T-Htay

T-Htay good

I have reached 500 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
06/12/2023

I have reached 500 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉

☘️Today_Sold Out (5.92023)☘️ရွှေဆား-10ထုပ် နောင်ချိုသို့ Go မည်
05/09/2023

☘️Today_Sold Out (5.92023)

☘️ရွှေဆား-10ထုပ် နောင်ချိုသို့ Go မည်

ရွှေဆား အထုပ် -250 ရောက်တော့မယ်ရှင့်....အဲဒီထဲက 100 ... Sold Out.... #မှာယူလိုပါက #မမ၁၆... တိုက် ၄ အခန်း-(005)-မြေညီထပ် ...
12/08/2023

ရွှေဆား အထုပ် -250 ရောက်တော့မယ်ရှင့်....

အဲဒီထဲက 100 ... Sold Out....

#မှာယူလိုပါက

#မမ၁၆... တိုက် ၄ အခန်း-(005)-မြေညီထပ်
X ၁၁၇ E
#မြရည်နန္ဒာ အိမ်ရာ (Mdy)
#အိမ်ရာထဲ Deli Free ပါ....
#ဖုန်း09969633238ကိုဆက်သွယ်မှာယူနိုင်ပါတယ်
#ဆိုင်လာ၀ယ်ရင်လည်းရပါတယ်....

 #အုန်းမှုတ်ခွက်နင်းခြင်းရဲ့အကျိုးကျေးဇူးများ သွေးတိုး၊ ခေါင်းကိုက်၊ ခါးနာများအတွက် ဆေးနည်းသာမန်ခေါင်းကိုက်၊ ခေါင်းမူး၊ ...
15/07/2023

#အုန်းမှုတ်ခွက်နင်းခြင်းရဲ့အကျိုးကျေးဇူးများ
သွေးတိုး၊ ခေါင်းကိုက်၊ ခါးနာများအတွက် ဆေးနည်း
သာမန်ခေါင်းကိုက်၊ ခေါင်းမူး၊ နောက်ကျောတက်၊ ခါးနာ၊ ခြေထောက်ကိုက်ဖြစ်ရာကနေ တစ်စတစ်စနဲ့ သွေးတိုးရောဂါ၊ လေငန်းရောဂါ၊ မျက်စိမှုန် ပါဝါတိုး၊ မျက်ရိုးကိုက်၊ အကြောတက် စသဖြင့် ရောဂါဟာ ကြီးထွားလာတတ်ကြပါတယ်။***

ဒီလို လူတိုင်းအဖြစ်များနေတဲ့ရောဂါများဟာ ပထဝီဓါတ်နှင့် ဝါယောဓါတ်တို့ မညီမျှရာကနေစပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေပါပဲ။

အထက်ပါရောဂါများ မဖြစ်ရလေအောင်၊ ဖြစ်ပြီးသူများလည်း ရောဂါ သက်သာပျောက်ကင်းအောင် အုန်းမှုတ်ခွက်နင်းခြင်းဖြင့် ကာကွယ်နိုင်ကြပါတယ်။ အုန်းမှုတ်ခွက်နင်းခြင်းဟာ ရှေးမြန်မာဆေးကျမ်းများနှင့် ရှေးအိန္ဒယဆေးနည်း၊ တရုတ်ဆေးနည်းများတွင်လည်း ဖော်ပြထားကြပါတယ်။ လက်တွေ့ပျောက်ကင်းသူများလည်း အများအပြားရှိနေပါတယ်။

(၁) ခြေအသင့်နင်းနိုင်မည့် အုန်းမှုတ်ခွက် (၂)ခုကို ပရဆေးဆိုင် သို့မဟုတ် အုန်းသီးဆိုင်တို့မှာ မေး၀ယ်ပါ။

(၂) အုန်းမှုတ်ခွက် (၂)ခုကို မှောက်လျှက်ထားပြီး ကိုင်စရာဝါးတန်း သို့မဟုတ် ကြိုးတန်း လုပ်ထားပါ။

(၃) အုန်းမှုတ်ခွက်ပေါ်ကို ခြေထောက်နှစ်ချောင်းက တက်နင်းပြီး ဘယ်ညာ အကြိမ်(၁၀၀) တက်နင်းပါ။ ၅ မိနစ်ခန့်သာ ကြာပါတယ်။

(၄) အထက်ပါနည်းများကို မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီး ခြေထောက်ကို ရေဆေးပြီးတစ်ကြိမ် ပြုလုပ်ပြီးမှ အိပ်ယာ၀င်ပါ။

#သတိပြုရန် -
အုန်းမှုတ်ခွက်နင်းပြီး တစ်ကိုယ်လုံးရှိ သွေးကြောများ လည်ပတ်၍ အပူရှိန်တက်နေစဉ် ရေလုံး၀ မချိုးရပါ။ နင်းပြီး အနည်းဆုံး ၃ နာရီ သို့မဟုတ် ၄ နာရီရှိမှသာ ချိုးပါ။

အထက်ပါနည်းအတိုင်း ပုံမှန်နင်းသွားပါက ၂ လအတွင်း ခန္ဓာကိုယ်မှ အပူများ လျှော့ကျသွားပြီး အကြောများ၊ ကြွက်သားများ လုပ်ဆောင်မှုအားကောင်းလာကာ မျက်စိမှုန်ခြင်း၊ ဇက်ကြောတက်ခြင်း၊ သွေးတိုး၊ လေငန်းရောဂါများ သက်သာပျောက်ကင်းသွားပါမည်
.မူရင်းရေးသားသူ အားလေးစားစွာဖြင့် 🙏

နေ့စဉ်နဲ့အမျှ ကျန်းမာရေးpostကိုတင်ပေးသွားမှာဖြစ်လို့ page ကို Like & follow လုပ်ပေးခဲ့ပါအုံးနော်🙏

Cervical spondylosis ( ဇက်ကျီးပေါင်း )  ကျောရိုးက ခန္ဓာကိုယ်ပုံစံကို ဖြစ်စေပြီး ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။ ကျောရို...
14/07/2023

Cervical spondylosis ( ဇက်ကျီးပေါင်း )

ကျောရိုးက ခန္ဓာကိုယ်ပုံစံကို ဖြစ်စေပြီး ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။ ကျောရိုးက အာရုံကြောတွေကို သယ်ဆောင်၊ကာကွယ်ထားတယ်။ ကျောရိုးကို ကျောရိုးဆစ်တွေ နှင့် ဖွဲ့စည်းထားပြီး ကျောရိုးဆစ်တွေကြား ခပ်ပျော့ပျော့ အရိုးဝါရှာလေး ( intervertebral discs )တွေရှိတယ်။

Spondylosis ( ကျီးပေါင်းရောဂါ ) ဆိုတာ ကျောရိုးတစ်လျှောက် ထိခိုက်မှု ( wear and tear ) ကြောင့်ဖြစ်တဲ့ အဆစ်ရောင်ရောဂါလို့ ယူဆလို့ရတယ်။ အဆစ်နှစ်ခုကြား အရိုးဝါရှာလေး ( discs ) ပျက်စီးတာဖြစ်ဖြစ်၊ အဆစ်တွေ ပျက်စီးတာဖြစ်ဖြစ်၊ အရိုးအတက် (bone spurs ) ထွက်တာဖြစ်ဖြစ် ကျီးပေါင်းရောဂါဝေဒနာ ခံစားရနိုင်တယ်။ ကျီးပေါင်းရောဂါကြောင့် ကျောရိုးလှုပ်ရှားမှု အကန့်အသတ်ဖြစ်မည်။ အာရုံကြောတွေထိခိုက်တာအပြင် အခြားနောက်ဆက်တွဲတော်တော်များများဖြစ်နိုင်တယ်။

ကျောရိုးကျန်းမာရေး နေ့စဉ်ဂရုမစိုက်ခြင်းက ကျီးပေါင်းရောဂါဖြစ်စေသော ပင်မအကြောင်း ဖြစ်ပါတယ်။ မျိုးရိုး၊ အဝလွန်ခြင်း၊ လေ့ကျင့်ခန်း မပြုလုပ်ခြင်း၊ ကျောရိုးခွဲစိတ်မှု၊ ဆေးလိပ်သောက်ခြင်း၊ အလေးအပင်ဖြင့် ဆောင်ရွက်ရသော အလုပ်များ၊ အော်တိုအင်မြူးရောဂါတွေကြောင့် ကျီးပေါင်းရောဂါဖြစ်နိုင်ပါတယ်။

ကျီးပေါင်းရောဂါရဲ့ ဆိုးကျိုးက တစ်ယောက်နဲ့ တစ်ယောက်မတူကြပါ။ ကျီးပေါင်းရောဂါကြောင့် နာကျင်၊ တောင့်တင်းမည်။ သက်သာသွားလိုက်၊ ပြန်ဖြစ်လိုက်ပဲ။ခြေလက်တွေ အားနည်းလာမည်။ ကြွက်သားနာကျင်နိုင်တယ်။ ခေါင်းကိုက်မည်။ အသက်ကြီးသူတွေ နှင့် လူတစ်ချို့မှာ အရိုးဝါရှာလေးတွေပျက်စီးသွားနိုင်တယ်။ပိုပြီးဆိုးတဲ့အခြေအနေမှာ ကျောရိုးရှိ အာရုံကြောထွက်ပေါက်လေးတွေကျဉ်းသွားနိုင်တယ်။ အာရုံကြောတွေ ပိသွားနိုင်တယ်။ ဒါကြောင့် လမ်းလျှောက်ရခက်မည်။ ဆီး နှင့်ဝမ်း မထိန်းနိုင်ဖြစ်တတ်တယ်။

ဇက်ကျီးပေါင်းရောဂါ ( cervical spondylosis ) က တွေ့ရအများဆုံး ကျီးပေါင်းရောဂါ ဖြစ်တယ်။ အသက်ကြီးသူတွေမှာ cervical spondylosis ( ဇက်ကျီးပေါင်း ) အဖြစ်များတယ်။ ဇက်မှာရှိတဲ့ ဇက်ကျောရိုး နှင့် ဇက်ကျောရိုးနှစ်ခု ဆက်စပ်ပေးတဲ့ ဝါရှာလို အရိုးနုလေးတွေ ပျက်စီးခြင်းကြောင့် ဇက်ကျီးပေါင်းဖြစ်လာတာပါ။ ဇက်ကျီးပေါင်းကို ဇက်အဆစ်ရောင်ခြင်း ( neck arthritis ) သို့မဟုတ် cervical osteoarthritis လို့ လည်းခေါ်ပါတယ်။

အသက် ၆၀ နှစ် နှင့် အထက် အသက်ကြီးသူ ၉၀% ကျော်ကျော်လောက် ဇက်ကျီးပေါင်းရောဂါ ခံစားရတယ်လို့ the Cleveland Clinic က ဆိုပါတယ်။ အသက်ကြီးရင့်လာလို့ ဇက်ကျီးပေါင်းဖြစ်တယ်လို့ အလွယ်ပြောလို့ရပါတယ်။ ဇက်အရိုး ထိခိုက်မှုများ၊ ဇက်ကိုထိခိုက်စေသော အလေးမရသော အလုပ်များ ( ဥပမာ - ဆောက်လုပ်ရေး လုပ်သားများ ) ၊ ဇက်ကျီးပေါင်းရောဂါ မျိုးရိုးရှိသူများ၊ ဆေးလိပ်သောက်သူများ၊ အဝလွန်သူများမှာ ဇက်ကျီးပေါင်းရောဂါပိုဖြစ်နိုင်ပါတယ်။

တစ်ချို့ဇက်ကျီးပေါင်းရောဂါရှိသူတွေက ဝေဒနာမခံစားရပေမည့် ဇက်ကျီးပေါင်းကြောင့် ပြင်းထန်သော နာတာရှည် နာကျင်မှု နှင့် ဇက်တောင့်တင်းခြင်းတြွေဖစ်နိုင်ပါတယ်။ ဇက်ကျီးပေါင်းရောဂါကြောင့် ပုခုံးတစ်လျှောက်နာကျင်မှုဖြစ်နိုင်ပါတယ်။ လက် နှင့် လက်ချောင်းလေးတွေ နာကျင်တာလည်း ဖြစ်နိုင်ပါတယ်။ မတ်တပ်ရပ်ချိန်၊ ထိုင်နေချိန်၊ နှာချေချိန် နှင့် ချောင်းဆိုးချိန်တွေမှာ နာကျင်မှုပိုဆိုးနိုင်ပါတယ်။

ကြွက်သားအားနည်းခြင်းလည်း ဖြစ်နိုင်ပါတယ်။ လက်ကို မတင်ရခက်တာ၊ ပစ္စည်းတွေကို ဆုတ်ကိုင်ရခက်တာတြွေဖစ်လာနိုင်တယ်။ ဇက်ကြောတောင့်တင်းနေတာ၊ ခေါင်းအနောက်ဘက်ကိုက်နေတာ၊ ပုခုံး နှင့် လက်မောင်း တစ်လျှောက် စပ်ဖျဉ်းဖျဉ်း သို့မဟုတ် တဆစ်ဆစ်ကိုက်ခဲနေတာလည်း ကြုံရနိုင်တယ်။ ခန္ဓာကိုယ်မထိန်းနိုင်ခြင်း ၊ ဆီးမထိန်းနိုင်ခြင်း နှင့် ဝမ်းမထိန်းနိုင်ခြင်းတွေလည်းဖြစ်နိုင်တယ်။

တစ်ချို့ဇက်ကျီးပေါင်းရောဂါတွေက အထူးအထွေကုသဖို့မလိုဘူး။ ဇက်ကိုရေနွေးအိတ်ကပ်တာ သို့မဟုတ် ရေခဲကပ်တာ လုပ်ပေးနိုင်တယ်။ မြန်မြန်သက်သာစေဖို့ လေ့ကျင့်ခန်းလုပ်ပေးနိုင်တယ်။ ဝေဒနာ ယာယီသက်သာစေဖို့ neck brace or collar ကို အချိန်အတိုင်းအတာတစ်ခုထိ ဝတ်ထားလို့ရတယ်။

ဇက်ကျီးပေါင်းရောဂါအခြေအနေ မပြင်းထန်ချိန်မှာ ဇက်ကျီးပေါင်းကြောင့် နာကျင်လာလျှင် NSAID လို အကိုက်အခဲပျောက်ဆေးသောက်နိုင်တယ်။အကိုက်အခဲပျောက်ဆေးသောက်ခြင်းက ရေရှည်အတွက်တော့ အဆင်မပြေနိုင်ပါ။ အပ်စိုက်ခြင်း၊ နှိပ်နယ်ခြင်းတွေ ပြုလုပ်နိုင်တယ်။ ကိုယ်တိုင်ကုသမှုနဲ့ မလုံလောက်လျှင် ဆရာဝန် နှင့် ပြသပြီး ရောဂါအခြေအနေ နှင့် ပြင်းထန်မှုကို ရှာဖွေရမည်။ တစ်ချို့အခြေအနေတွေမှာ ခွဲစိတ်ခြင်းတွေပါပြုလုပ်ရနိုင်ပါတယ်။

ဇက်ကျီးပေါင်းရှိသူတစ်ယောက်အနေနဲ့ ရုတ်တရက် ပုခုံး၊ လက်မောင်း နှင့် ခြေထောက်တစ်လျှောက် စပ်ဖျဉ်းဖျဉ်း သို့မဟုတ် တဆစ်ဆစ် ကိုက်ခဲလာခဲ့လျှင် သို့မဟုတ် ရုတ်တရက် ဆီး နှင့် ဝမ်း မထိန်းနိုင်ဖြစ်လာခဲ့လျှင် အရေးပေါ်အခြေအနေဖြစ်ပြီး နီးစပ်ရာဆရာဝန်နှင့် အမြန်ဆုံးပြသ ကုသရပါမည်။ ခွဲစိတ်ကုသ လိုအပ်တာလည်း ဖြစ်နိုင်ပါတယ်။

Crd : Dr ဖြိုးမောင်မောင်

https://www.facebook.com/Premium-Lotaya%E1%80%9C%E1%80%AC%E1%80%81%E1%80%B0%E1%80%9C%E1%80%AC%E1%80%81%E1%80%B0-138343410113480/reviews/?ref=page_internal

ရွှေ ဆား 250 နဲ့အတူ ပါလာတဲ့ ကံစမ်းမဲလေးတွေ
14/07/2023

ရွှေ ဆား 250 နဲ့အတူ ပါလာတဲ့ ကံစမ်းမဲလေးတွေ

ကော်ဖီရောင်းတော့...နေ့တိုင်း ကော်ဖီသောက်ရတာပ...
12/07/2023

ကော်ဖီရောင်းတော့...နေ့တိုင်း ကော်ဖီသောက်ရတာပ...

06/07/2023

၅သိန်းခွဲဖိုး....Sold Out....

မိတ္တီလာ ကိုယ်စားလှယ်ကြီး - မခတ္တာအောင်ထံသို့ ပို့....

ဒူးနာ ခါးနာသမားများအတွက် ရွှေ ဆားလေးပါ...

အရင်း 30000 ကျပ်နဲ့

ကိုယ်ပိုင် လုပ်ငန်းစတင်လို့ရပါတယ်

#ဖုန်း09977303787သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်...

17/06/2023

#ဒူးနာခြင်းကိုသက်သာစေမည့်နည်းလမ်းများ

14/06/2023

💥ရွှေဆား အသုံးပြုပုံ💥

13/06/2023
💥သုံးစွဲသူရဲ့ တတိယအကြိမ်အမှာလေး💥
13/06/2023

💥သုံးစွဲသူရဲ့ တတိယအကြိမ်အမှာလေး💥

Address

115x115A. . . 59E
Mandalay

Telephone

09969659905

Website

Alerts

Be the first to know and let us send you an email when T-Htay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share