MY MOTO

MY MOTO MY MOTO is the leading retail and distributor of BIGBIKE and RIDER accessories in MYANMAR

15/06/2026

မနေ့က မန္တလေးကို ကိုင်လှုပ်သွားခဲ့တဲ့ MY MOTO ရဲ့ "Bikes & Breakfast" ပွဲကြီးကို လွမ်းနေကြပြီလား? 🏍️🔥

မနေ့က ပွဲကိုလာခဲ့တဲ့ Riders တွေရော၊ မလာလိုက်ရတဲ့ သူငယ်ချင်းတွေပါ ကြည့်လို့ရအောင် ပွဲရဲ့ အငွေ့အသက်လေးတွေကို Teaser Video တိုလေးနဲ့ အမြည်းကျွေးလိုက်ပါတယ်နော်။ 😎

သိပ်မကြာခင်မှာ အလန်းစား ဆိုင်ကယ်ပုံတွေ၊ အမှတ်တရ ဓာတ်ပုံတွေနဲ့ Full Video အရှည်ကြီး ထွက်လာတော့မှာမို့ စောင့်ကြည့်ကြရအောင်ဗျာ! 📸🎥

ကဲ... ဒီ Teaser လေးထဲမှာ အတူတူသွားခဲ့တဲ့သူတွေ၊ ပွဲမှာတွေခဲ့တဲ့ သူတွေကို Tag ပြီး Comment မှာ အသံလေး ပေးသွားကြပါဦး။ 👇

တနင်္ဂနွေနေ့ မနက်အိပ်ရာနိုးလို့ "ဗိုက်ဆာလိုက်တာ... ဘာစားရမလဲ" ဆိုပြီး စဉ်းစားမနေနဲ့တော့! 😉လာမယ့် ဇွန်လ ၁၄ ရက်နေ့ မနက်ကျရ...
08/06/2026

တနင်္ဂနွေနေ့ မနက်အိပ်ရာနိုးလို့ "ဗိုက်ဆာလိုက်တာ... ဘာစားရမလဲ" ဆိုပြီး စဉ်းစားမနေနဲ့တော့! 😉

လာမယ့် ဇွန်လ ၁၄ ရက်နေ့ မနက်ကျရင် ဆိုင်ကယ်သော့သာ ကောက်ဆွဲပြီး ကျွန်တော်တို့ "MY MOTO" ရဲ့ "BIKES AND BREAKFAST" ပွဲကို မောင်းလာခဲ့လိုက်တော့ဗျာ။ ချစ်ရတဲ့ဆိုင်ကယ်တွေနဲ့ မန္တလေးမနက်ခင်းကို အတူတူ ဖြတ်သန်းကြတာပေါ့!

ဒီပွဲမှာတော့ Rule က ရှင်းရှင်းလေးပါပဲ...

🏍️ ဆိုင်ကယ်စီးလာသူ Riders အားလုံးအတွက် မနက်စာ Free ကျွေးမှာ...

🎁 ပြီးတော့ လက်ဆောင်တွေပါ Free ထပ်ပေးဦးမှာ!

မလာရင်တော့ နာပြီပဲ 😁🤗

🍳 ဆိုင်ကယ်အကြောင်းတွေ စကားစမြည်ပြောရင်း အဝနှက်ဖို့ ဗိုက်အလွတ်နဲ့သာ လာခဲ့ကြပါဆရာတို့။ ❤️🙏

📅 ဇွန်လ ၁၄ ရက် (တနင်္ဂနွေ)
⏰ မနက် ၈ နာရီ ကနေ ၁၁ နာရီအထိ
📍 MY MOTO (MDY)

ကိုယ့်ဆရာသမားတွေကိုပါ အတူတူသွားရအောင် Tag ပစ်လိုက်တော့! 👇

🌧️🏍️မိုးဖွဲဖွဲလေးကျတာနဲ့ ဆိုင်ကယ်ကို လမ်းဘေးခဏချရပ်လိုက်ပါ - ဘာကြောင့်လဲ?---------------------------------------------ကေ...
06/06/2026

🌧️🏍️မိုးဖွဲဖွဲလေးကျတာနဲ့ ဆိုင်ကယ်ကို လမ်းဘေးခဏချရပ်လိုက်ပါ - ဘာကြောင့်လဲ?
---------------------------------------------

ကောင်ကင်ကြီး မှိုင်းညို့လာပြီး မိုးရေစက်လေးတွေ စကျလာတဲ့အချိန်... "မိုးမသည်းခင် အမြန်မောင်းရမယ်" ဆိုပြီး အရှိန်တင်မိဖူးပါသလား?

တကယ်တော့ မိုးစရွာပြီး (၁၅) မိနစ်က လမ်းပေါ်မှာ ဒယ်အိုးပြားလို ချောနေတတ်လို့ အဲဒီအချိန်ဟာ "အန္တရာယ်နဲ့ အနီးဆုံးအချိန်" ပါပဲ။

🤔 ဘာကြောင့်လဲ?

🔸လမ်းမတွေပေါ်မှာ နေ့စဉ်ဖြတ်သန်းနေတဲ့ ကားတွေကနေ အင်ဂျင်ဝိုင်၊ ဒီဇယ်နဲ့ ချောဆီဟောင်းတွေက ကတ္တရာလမ်းပေါ်မှာ အမြဲရှိနေပါတယ်။

🔸မိုးစရွာတဲ့အခါ လမ်းပေါ်ကဆီတွေက ရွာချလိုက်တဲ့ မိုးရေစက်တွေပေါ်တက်လာပါတယ်။ အဲဒီအခါ လမ်းမျက်နှာပြင်ဟာ ရေနဲ့ဆီ ရောနှောပြီး ဆပ်ပြာရည်အလွှာ တစ်ခုလို ဖြစ်သွားပါတယ်။

🔸ဒီအချိန်မှာ တာယာနဲ့ လမ်းနဲ့ကြား Grip လုံးဝမရှိတော့ပဲ ဘရိတ်ရုတ်တရက်ဖမ်းမိတာနဲ့ ဘီးချော်ပြီး လဲကျဖို့ ကျိန်းသေပါတယ်။

✅မိုးသည်းသည်းထန်ထန် ရွာချလိုက်တဲ့အခါမှသာ လမ်းပေါ်က ဆီဂျီးတွေကို ရေက ဆေးကြောပစ်လိုက်တာကြောင့် မိုးသည်းနေချိန်ထက် မိုးစရွာချိန်က ပိုအန္တရာယ်များတာ ဖြစ်ပါတယ်။

ဘေးကင်းစေဖို့ဆိုရင်...

💡မိုးစရွာပြီဆိုတာနဲ့ (၁၅) မိနစ်ကနေ မိနစ် (၂၀) လောက် ခဏရပ်နားပြီး မိုးရေက ဆီတွေကို ဆေးချသွားတဲ့အထိ စောင့်ပါ။

💡မဖြစ်မနေ မောင်းရမယ်ဆိုရင် အရှိန်ကို ပုံမှန်ထက် ထက်ဝက်လျှော့ပါ။ ဘရိတ်ကို ပျော့ပျော့လေးပဲ ကိုင်ပါ။

💡လမ်းပေါ်က အဖြူရောင်မျဉ်းတွေ၊ ရေမြှောင်းအဖုံးတွေကို လုံးဝရှောင်မောင်းပါ။

"အချိန်ခဏလေး စောင့်ဆိုင်းခြင်းက သင့်အသက်ကို ကယ်တင်နိုင်ပါတယ်။"

အားလုံးပဲ မိုးရာသီမှာ ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ကြပါစေ။ 🏁❤️

မြို့တွင်းမြို့ပြင် ပေါ့ပေါ့ပါးပါး မောင်းနှင်ချင်သူတွေအတွက် လေ၀င်လေထွက်ကောင်းကောင်းနဲ့ မြန်မာနိုင်ငံ ရာသီ ဥတုနဲ့ အထူးကို...
05/06/2026

မြို့တွင်းမြို့ပြင် ပေါ့ပေါ့ပါးပါး မောင်းနှင်ချင်သူတွေအတွက် လေ၀င်လေထွက်ကောင်းကောင်းနဲ့ မြန်မာနိုင်ငံ ရာသီ ဥတုနဲ့ အထူးကိုက်ညီတဲ့

🔥🔥🔥SCOYCO ရဲ့ MC 29 Gloves🔥🔥🔥

💵 ဈေးနှုန်း - 69,000 Ks
📏 Size- M, L, XL

TikTok: https://www.tiktok.com/.moto9?_r=1&_t=ZS-95L1n9OOYjv

📍 Address : ၅၅လမ်း၊ ၁၁၀(E), ထွန်တုံးရပ်ကွက်၊ မန္တလေးမြို့။
☎️ Phone : 09 883 888 909, 09 77 88 11 588

🕘*Opening Time 9am to 6pm* 🕕
*Closed Every Sunday*
🌏Google Map: https://goo.gl/maps/knms72iEEwgrX7sj9
___________________________________________

02/06/2026

2025 CHAING RAI TRIP (DAY 2) with ZERO MILE RIDERS

02/06/2026

ဒီလိုမိုးရာသီကာလမှာ ကားသမားတိုင်း၊ ဆိုင်ကယ်သမားတိုင်း ဆောင်ထားသင့်တဲ့ L**e 71 ရဲ့ RAiN OFF SPRAY...

RAiN OFF SPRAY - 36,000 Ks

---------------------------------------------------

📍 Address : ၅၅လမ်း၊ ၁၁၀(E), ထွန်တုံးရပ်ကွက်၊ မန္တလေးမြို့။
☎️ Phone : 09 883 888 909, 09 77 88 11 588

🕘*Opening Time 9am to 6pm* 🕕
*Closed Every Sunday*
🌏Google Map: https://goo.gl/maps/knms72iEEwgrX7sj9
_________________________________________

📌📌 ဒီလိုပစ္စည်းမျိုးကို ဒီလိုဈေးနူန်းနဲ့ နောက်တစ်ကြိမ် ပြန်ရနိုင်ဖို့ မသေချာပါ။⚡ဒါ့ အပြင် အပြောကောင်းရင် လျော့ဈေးလေးပါ ပ...
02/06/2026

📌📌 ဒီလိုပစ္စည်းမျိုးကို ဒီလိုဈေးနူန်းနဲ့ နောက်တစ်ကြိမ် ပြန်ရနိုင်ဖို့ မသေချာပါ။

⚡ဒါ့ အပြင် အပြောကောင်းရင် လျော့ဈေးလေးပါ ပေးအုန်းမှာ။

🔥 ALPINESTARS AXEL AIR JACKET🔥

✅ရေစိုခံ အတွင်းအိပ်ကပ် ပါရှိ
✅790,000 ကျပ်

🚩Address - 55 × 110(E) Street, Mandalay,Myanmar
☎️Phone - 09 883 888 909, 09 77 88 11 588
🌏Google Map: https://goo.gl/maps/knms72iEEwgrX7sj9

🚨 အင်ဂျင်အေးနေချိန် လီဗာအတင်းမဆွဲသင့်တဲ့ အကြောင်းရင်း 🚨---------------------------------------------မနက်စောစော အင်ဂျင်စန...
29/05/2026

🚨 အင်ဂျင်အေးနေချိန် လီဗာအတင်းမဆွဲသင့်တဲ့ အကြောင်းရင်း 🚨
---------------------------------------------
မနက်စောစော အင်ဂျင်စနှိုးနှိုးချင်း လီဗာကိုအတင်းဆွဲတတ်တဲ့ အကျင့်ရှိလား?အင်ဂျင်မြန်မြန်ပူအောင်ဆိုပြီး လုပ်တတ်ကြပေမယ့် တကယ်တော့ ဒါဟာ သင့် ကား/ဆိုင်ကယ် အင်ဂျင်ရဲ့ သက်တမ်းကို အမြန်ဆုံး လျှော့ချနေတဲ့ အလေ့အကျင့်ဆိုးတစ်ခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာ ကြည့်ရအောင် -
~~~~~~~~~~~~~~~

⚙️ အင်ဂျင်ဝိုင် အပြည့်အဝ မရောက်သေးခြင်း (Lack of Lubrication)

အင်ဂျင်ရပ်ထားတာ ကြာတဲ့အခါ အင်ဂျင်ဝိုင် တွေက အင်ဂျင်အောက်ခြေ (Oil Pan) ကို စီးဆင်းသွားပါတယ်။ စက်စနှိုးလိုက်တဲ့ အချိန် အင်ဂျင်ဝိုင်တွေက အပေါ်ပိုင်း (Cylinder, Piston, Camshaft) တွေကို ရောက်ဖို့ စက္ကန့်အနည်းငယ်ကနေ မိနစ်ဝက်လောက်အထိ အချိန်ယူရပါတယ်။ ဒီအချိန်မှာ လီဗာကို အတင်းဆွဲလိုက်ရင် အင်ဂျင်ဝိုင် အပြည့်အဝ မရောက်သေးပဲ သံအချင်းချင်း ပွတ်တိုက်မှုတွေ ပြင်းထန်သွားပြီး အင်ဂျင်အစိတ်အပိုင်းတွေ မြန်မြန်စားသွားစေပါတယ်။
~~~~~~~~~~~~~~~

🌡️သတ္တုသား မညီညာခြင်း (Uneven Thermal Expansion)

အင်ဂျင်အေးနေချိန်မှာ အတွင်းက သတ္တုအစိတ်အပိုင်းတွေက ကျုံ့နေပါတယ်။ လီဗာအတင်းဆွဲပြီး အင်ဂျင်ကို အတင်းအလုပ်လုပ်ခိုင်းလိုက်တဲ့အခါ ရုတ်တရက် အပူချိန်ထိုးတက်လာပြီး သတ္တုတွေ မညီမညာ ပြန့်ကားလာပါတယ်။ ဒါက ကာလကြာရှည်လာရင် Head Gasket တွေ ပျက်တာ၊ Piston Ring တွေ ကျွတ်တာနဲ့ အင်ဂျင်ကွဲတဲ့အထိ ပြဿနာကြီးကြီးမားမား ဖြစ်စေနိုင်ပါတယ်။
~~~~~~~~~~~~~~~

🛢️ အင်ဂျင်ဝိုင် အပျစ်အကျဲ (Cold Oil Viscosity)

အင်ဂျင်အေးနေချိန်မှာ အင်ဂျင်ဝိုင်က ပျစ်နေပါတယ်။ အင်ဂျင်ပူလာမှသာ အင်ဂျင်ဝိုင်က Operating Temperature ကို ရောက်ပြီး အကောင်းဆုံး ချောဆီပေးနိုင်တာပါ။ အင်ဂျင်ဝိုင် ပျစ်နေချိန်မှာ RPM အမြင့်ကြီးဆွဲလိုက်ရင် Oil Pump ကိုပါ ဝန်ပိစေပါတယ်။
~~~~~~~~~~~~~~~

💡 ဘယ်လိုလုပ်သင့်လဲ

အင်ဂျင်စနှိုးပြီးရင် အနည်းဆုံး စက္ကန့် ၃၀ ကနေ ၁ မိနစ်လောက် Idle Mode နဲ့ နှိုးထားပေးပါ။ ချက်ချင်း လီဗာမဆွဲဘဲ ပထမ ၅ မိနစ်လောက်ကို ပုံမှန်အရှိန်လေးနဲ့ (Low RPM) အရင်မောင်းပေးပါ။Engine Temperature ပုံမှန်ရောက်မှသာ မိမိစိတ်ကြိုက် မောင်းနှင်ပါ။

ကိုယ့်ရဲ့ ကားနဲ့ ဆိုင်ကယ်လေးတွေ အင်ဂျင်သက်တမ်းကြာရှည်ခံအောင် အင်ဂျင်အေးနေချိန် လီဗာဆွဲတဲ့အကျင့်လေးကို ရှောင်ကြဉ်ကြပါလို့ အကြံပေးလိုက်ပါတယ်။

Address

Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959883888909

Website

Alerts

Be the first to know and let us send you an email when MY MOTO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share