Win Htet Htet Aung

Win Htet Htet Aung shopping

တဖြေးဖြေးနဲ့ အသက်အရွယ်တစ်ခု ရလာတော့တိတ်ဆိတ်အေးချမ်းမှုကိုသာ မက်မောလာတယ် ။ဘယ်အရာမှ မမြဲဘူးဆိုတာကိုအကြိမ်ကြိမ်ကြုံတွေ့ခဲ့ရ...
23/09/2025

တဖြေးဖြေးနဲ့ အသက်အရွယ်တစ်ခု ရလာတော့
တိတ်ဆိတ်အေးချမ်းမှုကိုသာ မက်မောလာတယ် ။

ဘယ်အရာမှ မမြဲဘူးဆိုတာကို
အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရတော့
ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာဆိုတာကို
နှလုံးသွင်းတတ်လာတယ် ။

ရေစက်ရှိသလောက်ပဲ ကြုံတွေ့ရမှာမို့
ဘယ်သူနဲ့ပဲဖြစ်ဖြစ်
ဆုံစည်းခွင့် ရတုန်းလေးမှာ
စိတ်ကလေးကို
အတတ်နိုင်ဆုံး ဖြူအောင်ထားဖြစ်တယ်။

ခွင့်လွှတ်နိုင်သလောက် ခွင့်လွှတ်ပြီး
ခွင့်မလွှတ်နိုင်တော့ရင် မပတ်သက်ခြင်းဖြင့်သာ
ကိုယ့်စိတ်အေးချမ်းမှုကို ရွေးချယ်ဖြစ်ခဲ့ပါတယ် ။🌻

" လူပီသချင်ရင် " #လောကမှာ ကိုယ်ကောင်းစားဖို့အတွက်နဲ့သူတပါးကို အသုံးမချမိပါစေနဲ့ကိုယ်ရဲ့ ပျော်ရွှင်မှူ့အတွက်နဲ့သူတပါးကို ...
27/04/2025

" လူပီသချင်ရင် "

#လောကမှာ ကိုယ်ကောင်းစားဖို့အတွက်နဲ့
သူတပါးကို အသုံးမချမိပါစေနဲ့

ကိုယ်ရဲ့ ပျော်ရွှင်မှူ့အတွက်နဲ့
သူတပါးကို ဂျောက်မချမိပါစေနဲ့

ကိုယ်ရဲ့ အမှားအတွက်နဲ့
သူတပါးဆီကို တာ၀န်မပုံချမိပါစေနဲ့

ကိုယ့်ကြောင့်နဲ့ သူတပါး
မျက်ရည် မကျစေပါနဲ့

သူတပါးရဲ့ အားနည်းချက်ကိုလဲ
သင်မကဲ့ရဲ့ မိပါစေနဲ့

သူတပါးရဲ့ အားသာချက်ကိုလဲ
သင်မနာလို မဖြစ်မိပါစေနဲ့

#လောကမှာ အရာရာတိုင်းအပေါ်ကို
ကိုယ်ခြင်းစာစိတ်ကလေးထားပြီး

ကြည့်နိုင် မြင်နိုင်အောင် ကြိုးစားပြီး
နေထိုင်သွားပါ ,,

[စာပေအာဟာရ]

ဘဝက ပြည့်စုံခြင်းတွေနဲ့မွေးဖွား မလာတော့နွေခေါင်ခေါင် စိုက်ပျိုးတဲ့ သစ်ပင်လိုပဲ။ရေလောင်းလိုက် စိုလာလိုက်နေပူလိုက် ပြန်ခြေ...
27/01/2025

ဘဝက ပြည့်စုံခြင်းတွေနဲ့
မွေးဖွား မလာတော့
နွေခေါင်ခေါင် စိုက်ပျိုးတဲ့ သစ်ပင်လိုပဲ။
ရေလောင်းလိုက် စိုလာလိုက်
နေပူလိုက် ပြန်ခြောက်သွားလိုက်နဲ့
ကိုယ့်ကိုယ်ကို ဂရုစိုက်ရင်း ရှင်သန်နေရတယ်။

#2000

🍀လူတစ်ယောက်ရဲ့ အတွေးဟာ သူ့ရဲ့ဘဝပါပဲတဲ့. အတွေးဟာ စွမ်းအားရှိတယ်🙆🏼‍♀️ကောင်းတာတွေ တွေးတာများရင် ကောင်းတာတွေပိုလုပ်ဖြစ်မယ် က...
27/01/2025

🍀လူတစ်ယောက်ရဲ့ အတွေးဟာ
သူ့ရဲ့ဘဝပါပဲတဲ့.
အတွေးဟာ စွမ်းအားရှိတယ်

🙆🏼‍♀️ကောင်းတာတွေ တွေးတာများရင်
ကောင်းတာတွေပိုလုပ်ဖြစ်မယ်
ကောင်းတဲ့အရာတွေနဲ့
ပိုအချိန်ကုန်ပါများတဲ့အခါမှာ
ကောင်းတဲ့ကံ ကောင်းတဲ့အရာနဲ့
ပျော်ရွှင်မှုတွေရမယ်လုပ်နိုင်တယ် ဆိုတဲ့
စွမ်းအား ခွန်အားတွေရမယ်
Positive energyတွေပြည့်နှက်နေမယ်

🍀 မကောင်းတာတွေ တွေးတာများရင်
မကောင်းတာတွေ ပိုလုပ်ဖြစ်မယ်
မကောင်းတာ ပိုပြောဖြစ်မယ်
Negative ဘက်ကိုရောက်စေတဲ့
အတွေးတွေ တွေးတာ များလာတဲ့အခါမှာ
သိမ်ငယ်စိတ်တွေဝင်မယ်
ယုံကြည်မှုတွေ လျော့ကျမယ်
ခွန်အားတွေ ကုန်ခမ်းမယ်
တလောကလုံး ကိုယ်ကပဲ အထီးကျန်ဆုံး၊
ကိုယ်ကပဲကံအဆိုးဆုံးလို့ တွေးတတ်တဲ့အထိ
နစ်မွန်းနေတတ်ပါတယ်
ဒါကြောင့်

🙆🏼‍♀️ကိုယ့်အတွေးတွေကို ဂရုစိုက်ပါ
အတွေးတွေဟာ စွမ်းအားရှိတယ်
ကိုယ့်အတွေးနဲ့ကို ကိုယ့်ဘဝကိုနစ်မွန်းအောင်
လုပ်တဲ့သူ မဖြစ်ပါစေနဲ့
ကိုယ့်အတွေးနဲ့ကို ကိုယ့်ဘဝကို
တိုးတတ်မြင့်မားအောင်လုပ်တဲ့သူပဲ
ဖြစ်ပါစေ💯

ဘဝဆိုတာ တခါတရံပန်းခင်းလမ်းလို သာယာလှပပြီးအရာရာက ကြည်နူးခြင်းပျော်ရွှင်ခြင်းတွေနဲ့ လွှမ်းခြုံထားတယ်။တခါတရံ ဆူးခင်းလမ်းလို...
23/01/2025

ဘဝဆိုတာ တခါတရံ
ပန်းခင်းလမ်းလို သာယာလှပပြီး
အရာရာက ကြည်နူးခြင်း
ပျော်ရွှင်ခြင်းတွေနဲ့ လွှမ်းခြုံထားတယ်။

တခါတရံ ဆူးခင်းလမ်းလို
အခက်အခဲတွေ ဒဏ်ရာတွေနဲ့ ပြည့်နေပြီး
ရှေ့ဆက်မလား ရပ်မလား
သံသယတွေနဲ့ စဉ်းစားရ ဝေခွဲမရ။

ပန်းခင်းလမ်းမှာ
ချစ်ခြင်းတွေ ပျော်ရွှင်မှုတွေ
ဖန်တီးသလို
ဆူးခင်းလမ်းမှာ
ကြိုးစားမှု သည်းခံမှု အားထုတ်မှုတွေနဲ့
ရုန်းကန်မယ်။

ပန်းမှာလည်း ဆူးရှိသလို
ဘဝမှာလည်း အခက်အခဲတွေရှိတယ်။

ပန်းကိုမြတ်နိုး ၊ ဆူးကိုလည်း
ခံနိုင်ရည်အားနဲ့ ရှေ့ဆက်မယ်။💪

#သုတရသစာပေ(သမီးကြီး)

အရာရာကို ချစ်ခြင်းမေတ္တာနဲ့ပြောင်းလဲနိုင်မယ် လို့ ထင်ခဲ့မိတာက ပထမဆုံးအမှား ။ကိုယ့်အပေါ် မကောင်းတာ ဆယ်ခုလုပ်ခဲ့ပြီးတစ်ခုလ...
23/01/2025

အရာရာကို
ချစ်ခြင်းမေတ္တာနဲ့ပြောင်းလဲနိုင်မယ် လို့
ထင်ခဲ့မိတာက ပထမဆုံးအမှား ။

ကိုယ့်အပေါ် မကောင်းတာ ဆယ်ခုလုပ်ခဲ့ပြီး
တစ်ခုလေး ပြန်ကောင်းရင်တောင် ဖာထေးပြီး
ခွင့်လွှတ်လိုက်တာက ဒုတိယအမှား ။

ကိုယ့်မှာလဲ နာကျင်မှုရှိနေပါရဲ့နဲ့
အရာရာကို သူ့နေရာပဲ ဝင်ကြည့်ပြီး နားလည်ပေးတတ်တာက တတိယအမှား ။

နောက်ဆုံး အမှားကတော့

ကိုယ့်ကို
ကာကွယ်ပေးလိမ့်မယ်လို့ယုံကြည်ပြီး
ချစ်ခဲ့မိတဲ့အမှားပဲ

#မယ်ညို

အခုနောက်ပိုင်းမှာ ကိုယ်ဟာ ပူလောင်ရတာတွေ မကြိုက်လို့  တတ်နိုင်သမျှ ရှောင်ပါတယ် အဲ့ဒီအထဲမှာမှ ကိုယ့်ကိုယ်ကို သင်ယူဖြစ်နေတဲ...
23/01/2025

အခုနောက်ပိုင်းမှာ ကိုယ်ဟာ ပူလောင်ရတာတွေ

မကြိုက်လို့ တတ်နိုင်သမျှ ရှောင်ပါတယ်

အဲ့ဒီအထဲမှာမှ ကိုယ့်ကိုယ်ကို သင်ယူဖြစ်နေတဲ့အရာတွေထဲမှာမှ တစ်ခုက

ရုတ်သိမ်းခြင်း ပါပဲ

အရင်ကဆို ငါ စေတနာထားရင်ပြီးတာပဲ တဖက်က ဘယ်လိုနေနေဆိုတာမျိုးရှိတယ်

အခုနောက်ပိုင်းတော့ ပြောင်းလဲသွားတယ်

စေတနာထားတယ် လိုတာထက် ပိုထားတယ် ဒါပေမဲ့ ပေးဖို့ မတန်တော့ဘူးလို့ထင်လာရင် ရုတ်သိမ်းလိုက်ပါတယ်

မေတ္တာထားတယ် ကိုယ့်အနားရောက်လာသူတွေကို
မေတ္တာတွေ လုံလုံခြုံခြုံပေးဖြစ်တယ် ဒါပေမဲ့ ပေးဖို့ မတန်တော့ဘူးလို့ ခံစားလာရရင် ရုတ်သိမ်းလိုက်တယ်

လေးစားမှုတွေပေးထားတယ် မတန်တော့ဘူးလို့ထင်ရင်
ရုတ်သိမ်းလိုက်ပါတယ်

ပေါပေါပဲပဲတွေတစ်ခုမှ မပေးထားတာမို့

မတန်ဘူးလို့ခံစားလာရရင်

ပြန်ရုတ်သိမ်းခြင်းဖြင့် ကိုယ့်တန်ဖိုးကို

ကိုယ်စောင့်ရှောက်ပါတယ်.

ပေးဖို့ မတန်ရင် မပေးပါဘူး

ပေးမိပြီး မတန်ဘူးလို့ ခံစားလာရရင်လည်း

ပြန်ရုတ်သိမ်းပါတယ်.

ဈေးမပေါလို့ပါ

လူရယ်လို့ ဖြစ်လာရင်..သင့်ကို အားကျတဲ့လူ ရှိသလို၊ အမြင်ကပ်တဲ့လူလည်းရှိမယ်။ သင့်ကိုမနာလိုတဲ့ လူရှိသလို၊ အထင်သေးတဲ့လူလည်းရှ...
23/01/2025

လူရယ်လို့ ဖြစ်လာရင်..
သင့်ကို အားကျတဲ့လူ ရှိသလို၊
အမြင်ကပ်တဲ့လူလည်းရှိမယ်။

သင့်ကိုမနာလိုတဲ့ လူရှိသလို၊
အထင်သေးတဲ့လူလည်းရှိမယ်
ဒါဟာ ဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။

သင် ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ်
သင်ဘယ်လောက်ပဲ အနစ်နာခံ ကြိုးစားကြိုးစား..
လူတိုင်းကို ကျေနပ်အောင်တော့
သင် မစွမ်းဆောင်နိုင်ပါဘူး။

ဒါကြောင့်မို့လို့ သူများအကြိုက်ကိုဆောင်ဖို့
သင့်ရဲ့ ပင်ကိုယ်တန်ဖိုးကို အထိခို-က်မခံပါနဲ့။

သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။

သိထားဖို့က
သူများပါးစပ်ဖျားပေါ်က သင် ဟာ
ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ
သင်အစစ်အမှန် မဟုတ်ပါဘူး။

လူဆိုတာ.

မျက်စိချင်းတူသော်ငြားလည်း အမြင်ချင်း မတူပါဘူး။
နားပေါက်ချင်းတူသော်ငြားလည်း ကြားပုံချင်းမတူပါဘူး။

ပါးစပ်ချင်းတူသော်ငြားလည်း ပြောဆိုပုံချင်း မတူပါဘူး။

ဦးနောက်ချင်းတူသော်ငြားလည်း အယူအဆချင်း
မတူနိုင်ပါဘူး။

လူချင်းတူသော်ငြားလည်း အသက်ရှင်နေထိုင်ပုံချင်း
မတူပါဘူး။

ဒီအတွက်ကြောင့်.
သင် ဘယ်လောက်ပဲ ထူးချွန်ထူးချွန်
နားလည်တဲ့လူနဲ့ တွေ့ဦးမှ

သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်
ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ

သင်ဘယ်လောက်ပဲ ရိုးသားရိုးသား
သံသယ နည်းတဲ့လူနဲ့ ဆုံဦးမှ

သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ
တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ

နောက်ဆုံးတော့
သိတာလည်း အားလုံးမပြောနဲ့
မြင်တာလည်း အားလုံးမယုံနဲ့.
သင် ဘယ်သူ့ကို ဘယ်လောက်ချစ်တယ် ခင်တယ်ပဲ
ဆိုဆို ကိုယ့်အတွက် အသက်ရှင်ဖို့ကိုလည်း မမေ့ပါနဲ့ ....

ငယ်ငယ်တုန်းကတော့ လူတွေအကြောင်းမသိခင် (ကြောက်ဖို့ကောင်းမှန်း)မသိခင် လူတွေကို ကြောက်ခဲ့တယ်။အသက်ကြီးလာတော့ လူတွေအကြောင်းသိပ...
23/01/2025

ငယ်ငယ်တုန်းကတော့ လူတွေအကြောင်းမသိခင် (ကြောက်ဖို့ကောင်းမှန်း)မသိခင် လူတွေကို ကြောက်ခဲ့တယ်။

အသက်ကြီးလာတော့ လူတွေအကြောင်းသိပြီး ကြောက်ဖို့ကောင်းမှန်းသိပြီးနောက်မှာ ကျွန်မ မကြောက်တော့ဘူး
ပိုပြီးတော့ သန်မာလာခဲ့တယ် ဂရုမစိုက်သင့်တဲ့အရာတွေ မခံစားသင့်တဲ့ အရာတွေဆို မခံစားတော့သလို အားမနာသင့်တဲ့နေရာတွေမှာလည်း အားမနာတော့ဘူး

လူ(တချို့) အားလုံးကို မဆိုလိုပါ🙏

#သုတရသစာပေ(သမီးကြီး)

စည်းထားပါ🙋🙋🙋🙋လူတိုင်း လူတိုင်းမှာသူ့ရဲ့ ကိုယ်ရေးကိုယ်တာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာရှိပါတယ်..✍✍✍လူသိစေချင်တာရှိသလိုလူမ...
23/01/2025

စည်းထားပါ🙋🙋🙋🙋
လူတိုင်း လူတိုင်းမှာ
သူ့ရဲ့ ကိုယ်ရေးကိုယ်တာ
စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာ
ရှိပါတယ်..
✍✍✍
လူသိစေချင်တာ
ရှိသလို
လူမသိစေချင်တာလည်း
ရှိတတ်ကြပါတယ်..
✍✍✍
အဲဒါကြောင့်…
ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ
✍✍✍
သိပေမယ့်
မသိချင်ယောင် ဆောင်ရသလို
✍✍✍
သိပေမယ့်
မပြောပဲ နေပေးရတာလည်း ရှိပါတယ်..
✍✍✍
ဒီနေရာမှာ "စာနာမှု"က
လူတစ်ယောက်ရဲ့
အဆင့်အတန်းကို ပြပါတယ်..
✍✍✍
မိတ်ဆွေအစစ်လို့ ထင်ရတဲ့
ထင်ခဲ့တဲ့ လူတချို့က
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ
အကြောင်းအရာတွေကို
အတင်းတုပ်တဲ့ အခါ
ပုံကြီးချဲ့တဲ့အခါ
ကိုယ်က သိပေမဲ့…
မသိချင်ယောင် ဆောင်လိုက်ဝာလည်း
ရှိတယ်..
✍✍✍
နောက်တစ်ခါ
သူတို့ ပုံကြီးချဲ့လို့
သိသွားတဲ့သူတွေက
မထိခလုတ် ထိခလုတ်
ခနဲ့ တဲ့တဲ့
ရိ သဲ့သဲ့ လာ လာ ပြောတဲ့အခါ
✍✍✍
ဘာမှတော့ ပြန်မပြောဘူး

ဒါပေမယ့်
သီးမခံနိုင်တဲ့ တစ်နေ့
ပြန်ပြောရင်လည်း
တယောက် မျက်နှာ တစ်ယောက်
ကြည့်နိုင်တော့မှာ မဟုတ်ဘူး..
✍✍✍
ပြောချင်တာက…

ဘာကြောင့် လူမှုရေး နယ်ပယ်မှာ
စည်း မထားတာလဲ-?
✍✍✍
ဘာကြောင့်…
ကိုယ့်ရဲ့ ပါးစပ်ကို စည်းကမ်း ရှိအောင်
မထိန်းသိမ်းတာလဲ-?
✍✍✍
ဘာကြောင့်…
သူများရဲ့ အကြောင်းအရာတွေကို
ပယ်ပယ်နယ်နယ် ပြောပြီး
အရသာ ခံချင်ရတာလဲ-?
✍✍✍
ငါလည်း တစ်နေ့ သူ့လို ကြုံနိုင်တယ်
ဆိုတဲ့
အဲဒီလို အသိလေး ရှိဖို့ လိုပါတယ်..
✍✍✍
လူတစ်ယောက်ရဲ့ အဆင့်အတန်းက
"ငွေကြေး ချမ်းသာမှု"မဟုတ်ဘူး..
✍✍✍
လူတစ်ယောက်ရဲ့ အဆင့်အတန်းက
"ပါးစပ်စည်းကမ်း ရှိဖို့" နဲ့
"စာနာ"နားလည်" "ဖေးမတတ်မှု" ပါ..

゚viralシ

crd. ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်🙏

လူအများကြီးနဲ့ ပေါင်းသင်းဆက်ဆံဖူးတဲ့အခါ သင်ခန်းစာတွေလည်း ခပ်များများရသွားတတ်တယ် တချို့က ကိုယ့်ကိုတော်စေ၊တတ်စေတယ် တချို့က...
23/01/2025

လူအများကြီးနဲ့ ပေါင်းသင်းဆက်ဆံဖူးတဲ့အခါ သင်ခန်းစာတွေလည်း ခပ်များများရသွားတတ်တယ်

တချို့က ကိုယ့်ကိုတော်စေ၊တတ်စေတယ် တချို့ကြောင့် မှားခဲ့တာရှိသလို ၊ နောင်တတွေလည်း ရစေခဲ့တယ်

တချို့က ကိုယ့်ကိုဘဝပျက်သွားစေသည်အထိ ချောက်ထဲတွန်းချ ပေးသွားတယ်

တချို့က ရင့်ကျက်လာအောင် အမျိုးမျိုး ပညာပြပေးသွားကြတယ်

တချို့က လူတိုင်းကို ရင်ဘတ်ကြီးနဲ့
မပေါင်းသင့်ကြောင်း ဥပမာပြပေးသွားတယ်
တချို့ကမုန်းစရာကောင်းပေမယ့် ကိုယ့်ကို လူတွေကို အရမ်းမယုံဖို့ သတိထားတတ်အောင် သင်ခန်းစာကောင်းတစ်ခုကို သေသေချာချာ ပေးသွားတတ်တယ်

အများကြီး အများကြီးတွေကို .
ကြုံရင်း ဆုံရင်း ဖြစ်ရင်း ပျက်ရင်းနဲ့ အကြောင်းတွေ သိသွားရချိန်မှာ လူတွေအများကြီးနဲ့ သွားလာစားသောက် ပျော်ပါးနေရတာထက် လူနည်းနည်းလေးနဲ့ အနှစ်သာရရှိအောင် နေတတ်သွားပြန်ရော

နေတတ်ရင်တော့ အဆင်ပြေတယ်
မနေတတ်ရင်တော့ အရမ်းရှုပ်ထွေးတယ် ။

#မာရင်ရင်

🅲🆁🅴🅳🅸🆃
#စာပေဥယျာဉ်

Address

Mandalay
Mandalay

Telephone

+959681112850

Website

Alerts

Be the first to know and let us send you an email when Win Htet Htet Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Win Htet Htet Aung:

Share