Yoma

Yoma Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yoma, Shopping & retail, no88 bojoyke Road payagyi qua, Mandalay.

10/03/2025

(1) စိတ်ညစ်ပြီး ဘာမှမလုပ်ချင်တော့တဲ့အခါ
ကောင်းကင်ကိုမော့ကြည့်ပြီးငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုပြန်ထိန်းချုပ်ပါ။



(2) အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ
အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ
သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။

(3) ကိုယ့်အားကိုယ်ကိုးပြီး အရောက်လှမ်းသွားမယ့်
ပန်းတိုင်လေးတစ်ခု အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။

(4) တခါတလေ ငိုစရာရှိရင် လူမရှိတဲ့ တစ်နေရာသွားပြီး
အော်ငိုပစ်လိုက်ပါငိုသင့်ရင်လည်း ငိုလိုက်ပါ
မငိုတာကြာရင် မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။

(5) တစ်ခါ​တလေ ဝမ်းနည်းနေရင်လည်း
အားရပါးရ ငိုချပစ်လိုက်ပါ ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။

(6) အဆင်မပြေရင်လည်း အဆင်ပြေသလိုနေပါ..
တချို့ကျတော့ ကြိုးစားပေမယ့် အဆင်မပြေပြန်ဘူး...
မကြိုးစားပဲ ထိုင်နေရင် ပိုအဆင်မပြေဖြစ်သွားကြတယ်။

(7) ထပ်ပြီး ကြိုးစားပါ လူဆိုတာ ကြိုးစားချင်စိတ်ရှိရင်
ဘယ်လောက်ပဲအသက်တွေရရ ဖြစ်လာနိုင်ပါတယ်။

(8) ဆုံးရှုံးမှုတွေရှိရင်လည်း စိတ်ကိုဖြေပြီး
နောက်တစ်ကြိမ် မမှားအောင်သတိထားပါ။

(9) ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလို
လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့
အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။

(10) လောကမှာ နားမလည်တဲ့ အရာတွေ ရှိနိုင်ပါတယ်
အရေးကြီးတာက နားမလည်တာကို
နားလည်အောင် ကြိုးစားဖို့ပါ။

(11) အကောင်းစားရေမွှေးနံ့တွေ မလိုဘူး ...
ကိုယ်ကျင့်တရားကောင်းအောင်နေပါကိုယ်ကျင့်တရားကောင်းရင်
စိတ်ထားကောင်းရင် ကိုယ်သင်းနံ့မွှေးနေမှာပါ။

(12) ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့...
အမှန်တရားဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။

(13) အမှား ရှိခဲ့တိုင်းလည်း အပြစ် မဟုတ်ပါဘူး...
တစ်ချို့အမှားတွေက သန့်ရှင်းပါတယ်
လူသားတိုင်း အမှားနဲ့ မကင်းနိုင်သလို
အမှားရှိမှ အမှန်ဆိုတာ ဖြစ်လာခဲ့ရတာပါ။
အဓိက အမှားတွေကို သင်ခန်းစာအဖြစ်
ရယူပြီး နောက်ထပ်တစ်ခါ ထပ်မမှားဖို့
အမှားထဲမှာ တဝဲဝဲလည်းမနေတတ်ဖို့ပဲလိုတယ်။

(14) လူလူချင်းစာနာတတ်သူ..စိတ်ရှည်သူ ပညာဥာဏ်ကြီးမားသူ..
နားလည်းခွင့်လွတ်ပေးနိုင်သူ တစ်ဦးဖြစ်အောင် ကြိုးစားပါ။

(15) ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ
အခြားမဟုတ်ဘူး အသက်ရှင်သန်နေတာပါ
အားလုံးမှာ တန်းဖိုးအရှိဆုံးအရာကို
ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။

(16) ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေဖို မလိုပါဘူး ...
ပင်ပန်းအားငယ်လာတိုင်း မှီခိုအနားယူနိုင်မယ့်
ရင်ခွင်လေးတစ်စုံရှိနေဖိုတော့ လိုတယ်။

(17) "ချစ်တယ်" ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော တကယ့်စိတ်ရင်းနဲ့ပြောပါ။

(18) "ဆောရီး"ဆိုတဲ့စကားလုံးကို ဘယ်အချိန်ပဲ ပြောပြော
တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။

(19) ချမ်းသာတဲ့သူငယ်ချင်း အပေါင်းအသင်း ရှိဖိုမလိုဘူး ...
နေပူမိုးရွာ လက်ချင်းတွဲလို့ ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ့်
သူငယ်ချင်းကောင်းတစ်ယောက် ရှိဖို့လိုတယ်။

(20) သူငယ်ချင်းကောင်း မိတ်ဆွေကောင်းလိုချင်ရင်...
သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်း ဖို့က
အဓိကပဲသူတစ်ပါး အပေါ်ကို ကောင်းမှသာ
သူတစ်ပါးက ကိုယ့်အပေါ်ကို ပြန်ကောင်းပါလိမ့်မယ်။



#ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ💙

15/01/2025

"ပြောသင့်သောစကားနှင့်မပြောသင့်သောစကား"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စကားပြောလို့ရှိရင် စကားကောင်းတိုင်း စကားကောင်းမဖြစ်ဘူးတဲ့၊ ကောင်းတဲ့စကားပြောပေမယ့် မကောင်းတဲ့စကားဖြစ်သွားတက်သေးတယ်။

စကားပြောပြီဆိုတဲ့နေရာမှာ(သို့မဟုတ်)တရားဟောပြီဆိုတဲ့နေရာမှာ ပုဂ္ဂိုလ်ရွေးချယ်ပြီးတော့ ပြောရမယ်၊ လူတိုင်းကို ပြောတဲ့စကားဟာ စကားကောင်းမဖြစ်ဘူးလို့ မြတ်စွာဘုရားက သတိပေးဆုံးမတဲ့အနေနဲ့ သုတ္တန်တစ်ခုမှာ ဟောကြားထားတာရှိတယ်၊ အဲ့ဒီသုတ္တန်ကို ဒုက္ကထာသုတ္တန်ဆိုပြီးပေးထားတယ်။

ကောင်းတဲ့စကားပင်ဖြစ်စေကာမူ ပုဂ္ဂိုလ်နဲ့အံဝင်ခွင်ကျမဖြစ်ဘူးဆိုရင် စကားကောင်းမဖြစ်ဘူး၊ဒါကြောင့်မို့လူရဲ့အခြေအနေကိုကြည့်ပြီး ပုဂ္ဂိုလ်နဲ့လိုက်အောင် နားထောင်သူနဲ့လိုက်အောင်ပြောနိုင်မှစကားကောင်းဖြစ်တယ်။

လူလောကမှာနေ့စဉ်နှင့်အမျှ ပြောဆိုနေကြတာ မိမိပြောတဲ့စကားရဲ့ ထိရောက်မှု့အကျိုးသက်ရောက်မှုဟာ ဘယ်လိုပုဂ္ဂိုလ်ကျရင်ဘယ်လိုစကားမျိုးပြောရမယ်ဆိုတာမှတ်သားသင့်တာပေါ့။

လောကလူတွေဟာတစ်ဦးနဲ့တစ်ဦးဆက်ဆံတဲ့အခါမှာ အပြောနဲ့ဆက်ဆံရတာဖြစ်သည့်အတွက် မြတ်စွာဘုရားက အပြောနဲ့ပတ်သက်ပြီးစည်းကမ်းချက်တွေထားဖို့သွန်သင်ဆုံးမခဲ့တယ်။

မြတ်စွာဘုရားကို ကိုးကွယ်တယ်ဆိုတာ ဘုရားသွန်သင်ဆုံးမမှုတွေရရှိအောင်လို့ကိုးကွယ်ကြရတယ်။ မြတ်စွာဘုရားရဲ့ချီးမြှင့်မစမှုကို ခံယူလို၍ ကိုးကွယ်ကြတာ မဟုတ်ဘူး။

တန်ခိုးရှင်ရဲ့ချီးမြှင့်မစမှုကို ခံယူလို၍ကိုးကွယ်ကြတာ မဟုတ်ဘူး။ ပြောသင့်တာနဲ့မပြောသင့်တာ လုပ်သင့်တာနဲ့မလုပ်သင့်တာကိုခွဲခြားသိဖို့အတွက် မြတ်စွာဘုရားကိုကိုးကွယ်တာ။

အဲ့တော့ စကားအရာနဲ့ပတ်သက်လာရင် အင်မတန်မှအရေးကြီးတယ်၊ စကားပြောပြီဆိုလို့ရှိရင် -
၁ ။ မှန်တာကိုပြောဖို့လိုတယ်၊
ဟုတ်တာကိုပြောဖို့လိုတယ်၊
၂ ။ ပြောတဲ့အခါမှာလဲအချိန်ကိုက်ပြောဖို့လိုတယ်
သင့်တော်တဲ့အချိန်ပြောဖို့လိုတယ်၊
၃ ။ ပြောတဲ့အခါမှာလဲ ယဉ်ကျေးသိမ်မွေ့စွာ
ပြောဖို့လိုတယ်၊ ဒေါသနဲ့မပြောသင့်ဘူး၊
ရိုင်းစိုင်းစွာမပြောသင့်ဘူး၊
၄ ။ ပြောတဲ့စကားဟာ နားထောင်သူအတွက်
အကျိုးဖြစ်ထွန်းမယ်ဆို ပြောရမယ်၊
အကျိုးမဖြစ်ထွန်းတဲ့စကားဆိုရင်မပြောရဘူးတဲ့။

မြတ်စွာဘုရားရဲ့ဆုံးမမှု့ဟာ လူလူချင်းဆက်ဆံတဲ့အခါမှာ အင်မတန်မှအရေးကြီးတယ်။ မိသားစုအတွင်းမှာတောင်မှ မိဘနဲ့သားသမီး ညီအစ်ကိုမောင်နှမအချင်းချင်း မိတ်ဆွေသင်္ဂဟအချင်းချင်း အပြောမတက် အဆိုမတက်ဘူးဆိုရင် လူမုန်းခံရတက်တယ်။

ဒါကြောင့်မို့ ပြောတက်ဆိုတက်ဖို့ လိမ္မာရေးခြားရှိဖို့
လူတစ်ဦးနဲ့တစ်ဦး ဆက်ဆံတာဟာ အပြောအဆိုနဲ့ဆက်ဆံရတာဖြစ်သောကြောင့် မြတ်စွာဘုရားရဲ့အဆုံးအမကိုသိရှိပြီး စကားအရာမှာ လိမ္မာရေးခြားရှိသူဆိုတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်အောင် ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်။

မပြောသင့်တဲ့စကားဟာ ဘယ်လိုစကားလဲဆိုရင်
မြတ်စွာဘုရားက-
၁ ။ မမှန်ကန်တဲ့စကားဆိုရင်မပြောသင့်ဘူး၊
မှန်ကန်တဲ့စကားသာလျှင်ပြောသင့်တယ်၊
၂ ။ တစ်ဦးနဲ့တစ်ဦး ကွဲသွားအောင် မတည့်အောင်
ကုန်းတိုက်တဲ့စကားမျိုးတွေမပြောသင့်ဘူး၊
အဆင်ပြေညီညွတ်သွားအောင်
စည်းလုံးသွားအောင် ပြောသင့်တယ်၊
၃ ။ ကြမ်းတမ်းရိုင်းပျတဲ့စကားမျိုးကို
မပြောသင့်ဘူး၊ နူးညံ့သိမ်မွေ့စွာလိမ္မာ
ယဉ်ကျေးပြီး တစ်ဖက်သားနားဝင်ချိုတဲ့
စကားမျိုးကိုသာပြောသင့်တယ်၊
၄ ။ အကျိုးစီးပွားကိုဖျက်လိုဖျက်ဆီးဖြစ်စေတဲ့
စကားဆိုမပြောသင့်ဘူး။

အကျိုးစီးပွားဖြစ်ထွန်းမယ့်စကားမျိုးကိုသာလျှင်ပြောသင့်တယ်၊ ဒီလိုခွဲခြားပြီးရှောင်သင့်တဲ့စကားဆိုရှောင်ပြီး ဆောင်သင့်တဲ့စကားဆို ဆောင်ပြီး ပြောသင့်တဲ့စကားဆို ပြောတက်ဖို့အရေးကြီးတယ်။

လူလောကရောက်လာတဲ့အခါ အသိဥာဏ်နဲ့နေတက်တဲ့သူဖြစ်ဖို့လဲအရေးကြီးတယ်။
အမှတ်တမဲ့နေထိုင်ခြင်းအားဖြင့် အသိဥာဏ်ကင်းမဲ့စွာပြောဆိုခြင်းအားဖြင့် မိမိပြောတဲ့စကားရဲ့ထိရောက်မှု့အကျိုးသက်ရောက်မှု့မရှိဘူးဆိုတာဖြစ်သွားနိုင်တယ်ပေါ့။

(ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး)
ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ

Credit.

.......ဘယ်အရွယ်ဖြစ်ဖြစ်ကိုယ့်ကိုယ်ကို..........တန်ဘိုးထားယုံကြည်မှုကအဓိကပါ.....အမျိုးသမီးတစ်ယောက် အတွက် လှပနေဖို့ ၊လန်းန...
14/01/2025

.......ဘယ်အရွယ်ဖြစ်ဖြစ်ကိုယ့်ကိုယ်ကို..........တန်ဘိုးထားယုံကြည်မှုကအဓိကပါ.....

အမျိုးသမီးတစ်ယောက် အတွက်
လှပနေဖို့ ၊လန်းနေဖို့
Smart ကျဖို့ဆိုတာ
အသက်အရွယ်နဲ့မဆိုင်ဘူး
စိတ်နဲ့ပဲ ဆိုင်တယ် .....

ကိုယ်ရောက်ရှိနေတဲ့ အသက်ရဲ့
ဇရာကို လွန်ဆန်ဖို့ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်ပေမယ့်
အရွယ်တင် လှပ ကျန်းမာနေဖို့က
ကိုယ်နဲ့ပဲ ဆိုင်တယ် ......

ကိုယ့်ဖြစ်တည်မှုကို လက်ခံရမယ်
သုံးဆယ်ကျော်အရွယ်မှာ
ဆယ်ကျော်သက်တွေရဲ့ အလှကို
လိုက်ငေးပြီးအားကျဖို့ မလိုသလို .....

ကိုယ့်ရဲ့ သုံးဆယ်ကျော်အရွယ်မှာ
ငါ ဒီလောက်ထိ လှပနေပါလားဆိုတဲ့
ဂုဏ်ယူနိုင်မှု တစ်ခုနဲ့
ရှင်သန်နေဖို့ပဲလိုတယ် ......

ဒီအသက်အရွယ်နဲ့ ငါ ဒီလိုဝတ်ရင်
သူများတွေက အသက်ကြီးပြီဆိုပြီး
သတ်မှတ်ထားတဲ့ ငါ့ကို
ကဲ့ရဲ့မလား တွေးမနေနဲ့ ....

အသက်ကြီးရင် မလှရဘူးဆိုတဲ့
သတ်မှတ်ချက်လည်းမရှိသလို
အသက်ကြီးရင် လူငယ်လို
နေခွင့်မရှိဘူးဆိုတဲ့
ကန့်သတ်ချက်လည်းမရှိဘူး ....

အမျိုးသမီးတွေက
အမြဲ လှချင်တယ်
အမြဲ smart ကျချင်တယ်
အခွင့်အရေးပေးလို့
လှနေခွင့်ရှိတဲ့ သူနဲ့
အခွင့်အရေးမပေးလို့
မလှနိုင်တဲ့သူပဲရှိတယ် .....

အခွင့်အရေးဆိုတာလည်း
ကိုယ်နဲ့ပဲဆိုင်တဲ့ အရာတစ်ခုပဲ ...

သုံးဆယ်ကျော် ဖြစ်နေပါစေ
လေးဆယ်ကျော် ဖြစ်နေပါစေ
ခြောက်ဆယ်ကျော် ဖြစ်နေပါစေ...

ဘယ်အသက်အရွယ်ဖြစ်ဖြစ်
ဂေါ်နေ ၊လှနေ ၊လန်းနေဖို့ဆိုတာ
ကိုယ့်မှာပဲ တာဝန်ရှိတယ် ...

ဘယ်အခြေအနေ ဖြစ်ဖြစ်
လန်းနေရမယ်


12/01/2025
02/01/2025

Address

No88 Bojoyke Road Payagyi Qua
Mandalay
0524

Website

Alerts

Be the first to know and let us send you an email when Yoma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share