07/03/2026
___တော်လ်စတွိုင်း။
ပဒေသရာဇ်တွေနဲ့အရင်းရှင်ရဲ့ ထမ်းပိုးအောက်က လွတ်မြောက်လို့ လူထုတွေဟာ သူတို့ရဲ့ သာယာကောင်းမွန်တဲ့ဘဝကို တည်ဆောက်လာနိုင်တဲ့ တစ်နေ့မှာ တော်လ်စတွိုင်းရဲ့စာပေတွေကို လူထုတွေက တန်ဖိုးထားလာကြ၊ အမြတ်တနိုးဖတ်ရှုလာကြလိမ့်မယ်။ ဒါတွင်မကဘူး။ တော်လ်စတွိုင်းဟာ အဲဒီခေတ်က အဖိနှိပ်ခံရတဲ့၊ ကျယ်ပြန့်တဲ့ လူတွေရဲ့ခံစားချက်တွေကို ခွန်အားကောင်းကောင်းနဲ့ ရေးပြနိုင်တယ်။ အထူးသဖြင့် ၁၉ဝ၅ ခုနှစ် ပထမ ရုရှားတော်လှန်ရေးရဲ့ အားကောင်းချက်၊ အားနည်းချက်စတဲ့ ထူးခြားတဲ့ သမိုင်းလက္ခဏာချက်တွေကို သူ့စာပေတွေထဲမှာ ထင်ဟပ်ပြနိုင်ခဲ့တယ်။ တော်လ်စတွိုင်းရဲ့ ဝတ္ထုတွေကို လေ့လာခြင်းအားဖြင့် ရုရှားအလုပ်သမားလူတန်းစားဟာ သူတို့ရဲ့ရန်သူကို ပိုပြီးသိလာလိမ့်မယ်။ တော်လ်စတွိုင်းရဲ့ သြဝါဒကို လေ့လာခြင်းအားဖြင့် ရုရှားပြည်သူများဟာလည်း မိမိတို့ရဲ့ချွတ်ယွင်းချက်တွေကို ပိုပြီးသိလာကြလိမ့်မယ်””
_လီနင်
ရုရှားစာရေးဆရာများမှာ ဝတ္ထုကို အပျော်အပါးအတွက် ရည်ရွယ်ခြင်းမရှိရကား ၎င်းတို့ ရေးလေသမျှသောဝတ္ထုတို့သည် ရုရှားပြည်သူပြည်သား ဆင်းရဲသူဆင်းရဲသားတို့ လေးနက်စွာ စဉ်းစားနှိုင်းချိန် စေရန် ရည်သန်လမ်းပြ ပြုလုပ်ကြကုန်သည်သာ ဖြစ်ပေ၏။ တောလ်စတွိုင်းမှာ အထူးချွန်ဆုံး စာရေးဆရာကြီးဖြစ်ပေ၏။ ၎င်းရေးသော ဝတ္ထုသွားများမှာ မူလရည်ရွယ်ရင်းဖြစ်သော ရုရှားပြည်သူပြည်သား ပရိသတ်များ၏ အပြင်အပသို့ ကျော်လွန်ထွက်ရောက်လျက် တစ်ကမ္ဘာလုံးကိုပင် အံ့သြလောက်ဖွယ်ရာ ရစ်ပတ်ဆွဲဆောင်နိုင်ခြင်းရှိခဲ့ရကား။
တောလ်စတွိုင်း ရေးသားလေသမျှသော ဝတ္ထုစာပေတို့သည် ရုရှားပြည်သူပြည်သားတို့ တရားမျှတသော စိတ်ဓာတ် မွေးမြူရင့်သန်ကြစေရန် အထူးအားဖြင့် နှိုးဆော်ခြင်းပြုပေ၏။တောလ်စတွိုင်းစာပေတို့မှာ ရုရှားပြည်နယ်နိမိတ်များမှ ကျော်လျှံ၍ကမ္ဘာတစ်ခွင်သို့ ချင်းနင်းဝင်ရောက်ကာ ကမ္ဘာ့ခေါင်းဆောင်ကြီးများစွာ တို့ကိုပင် အနည်းနည်းအဖုံဖုံ ကျေးဇူးပြုခဲ့ပေ၏။
တောလ်စတွိုင်း၏ အတ္ထုပ္ပတ္ထိကို ဇာစ်မြစ်နှင့်တကွသိရလျှင် ၎င်း၏စာပေတို့မှာ သာ၍ပင် အံ့သြဖွယ်ရာ အသွင်အပြင်ကို ဆောင်လာကြသည်ကို တွေ့ရလိမ့်မည်ဖြစ်ပေ၏။ တောလ်စတွိုင်းကား ရုရှား စစ်တပ်ထဲတွင် ပါဝင်အမှုထမ်းခဲ့လျက် များစွာကြမ်းတမ်းရမ်းကားခဲ့သူ တစ်ဦးဖြစ်ပေ၏။ အလွန်ဆိုးသွမ်းပေတေခဲ့သူ တစ်ဦးဖြစ်ပေ၏။ သို့သော် ပကတိဉာဏ် ရင့်သန်လျက် ပါရမီလည်းရှိသူဖြစ်သောကြောင့် မိမိ၏ သက်တမ်း ၈၂ နှစ်တွင် ကျန်အနှစ် ၅ဝ လုံးလုံးကို အထက်ဖော်ပြရာပါ ဝတ္ထုများရေးသားခြင်းဖြင့် စရိုက်ကြမ်းသူ၊ မာနထောင်လွှားသူတို့၏ စိတ်ဓာတ်ကို ပြောင်းလွှဲစေလျက် လောကကြီး၏ အဓိပ္ပာယ်သက်ရောက်မှုအစုစုကို နားမလည်သူ၊ နားလည်အောင်မလုပ်နိုင်သူတို့အား မျက်စိပွင့်စေခဲ့၏။
ရုရှားစာရေးဆရာကြီး တောလ်စတွိုင်း၏ ဝတ္ထုများကို ဆရာမြသန်းတင့်၊မောင်ထွန်းသူ၊ရွှေဥဒေါင်းနှင့် ဒဂုန်ခင်ခင်လေးတို့က မြန်မာဘာသာသို့ ပြန်ဆိုထားခဲ့ကြပါတယ်ရှင်။
၁)စစ်နှင့်ငြိမ်းချမ်းရေး // မြသန်းတင့်
🔘တန်ဖိုး _ ၁၀၀,၀၀၀ ကျပ်။
၂)အင်နာကရနီနား // ရွှေဥဒေါင်း
🔘တန်ဖိုး _ ၅၀၀၀ ကျပ်။
၃)မိုးဒေဝါ // ဒဂုန်ခင်ခင်လေး
🔘တန်ဖိုး _ ၅၀၀၀ ကျပ်။
၄)တော်စတွိုင်းဝတ္ထုတိုများ // မောင်ထွန်းသူ
🔘တန်ဖိုး _၁၃၀၀၀ ကျပ်။
၅)တော်စတွိုင်း၏ ဘဝအမြင်နှင့်သမိုင်းအမြင် // မြသန်းတင့်
🔘တန်ဖိုး _ ၇၀၀၀ ကျပ်။
◾ငါးအုပ်တွဲ တစုံ _ ၁၃၀,၀၀၀ [ တသိန်း သုံးသောင်း] ကျပ်။
Collection Set လိုက်မှာယူ၍ရသလို မိမိနှစ်သက်ရာ တအုပ်ချင်းစီကို ခွဲမှာယူလို့လည်း ရပါတယ်ရှင်။
____________________
🔶စာအုပ်များကို မှာယူလိုပါက
အမည်၊လိပ်စာအတိအကျနှင့် ဖုန်းနံပါတ်ကို Page Chat box သို့ပေးပို့၍ မှာယူနိုင်သလို
Viber / Telegram ဖုန်းနံပါတ်~ 09940006800 သို့ဆက်သွယ်၍လည်း မှာယူနိုင်ပါတယ်ရှင်။
🔘မန္တလေး၊ရန်ကုန်၊နေပြည်တော်နဲ့ အခြားမြို့နယ်များကိုလည်း အိမ်အရောက်ငွေချေ Delivery စနစ်ကိုသုံး၍ မိတ်ဆွေတို့အတွက် Deliခ အသက်သာဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် စီစဉ်ပို့ဆောင်ပေးပါတယ်ရှင်။
🔘အိမ်အရောက်မရနိုင်သေးတဲ့ ကျန်နယ်မြို့များကိုလည်း နယ်ဝေးကားဂိတ်တင်ပို့ပေးပါတယ်ရှင်။
ဂိတ်ချခ ယူပါတယ်ရှင့်။တန်ဆာခကို ပစ္စည်းရောက်မှ သွားရွေး၍ ရှင်းပေးရင်ရပါတယ်ရှင်။
(ကားဂိတ်တင်များအတွက် ငွေကိုတော့ကြိုလွှဲပေးရပါတယ်၊ Kbz pay % အပိုမယူပါဘူးရှင်)
🔘ပြည်ပနိုင်ငံများအနေနှင့် ထိုင်း၊မလေးရှား၊စင်ကာပူ၊ဂျပန်၊ကိုရီးယားနှင့်အခြား နိုင်ငံများသို့လည်း အဆင်ပြေသက်သာသော Cargo ပို့ခဈေးနှုန်းများဖြင့် စီစဉ်ပို့ဆောင်ပေးပါတယ်ရှင်။
🔘ယခု ကာလအတွင်း၌ စာတိုက် အသုံးမပြုပါရှင်။
ချစ်ခြင်းမေတ္တာ နှင့် ဥာဏ်ပညာကိုအကြောင်းပြုလို့ ငြိမ်းချမ်းဖွယ်နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်💛
[ဦးချစ်မောင် အမှာမှ ကူးယူဖော်ပြပါသည်]
#တော်လ်စတွိုင်း
#စစ်နှင့်ငြိမ်းချမ်းရေး
#အင်နာကရနီနား
#မိုးဒေဝါ
#မြသန်းတင့်
#မောင်ထွန်းသူ
#ရွှေဥဒေါင်း
#ဒဂုန်ခင်ခင်လေး
#တော်လ်စတွိုင်းဝတ္ထုတိုများ