07/06/2026
𝐌𝐀𝐁𝐀 𝟏𝟎𝐭𝐡 𝐘𝐞𝐚𝐫𝐬 𝐀𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲 ပွဲကြီးရဲ့ နောက်ဆုံးရက်လေးမှာ 𝐋𝐢𝐧 𝐇𝐭𝐞𝐭 ဆိုင်ခန်းလေးဆီကို အရောက်လာပြီး အားပေးကြတဲ့ ချစ်ရတဲ့ မိတ်ဆွေတွေ၊ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေအကုန်လုံးကို ရင်ထဲကနေ အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင် 💗✨
ဒီနှစ်ပွဲလေးမှာ ဆုံတွေ့ခွင့်ရခဲ့တာ တကယ်ကို ဝမ်းသာပီတိဖြစ်ရသလို၊ အားပေးမှုတွေကြောင့်လည်း အမောတွေအကုန်ပြေပြီး အရမ်းကို ခွန်အားရရှိခဲ့ပါတယ်💘
လာမယ့်နှစ်ပွဲတွေမှာလည်း အခုလိုမျိုး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လည်ဆုံတွေ့ကြဖို့ မျှော်လင့်နေပါတယ်နော်
📣 ဒါနဲ့... မလာရသေးတဲ့သူတွေရှိသေးလားနော်?
လာရောက်အားမပေးရသေးဘူးဆိုရင် ကျွန်မတို့ 𝐋𝐢𝐧 𝐇𝐭𝐞𝐭 ဆိုင်ခန်းလေးက ဒီနေ့ညပိုင်းအထိ ရှိနေဦးမှာမို့လို့ အချိန်ရရင် အမြန်လေးလှမ်းခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်
📍 နေရာလေးကတော့ - 𝐌𝐚𝐧𝐠𝐚𝐥𝐚𝐫 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 (𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 𝐀𝐫𝐞𝐚) မှာ ရှိနေတာမို့လို့ လက်လွတ်မခံဘဲ အရောက်လှမ်းခဲ့ကြဖို့ အခုပဲ ဖိတ်ခေါ်လိုက်ပါတယ်နော်💭