10/03/2026
ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်သလား ဒါမှမဟုတ် ခဏခဏ နိုးနေတတ်သလား... ကိုယ်တိုင် ရွေးချယ်နိုင်ပါတယ်။
ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေဖိုအတွက် အကျိုးကျေးဇူးများစွာရှိတဲ့ ယောဂလေ့ကျင့်ခန်း (Supta Virasana) ရဲ့ ကောင်းကွက်များကို မျှဝေပေးချင်ပါတယ်။
🌿 ထူးခြားတဲ့ အကျိုးကျေးဇူးများ
• အာရုံကြောစနစ်ကို ပြေလျော့စေခြင်း
Parasympathetic စနစ်ကို လှုဆော်ပေးလို စိတ်ကို ငြိမ်သက်စေပြီး အိပ်ပျော်ရလွယ်ကူစေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
• ခြေထောက်၊ ဒူး နှင့် တင်ပါးဆုံ ကြွက်သားများကို ပြေလျော့စေခြင်း
တစ်နေကုန် လမ်းအလျှောက်များသူ၊ မတ်တပ်ရပ်သူ ဒါမှမဟုတ် ထိုင်ပြီး အလုပ်လုပ်ရသူများအတွက် အလွန်သင့်လျော်ပါတယ်။
• ဝမ်းဗိုက်နှင့် အူလမ်းကြောင်းကို ပွင့်စေခြင်း
ညဘက်မှာ ဖြစ်တတ်တဲ့ ဗိုက်ကယ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတွေကို လျော့ပါးစေပါတယ်။
• ပေါင်ရှေ့ကြွက်သားများကို ဆွဲဆန့်ပေးခြင်း
ခြေထောက်တောင့်တင်းတာကြောင့် ညဘက် အိပ်မရဘဲ ဟိုဘက်ဒီဘက် လူးလှိမ့်နေရခြင်းကို သက်သာစေပါတယ်။
• ခါးအောက်ပိုင်း နာကျင်မှုကို သက်သာစေခြင်း (အောက်ခံပစ္စည်းများကို စနစ်တကျ အသုံးပြုပါက)
🧘♀️ အိပ်ခါနီး ဘေးကင်းစွာ လေ့ကျင့်နိုင်မည့် နည်းလမ်း
၁။ ဒူးထောက်ထိုင်ပြီး ခြေဖနောင့်နှစ်ဖက်ကြားတွင် တင်ပါးချထိုင်ပါ။
၂။ နောက်သို ဖြည်းညှင်းစွာ လှဲချပါ။
အကြံပြုချက်: ကျောအောက်တွင် ခေါင်းအုံး (သိုမဟုတ်) စောင်ခေါက်ထားသည်များကို ခုထားပေးပါ။
၃။ အကယ်၍ ဒူးအရမ်းတောင့်နေပါက...
• တင်ပါးအောက်တွင် ခေါင်းအုံးခံပေးပါ (သိုမဟုတ်) လုံးဝပြားချပ်အောင် လှဲမချပါနှင့်။
၄။ လက်ကို ဗိုက်ပေါ်တင်ပြီး အသက်ကို မှန်မှန်လေး ရှူသွင်းရှူထုတ်လုပ်ပါ။
၅။ ဤအနေအထားအတိုင်း ၁ မိနစ်မှ ၃ မိနစ်ခန့် နေပေးပါ (အိပ်ခါနီးတွင် အချိန်အကြာကြီး မပြုလုပ်သင့်ပါ)။
ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ကြပါစေရှင်။