An Osculation Pen

An Osculation Pen When You Get Tired Just Read!
မင်္ဂလာပါ/Hello/こんにちは/สวัสดีครับ/안녕하세요!!

တကယ်လို့သာ လူသားတွေမှာ တူညီတဲ့ ကိုယ်ချင်းစာတရားလေးရှိကြရင်လေ ကမ္ဘာကြီးနဲ့ သူ့ရဲ့ရင်သွေးငယ်တွေလည်း ဘယ်လောက်လှပနေလိုက်မလဲအ...
17/10/2025

တကယ်လို့သာ လူသားတွေမှာ တူညီတဲ့ ကိုယ်ချင်းစာတရားလေးရှိကြရင်လေ ကမ္ဘာကြီးနဲ့ သူ့ရဲ့ရင်သွေးငယ်တွေလည်း ဘယ်လောက်လှပနေလိုက်မလဲ
အချစ်ရယ်



ဘ၀မှာ စိတ်ညစ်စရာတွေ ကြုံတွေ့လာတဲ့အခါ အိပ်ချပစ်လိုက်ပါ အိပ်ရေး၀ပါတယ် ဇာတ်ကားလေးကြည့်လိုက် စာအုပ်လေးဖတ်လိုက် အိပ်လိုက်စားလ...
07/05/2025

ဘ၀မှာ စိတ်ညစ်စရာတွေ ကြုံတွေ့လာတဲ့အခါ အိပ်ချပစ်လိုက်ပါ အိပ်ရေး၀ပါတယ် ဇာတ်ကားလေးကြည့်လိုက် စာအုပ်လေးဖတ်လိုက် အိပ်လိုက်စားလိုက်နဲ့ ပျော်စရာကောင်းပါတယ်
ပျင်းရင်လည်း အိပ်နေလိုက်တာဟာ အကောင်းဆုံးပါ အိပ်ယာထဲမှာ ဟိုဖက်လှိမ့်လိုက် ဒီဘက် လှိမ့်လိုက် အတိတ်က ရည်းစားဦးအကြောင်းပြန်တွေးလိုက် အနာဂတ်မှာ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ကြီးကို မြင်ယောင်လိုက်နဲ့ နေခြင်းဖြင့် စိတ်အလိုကို လိုက်ပါ၊ စိတ်ဖိစီးမှု‌‌လျော့ကျစေပြီး ဦးနှောက်ကို ကျန်းမာစေပါတယ်
အခုပဲ အေးချမ်းပြီး သာယာတဲ့ ဘ၀ကြီးကို အိပ်စက်ရင်း မြင်ယောင်လိုက်ပါ

မင်းဘယ်နေရာပဲ ရောက်နေနေ မင်းအကြောင်းကို တွေးနေတဲ့ နေရာဟာ မင်းရဲ့ အိမ်ပါအိမ်ဆိုတာ နေရာသက်သက်မဟုတ်ပါဘူး မင်း ကြီးပြင်းလာခဲ...
05/05/2025

မင်းဘယ်နေရာပဲ ရောက်နေနေ မင်းအကြောင်းကို တွေးနေတဲ့ နေရာဟာ မင်းရဲ့ အိမ်ပါ

အိမ်ဆိုတာ နေရာသက်သက်မဟုတ်ပါဘူး
မင်း ကြီးပြင်းလာခဲ့တဲ့ နေရာပါ

မင်းကို စိတ်ပူပြီး အမြဲတမ်း ဂရုတစိုက်ရှိနေပေးခဲ့တဲ့ နေရာ

အမှတ်တရတွေများစွာ ရှိတဲ့နေရာ

မင်းဘ၀အတွက် အလုံခြုံဆုံးလို့ ခံစားရ‌‌စေတဲ့ နေရာ

အဲ့တာ မင်းရဲ့ အိမ်ပဲ...

အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးဆိုတဲ့ စကား ကျွန်တော်ခနခန ပြောဖြစ်ပါတယ်ဒီနှစ်ခုမှာ တူညီတဲ့ အချက်လေးတွေရှာကြည့်ကြမယ်ပထမအနေ...
04/05/2025

အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးဆိုတဲ့ စကား ကျွန်တော်ခနခန ပြောဖြစ်ပါတယ်
ဒီနှစ်ခုမှာ တူညီတဲ့ အချက်လေးတွေရှာကြည့်ကြမယ်

ပထမအနေနဲ့ စိတ်ခံစားမှုပါ ဒီနှစ်ခု‌လုံးမှာ တူညီတာ တစ်ခုက ကိုယ့်ရဲ့ စရိုက်တွေ အမူအကျင့်တွေကိုပါ ပြောင်းလဲပေးတဲ့ စိတ်ခံစားချက်ကို ပေးစွမ်းနိုင်တာပါ

စစ်ပွဲကို ကြည့်ရအောင် ဇာတ်ကားတွေ ကြည့်ဖူးရင် သိမှာပါ စစ်ကြီး မတိုင်ခင်တုန်းက ရယ်မောတတ်တဲ့ ခံစားတတ်တဲ့ သူဟာ စစ်ပွဲတိုက်ပြီး ပြန်ရောက်တဲ့ အချိန်မှာ အရင်က နဲ့ မတူတော့တာ အရင်လို ရယ်မောတာမျိုး ရှားသွားတယ် သူ့စကားတွေက serious ဆန်လာတယ် လောကဓံကို သူများထက် ပိုခံနိုင်လာကြပါတယ်

ကဲ အချစ်ဘက် လှည့်ကြည့်ရအောင်
အချစ်ကလည်း ဒီလိုပဲဗျ လူတစ်ယောက်ဟာ အချစ်နဲ့ ထိတွေ့သွားရင် ပြောင်းလဲသွားတယ်ဗျ အချစ်စစ်ကို ပြောတာနော်
အခုခေတ်မှာ လူတကာပတ်တွဲနေတဲ့ အချစ်မဟုတ်ဘူး
ဒီလို လူသားတစ်ယောက်က သူတကယ်ချစ်မြတ်နိုးတဲ့ သူကို တွေ့ပြီး တဲ့အချိန်မှာ အမူအကျင့်တွေ ပြောင်းလဲသွားတယ် အရင်တုန်းက အနေအေးပြီး တစ်ကိုယ်ကောင်းဆန်တဲ့သူဟာ အချစ်နဲ့ တွေ့ပြီးနောက်မှာ လူတွေနဲ့ ရယ်မောပျော်ရွှင်လာတယ် သဘောကောင်းလာတယ် ပတ်၀န်းကျင်မှာတောင် ကိုယ့်ဘေးက မိတ်ဆွေဖြစ်ဖြစ် သူငယ်ချင်းဖြစ်ဖြစ် ဆွေမျိုးဖြစ်ဖြစ် ချစ်သူရသွားရင် တစ်ယောက်ယောက်ကို ချစ်သွားရင် သူ့ရဲ့ အမူအကျင့်ကလေး တစ်ချို့ ပြောင်းလဲသွားတာကို သတိထားမိကြမှာပါ အရင်က ပျင်းရိတတ်တဲ့ သူဟာ အချစ်နဲ့ ထိတွေ့ပြီးနောက်မှာ တက်ကြွလာတယ် ကြိုးစားလာတယ်

အချစ်နဲ့ ထိတွေ့တဲ့အခါ လူတိုင်းတော့ ကောင်းမွန်ပြီး တိုးတက်သွားတာ မဟုတ်ပါဘူး တစ်ချို့ကျလည်း အချစ်နဲ့ တွေ့ပြီးနောက် ချစ်သူနဲ့ပဲ အချိန်ဖြုန်းနေတော့တယ် သူ့အလုပ်ထဲမှာလည်း ဈာန်မ၀င်တော့ သူချစ်ရတဲ့သူ‌ဆီမှာပဲ စကားပြောနေရတာကို ဘ၀ကြီး ထင်လာတတ်တယ်
ဘ၀မှာ ချစ်သူရည်းစားရှုပ်လို့ ပျက်ဆီးသွားတဲ့ သာဓကတွေအများကြီးပါ
ဒီမှာလည်း အချစ်နဲ့စစ်ဟာ သွားတူပြန်ရောဗျာ
အချစ်ကြောင့် ပျက်ဆီးသွားတဲ့ သူတွေရှိသလို ကိုယ်ချစ်ရတဲ့သူကြောင့် တိုးတက်သွားတဲ့သူလည်း ရှိတယ်
စစ်ပွဲကြောင့် အဖက်ဖက်မှာ နိမ့်ကျ ရှုံးနိမ့်သွားတဲ့ နိုင်ငံတွေ၊ ပြိုကွဲသွားခဲ့ကြတဲ့ မိသားစုတွေ အိုးအိမ်တွေ ရှိသလို တစ်ဖက်မှာလည်း စစ်ပွဲကြောင့် တိုးတက်သွားတဲ့ နိုင်ငံတွေ၊ အရှိန်အဟုန်မြင့် တိုးတက်သွားတဲ့ နည်းပညာတွေ ရှိလာခဲ့ပါတယ်

အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ ဘ၀မှာ အဆိုးနဲ့ အကောင်းဒွန်တဲ့နေတတ်တဲ့ သဘောလေးတွေနဲ့ အချစ်နဲ့ စစ်ရဲ့ တူညီတဲ့ သဘောတရားလေးတွေကို စဉ်းစားတွေးခေါ်ကြည့်တာပါပဲ

ဘယ်သူမှန်း ဘယ်၀ါမှန်း မသိတဲ့ သူတစ်ယောက်ကို လွမ်းဆွတ်နေတယ်လို့ ခံစားနေရတာဟာ နည်းနည်းတော့ ထူးဆန်းနေပေမယ့် စိတ်မပျော်ရွှင်တ...
02/05/2025

ဘယ်သူမှန်း ဘယ်၀ါမှန်း မသိတဲ့ သူတစ်ယောက်ကို လွမ်းဆွတ်နေတယ်လို့ ခံစားနေရတာဟာ
နည်းနည်းတော့ ထူးဆန်းနေပေမယ့် စိတ်မပျော်ရွှင်တဲ့ အချိန်တိုင်း နာကျင်ရပါတယ်
လှေငယ်လေးတစ်စီးနဲ့ ပင်လယ်တွေကို ကျော်ဖြတ်ပြီး
ဘယ်မှာရှိမှန်းမသိတဲ့ အမည်မသိကျွန်လေး‌ဆီကို မျှော်မှန်းကာ ရွက်လွှင့်‌နေတဲ့ လူငယ်လေးတစ်ယောက်လိုပါပဲ

ဘ၀မှာ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေနဲ့ ကြုံတွေ့လာရတဲ့အခါ တစ်ပတ်လောက် လှဲအိပ်နေလိုက်ပါ..ရှောင်ထွက်ခိုင်းတာမဟုတ်ဘူး ခရီးတစ်ထော...
01/05/2025

ဘ၀မှာ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေနဲ့ ကြုံတွေ့လာရတဲ့အခါ တစ်ပတ်လောက် လှဲအိပ်နေလိုက်ပါ..

ရှောင်ထွက်ခိုင်းတာမဟုတ်ဘူး ခရီးတစ်ထောက်နားခိုင်းတာ
အချိန်တန်ရင် ဆက်လျောက်ဖို့ အားအင်အပြည့်ဖြစ်နေလိမ့်မယ်

ပေးဆပ်မှုကို ဦးစားပေးတဲ့ နှလုံးသားနဲ့ ရယူမှုကို အသားပေးတဲ့ ဦးနှောက်တို့ အားပြိုင်လာတဲ့အခါ နှလုံးသားကို ဦးစားပေးလိုက်ပါအန...
30/04/2025

ပေးဆပ်မှုကို ဦးစားပေးတဲ့ နှလုံးသားနဲ့
ရယူမှုကို အသားပေးတဲ့ ဦးနှောက်တို့ အားပြိုင်လာတဲ့အခါ
နှလုံးသားကို ဦးစားပေးလိုက်ပါ
အနည်းဆုံးတော့ လူသားဆန်တာပေါ့......

လမ်းခွဲမယ်ပြောမှ နာကျင်ရတာ မဟုတ်ပါဘူး မင်းမျက်၀န်း‌ထဲက အေးစက်လာမှု‌လေး‌တွေကို မြင်နေရတာလည်း တစိမ့်စိမ့်နာကျင်ရတာပါပဲ
28/04/2025

လမ်းခွဲမယ်ပြောမှ နာကျင်ရတာ မဟုတ်ပါဘူး
မင်းမျက်၀န်း‌ထဲက အေးစက်လာမှု‌လေး‌တွေကို မြင်နေရတာလည်း တစိမ့်စိမ့်နာကျင်ရတာပါပဲ

လောကကြီးမှာ မျှော်လင့်ချက် ပျောက်နေတဲ့အခါ....သေဆုံးမှုကို မြင်ယောင်ကြည့်ပါ သေခြင်းတရားကို မြင်ရတဲ့ အခါ လူတွေက ကြောက်လန့်...
25/04/2025

လောကကြီးမှာ မျှော်လင့်ချက် ပျောက်နေတဲ့အခါ....
သေဆုံးမှုကို မြင်ယောင်ကြည့်ပါ
သေခြင်းတရားကို မြင်ရတဲ့ အခါ လူတွေက ကြောက်လန့်တတ်ကြတယ်
ဒါပေမဲ့.... ကိုယ့်ကိုယ်ကိုယ်ရော ပြန်မေးဖူးလား?
မတွေးဖူးရင် ဒီမေးခွန်းတွေကို ပြန်မေးကြည့်ပါ 👇

"ငါ ဘယ်လို‌နေရာ ဘယ်လိုအခက်အခဲမျိုး ဘယ်လိုအခြေအနေ‌နဲ့ မွေးဖွားလာသလဲ"❌
ဒီမေးခွန်းထက်..
"ငါ ဘယ်လိုသေဆုံးမလဲ"ဆိုတာကို သတိရပါ။

👉ချမ်းချမ်းသာသာနဲ့ ငြိမ်းငြိမ်းချမ်းချမ်း သေချင်တာလား
👉ပူပင်သောက၊ နောင်တတွေနဲ့‌ သေချင်တာလား
လူသက်တမ်းတွေက တို‌လာခဲ့ပါပြီ
အသက်ရှင်သန်ရခြင်းရဲ့ တန်ဖိုးကို သိပါ

🎯ဘယ်လိုမွေးဖွားလာသလဲဆိုတာက မိမိရဲ့ ကံတရားဖြစ်ပြီး..
🎯ဘယ်လို ရှင်သန်ပြီး သေဆုံးသလဲဆိုတာက မိမိရဲ့ အရည်အချင်းနဲ့ ပါရမီပါ

လူရယ်လို့ဖြစ်လာတုန်း
✅များများတွေးခေါ်ပါ
✅လက်တွေ့လုပ်ဆောင်ပါ
✅အချိန်ကို အကျိုးရှိစွာ အသုံးချပါ

“Family is the root.No matter how far you grow,It’s where you began.”
23/04/2025

“Family is the root.
No matter how far you grow,
It’s where you began.”


“Certified Chick Magnet—just forgot to specify the chicks are dudes.”Bro Te Khant Aung. xD
22/04/2025

“Certified Chick Magnet—just forgot to specify the chicks are dudes.”

Bro Te Khant Aung. xD



Address

Mandalay

Telephone

+959982263505

Website

Alerts

Be the first to know and let us send you an email when An Osculation Pen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to An Osculation Pen:

Share