AMT Online Shop

AMT Online Shop Online Market

09/06/2022

❤️❤️❤️ဝန်ထမ်း အမြန် အလိုရှိသည်။❤️❤️❤️

Storekeeper(ဂိုထောင်မှူး) -မ (၁)ဦးအလိုရှိသည်။
☑️store လုပ်ငန်း အတွေ့ကြုံရှိသူ ဦးစားပေးမည်။
📝အသက် 25-35နှစ် ဝန်းကျင်
📝ပညာအရည်အချင်း- ဆယ်တန်းအောင်/ဘွဲ့ရ
📝Computer Excel အခြေခံအသုံးပြုနိုင်သူဖြစ်ရမည်။
📝ကုန်ဝင်ကုန်ထွက် စာရင်းများကို တိကျစွာ စာရင်းပြုစု မှတ်သားနိုင်ရမည်။
📝ပစ္စည်းများအား အပျက်အစီး လေလွင့်မှု မရှိစေရန်နှင့် စနစ်တကျ ထားသိုသိမ်းဆည်းနိုင်သူ ဖြစ်ရမည်။
📝အသင်းအဖွဲ့နှင့် စည်းလုံးစွာ တွေးခေါ် လုပ်ကိုင်နိုင်သူဖြစ်ရမည်။

လျှောက်ထားလိုသူများ
၁။ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်
၂။ ဓာတ်ပုံ တစ်ပုံ
၃။ မှတ်ပုံတင် မိတ္တူ
၄။ သန်းခေါင်စာရင်း မိတ္တူ တို့နှင့်အတူ 09970059217 ရှိ Viber သို့ လာရောက်လျှောက်ထားနိုင်ပါသည်။

25/07/2021

ကိုဗစ်တိုက်ပွဲ ၁၄ရက် အောင်မြင်သွားသူများ ဆက်လက်လုပ်ဆောင်ရန်

- ၁၅ရက်မှ ၂၁ရက်နေ့အထိ မိမိ မိသားစုနှင့် အတူပြန်နေလျှင် mask ဝတ်ထားပါ ( ထမင်းစားချိန်၊ ရေသောက်ချိန် နှင့် ရေချိုးချိန်မှလွဲ၍ ) ။ ဖြစ်နိုင်ပါက အိမ်လည်မထွက်ပါနှင့် ။
- မိမိနေခဲ့သည့် အိမ်ခန်း နှင့် ရေချိုးခန်း အိမ်သာတို့ကို bleaching agent နှင့် သေချာ ဆေးပြီး အနည်းဆုံး တရက် မည်သူမှမနေပဲ ထားပါ ( professional cleaner for covid infection ကိုလည်း ခေါ်လို့ရပါသည် )
- တနေ့ တကြိမ် ကိုယ်လက်လုပ်ရှားမှု့လုပ်ပြီးတိုင်း အောက်စီဂျင်တိုင်းပေးပါ

- အသက်ရှူလေ့ကျင့်ခန်းကို မကြာခဏ တနေ့ ၁၀ ကြိမ် ဆက်လုပ်ပါ
- အစာမှန်မှန်စားပါ ၊
- ရေ ၁လီတာခွဲမှ ၂လီတာ သောက်ပေးပါ ၊
- တနေ့ ၆-၈ နာရီ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ
- ပုံမှန် လမ်းလျှောက်လေ့ကျင့်ခန်း နာရီဝက် လုပ်ပါ
- နားနားနေနေ သက်တောင့်သက်သာနေပါ
*** တခါတရံ နုံး၍ အားမရှိသလိုဖြစ်တတ်ပါသည် ( လူတိုင်းမဟုတ်ပါ )

အမြဲတမ်း လပေါင်းများစွာ လုပ်ဆောင်ရမည်မှာ
- လက်ကို ခဏခဏဆေးပါ ( စက္ကန့် ၂၀ ကြာ )
- လက်မဆေးပဲ မျက်နှာကို မကိုင်ရ
- အပြင်ထွက်လျှင် mask ဝတ်ပါ ( နှာခေါင်း နှင့် ပါးစပ်ကို အုပ်မိပါစေ ) ( face shield ရှိလျှင် ထပ်ဝတ်ပါ )
delta strain ကို mask ၂ထပ်ဝတ်ဖို့ ပြောနေပါတယ် )
- တဦး နှင့် တဦး ၅-၆ပေ အကွာမှာနေပါ

*** ကိုဗစ်ရောဂါ ဖြစ်ပြီးသူများသည် ပြန်ကူးစပ်ခံရနိုင်ပါသေးသည် ။ ခုခံစွမ်းအားများ ( antibodies ) မိမိတွင်ရှိနေပါသော်လည်း ထို antibodies က နောက်တကြိမ် ကိုဗစ်ပိုးကူးစပ်ခံရလျှင် ဝေဒနာ မဆိုးရွားအောင်သာ လုပ်ဆောင်ပေးနိုင်တာပါ။ ***

*** နောက် ၆လ မည်သည့် ကိုဗစ်ကာကွယ်ဆေးကိုမှ မထိုးရန် ။ ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးကို ပိုခံစားရပါမည် ။ ***

** မိမိဆွေမျိုးများ နှင့် နီးစပ်ရာ သူငယ်ချင်း မိတ်ဆွေများအား မိမိအတွေ့အကြုံများကို ဖြန့်ဝ၍ အသက်ကယ် ကုသိုလ်ယူပေးပါ ( မှောက်အိပ်ပါ ၊ အသက်ပြင်းပြင်းရှူ လေ့ကျင့်ခန်းလုပ်ပါ ) ***

ကိုဗစ်ရောဂါကူးစက်ခံရသူများသည် အနေအထိုင် မတတ်၍ မဟုတ်ပါ .. မာယာများပြီး ရုပ်ပြောင်းမြန်သော ကိုဗစ်ကြောင့်ပါ။


Dr Saw KK Sein
MBBS, DCH, FRACGP
22/07/2021

😉
15/06/2021

😉

07/11/2020

#သတိ
#မနက်ဖြန်မဲပေးဖို့သွားကြတဲ့အခါ

(၁) မှတ်ပုံတင် နှင့် ကတ်ပြား ယူသွားဖို့မမေ့ပါနဲ့။

(၂) Surgical Mask နဲ့ Faceshield တပ်ပါ
Surgical Cap တွေတပ်သွားပါ။
ရန်ကုန်လိုနေရာဆိုရင် Surgical Mask ကို
နှစ်ထပ်တပ်ပါ။
ဖုံးကို ကားပေါ် (သို့)ဆိုင်ကယ်ထဲထားခဲ့ပါ။

(၃) လက်အိပ်စွပ်ပါ။ လက်အိပ်အပိုယူသွားပါ။
မှင်တို့ရင်လက်အိပ်ချွတ်စရာမလိုအောင်
လက်သန်းနေရာကိုဖောက်ထားပါ။

(၄) မဲရုံရောက်ရင်ဘယ်အကြောင်းကြောင့်
ဖြစ်ဖြစ် Mask မချွတ်ပါနဲ့။

(၅) မိမိကိုယ်ပိုင်Hand Gelလေးတွေယူသွားပါ။
မဲရုံတွင်းက မဲပေးမယ့်လက်မှတ်တွေ
ကိုင်ရင်တော့ ဟန်းဂျယ်လ် ဆွတ်ပြီး
မကိုင်မိပါစေနဲ့။
ဆေးသားတွေပျက်တတ်လို့ပါ။

(၆) ချည်သားအဝတ်အထည်ကိုဝတ်သွားပါ။
လက်ရှည်အင်္ကျီ နဲ့ ခြေဖမိုးထိလုံတဲ့
အဝတ်အထည်ဝတ်သွားပါ။
ဖြစ်နိုင်ရင်ပါးတဲ့အဝတ်ကိုအပေါ်က
ပြန်ထပ်သွားပါ အိမ်ရောက်တော့
ချက်ချင်းချွတ်လို့ရတာပေါ့။

(၇) နာရီ၊လက်ကောက်၊လက်စွပ်နဲ့အခြားဖန်စီ
များမဝတ်သွားပါနဲ့။

(၈) တစ်ဦးနဲ့တစ်ဦး တတ်နိုင်သမျှ(၆)ပေ
အကွာမှာသာ နေပါ။

(၉) မဲလက်မှတ်ကိုသေချာစစ်ပါ။
UEC တံဆပ်တုံးကို သေချာစစ်ပါ။
အစမ်းထုကြည့်ပါ။

(၁၀) မိမိပေးရမယ့် ပါတီ၊ကိုယ်စားလှယ်
သေချာအောင် စစ်ပါ။
သတ်မှတ်ချက်များအတိုင်း
မဲလက်မှတ်ပေါ်သေချာစွာရိုက်နှိပ်ပါ။

(၁၁) မဲရုံအပြင်ဖက်ကိုရောက်ရင်
လက်ကိုဆေး၊လက်အိပ်အသစ်လဲ
Mask ကိုအသစ်လဲပါ။

(၁၂) အိမ်ကိုမြန်မြန်ပြန်ပါ။

(၁၃) အိမ်ရောက်ရင် Mask ကိုသေချာချွတ်ပြီး
အမှိုက်ပုံးထဲထည့်ပါ။အဝတ်ကိုလဲပါ။
အဝတ်တွေကိုဆပ်ပြာရည်တခါထဲ ထည့်စိမ်ပါ။
ခြေလက်တွေဆေး၊မျက်နှာသစ်ပါ။
ဖြစ်နိုင်ရင်ရေချိုးပါ။

(၁၄) မဲရုံက Toilet တွေမသုံးပါနဲ့။

(၁၅) ဗိုက်ပြည့်အောင်စားသွားပါ။

(၁၆) ပူတဲ့နေရာတွေမှာ ရေဆာတတ်ရင်
လူမရှိတဲ့နေရာရောက်မှသောက်ပါ။
နေပူထဲစောင့်ရမယ့်နေရာမျိုးဆိုရင်
ထီး၊ဦးထုပ်ယူသွားပါ။

#အရေးကြီးဆုံးကတော့လက်မဆေးသေးဘဲနဲ့
မိမိမျက်နှာ၊ပါးစပ်၊နှာခေါင်းစသည်တို့ကို ဘယ်သောအခါမှမကိုင်ပါနဲ့။

to original post

မဲစာရင်းကို Online ကနေစစ်ကြည့်ရအောင် MDYhttps://mdyvoter.com/regionYGNhttps://www.yangon.gov.mm/voters #/Otherhttps://fi...
02/10/2020

မဲစာရင်းကို Online ကနေစစ်ကြည့်ရအောင်

MDY

https://mdyvoter.com/region

YGN

https://www.yangon.gov.mm/voters #/

Other

https://findyourpollingstation.uec.gov.mm/

The Union Election Commission (Burmese: ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်, abbreviated UEC) is the national level electoral commission of Myanmar (Burma), responsible for organising and overseeing elections in Burma, as well as vetting...

မဲပေးဖို့ မဲစာရင်းလေးအောက်က link ကိုနှိပ်ပြီး ဝင်စစ်လို့ရပါပြီ 🧐🧐https://www.yangon.gov.mm/voters☝️ဒါက ရန်ကုန်အတွက်https...
01/10/2020

မဲပေးဖို့ မဲစာရင်းလေး
အောက်က link ကိုနှိပ်ပြီး ဝင်စစ်လို့ရပါပြီ 🧐🧐

https://www.yangon.gov.mm/voters

☝️ဒါက ရန်ကုန်အတွက်

https://findyourpollingstation.uec.gov.mm/

☝️ ဒါက တစ်နိုင်ငံလုံး အတွက်

The Union Election Commission (Burmese: ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်, abbreviated UEC) is the national level electoral commission of Myanmar (Burma), responsible for organising and overseeing elections in Burma, as well as vetting...

28/09/2020

*** တိတိကျကျ စာထွက်လာပါပြီ ***
⛔⛔⛔

မန္တလေး Stay @ Home မြို့နယ်များတွင် ကြပ်မတ်ဆောင်ရွက်မည့် အစီအစဉ်

Sep 27, 5:20 PM

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မန္တလေးမြို့ရှိ Stay at Home သတ်မှတ်ထားသော ချမ်းအေးသာစံ၊မဟာအောင်မြေနှင့်အမရပူရမြို့နယ်များအတွက် ဆောင်ရွက်မည့်အစီအစဉ်များ

၁။ စျေးများရှိ စျေးရောင်းချသူများအနေဖြင့် Mask အပြင် Face Shield နှင့်လက်အိတ်ဝတ်ဆင်၍ ရောင်းချရမည်။

၂။ စျေးဝယ်ချိန်အားနံနက်(၆:၀၀)မှ (၁၂:၀၀)အထိသတ်မှတ်ထားပါသည်။

၃။ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ အိမ်ထောင်စုတစုလျှင် စျေးဝယ်ခွင့်ကဒ်(၁)ကဒ်နှင့် ဆေးခန်းပြသခွင့်ကဒ်(၁) ကဒ်သာထုတ်ပေးသွားမည်။

၄။ ကမ်းနားလမ်း၊၈၄ လမ်း၊၇၈လမ်း၊၆၆လမ်း၊၆၂လမ်း၊ မြို့ပတ်လမ်း၊၂၆လမ်း၊လမ်း၃၀၊၃၅လမ်း၊သိပ္ပံလမ်းစသည့် လမ်းများတွင် မောင်းနှင်သော ယာဉ်များအနေဖြင့် ယာဉ်များအား ရပ်နားခြင်းမရှိဘဲ မောင်းနှင်ရမည်။

၅။ အနယ်နယ်အရပ်ရပ်မှ ကုန်စည်များ ချထားရန်အတွက် ဒေါနဘွားနှင့်စွယ်တော်ကားကွင်းများအား ကုန်စည်ချ
ကွင်းများအဖြစ် သတ်မှတ်ထားပါသည်။

၆။ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား မလိုက်နာသူများကို ရပ်ကွက်အလိုက် ထွေအုပ်/မီး သတ်/ရဲတပ်ဖွဲ့/စည်ပင် ပါဝင်သောပူးပေါင်းအဖွဲ့များမှ စစ်ဆေးသွားမည်။

Credit မန္တလေးသတင်းကွန်ရက်/ The Mandalay Post News Agency

18/09/2020

ဆီးချိုဝေဒနာရှင်များ 😒
အပြင်ကိုလုံးဝ လုံးဝမထွက်ကြဖို့ 🚫🚫
ကျန်းမာရေးဌာနမှ အရေးကြီး အထူးသတင်းအဖြစ်
ကြေ​ငြာနေပါသဖြင့် ဂရုပြုလိုက်နာပေးကြပါနော် ... ဒီကပ်ဆိုးကြီးကို မင်မင်နဲ့အတူတူ 💯ကျော်ဖြတ်သွားဖို့ တူတူ ဂရုစိုက်လိုက်နာကြလိုက်ရအောင်နော်... အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာစေဖို့ ဆုမွန်ကောင်းတောင်းပန်ရင်း ဆီးချိုဝေဒနာရှင်များသိအောင် မျှဝေပေးကြရအောင်နော် 🙂

ဂရုစိုက်ဖွယ် Covid-19လက္ခဏာ အဆင့်ဆင့်ပါ
18/09/2020

ဂရုစိုက်ဖွယ် Covid-19လက္ခဏာ အဆင့်ဆင့်ပါ

ကိုရိုနာဗိုင်းရပ် ကူးစက်ခံရရင် -ရက်စွဲအလိုက် ဒီလိုတွေခံစားရလိမ့်မယ်👉( 1 - 3 ) ရက်ရိုးရိုးတုပ်ကွေး အဖျားနဲ့တူတယ်။  အဖျားင...
18/09/2020

ကိုရိုနာဗိုင်းရပ် ကူးစက်ခံရရင် -
ရက်စွဲအလိုက် ဒီလိုတွေခံစားရလိမ့်မယ်

👉( 1 - 3 ) ရက်
ရိုးရိုးတုပ်ကွေး အဖျားနဲ့တူတယ်။
အဖျားငွေ့ငွေ့လေးရှိမယ် ။ ခေါင်းနည်းနည်းကိုက်မယ်။ လည်ချောင်းနာမယ်။ အစားအသောက်မပျက်ဘူး ။ စားနိုင်သောက်နိုင်တယ် ။

👉( 4 ) ရက်‌မြောက်နေ့
အဖျားငွေ့ငွေ့လေးပဲ ရှိနေဦးမယ်။
လည်ချောင်းနည်းနည်းပိုနာလာမယ် ။ အစားအသောက်ပျက်လာမယ် ။ ခေါင်းတွေကိုက်လာမယ် ။ ဝမ်းလျှောတာတွေ ဖြစ်လာတတ်ပါတယ် ။

👉 ( 5 ) ရက်မြောက်နေ့
လည်ပင်းတွေ အရမ်းနာလာမယ် ။
အစားအသောက်စားရင်တောင် လည်ပင်းနာလာမယ် ။ ရေသောက်ရင်တောင် လည်ပင်း နာလာမယ် ။ စကားပြောရင်လည်း လည်ပင်းတွေ နာလာမယ် ။ ခြေထောက်တွေပိုပြီး ကိုက်ခဲလာတယ် ။ လူက ညောင်းပြီးတော့ အားနည်းလာမယ် ။

👉 ( 6 ) ရက်မြောက်နေ့
အဖျားက ငွေ့ငွေ့လေးပဲရှိနေဦးမယ် ။
လည်ချောင်းတွေ အရမ်းနာလာပြီး ချောင်း‌ခြောက်တွေ ဆိုးလာမယ် ။ အသက်ရှူရတာခက်ခဲပြီး မောလာမယ် ။ ခြေလက်တွေ ပိုပြီး ကိုက်ခဲလာမယ် ။

👉 ( 7 ) ရက်မြောက်နေ့
အဖျားက 100 ကျော်လာမယ် ။
ချောင်းတွေ အရမ်းဆိုးလာမယ် ။ သလိပ်တွေ ထွက်လာမယ် ။

👉 ( 8 ) ရက်မြောက်နေ့
လူက လုံးဝ အားမရှိတော့သလိုဖြစ်ပြီးတော့ အရမ်းနုံးလာမယ် ။ အရမ်းမောလာမယ် ။ ရင်ဘတ်တွေ အရမ်းအောင့်လာမယ် ။ ခံစားရတဲ့ဝေဒနာတွေ ပိုဆိုးလာမယ် ။ ခြေဆစ်လက်ဆစ်တွေ အရမ်းကိုက်ပြီး လည်ပင်းကလည်း အရမ်းနာလာမယ်

🚑🚑🚑

အရေးပေါ် အခြေအနေမှာတော့
ရင်ဘတ်တွေ အရမ်းအောင့်ပြီး မောလာမယ် ။
မျက်နာတြွေပာလာမယ် ။ မျက်လုံးတြွေပာလာမယ် ။
ဒါဆိုရင်တော့ ဆေးရုံအရေးပေါ် သွားဖို့ လိုပါပြီ ။

#အတိုချုပ်ပြောရရင်

လူတစ်ယောက်ဟာ
ဖျားမယ် / ချောင်းဆိုးမယ် / မောလာမယ် ဆိုရင်တော့
မဖြစ်မနေ ဆရာဝန်ပြဖို့ လိုပါတယ်

👉80%က သူ့ကိုယ်ခံအားစနစ်နဲ့ ခုခံပျောက်ကင်းပြီးတော့
👉20%က ရောဂါ ပြင်းထန်တတ်ကြပါတယ်

ဒေါက်တာ ဇင်မင်းထွန်း
ကိုးကား _
စင်္ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ
Khin MgWin

အသားဖြူချင်သူများအတွက် နည်းလမ်းကောင်းများ.........အသားဖြူတာဟာမိန်းကလေးတော်တော်များများလိုလားတောင့်တတဲ့အလှအပတခုဖြစ်ပါတယ်။...
18/09/2020

အသားဖြူချင်သူများအတွက် နည်းလမ်းကောင်းများ.........

အသားဖြူတာဟာမိန်းကလေးတော်တော်များများလိုလားတောင့်တတဲ့အလှအပတခုဖြစ်ပါတယ်။ ညိုချောတွေရှိပေမယ့် ဖြူချောတွေလောက်သိပ်မျက်နှာမပွင့်ကြပါဘူး။ အသားဖြူစေတဲ့အလှကုန်တွေပေါသလို သဘာဝဖြစ် အသားဖြူနည်းတွေလဲရှိပါတယ်။ အသားဖြူချင်သူတွေအတွက် သိသလောက်အောက်မှာဖော်ပြလိုက်ပါတယ်။

*သဘာဝ အသားဖြူပစ္စည်းတွေနဲ့ အသားဖြူအောင်လုပ်နည်းတွေအရင်ဖော်ပြသွားပါမယ်။ ကရိကထလဲမများ စျေးလဲမကြီးတဲ့ပစ္စည်းတွေနဲ့ အများသူငါလက်လှမ်းမှီသုံးလို့ရတာကို ဦးစားပေးဖော်ပြသွားမှာဖြစ်ပါတယ်။

*လိမ္မော်ခွံနဲ့ အသားဖြူနည်း🍊
လိမ္မော်သီးအခွံကို နေပူထဲလှမ်းပေးပါ။ လုံးဝခြောက်သွေ့သွားတဲ့အချိန်မှာ ကြိတ်ပီးပေါင်ဒါလို​အမှုန့်ဖြစ်သွားအောင်လုပ်ပါ။ ပြီးမှနို့အစိမ်းနဲ့ရောပြီး ပျစ်ခဲအောင်ဖျော်ပါ။ အဲဒီအရည်ကို အရေပြားကိုလိမ်းပါ။ နေ့စဉ်လိမ်းပေးပါ။ လိမ်းပြီးသွားလို့အရေပြားပေါ်လုံးလုံးခြောက်သွေ့သွားတဲ့အချိန်ကျရင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါ။

*ခရမ်းချဉ်သီးနဲ့ အလှပြင်မယ်🍅
ခရမ်းချဉ်သီး ၂လုံး ၃လုံးလောက်ကို ကြိတ်ပီးအရည်ညှစ်ချပါ။ အဲဒီအရည်ထဲကို သံပုရာရည် ၁စက်/၂စက်ထည့်ပြီး မျက်နှာကိုလိမ်းပေးပါ။ မိနစ်၂၀လောက်အခြောက်ထားပြီးမှ ဆေးကြောသန့်စင်ပေးပါ။ တနေ့ကို ၂ကြိမ် လုပ်ပေးပါ။ ၁၅ရက်ကနေ ရက်၂၀ အတွင်းသိသာထင်ရှားလာပါလိမ့်မယ်။

*အမဲကွက်နဲ့ အစက်အပြောက်တွေပျောက်ဆေး
အာလူးအစိမ်းတလုံးကို ယူပြီးပါးပါးလှီးပါ🥔 လှီးထားတဲ့အစိတ်လေးတွေကို မျက်နှာပေါ်ကပ်ပေးပါ။ မျက်နှာပေါ်ကမှဲ့ခြောက်တွေ တခြားအမဲကွက်တွေကိုပျောက်စေပါတယ်။

*နေပူလောင် အသားအရေအတွက်
နေပူလောင်ခံထားရတဲ့အတွက် နနွင်းမှုန့်နဲ့ သံပုရာရည်ရောပြီးလိမ်းပေးပါ။ နေပူလောင်ခံရတဲ့အသားအရေအတွက် အရမ်းကောင်းပါတယ်။

*အိမ်တွင်းဖြစ် အသားဖြူ Lotion🥒
သခွားသီးအရည် (စားပွဲတင်ဇွန်း ) ၁ဇွန်းထဲကို သံပုရာရည် ၁စက် ၂စက် ရောပေးပါ။ သမအောင်ရောပြီးသွားရင် အဲဒီအရည်ကို မျက်နှာနဲ့ လည်ပင်းကိုလိမ်းပေးပါ။ နာရီ၀က်လေက်အခြောက်ခံပြီးသွားရင် မပူမအေးရေနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါ။

*အိမ်တွင်းဖြစ် Facial Mask
ပျားရည်၁ဇွန်း (စားပွဲတင်ဇွန်း) သဘော်သီးအရည်၁ဇွန်း (စားပွဲတင်ဇွန်း) တို့ရောပြီး လိမ်းပေးပါ ၁၅ မိနစ်ခန့်စောင့်ပြီးမှ ရေနဲ့ပြန်ဆေးကြောပေးပါ။

ပျိုမေ မောင်မယ်များအားလုံး ဖြူ၀င်းလှပသော အသားအရေများ ပိုင်ဆိုင်နိုင်ကြပါစေ................🙏

crd✍

Address

Mandalay
MDY

Telephone

+95943145297

Website

Alerts

Be the first to know and let us send you an email when AMT Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AMT Online Shop:

Share