11/08/2021
Waxing လုပ်တယ် ဆိုတာ ဘာလဲ ??????
Waxing နဲပက်သက်ပြီး စိတ်ဝင်စားပေမယ့် ဘာမှ မသိသေးဘူးဆိုင်တော့ ဒီ Blog ကို အချိန်ပေးပြီး စိတ်ဝင်တစား ဖတ်စေချင်ပါတယ်
( 2020 Sep တုန်းက ပထမဆုံး Waxing Product တစ်ခုကို Review ရေထားတဲ့အထဲမှာပါတဲ့ အကြောင်းရာတွေကို ပြန်ဆွဲထုတ်ပြီး တင်ထားတာပါ )
ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အမွှေးမျှင်တွေကြောင့် မိန်းကလေး အများစုက စိတ်ညစ်ကြရပါတယ် ခြေသလုံး နဲ့ လက် ကအမွှေးတွေက သိသိသာသာ ရှည်ပြီးသန်နေတာဆို စကတ်တို ၊ လက်ပြတ် ဝတ်ရတာမျိုးမှာ စိတ်အနှောင့်ယှက်ဖြစ်တာမျိုးပေါ့နော် ( ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ် ရတယ် ဒီလို အမွှေးတွေ ရှိလည်း အဆင်ပြေတယ်ဆိုသူတွေကတော့ ကိစ္စမရှိပါဘူး )
ဂျိုင်း ဆိုရင်လည်း ( Armpit Hair ) ဂျိုင်းမွှေးရှိနေတာကြီးက အတော်အဆင်မပြေပါဘူးနော် အဲ့ဒါတော့ ဖယ်ရှားသင့်ပါတယ်
Private Area Bikini Line မှာရှိရင်လည်း Swim Suit လှလှလေးတွေဝတ်တဲ့ခါ အဆင်မပြေနိုင်တာမို့ ဒီလိုနေရာတွေပါ ဖယ်ရှားသင့်တယ်လို့ Me ကတော့ မြင်ပါတယ် ။
ဒီလို မလိုလားအပ်တဲ့ Hair တွေ မရှိချင်ပါဘူး ပြောင်ရှင်းနေတာမျိုးပဲ ကြိုက်တယ်ဆိုရင်ကတော့ ဖယ်ရှားလို့ရတဲ့ နည်းတွေရရှိပါတယ် ....
👉 ရိတ်မလားဆို ❌
ပိုပြီးသန်စေပြီး ရိတ်တဲ့ ကရိယာကမသန့်ရင် Infection ဝင်နိုင်လို့ မလုပ်ပါဘူး ၊ စင်သွားတာ မဟုတ်လို့ စူးပြီကျန်ပါတယ်
👉 Hair Revomer Cream / Spray တွေသုံးမလားဆိုလည်း ❌ သူက Chemical ပြင်းပြင်းနဲ့ အမွှေးတွေကို ပြတ်အောင်လုပ်တာပါ အမြစ်က ကျွတ်ပါသွားတာမျိုး မဟုတ်ပါဘူး စူးရှရှနဲ့ ကျန်ခဲ့ပါတယ် ၊ Chemical များလို့အရေပြားတွက် မလိုလားအပ်သော အခြားဆိုးကျိုးတွေပါ ရှိနိုင်တာဖြစ်လို့ မကြိုက်တာပါ
👉 Waxing ✅ ဆိုရင်တော့ ရွေးပါမယ် သူကတော့ အမြစ်ကနေ အရှင်းပါသွားတာ ဖြစ်လို့ ပြောင်ရှင်းပြီး ချောစေတယ် အသစ်ပြန်ထွက်ဖို့က ၁ ပတ် ၂ ပတ်လောက်ကြာတာမို့ တစ်ခါလုပ်ပြီးရင် ၂ ပတ်တော့ အေးဆေးနေလို့ရတယ် ( တစ်ယောက်နဲ့ တစ်ယောက် Hair Growth ဖြစ်တာခြင်းမတူလို့ ဘယ်နှရက်မှာ ပြန်ထွက်သလဲဆိုတာက အတိကျ ပြောလို့မရပါဘူး )
Waxing လုပ်ရင် နာလားဆို ... စစခြင်းမှာ နာပါတယ် အတွေ့ကြုံ မှ မရှိသေးတဲ့ချိန်ဆိုတော့ နာတာကို ခံစားရမှာပါ ၊နောက်ဆို အေးဆေးဖြစ်သွားပါတယ်
မိန်းကလေးတွေပဲလားဆိုရင်က ယောကျာ်းလေးတွေ ဆိုရင်လည်း မှုတ်ဆိတ်မွှေး ၊ နှုတ်ခမ်းမွှေးတွေကို မရိတ်ချင်ရင် Waxing လုပ်လို့ရပါတယ်နော်
👉 IPL စက်နဲ့ ဖယ်ရှားတာ ✅ ဒီနည်းက သုံးတာများရင် အမွှေးလုံးဝ မပေါက်တော့တဲ့ထိ ဖြစ်တာမို့ အကောင်းဆုံးလို့တော့ ပြောလို့ပါတယ် ၊ ဒါပေမယ့် စက်က ၂ သိန်း ဝန်းကျင်မှာရှိတာမို့ အရင်းအနှီးတာ့များတယ် ၊ စာတွေ့အရလေ့လာဖူးပေမယ့်၊ ကိုယ်တိုင်လည်းမသုံးဖူးသေးတော့ နောက်ပိုင်းသုံးဖြစ်ရင်တော့ Sharing လုပ်ပေးပါ့မယ်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Waxing လုပ်မယ်လို့ ရွေးချယ်လိုက်ရင် Waxing လုပ်ဖို့ Product တွေထဲမှာက အမျိုးမျိုးရှိပါသေးတယ်
👉 အဆင်သင့် သုံးလို့ရတဲ့ Strip အရွက်တွေနဲ့ လာတာရှိတယ် ခွာပြီး Waxing လုပ်ချင်တဲ့ နေရာမှာ ကပ်ပြီး ပြန်ခွာတာမျိုး ဈေးနှုန်းအမျိုးမျိုးရှိသလို တစ်ကိုယ်လုံး Waxing လုပ်မယ်ဆို ကုန်ကျစရိတ် များပါတယ် နာလည်းနာတယ် စပ်ဖြင်းဖြင်းနဲ့ကျန်ခဲ့ပါတယ် သုံးဖူးပါတယ် သိပ်မကြိုက်ပါဘူး ( Me ရွေးတဲ့ Brand က မကောင်းတာလည်းဖြစ်နိုင်ပါတယ် )
👉 Hard wax အပူပေးပြီးမှ သုံးရတာမျိုးပါ Wax အစေ့လေးတွေကို Wax အိုးထဲထည့် အပူေပးပြီး သုံးရတဲ့ Wax မျိုးကြတော့ အပူအချိန်ဆ မတတ်ရင် အသားပါအပူလောင်တာမို့ ( Professional ဆိုင်တွေမှာသာ လုပ်သင့်တာမျိုးပါ ကိုယ်တိုင် လုပ်တတ်လို့ သုံးနေတဲ့သူတွေလည်းရှိကြပါတယ် )
👉 Hard Wax အဆင့်သင့်ဖျော်စပ်ပြီးသား ဒီတိုင်းဆို ခဲနေပါတယ် သုံးခါနီးမှာ ပုလင်းကို ရေနွေးထဲ ( ၅ ) မိနစ်စိမ်ပြီး ပူလာရင် အထဲက Wax တွေက အရည်ပျော်လာချိန်မှာ သုံးပေးတာမျိုးလည်းရှိပါတယ် အရည်တအားပျော်ရင် ပူလွန်းတာမို့ ( အပူကို အချိန်ဆ နဲ့ သုံးတတ်ရင် ရပါတယ် ) Hard Wax တွေက အဓိက Private Area ဖြစ်တဲ့ Bikini line လိုနေရာနဲ့ Armpit Hair အတွက် သုံးပါတယ်
👉 Soft wax လိုအမျိုးစားကတော့ အပူပေးစရာမလို ပဲ
လိုသလောက်ယူပြီး သုံးလို့ရပါတယ် ခြေသလုံးနဲ့ လက်လိုနေရာတွေမှာပဲ အဓိကသုံးပါတယ် မနာပါဘူး တချက်လောက်ပဲ စစ်ခနဲဖြစ်တာပဲရှိတယ် အဆင်ပြေတယ် ( Armpit Hair နဲ့ Private Area တွေမှာဆို မတိုးဘူးလို့ ပြောရမယ် )
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Waxing လုပ်တဲ့ခါမှာ ဆောင်ရန် ရှောင်ရန်တွေက ရှိပါတယ် အတိကျလေး လုပ်ပေးမယ်ဆိုရင် ယောင်ယမ်းတာတွေ အနာဖြစ်တာတွေ လောင်တာတွေ မဖြစ်စေပါဘူးနော်
👉 Waxing လုပ်ဖို့ စိတ်ကူးထားရင် Scrub လုပ်တာနဲ့ ၂ ရက် ၃ ရက်လောက်ခြားပေးပါ ( ဒီနေ့ Scrub လုပ်ပြီး ဒီနေ့ Waxing လုပ်တာမျိုး မလုပ်ရပါဘူး အနည်းဆုံး ၂ ရက်ခြားပြီးမှ လုပ်ပါ )
👉 Waxing လုပ်မယ့်နေရာကို သန့်စင်ထားပါ
👉 Hair တွေက အရမ်းရှည်နေရင် 0.5 or 1 cm လောက်ချန်ပြီးညှပ်ပေးပါ ( Private Area တွေဆိုရင်ပေါ့နော် ) ( ခြေသလုံးနဲ့ လက်က 1 cm အထိသာ အလွန်ဆုံး ရှည်တတ်လို့ ညှပ်စရာမလိုပါ )
👉 ရေခြောက်အောင်သုတ်ပြီး Baby Powder ဖြန့်လိမ်းပေးပါ
👉 Wax ကို အဆင်သင့်ပါတဲ့ တုတ်တံနဲ့ ယူပြီး အမွှေးပေါက်ရာ Direction တိုင်း လိမ်းပေးပါ ➡️➡️
👉 Waxing ခွာဖို့သုံးတဲ့ အစကို ဖိကပ်ပါ ၃၀ စက္ကန့်ထားပြီးရင် အမွှေးပေါက်ရာ Direction ရဲ့ ပြောင်းပြန်ကို ⬅️⬅️ ဆတ်ခနဲ ခွာပါ
👉 တဖက်ခွာပြီး ( ခြေသလုံး တစ်ဖက် Waxing လုပ်ပြီး နောက်တစ်ဖက် ကိုလုပ်တော့မယ်ဆိုရင် Waxing လုပ်ပြီးသားဘက်ကို ရေခဲရေစွတ်ထားသော အဝတ်သန့်စဖြင့် ခဏ အုပ်ထားပေးပါ )
👉 Waxing လုပ်ပြီး ( ၂ ) မိနစ်ဆို မွှေးညှင်းပေါက်လေးက ယောင်သလိုဖြစ်ပြီး အဖုလေးတွေထလာပါတယ် အဲ့ချိန်မှာ ရေခဲရေစွတ်ထားသော အဝတ်သန့်နဲ့ပဲ ခဏအုပ်ပေးထားပါ ၊ ယားသလိုဖြစ်ရင်လည်း မကုတ်မိပါစေနဲ့ ၊ အအေးဓာတ် ကုန်သွားပြီးရင် ဖယ်ပြီး ရေခြောက်အောင်သန့်ပေးပါ
👉 Aloevera Gel လေးလိမ်းထားလည်းရသလို
Chemical မပါတဲ့ Body Oil ခပ်ပါးပါးလိမ်းပေးထားပါ
Baby Oil လိမ်းထားပေးလည်းရပါတယ်
Chemical များတဲ့ Lotion တွေ မလိမ်းပါနဲ့
👉 Waxing လုပ်ထားတဲ့ နေရာကို တင်းကြပ်တာတွေ မဝတ်ပါ နဲ့ ( ၂ ရက်လောက် ရှောင်ပေးပါ )
👉 Waxing လုပ်ပြီး ၂ ရက် ၃ ရက်အကြာမှာ Scrub ခပ်ဖွဖွ တိုက်ပေးပါ
👉 နောက်ရက်တွေမှာ ပုံမှန် လိမ်းနေကြ Lotion လိမ်းလို့ရပါတယ်
👉 Private Area ကို Waxing လုပ်မယ်ဆိုရင်
After Period ချိန်မှာ လုပ်ပေးရင် ပိုအဆင်ပြေပါတယ်
ဒီ အချက်တွေက Waxing လုပ်တဲ့ချိန်တွေက သတိထားပေးရမယ့် အချက်တွေပါ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Waxing Product ထုတ်ထားတဲ့ Local Brand တွေအနေနဲ့ မိမိ Product အကြောင်းကို Comment မှာ ကြေ ငြာနိုင်ပါတယ်
Me Review ရေးခဲ့ဖူးတဲ့ Waxing Local Brand တွေကိုလည်း Comment မှာပဲ Link ပြန်ချပေးပါ့မယ်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ဒီအချိန်မှာ ကျန်းမာရေးကို အထူးဂရုစိုက်ကြပါလို့ မှာချင်ပါတယ်ရှင် မပေါ့ပါနဲ့နော်
အားလုံးပဲ လှသထက် ပိုလှနိုင်ကြပါစေရှင်