26/07/2020
စိတ်
လူ့စိတ် ပြောင်းရင် စာရိတ္တ ပြောင်းသွားတယ်။
စာရိတ္တ ပြောင်းရင် အမြင် ပြောင်းသွားတယ် ။
အမြင် ပြောင်းရင် ပတ်ဝန်းကျင် ပြောင်းသွားတယ်။
ပတ်ဝန်းကျင် ပြောင်းရင် ကံကောင်းမှု ပြောင်းသွားတယ်။
ကံကောင်းမှု ပြောင်းရင် မိမိရဲ့ ကံဇာတာပြောင်းသွားတယ်။
တကယ်ယုံကြည် အားထားရမှာက
မိမိရဲ့စိတ်ပါ။
ရက်ရာဇာတွေ ပြသဒါးတွေ မဟုတ်ဘူး၊ ကိုယ်မှာဆင်တဲ့အဆောင်အယောင်တွေ၊ ပရိတ်ကြိုးတွေ၊ အထုံးအဖွဲ့တွေမဟုတ်ဘူး။
စိတ်အတွင်းမှာသာ စိတ်ကောင်းခြင်း ၊ နူးညံ့ခြင်း ၊ ခွင့်လွှတ်ခြင်း၊
သဘောထားကြီးခြင်း၊ ကိုယ်ချင်းစာခြင်း စတဲ့ စိတ်ရဲ့ Cosmetics တွေနဲ့ အလှဆင်မယ်၊ မေတ္တာကို စိတ်ထဲကပေါက်ဖွားမယ်၊ပတ်ဝန်းကျင်ကို စိတ်နဲ့သဟဇာတ
ဖြစ်အောင်လုပ်မယ်။
ရှေးလူကြီးတွေကပြောတယ် -
စိတ်တစ်ချက် ကိုင်တတ်ပြီဆိုရင်
ကောင်းကင်နဲ့ မြေကြီးကအစ
နားလည်တတ်လာတယ် တဲ့...၊
စိတ်ထဲက ကုသိုလ်၊ အကုသိုလ္ကို
ထိန်းနိုင်ရင် တစ်ကိုယ်ကောင်း
ဆန်မှုတွေ လျော့ပါးသွားတယ် ။
လူအချို့ကို ကြာပန်းလို....ဝေးဝေးက ကြည့်မှ သူ့အလှမြင်တယ် ။
လူအချို့ကို လက်ဖက်ခြောက်လို.
ကြာကြာနှပ်ထားမှ သူ့အရသာ အစစ်သိတယ် ။
လူအချို့ကို လေပြည်လို...ဂရုမစိုက်သင့် မစိုက်ဘဲနေရတယ် ။
လူအချို့ကို သစ်ပင်လို မှီခိုသင့် မှီရတယ် ။
အားလုံးက ရေစက်ပဲလေ၊
လူ့ဘဝဆိုတာ တရားကျင့်တာ၊
မိမိရဲ့ စိတ်နှလုံးသားတစ်ခုကို ကျင့်ယူရမှာ ။
စိတ်ပျော့ပျောင်းသွားပြီ...အရာရာလှပသွားပြီ ။
စိတ်သန့်စင်သွားပြီ...ပတ်ဝန်းကျင် ကြည်လင်သွားပြီ ။
စိတ်ပျော်ရွှင်သွားပြီ....ဘဝကြီး ချမ်းသာသုခပြည့်သွားပြီ ။
ဒီတစ်သက်မှာ ဘဝက ဘယ်အခြေအနေပဲဖြစ်ဖြစ် သူတပါးပေါ် မလွှဲချဘူး၊ ရှိသမျှ ပျော်၊ ဒေါ ၊ ညစ်၊ ပြုံး၊ မုန်း၊ အားလုံးက ကိုယ့်ကိုဖန်တီးတာ။
သင့်ရဲ့အကောင်းဆုံးကို သူများကိုပေးကြည့်လိုက်၊ သူများရဲ့အကောင်းဆုံးက သင့်ဆီပြန်လာတယ် ။
သင်သူများကို ကူညီတာများလေလေ၊ သူများဆီက သင်အကူအညီပိုရလေလေ ။
သင်က အုတ်တံတိုင်းမြင့်မြင့် ကာလေလေ၊ နောက်ဆုံး အုတ်တံတိုင်းပတ်ပတ်လည်မှာ သင်တစ်ယောက်တည်း ကျန်ခဲ့ရလေလေ ။
နှိမ့်ချကျိုးနွံမှု များများနဲ့ချီးမွမ်း ထောပနာများများ အသုံးချတတ်ရင် လူ့ဘဝမှာနေရတာ ပျော်ရွှင်မယ် ။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး