YDB Book shop

YDB Book shop 🔎အလှတွက်မှန်ကြည့်သလိုဘဝအတွက်စာဖတ်ပါ📕

အကယ်ရ်ျထပ်ချစ်ဖြစ်ခဲ့ရင်......Pheno #မှာယူနိုင်ပါတယ်
20/08/2026

အကယ်ရ်ျထပ်ချစ်ဖြစ်ခဲ့ရင်......

Pheno

#မှာယူနိုင်ပါတယ်




19/08/2026

Zero to Heroပြောင်းလဲပေးမယ့်စာအုပ်(၅)အုပ်📚📚📚

#မှာယူနိုင်ပါတယ်





ပျော်ရွှင်ရခြင်းမှာတစ်ဦးတစ်ယောက်ရဲ့ ပယောဂတို့ကင်းပါရစေ။ထင်ယောင်ထင်မှား ချစ်ခြင်းမေတ္တာတွေလည်းငြင်းပါရစေ။                ...
19/08/2026

ပျော်ရွှင်ရခြင်းမှာ
တစ်ဦးတစ်ယောက်ရဲ့ ပယောဂတို့
ကင်းပါရစေ။

ထင်ယောင်ထင်မှား ချစ်ခြင်းမေတ္တာတွေလည်း
ငြင်းပါရစေ။

ဆူးရိပ်အိမ်

#ဆူးရိပ်အိမ်
#မင်းနဲ့ဆိုအရာရာရဲတယ်
#မှာယူနိုင်ပါတယ်

19/08/2026

အရောင်းပိုင်းသူများတွေထက်သာစေဖို့စာအုပ်ကောင်းလေး(၁)အုပ်📚📚📚

#မှာယူနိုင်ပါတယ်





လူတွေနဲ့ စကားပြောရတာ အခက်အခဲဖြစ်နေလား။ လူစိမ်းတွေ၊ လုပ်ငန်းခွင်က လူတွေနဲ့ တွေ့တဲ့အခါ ဘယ်လိုစကားစပြောရမလဲ မသိဖြစ်နေတတ်လား...
19/08/2026

လူတွေနဲ့ စကားပြောရတာ အခက်အခဲဖြစ်နေလား။ လူစိမ်းတွေ၊ လုပ်ငန်းခွင်က လူတွေနဲ့ တွေ့တဲ့အခါ ဘယ်လိုစကားစပြောရမလဲ မသိဖြစ်နေတတ်လား။ ဒါဆိုရင်တော့ Leil Lowndes ရေးသားထားတဲ့ ဒီစာအုပ်က သင့်အတွက် အကောင်းဆုံး လမ်းညွှန်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒီစာအုပ်မှာ သီအိုရီဆန်ဆန် စကားလုံးကြီးတွေနဲ့ မဟုတ်ဘဲ ချက်ချင်း လက်တွေ့အသုံးချလို့ရတဲ့ "လူမှုဆက်ဆံရေး နည်းလမ်းလေး ၉၂ ခု" ကို စိတ်ဝင်စားစရာကောင်းအောင် ရေးသားထားပါတယ်။

စာအုပ်ထဲက အဓိက မှတ်သားစရာ အနှစ်ချုပ် (Key Takeaways) တွေကတော့ -
၁။ ပထမဆုံး အမြင် (First Impressions) ၏ စွမ်းအား
လူတစ်ယောက်နဲ့ စတင်တွေ့ဆုံချိန် စကားတစ်ခွန်းမှ မပြောရသေးခင်မှာပဲ ကိုယ်ဟန်အမူအရာ (Body Language) က အများကြီး စကားပြောနေပါတယ်။ အတုအယောင်မဟုတ်တဲ့ လှိုက်လှဲတဲ့အပြုံး (The Flooding Smile)၊ ယုံကြည်မှုရှိတဲ့ မျက်လုံးချင်းဆုံမှု (Eye Contact) နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ကိုယ်ဟန်အမူအရာတွေက တစ်ဖက်လူရဲ့ ယုံကြည်ခင်မင်မှုကို ဘယ်လိုရယူနိုင်လဲဆိုတာ ရှင်းပြထားပါတယ်။
၂။ ရိုးအီမနေတဲ့ စကားစမြည်ပြောခြင်း (Mastering Small Talk)
"ရာသီဥတုက သာယာတယ်နော်"၊ "ဘာအလုပ်လုပ်လဲ" စတဲ့ ရိုးအီနေတဲ့ မေးခွန်းတွေအစား ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ စကားလမ်းကြောင်းတွေ ဘယ်လိုဖန်တီးမလဲ။ စကားပြောဆိုရာမှာ တစ်ဖက်လူ စိတ်ဝင်စားတဲ့ အကြောင်းအရာကို ဘယ်လို အကဲခတ်ပြီး ဆွဲဆောင်မှုရှိရှိ ပြောရမလဲဆိုတဲ့ လှည့်ကွက်လေးတွေ ပါဝင်ပါတယ်။
၃။ တစ်ဖက်လူကို "အရေးပါသူ" ဟု ခံစားရစေခြင်း
လူတိုင်းက ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုခံချင်ကြပါတယ်။ စကားပြောတဲ့အခါ တစ်ဖက်လူကို အရေးပါတဲ့ VIP တစ်ယောက်လို ခံစားရအောင် ဘယ်လိုဆက်ဆံရမလဲ၊ သူတို့ရဲ့စကားကို တကယ်နားထောင်ကြောင်း (Active Listening) ဘယ်လိုပြသမလဲ ဆိုတဲ့အချက်တွေက ဆက်ဆံရေးကို ပိုမိုနက်ရှိုင်း ခိုင်မာစေပါတယ်။ တုံ့ပြန်ပုံ အဆင့်ဆင့်ကိုလည်း သင်ပေးထားပါတယ်။

ဒီစာအုပ်ကို ဘယ်သူတွေ ဖတ်သင့်လဲ။
• လူကြောက်တတ်သူများ (Introverts)
• လုပ်ငန်းခွင်နှင့် စီးပွားရေးနယ်ပယ်မှာ အောင်မြင်ချင်သူများ
• မိတ်ဆွေသစ်တွေ တိုးချဲ့ချင်သူများ
• ကိုယ့်ရဲ့ စကားပြောစွမ်းရည် (Communication Skills) ကို မြှင့်တင်ချင်သူတိုင်း မဖြစ်မနေ ဖတ်သင့်ပါတယ်။

အနှစ်ချုပ်အားဖြင့် -
ဒီစာအုပ်က ဖတ်ရတာ လွယ်ကူရိုးရှင်းသလို၊ အချက်လေးတွေကလည်း ကိုယ့်နေ့စဉ်ဘဝမှာ ချက်ချင်း စမ်းသပ်ကြည့်လို့ရတဲ့ အရာလေးတွေ ဖြစ်တာကြောင့် သင့်ရဲ့ လူမှုဆက်ဆံရေးစွမ်းရည်ကို တစ်ဆင့်မြှင့်တင်ပေးမယ့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။

◾ စကားနဲ့လူကိုဆွဲဆောင်ပါ
How to talk to anyone by Leil Lowndes
◾ တမ်းတဟန်
◾ စာမျက်နှာ - ၄၄၈
◾ တန်ဖိုး - ၃၁,၀၀၀ ကျပ်



#စကားနဲ့လူကိုဆွဲဆောင်ပါ
#တမ်းတဟန်

ကောက်ကျစ်တဲ့သူတွေပဲလူမုန်းများမယ်ထင်ခဲ့တာတကယ်တော့ရိုးသားလွန်းတဲ့သူတွေကိုလည်းတော်တော်များများကမလိုလားကြပြန်ဘူး...လောကမှာ ...
19/08/2026

ကောက်ကျစ်တဲ့သူတွေပဲလူမုန်းများမယ်ထင်ခဲ့တာ
တကယ်တော့ရိုးသားလွန်းတဲ့သူတွေကိုလည်း
တော်တော်များများကမလိုလားကြပြန်ဘူး...

လောကမှာ ပျင်းတဲ့သူတွေကိုပဲ
လူတွေမကြိုက်ကြဘူးလို့ထင်ခဲ့တာ
တကယ်တော့တကယ်ကြိုးစားတဲ့သူတွေကိုလည်းကြည့်မရကြပြန်ဘူး...

လောကမှာ
တုံးအတဲ့သူတွေပဲ
အထင်သေးခံရတယ်ထင်ခဲ့တာ
တကယ်တော့ထက်မြက်တဲ့သူတွေကိုလည်းအမြင်ကပ်ကြပြန်ရော..

လောကမှာ
အရည်အချင်းမရှိတဲ့သူတွေကိုသာနေရာမပေးချင်ဘူးထင်ခဲ့တာ
တကယ်တော့အရည်အချင်းရှိတဲ့သူကျတော့လည်းမနာလိုဖြစ်နေပြန်ရော...

တကယ့်လက်တွေ့လောကမှာ
လူတစ်ယောက် ကောင်းမကောင်း
သတ်မှတ်တဲ့စံနှုန်းဟာသူတို့အလိုကို ဘယ်လောက်အထိ
လိုက်လျောပေးနိုင်သလဲဆိုတာနဲ့ပဲတိုင်းတာလာကြတော့တာပဲ...

အရေးကြီးဆုံးကတော့ကိုယ့်ကိုယ်ကို ပျောက်ဆုံးမနေဖို့ပါပဲ..

#လူ့သဘောလူ့မနော
#မောရိသျှ #စာအုပ်စာပေလူ့မိတ်ဆွေ 📖📚


#မှာယူနိုင်ပါတယ်

19/08/2026

မတိုးတက်မဲ့လူ(၅)မျိုး📚📚📚

#မှာယူနိုင်ပါတယ်




လူငယ်အတွက် ဘဝလမ်းညွှန်တိမ်သွေးအိမ်လူငယ်အတွက် ဘဝလမ်းညွှန် ” လို့ အမည်ပေးထားတဲ့ ဒီစာအုပ်လေးမှာ လူငယ်တွေအတွက် ဘဝခရီးကိုလျှေ...
18/08/2026

လူငယ်အတွက် ဘဝလမ်းညွှန်

တိမ်သွေးအိမ်

လူငယ်အတွက် ဘဝလမ်းညွှန် ” လို့ အမည်ပေးထားတဲ့ ဒီစာအုပ်လေးမှာ လူငယ်တွေအတွက် ဘဝခရီးကိုလျှောက်လှမ်းတဲ့အခါ အကျိုးဖြစ်ထွန်းစေမယ့် စာစု (၅၅) ပုဒ်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။
“လူငယ်အတွက်” လို့ ခေါင်းစဉ်ပေး အစချီထားပေမယ့် လူလတ်ပိုင်းတွေရော၊ လူကြီးပိုင်းတွေပါ ဖတ်လို့ရပါတယ်။ “ဘဝလမ်းညွှန်” ဆိုတဲ့အတိုင်း ဘဝအတွက် လက်တွေ့အသုံးချနိုင်မယ်ဆိုရင် ဒီစာအုပ်ကိုပိုပြီး ဖတ်ရကျိုးနပ်စေမှာပါ။
လူငယ်တွေအနေနဲ့ ဒီစာအုပ်ကိုဖတ်ပြီးတဲ့အခါ ဘဝရဲ့အနှစ်သာရကို သိရှိလာနိုင်မယ်၊ ပြုပြင်သင့်တာကို ပြုပြင်လာနိုင်မယ်၊ အမှားတွေကို အမှန်ပြင်ပြီး ဘဝကို ရှေ့ဆက်လျှောက်လာနိုင်မယ်၊ မိမိကိုယ်ကို တန်ဖိုးမြှင့်တင်တတ်လာပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ဘဝတစ်ခုကို တည်ဆောက်လာနိုင်ပါလိမ့်မယ်။
စာအုပ်ထဲမှာပါဝင်တဲ့ စာမြည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
◼ ငြင်းသင့်ရင် ငြင်းပါ
သဘောကျတဲ့စကားလေးတစ်ခွန်းရှိတယ်။ “သဘောကောင်းဖို့ မလိုဘူး။ စိတ်ထားကောင်းဖို့ပဲ လိုပါတယ်” တဲ့။
ဒါကြောင့် နေ့စဉ်ဘဝမှာ ငြင်းသင့်တာတွေ၊ ကိုယ်မလုပ်ပေးနိုင်တာတွေကို ပြတ်ပြတ်သားသားပဲ ငြင်း​​လိုက်ပါ။ အားနာတတ်တဲ့စိတ်၊ ကိုယ့်ကိုသဘောမကောင်းတဲ့လူလို့ အမြင်ခံရမှာ စိုးရွံ့တဲ့စိတ်တွေ​ကြောင့် အကူအညီ တောင်းခံလာတာတွေကို မငြင်းဘဲနေလိုက်မယ်ဆိုရင် ရလဒ်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေ ဆုံးရှုံးသွားရမယ်။ ကိုယ်က လုပ်ပေးလိုက်တဲ့ကိစ္စတွေက မသေသပ် မလှပတော့ပါဘူး။ ဒါကြောင့် တစ်ဖက်သားရဲ့ကျေးဇူးအတင်ခံရမယ့်အစား အပြစ်တင်တာတောင်ခံရနိုင်ပါတယ်။
လူတိုင်းရဲ့ကိစ္စတွေကို အမြဲကူညီပေးနေဖို့ ကိုယ့်မှာ တာဝန်မရှိပါဘူး။ ငြင်းသင့်တာကိုငြင်းရပါမယ်။ အမြဲသဘောကောင်းပေးနေဖို့မလိုပါဘူး။ စိတ်ထားကောင်း​အောင်ပဲကြိုးစားဖို့လိုပါတယ်။
◼ ရင့်ကျက်ခြင်း
လူတိုင်းမှာ ဒေါသတွေ ရှိပါတယ်။ အဲဒီဒေါသတွေကို လူတွေ မြင် အောင် ထုတ်မပြတာကလည်း ရင့်ကျက်ခြင်းတစ်မျိုးပါပဲ။ လူတိုင်း မှာ ခံစားချက်တွေ ရှိပါတယ်။ ခံစားရတာတွေကို မျက်နှာမှာ မပေါ်လွင် အောင် ထိန်းချုပ်နိုင်တာကလည်း ရင့်ကျက်ခြင်းတစ်မျိုးပါပဲ။ တစ်ခါတလေ ဝမ်းနည်းမှုတွေ ကြုံလာခဲ့ချိန် လူတိုင်းကို လိုက်ဖွင့်မပြတာကလည်း သူ့ ရဲ့ ရင့်ကျက်ခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒီလိုရင့်ကျက်ခြင်းတွေ ရဖို့အတွက် အမှားတွေကိုလည်း အများကြီးပြင်ဆင်ခဲ့ရမယ်။ ကိုယ့်စိတ်လေးကို ထိန်း ချုပ်နိုင်အောင် လေ့ကျင့်ခဲ့ရတာတွေ ရှိနေနိုင်ပါတယ်။
လူတစ်ယောက်ရင့်ကျက်လာတဲ့အခါ ဒေါသဖြစ်ပေမယ့် မပေါက်ကွဲ အောင် ထိန်းတတ်လာတယ်။ ဝမ်းနည်းပေမယ့် မျက်ရည်မကျအောင် ထိန်း တတ်လာတယ်။ မယုံပေမယ့် တစ်ဖက်သားစကားကို နားထောင်ပေးတတ် လာတယ်။ စိတ်မပါတဲ့အခါမှာလည်း ဝတ္တရားရှိတာကို တာဝန်ကျေပွန် အောင် ဆောင်ရွက်တတ်လာတယ်။ ပြောချင်ပေမယ့် အချိန်အခါ ကြည့်ပြီး မှ ပြောတတ်လာတယ်။ အစွပ်စွဲခံရတဲ့အခါ အပြုံးမပျက် ဖြေရှင်းတတ် လာတယ်။ ဒါကြောင့် ရင့်ကျက်မှုတွေကို ပိုင်ဆိုင်လိုရင် ဘဝအတွေ့အကြုံ တွေကို ရဲရဲရင်ဆိုင်ပါလို့ အကြံပြုချင်ပါတယ်။

#လူငယ်အတွက်ဘဝလမ်းညွှန်
#တိမ်သွေးအိမ်
#မှာယူနိုင်ပါတယ်

18/08/2026

ကိုယ်ပိုင်စီးပွားရေးစလုပ်မယ့်သူတိုင်းဖတ်ထားသင့်တဲ့စာအုပ်တစ်အုပ်📚

#မှာယူနိုင်ပါတယ်





စာဖတ်သူတွေသာ မရှိတော့ရင် စာရေးသူတွေရဲ့ဘဝတွေဟာလည်း ဘယ်လိုမှ ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။ စာအုပ်ဈေးတွေ များလွန်းနေတဲ့ကာလမို...
18/08/2026

စာဖတ်သူတွေသာ မရှိတော့ရင် စာရေးသူတွေရဲ့ဘဝတွေဟာလည်း ဘယ်လိုမှ ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။ စာအုပ်ဈေးတွေ များလွန်းနေတဲ့ကာလမို့လည်း စာဖတ်သူတွေအတွက် ပိုပြီး အားစိုက်ထားပါတယ်။ ပိုပြီး ကြိုးပမ်းထားပါတယ်။

ဒီစာအုပ်လေးထဲမှာဆိုရင်...
"သင် ဝါသနာပါတဲ့ အလုပ်တစ်ခုခုကို တစိုက်မတ်မတ်နဲ့ လေး၊ ငါး၊ ဆယ်နှစ်လောက် စွဲပြီး လုပ်ကြည့်ပါ။ အဲဒီအလုပ်ကနေ သင်လိုချင်တဲ့ ငွေကြေး၊ ပျော်ရွှင်မှု၊ စိတ်ချမ်းသာခြင်းနဲ့ အပူအပင်ကင်းတဲ့ ဘဝကို ကျိန်းသေရလာပါလိမ့်မယ်။"
"ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကို လူတိုင်းက အားနွဲ့သူ၊ မှီခိုသူ၊ ပျော့ညံ့တဲ့သူတွေ ဆိုပြီး နှိမ်ကြတယ်၊ အထင်သေးကြပါတယ်။
တကယ်တော့ အမျိုးသမီးတွေဟာ အသန်မာဆုံး လူသားတွေ ဖြစ်ပါတယ်။"
"ဒီနေ့ခေတ်ရဲ့ လူငယ်တွေဟာ သိပ်ကို ထူးချွန်လာကြမယ့် လူငယ်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးက ဒီနေ့ခေတ် လူငယ်တွေကို လေးစားတတ်ဖို့ လိုအပ်နေပါတယ်။"
"ထူးချွန်သောလူ၊ ထူးချွန်ချင်တဲ့လူ၊ ထူးချွန်လာမယ့်လူတွေက အများသူငါတွေထက် လုံ့လ၊ ဝီရိယ ပိုရှိပါတယ်။ အများသူငါတွေထက် ရဲရင့်ပြတ်သားတဲ့စိတ် ပိုရှိပါတယ်။ အများသူငါတွေထက်
ကြိုးစားချင်စိတ် ပိုရှိပါတယ်။"
စတဲ့ အကြောင်းအရာ၊ သဘောတရားလေးတွေကိုလည်း တွေ့ရ၊ ဖတ်ရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ စာရေးသူတစ်ယောက်အနေနဲ့ စာဖတ်သူတွေအတွက် ပိုမိုအားစိုက်ထားတယ်ဆိုတာပါပဲ။

စာအုပ်အမည် - ထူးချွန်သော... လူ
စာရေးသူ - အလင်းမြတ်
စာမျက်နှာ - ၁၂၀
တန်ဖိုး - 7,000 ks

#မှာယူနိုင်ပါတယ်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when YDB Book shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category