်ပိုစ့်တွေကို အခုလို စာအရှည်နည်းပါတယ်။ ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုဘဲ တဖြည်းဖြည်း ရေးရင်း ရေးရင်းနဲ့ စာအရှည်ပို့တွေ ဖြစ်လာတာ ဖြစ်ပါတယ်။

အကြောက်တရားဆိုတာ လုပ်ရပ်တွေနဲ့ ရင်ဆိုင်ရတာမျိုး ဖြစ်ပါတယ်။ သေချာရင်ဆိုင်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုကို တည်ဆောက်ပါ။

နောက်တစ်နည်းကတော့ ကိုယ့်ကိုကိုယ်လဲ ယုံကြည်မှု တည်ဆောက်နိုင်ပြီးတော့ Overconfident မဖြစ်အောင်လဲ ထိန်းညှိပေးနိုင်ပါတယ်။ ပထမဦးဆုံး လုပ်ရမှာတော့ စာအုပ်ကောင်းကောင်း တစ်အုပ်ဝယ်ပါ။ ပြီးရင် အလယ်ကနေ နှစ်ဘက်ခြမ်းပါ။

ညာဘက်မှာတော့ ကိုယ်မှတ်မိသမျှ တစ်ဘဝလုံး အောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့ဟာတွေရေးပါ။ ဥပမာ။ ။ ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ အောင်ခဲ့တာမျိုး။ အားကစားပြိုင်ပွဲတွေမှာ ဆုတွေ ရခဲ့တာမျိုးပေါ့။
ဘယ်ဘက်အခြမ်းမှာတော့ ကိုယ်ကျရှုံးခဲ့တဲ့ အရာတွေ ဆုံးရှုံးခဲ့တဲ့ အရာတွေကို ရေးပါ။ အင်တာဗျူး မအောင်ခဲ့တာမျိုး။ အလုပ်ထုတ်ခံရတာမျိုးထိရေးလို့ရပါတယ်။

တကယ်လို့ကိုယ်ကိုကိုယ် ယုံကြည်မှုမရှိသလို ခံစားရရင် ညာဘက်မှာရေးထားတဲ့ အောင်မြင်ခဲ့တာတွေကို သေချာပြန်ဖတ်ပြီး စိတ်ထဲရောက်တဲ့အထိ အဲဒီအချိန်တုန်းက ဖြစ်ခဲ့တဲ့ခံစားချက်တွေကို ခံစားမိတဲ့အထိ စဉ်းစားကြည့်ပါ။ ဒါဆိုရင် ငါလုပ်နိုင်ခဲ့တာတွေ အများကြီးရှိတာဘဲ။ ဒီအလုပ်ကိုလဲ ငါလုပ်နိုင်ပါတယ်လို့ များများတွေးရင်းနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှု တက်လာမှာ ဖြစ်ပါတယ်။

တခါတလေ လူတိုင်းကို ကိုယ်လောက်တောင်မသိဘူးထင်နေတာ၊ တခြားလူတွေ ဘာပြောပြော၊ ဘာဘဲရေးထားရေးထား အလကားပါ။ အပိုတွေ။ ကိုယ်ကဖြင့် ဂီတာကြိုးတောင်မညှိတတ်ဘဲ၊ ပရိုတစ်ယောက်လို တီးခတ်နိုင်ပြီ ထင်သလိုလို ဖြစ်လာမျိုးတွေ ရှိပါလိမ့်မယ်။ အဲလိုအခါမျိုးတွေကို ကိုယ်တိုင် ကိုယ်စိတ့်ကို သတိထားတတ်ဖို့လိုပြီးတော့ ဘယ်ဘက်အခြမ်းက ကိုယ်ကျဆုံးခဲ့ဖူးတဲ့ အရာတွေကို ဖတ်ပါ။ ငါလဲမှားတတ်တာဘဲ။ ငါလဲ ကျဆုံးဖူးတာဘဲ ဆိုတဲ့ စိတ်ကနေ Overconfident ဖြစ်တဲ့စိတ်နည်းသွားနိုင်ပါတယ်။

အပေါ်မှာရေးထားတာတွေကတော့ ကျွန်တော်ကိုယ်တိုင် လုပ်ဆောင်တဲ့ နည်းတွေလဲ ဖြစ်ပါတယ်။ ကိုယ်ကိုကိုယ်ယုံကြည်မှု ရှိခြင်းဟာ ကိုယ်တိုင်အတွက်ကော ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ အရေးကြီးပါတယ်။ လွန်ကဲနေရင် ကိုယ်တိုင်အတွက်ကော၊ကိုယ့်ပတ်ဝန်းကျင်အတွက်ပါထိခိုက်နိုင်ပါတယ်။ မျှခြေဖြစ်နေဖို့လိုပါတယ်။

Better Versioners တို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတည်ဆောက်နိုင်ကြပြီး ပိုကောင်းလူတစ်ယောက် ဖြစ်လာဖို့ အကူအညီတစ်ခု ဖြစ်ဖို့ ရည်ရွယ်ပါတယ်။

Credit : မင်းသန်းထွဋ်
Better Version Every Day

💡Quality အတွက် စိတ်ချရတဲ့ Northern Lights💡Quality ပစ္စည်းဆိုတာ မီးအား မှိန်သွားချင်းလုံးဝမရှိ💡Quality ဆိုတဲ့အတိုင်း မီးထွ...
09/01/2019

💡Quality အတွက် စိတ်ချရတဲ့ Northern Lights
💡Quality ပစ္စည်းဆိုတာ မီးအား မှိန်သွားချင်းလုံးဝမရှိ
💡Quality ဆိုတဲ့အတိုင်း မီးထွန်းထားချိန်မှာ မီးခေါင်းသိပ်မပူခြင်း
💡Quality ဆိုတဲ့အတိုင်း life time အပြည့်အဝ အသုံးပြုနိုင်ခြင်း
💡Watt အပြည့်ထွက်တဲ့အတွက် လျှပ်စစ်မီးအား သက်သာခြင်း
💡Watt အားအပြည့်အဝ မီးလင်းအား ကောင်းကောင်း အသုံးပြုချင်ရင် စိတ်ချသုံးလို့ရတဲ့ Northern Lights LED Lighting Products
💡အာမခံ ကလည်း နှစ် နှစ်ပေးထားတဲ့ Northern Lights လျှပ်စစ်မီးများ
💡ဈေးနှုန်းသက်သာပြီး အသုံးပြုသူများ စိတ်ချမ်းသာစေဖို့ ကျွန်တော်တို့ Shane Company Limited မှ တာဝန်ယူပါသည်။

Quality ကောင်းကောင်း နှင့် ဈေးနှုန်းချိုသာသော LED မီးအမျိုးမျိုး လက်လီလက်ကား ရရှိနိုင်ပါတယ် ....အာမခံ က( ၂ ) နှစ် ပေးထား...
31/07/2018

Quality ကောင်းကောင်း နှင့် ဈေးနှုန်းချိုသာသော LED မီးအမျိုးမျိုး လက်လီလက်ကား ရရှိနိုင်ပါတယ် ....
အာမခံ က( ၂ ) နှစ် ပေးထားပါတယ်....
မီးအားကို ( 85V - 265V ) အထိ အထွန်းခံတဲ့ Quality ကောင်းတဲ့ မီးအမျိုးအစားဖြစ်ပါတယ်...
ဈေးသက်သက်သာသာ နှင့် မီးလင်းအား ကောင်းသော " NORTHERN LIGHTS " အမှတ်တံဆိပ် LED မီးအမျိုးမျိုး ကို ဝယ်ယူ သုံးစွဲ လိုက်ကျပါစို့ 

Light up the darkness with Northern Lights 💡
23/07/2018

Light up the darkness with Northern Lights 💡

Address

အမှတ်(၄/၁၈) ၊ မြစန္ဒာလမ်း ၊ ၆၂ X ၆၃ ကြား ၊ ၂၄ X ၂၅ ကြား ၊ အောင်မြေသာစံမြို့ နယ် ၊ မန္တလေးမြို့ ။
Mandale

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959968580516

Website

Alerts

Be the first to know and let us send you an email when Shane Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share