K&M Car Sale ကိုပြည့်ကြီးကားရောင်းဝယ်ရေး

  • Home
  • Myanmar
  • Mandalay
  • K&M Car Sale ကိုပြည့်ကြီးကားရောင်းဝယ်ရေး

K&M Car Sale  ကိုပြည့်ကြီးကားရောင်းဝယ်ရေး ရောင်းလိုသည့်ကား ဝယ်ပါသည် ။

ဝယ်လိုသည့်ကား ရောင်းပါတယ် ဗျာ

ဘာကိုပဲဝယ်ဝယ်လိုအပ်မှဝယ် လိုအပ်မှရောင်းပါ ။

26/05/2026

ကားမှာ “Transmission Is Overheated” Warning မီးတက်ရင် ဘာကိုဆိုလိုတာလဲ? 🚗⚠️

ဒီ Warning မီးတက်လာပြီဆိုရင်
ကား Gear Box (Transmission) အပူချိန် အရမ်းမြင့်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။

Transmission က Gear ပြောင်းတဲ့စနစ်ဖြစ်ပြီး
အပူလွန်ကဲလာရင် Gear Box ထိခိုက်ပျက်စီးနိုင်ပါတယ်။

အဖြစ်များတဲ့အကြောင်းအရင်းတွေက 👇

✅ Transmission Fluid နည်းနေခြင်း
✅ Transmission Fluid ဟောင်းပြီး အရည်အသွေးကျခြင်း
✅ တောင်တက်လမ်းတွေမှာ ဝန်များပြီးမောင်းခြင်း
✅ Traffic ပိတ်တဲ့နေရာမှာ ကြာကြာမောင်းခြင်း
✅ Cooling System ပြဿနာရှိခြင်း

ဒီ Warning ကို မပေါ့ဆသင့်ပါဘူး ⚠️

ဆက်မောင်းနေမယ်ဆိုရင် 👇

❌ Gear ဆောင့်လာနိုင်တယ်
❌ Gear မဝင်တာတွေ ဖြစ်နိုင်တယ်
❌ Transmission ပျက်စီးနိုင်တယ်
❌ ပြင်စရိတ်အရမ်းများနိုင်တယ်

ဘာလုပ်သင့်လဲ? 👇

✔️ ကားကို လုံခြုံတဲ့နေရာမှာရပ်ပါ
✔️ Engine ကို ခဏအေးအောင်ထားပါ
✔️ Transmission Fluid စစ်ပါ
✔️ Warning မီးမပျောက်ရင် ဆိုင်မှာစစ်ဆေးပါ

ကား Warning မီးတွေက
“မပျက်ခင် ကြိုသတိပေးနေတာ” ဖြစ်လို့
မပေါ့ဆတာက အကောင်းဆုံးပါ 👍

25/05/2026

ကြိုစားရအောင် ♥

25/05/2026

ကားမှာ “Battery Not Charging” သို့မဟုတ် “Battery Flat” မီးတက်ရင် ဘာကြောင့်ဖြစ်နိုင်လဲ? 🚗🔋⚠️

ဒီ Warning မီးတက်လာပြီဆိုရင်
ကား Battery အားသွင်းစနစ်မှာ ပြဿနာရှိနေနိုင်ပါတယ်။
အဖြစ်များတဲ့အကြောင်းအရင်းတွေက 👇

✅ Alternator မကောင်းခြင်း
Alternator က ကားမောင်းနေချိန် Battery ကို အားပြန်သွင်းပေးတဲ့အပိုင်းပါ။
ပျက်သွားရင် Battery အားမတက်တော့ပါဘူး။

✅ Battery သက်တမ်းကုန်ခြင်း
Battery အဟောင်းတွေက အားမသိုလှောင်နိုင်တော့ဘဲ Flat ဖြစ်တတ်ပါတယ်။

✅ Battery Terminal ချောင်ခြင်း / ချေးတက်ခြင်း
Terminal မကောင်းရင် လျှပ်စစ်စီးဆင်းမှုမမှန်တော့ပါဘူး။

✅ Alternator Belt ချောင်ခြင်း
Belt ချောင်နေရင် Alternator ကောင်းကောင်းမလည်နိုင်တော့ပါဘူး။

✅ မီးတွေ၊ Accessories တွေ မပိတ်ထားခြင်း
ကားရပ်ထားချိန် မီးမပိတ်ထားရင် Battery အားကုန်နိုင်ပါတယ်။
ဒီလိုဖြစ်လာရင် 👇
⚠️ Self ဆွဲမရတော့နိုင်တယ်
⚠️ ကားစက်ရပ်သွားနိုင်တယ်
⚠️ Headlight အားနည်းလာနိုင်တယ်
ဘာလုပ်သင့်လဲ? 👇
✔️ Battery Terminal စစ်ပါ
✔️ Alternator Belt စစ်ပါ
✔️ Battery Voltage စစ်ပါ
✔️ Warning မီးတက်ရင် မပေါ့ဆဘဲ ဆိုင်မှာစစ်ဆေးပါ
Battery Warning မီးက သေးသေးလေးပေမယ့်
မကြည့်ဘဲထားရင် လမ်းပေါ်မှာ ကားရပ်သွားနိုင်ပါတယ် 🚘

25/05/2026

ကားမောင်းရင်း အိပ်ငိုက်မလာအောင် ဘာလုပ်သင့်လဲ? 🚗😴

အိပ်ငိုက်ပြီးကားမောင်းတာက
မူးပြီးမောင်းတာလောက်အန္တရာယ်ရှိနိုင်ပါတယ် ⚠️

ခရီးဝေးမောင်းတဲ့အချိန်၊ ညဘက်မောင်းတဲ့အချိန်တွေမှာ
ခဏလေးမျက်စိမှိတ်သွားတာတောင် Accident ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အိပ်ငိုက်မလာအောင် 👇

✅ ကားမောင်းခင် အိပ်ရေးဝအောင်အိပ်ပါ
✅ ၂ နာရီခြားတစ်ခါလောက် နားပါ
✅ ရေသောက်ပေးပါ
✅ Coffee သို့မဟုတ် အအေးသောက်နိုင်ပါတယ်
✅ ကားထဲလေဝင်လေထွက်ကောင်းအောင်လုပ်ပါ
✅ သီချင်းနားထောင်ပြီး အာရုံမကျစေပါနဲ့

ဒီလိုလက္ခဏာတွေရှိလာရင် ချက်ချင်းနားသင့်ပါတယ် 👇

❌ မျက်လုံးလေးလာခြင်း
❌ လမ်းအာရုံမစိုက်နိုင်တော့ခြင်း
❌ သမ်းတာများလာခြင်း
❌ Lane ကျော်မောင်းမိခြင်း

အရေးကြီးဆုံးက —
“ခဏနားတာက မိနစ်နည်းနည်းပဲကုန်ပေမယ့်
အန္တရာယ်ကိုတော့ အများကြီးကာကွယ်ပေးနိုင်ပါတယ်” 👍

Safe Driving 🚘

25/05/2026

ကားမောင်းတဲ့အချိန် Steering Wheel ကို ဘယ်လိုကိုင်သင့်လဲ? 🚗

Steering Wheel ကို မှန်ကန်စွာကိုင်တာက
ကားကို ပိုထိန်းနိုင်စေပြီး အရေးပေါ်အခြေအနေတွေမှာ တုံ့ပြန်မှုကောင်းစေပါတယ်။

အကောင်းဆုံးကိုင်နည်းကတော့ 👇

🕘 ဘယ်လက်ကို 9 နာရီနေရာ
🕒 ညာလက်ကို 3 နာရီနေရာမှာ ထားပြီး ကိုင်တာပါ။

ဒီပုံစံက Steering ကို Balance ကောင်းကောင်းထိန်းနိုင်ပြီး
ကွေ့တဲ့အချိန်၊ အရေးပေါ်ရှောင်တဲ့အချိန်တွေမှာ ပိုလုံခြုံပါတယ် 👍

မလုပ်သင့်တဲ့အရာတွေ ❌

❌ လက်တစ်ဖက်တည်းနဲ့မောင်းခြင်း
❌ Steering အပေါ်တည့်တည့်ကိုင်ခြင်း
❌ လက်ကို Steering အတွင်းထည့်ထားခြင်း
❌ Relax လွန်ပြီး ထိန်းမရအောင်မောင်းခြင်း

ဒါ့အပြင် 👇

✔️ Seat Position မှန်အောင်ချိန်ပါ
✔️ Steering ကို တင်းတင်းမဖိဘဲ သက်တောင့်သက်သာကိုင်ပါ
✔️ လမ်းပေါ်အာရုံစိုက်ပြီး မောင်းပါ

Steering ကို မှန်မှန်ကန်ကန်ကိုင်တတ်တာက
Safe Driving ရဲ့ အခြေခံအရေးကြီးဆုံးအချက်တစ်ခုပါ 🚘

23/05/2026

ကား Engine Oil နည်းသွားရင် ဘာဖြစ်နိုင်လဲ? 🚗⚠️

Engine Oil က အင်ဂျင်အတွင်းပိုင်းအစိတ်အပိုင်းတွေကို ချောမွေ့စွာအလုပ်လုပ်စေပြီး အပူချိန်ကိုလည်း လျော့ချပေးတဲ့ အရေးကြီးတဲ့ Fluid တစ်မျိုးပါ။

Oil နည်းသွားပြီဆိုရင် 👇

✅ Engine ပူတက်လာနိုင်တယ်
✅ စက်သံကြမ်းလာနိုင်တယ်
✅ ကားအင်အားကျလာနိုင်တယ်
✅ ဆီစားပိုများလာနိုင်တယ်
✅ Engine အတွင်းပိုင်း ပွတ်တိုက်မှုများပြီး ပျက်စီးနိုင်တယ်

တချို့အခြေအနေတွေမှာ Oil မရှိလောက်အောင်နည်းသွားရင်
Engine ဝက်ခြံတက်တာ၊ Engine Seize ဖြစ်တာအထိ ဖြစ်နိုင်ပြီး ပြင်စရိတ်အရမ်းများနိုင်ပါတယ် ⚠️

ဒါကြောင့် 👇

✔️ Oil Level ကို ပုံမှန် Dipstick နဲ့စစ်ပေးပါ
✔️ Oil Warning မီးတက်ရင် မပေါ့ဆပါနဲ့
✔️ သတ်မှတ် Kilometer ရောက်ရင် Oil လဲပေးပါ

ကားကို ဂရုစိုက်တာက နောင်တမရအောင် ကြိုကာကွယ်တာပါ 👍

🍀 SABARU SAMBAR  🍀  535  သိန်း🍀 Auto 2W   🍀 MDY 🍀 660 Cc 🍀🖤 White  Colour  🍀 အတိုက်အခိုက်ဂျိုမပါ 💛 အရှုတ်အရှင်း မရှိ 💜 စ...
22/05/2026

🍀 SABARU SAMBAR 🍀 535 သိန်း

🍀 Auto 2W 🍀 MDY 🍀 660 Cc 🍀

🖤 White Colour 🍀 အတိုက်အခိုက်ဂျိုမပါ

💛 အရှုတ်အရှင်း မရှိ 💜 စုံ ဂဏန်း 🍀 လက်တင်စီး

Engine Oil Auto Oil Coolent Plug Plug Coil

AirCon Car Air Filter Tyer Underbody Wire

Battery အားလုံးစစ်ဆေးပြီး 🍀 လိုင်စင်နီး 🧡

73 A 7 st × 8 st လမ်းကြား ဂေါက်ကွင်းပေါက်

အောင်မြေသာဇံ မြို့နယ် မန္တလေးမြို့

09442405113 - 09962305113



#ကံစမ်းမဲလုံးဝလုံးဝမရောင်းချပါ

🍀 Changan Cs 35  🍀  779 သိန်း🍀 Auto 2W   🍀 MDY 🍀 1500 Cc🐋  Gray  Colour  🍀 အတိုက်အခိုက်ဂျိုမပါ 💛 အရှုတ်အရှင်း မရှိ 💜 မ ဂ...
21/05/2026

🍀 Changan Cs 35 🍀 779 သိန်း

🍀 Auto 2W 🍀 MDY 🍀 1500 Cc

🐋 Gray Colour 🍀 အတိုက်အခိုက်ဂျိုမပါ

💛 အရှုတ်အရှင်း မရှိ 💜 မ ဂဏန်း 🍀 လက်တင်စီး

Engine Oil Auto Oil Coolent Plug Plug Coil

AirCon Car Air Filter Tyer Underbody Wire

Battery အားလုံးစစ်ဆေးပြီး 🍀 လိုင်စင်အသစ် 🧡

73 A 7 st × 8 st လမ်းကြား ဂေါက်ကွင်းပေါက်

အောင်မြေသာဇံ မြို့နယ် မန္တလေးမြို့

09442405113 - 09962305113



#ကံစမ်းမဲလုံးဝလုံးဝမရောင်းချပါ

21/05/2026

ကားမှာပါတဲ့ Child Lock ဆိုတာဘာလဲ? 🚗👶

Child Lock က ကားနောက်ခန်းတံခါးတွေကို အတွင်းကနေ မဖွင့်နိုင်အောင် လုပ်ထားတဲ့ Safety System တစ်ခုပါ။

ကလေးတွေ ကားစီးနေချိန်
မတော်တဆ တံခါးဖွင့်မိတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

Child Lock ဖွင့်ထားရင် 👇

✅ ကားအပြင်ဘက်ကနေ တံခါးဖွင့်လို့ရတယ်
❌ အတွင်းဘက် Handle နဲ့ ဖွင့်မရတော့ဘူး

အထူးသဖြင့် ကလေးငယ်ရှိတဲ့ မိသားစုတွေအတွက် အရမ်းအသုံးဝင်ပါတယ် 👍

ဘယ်လိုဖွင့်ရလဲ? 🔍

ကားနောက်တံခါးဘေးအနားမှာ
“Child Lock” ဆိုတဲ့ Switch သို့မဟုတ် Lever လေးရှိတတ်ပါတယ်။
အဲ့ဒါကို Lock ဘက်ပြောင်းလိုက်ရင် အသုံးပြုနိုင်ပါတယ်။

Safety Feature လေးတစ်ခုဖြစ်ပေမယ့်
အရေးပေါ်အချိန်တွေမှာ ကလေးတွေရဲ့ အသက်ကိုတောင် ကာကွယ်ပေးနိုင်ပါတယ် ❤️

20/05/2026

ကားတာယာလေ ဘယ်အချိန်ဖြည့်သင့်လဲ?
လေနည်းတာဘယ်လိုသိနိုင်လဲ? 🚗

တာယာလေဖိအားမှန်နေဖို့က ကားမောင်းတဲ့အချိန် Safety အတွက် အရမ်းအရေးကြီးပါတယ်။
လေနည်းနေရင် ဆီပိုစားတာ၊ တာယာစားမြန်တာ၊ Steering လေးလာတာတွေ ဖြစ်နိုင်ပါတယ်။

ဒါဆို ဘယ်လိုသိမလဲ? 👇

✅ တာယာကြည့်လိုက်ရင် ပြားနေသလိုမြင်ရတယ်
✅ ကားမောင်းတဲ့အချိန် Steering လေးလာတယ်
✅ ကားတစ်ဖက်ဆွဲသလိုခံစားရတယ်
✅ Tire Warning မီးတက်လာတယ်
✅ တာယာပူလာတာ မြန်တယ်

ဒီလိုလက္ခဏာတွေရှိရင် လေဖိအားစစ်သင့်ပါတယ်။

ဘယ်အချိန် လေဖြည့်သင့်လဲ? ⏰

✔️ မနက်ပိုင်း ကားမမောင်းခင်စစ်တာ အကောင်းဆုံးပါ
✔️ ခရီးဝေးမထွက်ခင် စစ်သင့်ပါတယ်
✔️ အနည်းဆုံး ၂ ပတ်တစ်ခါ စစ်ပေးသင့်ပါတယ်

တာယာဘေးမှာ PSI သတ်မှတ်ချက်ရှိပေမယ့်
အများအားဖြင့် Driver Door ဘေး Sticker မှာ ကားအတွက် သင့်တော်တဲ့ PSI ကို ရေးထားပါတယ် 👍

တာယာလေမှန်နေဖို့က ကိုယ့် Safety ကို ကာကွယ်ပေးတာနဲ့တူပါတယ် 🚘



K&M Car Sale

⛔အင်ဂျင်တုန်ခါပြီး စက်သံမမှန်တာဘာကြောင့်လဲ ⛔============================================================================...
20/05/2026

⛔အင်ဂျင်တုန်ခါပြီး စက်သံမမှန်တာဘာကြောင့်လဲ ⛔
================================================================================================
ဓာတ်ဆီအင်ဂျင်များတွင် အများဆုံးဖြစ်လေ့ရှိသော ပြဿနာမှာ လီဗာနင်းလိုက်လျှင် တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေသော အဂ်ဂျင်လည်ပတ်ပုံ မှုမမှန်သော ရောဂါဖြစ်သည်။ ဓာတ်ဆီအင်ဂျင်တစ်လုံးတွင် လောင်စာဆီပို့စနစ်၊ မီးပေးစနစ် (lgnition System) တို့သည် အဓိကကျသည်။ ဆီမမှန်၊ မီးမမှန်သော အင်ဂျင်သည် စွမ်းအားပြည့် အလုပ်မလုပ်နိုင်ဘဲ အင်ဂျင်စက်သံပါ မမှန်မကန်ဖြစ်လာသည်။

လီဗာနင်း၍ စက်ရှိန်မြင့်သော်လည်း အင်ဂျင်လည်ပတ်နှုန်း ချက်ချင်းတက်မလာဘဲ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေမည်။ အင်ဂျင်အတွင်း လောင်စာဆီများ၊ မီးလောင်ပေါက်ကွဲမှု ပြင်းအားမမှန်တော့ဘဲ နည်းလိုက် များလိုက် ဖြစ်ပြီး တုံ့ဆိုင်းနေ မည်။

အင်ဂျင်လည်ပတ်မှု မမှန်တော့ဘဲ တုံ့ဆိုင်း နေသော ပြဿနာအကြောင်းရင်းများစွာ ရှိပါသည်။ ချွတ်ယွင်းချက်ဖြစ်နေသော အားနည်းချက်များကို ရှာဖွေ စစ်ဆေး၍ ကုစားမှသာ အင်ဂျင်ပြဿနာများ ဖြေရှင်းနိုင်ပါမည်။ မော်တော်ယာဉ်နည်းပညာများ အဆင့်ဆင့် ပြောင်းလဲတိုးတက်လာခဲ့၍ ယနေ့ခေတ်ပေါ် အင်ဂျင်များနှင့် ခေတ်ဟောင်းအင်ဂျင်များ ဖွဲ့စည်းအလုပ်လုပ်ပုံ နည်း စနစ်များ ကွာခြားနေပါသည်။

ခေတ်ဟောင်းအင်ဂျင်ကို အပြစ်ရှာဖွေသော နည်းလမ်းနှင့် ခေတ်ပေါ်အင်ဂျင်များ စစ်ဆေးပုံနည်းလမ်းများ မတူညီပါ။ ခေတ်ဟောင်းကားများတွင် ကာပရိုက်တာစနစ်ကိုသုံးပြီး လေနှင့်လောင်စာကို ရောနှောပေးသည်။ ဒစ်စတြီဗျူတာသုံး၍ မီးဖြန့်ဝေသည်။ ရိုးရှင်းသည်။ လွယ်ကူသည်။ ခေတ်ပေါ်ကားများတွင် ကွန်ပျူတာစနစ်ကို သုံး၍ နည်းပညာရှုပ်ထွေးသည်။ ဆင်ဆာအာရုံခံ ကိရိယာများ သုံးထားသည်။ လောင်စာ ကို Injector က ဖြန်းပေးသည်။အင်ဂျင်ချွတ်ယွင်းချက် အပြစ်များကို မျက်မြင်စစ်ဆေးရုံဖြင့် ရောဂါရှာဖွေ၍ မရနိုင်ပါ။ ခေတ်ပေါ် ကားများကို ရောဂါရှာဖွေရန် Scan Tool သုံးရသည်။

အင်ဂျင်တစ်လုံး တုံ့ဆိုင်းတွန့်ဆုတ်နေသော အခြေအနေ၏ အဓိပ္ပာယ်မှာ အင်ဂျင်လည်ပတ်မှု စက်ရှိန်မြှင့်တင်လိုက်သော အချိန်တွင် အင်ဂျင်၏ စွမ်းအား ချက်ချင်းတက်မလာဘဲ နှေးလိုက် မြန်လိုက်ဖြစ်ပြီး စက်လည်ပတ်မှု ပုံမှန်မဟုတ်တော့ဘဲ အနှောင့်အယှက် အဟန့်အတားများရှိနေ၍ ဆတ်ခနဲ၊ တုံ့ခနဲသိမ့်ခနဲ ဖြစ်ပေါ်နေသော အခြေအနေမျိုးဖြစ်သည်။ ထိုအခြေ အနေမျိုးတွင် အင်ဂျင်စက်သည် ရုန်းအားမရှိဘဲ ကားတစ်စီးလုံး၏ ဝန်အလေးချိန်ကို ရွေ့လျားအောင် မစွမ်းဆောင်နိုင်ဘဲရှိ နေမည်။ အင်ဂျင်စက်၏ မူမမှန်သော လည်ပတ်မှုကြောင့် စွမ်းအားပါဝါ အပြည့်အဝထွက်မလာတော့ဘဲ ယာဉ်မောင်းသူကို ဒုက္ခပေးမည်။ တောင်ကုန်းတက်လမ်းမျိုးတွင် ရုတ်တရက် ဖြစ်လာပါက ကားနောက်ပြန်လိမ့်ဆင်းနိုင်သော အန္တရာယ်ရှိသည်။
Highway ထွက်မည့် ခရီးစဉ်တစ်ခုတွင် စတင်ထွက်လာခါစက ကားအင်ဂျင်ကောင်းနေသည်။ လမ်းတစ်ဝက်လောက် ရောက်ခါမှ ရုတ်တရက်ကောက်ကာငင်ကာ ထိုကဲ့သို့ အင်ဂျင်မမှန်တော့ဘဲ တုံ့ဆိုင်းနေလျှင် လမ်းခုလတ်၌ အားလုံး ဒုက္ခရောက်ကြရသည်။ အဘယ်ကြောင့် ကားအင်ဂျင်စက် တုံ့ဆိုင်းတွန့်ဆုတ်ဖြစ်နေရသနည်း။ ဖြစ်တတ်သော ချွတ်ယွင်း ချက် အားနည်းချက်များကို လေ့လာဆန်းစစ်လျှင် တွေ့နိုင်ပါသည်။ အဓိက အကြောင်းရင်းမှာ မီးနှင့်ဆီ မမှန်၍ ဖြစ်သည်။

ကာပရိုက်တာစနစ် သုံးနေသေးသောခေတ်ဟောင်း ကားများတွင် ထိုကဲ့သို့ အင်ဂျင်သိမ့်သိမ့်တုန် ဖြစ်နေပါက စက်ဆရာများ ပြောလေ့ရှိသော စကားတစ်ခွန်းရှိသည်။ “ကားသမားဆိုတာ အနည်းဆုံးတော့ ဆီပျောက်၊ မီးပျောက်တဲ့ရောဂါကို ရှာတတ်ရတယ် ” ခေတ်ဟောင်းကားများတွင် ဆီတိုင်ကီမှ ကာပရိုက်တာ ရောက်သည်အထိ ဆီလိုင်းတစ်လျှောက်တွင် ဆီပန့်နှင့် ဆီစစ်ဘူးသာ ရှိသည်။ ဆီပန့်တွင် A/C Pump နှင့် အော်တို လျှပ်စစ်ပန့် (၂)မျိုးသုံးသည်။ ဆီစစ်ဘူးတွင် အမှိုက်များ၊ အနယ်အနှစ်များ၊ ရေများကို စစ်ထုတ်ပေးပြီး ကာပရိုက်တာသို့ ဝင်သည်။

ဆီစစ်ဘူးပိတ်လျှင် ဓာတ်ဆီအလိုက်နည်းပြီး ကာပရိုက်တာသို့ ဆီအဝင်နည်းမည်။ Air Cleaner လေစစ်တွင် ဖုန်မှုန့်၊ သဲမှုန့်များပိတ်ဆို့နေပါက အင်ဂျင်လေဝင်နည်းပြီး အသက်ရှူကျပ်မည်။ ကာပရိုက်တာ မကောင်းလျှင်လည်း လေနှင့် ဓာတ်ဆီရောစပ်မှု အချိုးအစားမမှန်ဘဲ အင်ဂျင်လည်ပတ်မှု တုံ့ဆိုင်းစေသည်။ ထို့ကြောင့် ကာပရိုက်တာသုံး ကားဟောင်းများတွင် ဆီအလိုက် ကောင်း/မကောင်း သိရှိရန် ဆီပန့်၊ ဆီစစ်ဘူး (ဓာတ်ဆီစစ်) ကာပရိုက်တာတို့ကို စစ်ဆေးရမည်။

ခေတ်ဟောင်းကားများ၏ မီးပေးစနစ်တွင် Ignition Coil, Braker Point, ဒစ်စတြီဗျူတာ၊ ပလပ်ကြိုးနှင့် ပလပ်များ ပါဝင်သည်။ ပလပ်များမှ မီးပွား (Spark) ဖြစ်ပေါ်မှုအား မကောင်းခြင်း၊ မီးပျောက်နေခြင်းများသည် အင်ဂျင်လည်ပတ်မှု ချွတ်ယွင်းစေသာ အဓိက အားနည်းချက်ဖြစ်သည်။ ကွိုင်၊ ဒစ်စတြီဗျူတာကပ်ဖုံး၊ ပလပ်ကြိုးများ ရေစိုသွားလျှင်ဖြစ်စေ၊ ရေငွေ့ရိုက်ပြီး စိုထိုင်းထိုင်းဖြစ်စေ မီးပျောက်စေသော အခြေအနေဆိုးများ ဖြစ်သည်။

မိုးတွင်းရေကြီးရေလျှံသော လမ်းများတွင် မီးပျောက်၍ လမ်းဘေးချ ကားတွန်းရွှေ့ရသော ဒုက္ခမှာ မသက်သာလှပါ။ ဒစ်စတြီဗျူတာစနစ်တွင် အားနည်းချက်မှာ Braker Point ထိပ်ဖျားများ မီးစားသွားပြီး ကွိုင်မှ မီးထွက်အား ကျဆင်းသွားခြင်း ဖြစ်သည်။ ပွိုင့်ထိပ်ကို မကြာခဏ ကော်ပတ်စားပေးရ၊ ကွန်ဒင်ဆာလဲပေးရနှင့် ဒုက္ခများလှသည်။ ပွိုင့် Type ၏ အားနည်းချက်များကို ကျော်လွှားနိုင်ရန် ထရန်စစ္စတာသုံးမီးပေးစနစ်ကို ပြောင်းသုံးကြသည်။ သို့သော်လည်း ဒစ်စတြီဗျူတာ သုံးနေသမျှ အားနည်းချက်များရှိနေသေးသည်။ ပလပ်ကြိုး အတွင်းပိုင်းပြတ်နေခြင်း၊ ကာဘာပေါက်ကွဲ အက်နေခြင်းများ ဖြစ်နေပါက ပလပ်သို့ မီးမရောက်တော့ပါ။ ဆီမသန့်ခြင်း၊ အင်ဂျင်ဝိုင်ဆီရိုက်ခြင်းများကြောင့်လည်း ပလပ်များ မီးမကူးဘဲ ဖြစ်နေတတ်သည်။

ပလပ်ကြိုးမှ မီးလာ/မလာ ပထမဆုံးစမ်းသပ်ပါ။ ပလပ်ကြိုးကို ပလပ်ထိပ်မှဆွဲဖြုတ်ပြီး အင်ဂျင်ဘလောက်နှင့် နီးနီကပ်ကပ် ထားကြည့်ပါ။ မီးပွားများ ခုန်ကူးလျှင် ပလပ်အထိ မီးရောက်သည်။ ပလပ်ကောင်း/ မကောင်း သိရှိရန် စမ်းနည်းမှာ အင်ဂျင် Slow လည်နေချိန်တွင် ပလပ်ကြိုးတစ်ချောင်းချင်းကို ဖြုတ်၍မီးစမ်းပါ။ ပလပ်ကြိုးဖြုတ်လိုက်စဉ် အင်ဂျင်စက်သံ ပြောင်းသွားပြီး ပလပ်ကြိုး ပြန်တပ်လိုက်ပါက အင်ဂျင်လည်ပတ်မှု ပို၍မြန်သွားသည်ဟု ထင်ရပါက ထိုပလပ်ကောင်းသည်။ ပလပ်ခုတ် သည်ဟု ယူဆနိုင်သည်။ ပို၍ သေချာစေရန် Plug ကို အင်ဂျင်မှ ချွတ်လိုက်ပါ။ ပလပ်ထိပ်ဖျားငုတ် အခြေအနေကို စစ်ဆေးပါ။ သန့်ရှင်းဖြူဖွေးနေသော ပလပ်သည် ပုံမှန်ခုတ် ပေးနေသည်။ ညစ်ပေနေသော ပလပ်သည် အလုပ်မလုပ် သော၊ ညာနေသော ပလပ် ဖြစ်ပါသည်။ အချို့သော Ignition Coil များသည် ပူလာလျှင် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘဲ မီးထွက် အားကျဆင်းတတ် သည်။ ကွိုင်မကောင်းလျှင်လည်း အင်ဂျင်စက်မမှန်ဘဲ ဖြစ်နေတတ်သည်။

ခေတ်ပေါ်ကားများတွင် အင်ဂျင်လည်ပတ်မှုများကို ကွန်ပျူတာခေါ် ECU က ထိန်းချုပ်သည်။ ဆီပို့ စနစ် (Fuel System) သည် EFI ခေါ် အီလက်ထရွန်းနစ် Fuel Injection စနစ်ဖြစ်သည်။ ဆင်ဆာခေါ် အာရုံခံကိရိယာ များသုံးထားပြီး ဆင်ဆာများက ပေးပို့သော သတင်းအချက်အလက်များကို အခြေခံ၍ ကွန်ပျူတာက မီးတိုင်မင်နှင့် ဆီဖြန်းပေးရမည့် ပမာဏကို ထိန်းချုပ်ကွပ်ကဲစီမံသည်။

ခေတ်ပေါ် EFI ကွန်ပျူတာစနစ်သုံးကားများ တွင် အင်ဂျင် တုံ့ဆိုင်းစေသော အကြောင်းတရားများမှာ-

⚫️ ဆီပန့်မကောင်း၍ ဆီအလိုက်နည်းပြီး ဆီဖိအားကျခြင်း
⚫️ ဆီစစ်ပိတ်ခြင်း
⚫️ ဆီမသန့်ရှင်းခြင်း၊ ရေနှင့် အညစ်အကြေးများ ရောနှောပါနေခြင်း၊ အောက်တိန်းနံပါတ်နိမ့်သော အရည်အသွေးညံ့ ဓာတ်ဆီများ သုံးထားခြင်း
⚫️ ဆီတိုင်ကီ မသန့်ခြင်း
⚫️ ဆီဖိအား ထိန်းညှိပေးသော Fuel Pressure Regulator မကောင်း၍ ဆီလိုင်းတွင် ဆီဖိအားနည်းနေခြင်း
⚫️ Fuel Injector များ မကောင်းခြင်း၊ ချေးပိတ် နေခြင်း၊ ဆီဖြန်းပေးသော Spray Pattern မကောင်းခြင်း
⚫️ MAP Sensor (Manifold Absolute Pressure) မကောင်းခြင်း
⚫️ TPS (Throttle Position Sensor) သရော်တယ် လေတံခါးအဖွင့် ဒီဂရီအာရုံခံ ဆင်ဆာ အလုပ် မလုပ်ခြင်း
⚫️ အင်ဂျင်မန်နီဖို့ထဲသို့ လေဝင်ပမာဏကို တိုင်း တာပေးသော MAF (Mass Airflow) Sensor မ ကောင်းခြင်း
⚫️ Inlet Manifold လေဟာနယ်တွင် လေစိမ့်ဝင်နေ ခြင်း (လေပိုက်များကွဲ အက်နေခြင်း)
⚫️ Spark Plug မကောင်းခြင်း၊ Plug ထိပ်ဖျားတွင် ကာဗွန်ချိုးများ၊ ဗားနစ်များ ကပ်တွယ်ညစ်ပေနေ ခြင်း၊ Plug ထိပ် ငုတ်တိုင်များ မီးစားနေခြင်း၊ ပလပ် ဆီရိုက်၍ ညစ်ပတ်နေခြင်း
⚫️ ပလပ်ဝါယာကြိုးသုံးသော ကားများတွင် ပလပ်ကြိုး ပေါက်ပြဲကွဲအက်နေခြင်း
⚫️ Ignition Coil မီးထွက်မကောင်းခြင်း
⚫️ EGR Valve များ လေမလုံခြင်း
⚫️ Transister Ignition Unit မှ မီးထွက်အား မကောင်းခြင်း
⚫️ ကွန်ပျူတာ ECU (Electronic Control Unit) ၌ ချွတ်ယွင်းချက်ရှိနေခြင်း
⚫️Crankshaft Angle Sensor မကောင်းခြင်း
⚫️ အောင်ဆီဂျင်ဆင်ဆာ မကောင်းခြင်း
⚫️ Timing Belt ကြိုးတပ်ဆင်မှု လွဲမှားနေခြင်း
⚫️ မီးတိုင်မင် လွဲချော်နေခြင်း
⚫️ ဒိုင်နမိုချာဂျင်အဝင်နည်း၍ ဘက်ထရီအား မရှိခြင်း။

ကွန်ပျူတာစနစ်သုံး EFI ကားများ၏ ချွတ်ယွင်းအားနည်းချက်များကို တိတိကျကျရှာဖွေရန် ကွန်ပျူတာ Scan Tool ကို သုံးရသည်။ ချွတ်ယွင်းပျက်စီးနေသော ဆင်ဆာနှင့် အခြားအစိတ်အပိုင်းများကို အစားထိုး လဲလှယ်မှသာ အင်ဂျင်စက်ပုံမှန် ပြန်ဖြစ်နိုင်သည်။

ခေတ်ဟောင်း ကာပရိုက်တာစနစ်သုံးကား များတွင် ဆီပျောက်မီးပျောက် ပြဿနာများကို မျက်မြင်စမ်း သပ်ရှာဖွေပြီးနောက် ကားဝပ်ရှော့ပ်တစ်ခုသို့ အပ်နှံ၍ အင်ဂျင်ကျူးနင်း လုပ်သင့်သည်။ အင်ဂျင်ကျူးနင်း လုပ်လိုက်လျှင် အင်ဂျင်အဆွဲအရုန်း ကျနေသောကားများ ပြန်လည်ကောင်းမွန်လာမည်။

ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်ပေးနေသော ကားများသည် ချွတ်ယွင်းအားနည်းချက်များ ဖြစ်ခဲသည်။ EFI စနစ်သုံးကားများတွင် အရည်အသွေးမှန်သော Octane ဆီများသုံးပြီး Injector Cleaner ဆေးရည်များကိုလည်း ဆီတိုင်ကီထဲတွင် မကြာခဏ ရောစပ် သုံးစွဲသင့်ပါသည်။
====================

Pyay Soe Lwin Kwee Phyo

Address

73A လမ်း 7 × 8 လမ်းကြား အောင်မြေသာဇံ MDY
Mandalay
05012

Alerts

Be the first to know and let us send you an email when K&M Car Sale ကိုပြည့်ကြီးကားရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share