Phoebe-The Book Store

Phoebe-The Book Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phoebe-The Book Store, Book shop, Mandalay.

တည့်တည့်တွေး(မောရိသျှ)*************************- ကျွန်မတို့တွေ ဘဝမှာ စိတ်ရှုပ်စရာ၊ စိတ်ညစ်စရာတွေနဲ့ကြုံလာတဲ့အခါ ဘာမှ​မ​စ...
07/08/2025

တည့်တည့်တွေး(မောရိသျှ)
*************************
- ကျွန်မတို့တွေ ဘဝမှာ စိတ်ရှုပ်စရာ၊ စိတ်ညစ်စရာတွေနဲ့ကြုံလာတဲ့အခါ ဘာမှ​မ​စဉ်းစားနိုင်၊ မတွေးတောနိုက်တဲ့အခါ မှာ စိတ်ကိုတည်​ငြိမ်အောင် ထားပြီး ကိုယ်လုပ်ရမယ့်အလုပ်၊ ဖြေရှင်းရမယ့် ကိစ္စတွေအတွက် တည့်တည့်တွေးပါတဲ့။

- ဆုံးဖြတ်ချက်အရာအားလုံးက ကိုယ့်အပေါ်မူတည်ပါတယ်၊ကိုယ်သာလျှင် ကိုယ့်ဘဝကိုပုံဖော်သူဖြစ်ကြောင်း ဒီစာအုပ်လေးထဲမှာ စာရေးသူက အရာအားလုံးကို ရေးသားထားပါတယ်။

- ဘဝအတွက် အသုံးဝင်မယ့် စာအုပ်တွေထဲက တစ်အုပ်ဖြစ်လို့ လူတိုင်းဖတ်သင့်တဲ့အထဲပါပါတယ်နော်။
ဒီစာအုပ်လေးကို စိတ်ဝင်စားပါက Phoebe-The Book Storeရဲ့ Page Messenger တွင်ဆက်သွယ် မှာယူနိုင်ပါသည်။
Price-6000ks
#တည့်တည့်တွေး #စာပေချစ်သူ

“အသစ်ကစ အစကပြန်လုပ်(မွန်ဟော်စီ)”***************************************     ကျွန်မတို့တွေဟာ နေ့တဒူဝ ဖြတ်သန်းနေရတဲ့ နေ့တွ...
05/08/2025

“အသစ်ကစ အစကပြန်လုပ်(မွန်ဟော်စီ)”
***************************************
ကျွန်မတို့တွေဟာ နေ့တဒူဝ ဖြတ်သန်းနေရတဲ့ နေ့တွေမှာ ကျရှုံးမှုတွေ၊ အောင်မြင်မှုတွေနဲ့ ဆုံတွေ့ကြရပါတယ်။
ကျွန်မတို့ရဲ့စီးပွါးရေး၊ ပညာ​ရေးနဲ့လူမှုဆက်ဆံရေးတွေမှာ အဆင်မပြေမှုတွေများစွာနဲ့ ကြုံတွေ့လာရင် ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။ကိုယ့်ရဲ့ နေ့စဉ် ဖြစ်ပျက်သမျှအရာအားလုံးကို စာအုပ်တစ်အုပ်မှာ Diary 📔 ဒါမှမဟုတ် journal တစ်ပုဒ်အဖြစ် ချရေးတဲ့ အကျင့်လုပ်ကြည့်ပါ။ကျွန်မတို့တွေဟာ နေ့တစ်နေ့၊ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးမှာ”ငါဟာဒီနေ့၊ ဒီနှစ်ထဲမှာ ကိုယ့်ကိုယ်ကို တိုးတက်အောင် ဘာလုပ်ခဲ့ပြီးပြီလဲ၊ကောင်းတာတွေ​ရော ဘာလုပ်ခဲ့ပြီးပြီလဲ”ဆိုတဲ့ အကြောင်းအရာကို သိရှိအောင်လုပ်ပါ။ နေ့တစ်နေ့၊ နှစ်တစ်နှစ်ရဲ့ အစမှာ နောက်ဘယ်လိုတွေ တိုးတက်အောင်လုပ်မယ်၊ ကောင်းတာတွေလုပ်မယ် ဆိုတဲ့အရာတွေကို စုစည်းပါ၊ပြန်လုပ်ပါ။
“အသစ်ကစ အစကပြန်လုပ်”ဆိုတဲ့ စာအုပ်လေးမှာကအသစ်တစ်ခုစတင်ရာမှာ လူတိုင်းအတွက် စိတ်ဓာတ်၊ အတတ်ပညာ၊ နှလုံးသားအပြည့်နဲ့စတင်ခြင်းဟာ အရေးကြီးတယ်လိုဖော်ပြထားပါတယ်။စာအုပ်ထဲမှာဖော်ပြထားသလို၊ အစအဆုံးသေချာစွာ စီမံကိန်းချပြီး၊ ရည်မှန်းချက်တိကျစွာနဲ့ သတ်မှတ်ပြီးတော့မှ ကြိုးစားဖို့ရာ လိုအပ်ပါတယ်။
အဆုံးသတ်တိုင်းက အစတစ်ခုရဲ့ လမ်းစပါပဲ။ဘဝဆိုတာ မရည်ရွယ်ဘဲ ဖြစ်လာတတ်တဲ့အရာတွေကိုလည်း လက်ခံနိုင်စွမ်းရှိဖို့ပဲလိုပါတယ်။ဒါကြောင့်မို့ စာရေးဆရာမ မွန်ဟော်စီက “ဘဝမှာ ကိုယ်လိုချင်တဲ့အရာကို လုပ်ဖို့၊ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဘယ်တော့မှ နောက်မကျဘူး” လို့ အားပေးထားပါတယ်။ အသစ်ကနေ ပြန်စဖို့ဆိုတာ သတ္တိရှိဖို့ပဲ လိုအပ်ပါတယ်။ အခုပဲစတင်လိုက်ပါ။ ဒီနေ့ဟာ မနက်ဖြန်အတွက် အကောင်းဆုံးနေ့ဖြစ်ပါနေမှာပါ။
စျေးနှုန်း-8000ကျပ်
ရန်ကုန်၊မန္တလေးနှင့် အခြားမြို့များသို့ Royal Express ဖြင့် အိမ်အရောက်ငွေချေ ပို့ဆောင်ပေးနေပါသည်။မှာယူလိုပါက Phoebe-The Book Storeရဲ့ page messenger မှာ ဆက်သွယ်မှာယူနိုင်ပါပီရှင်။
#ရောက်ချင်တဲ့နေရာရောက်👌

“စိတ်နှစ်လုပ်”(Deep work by Cal Newport)(ဆရာမောင်သန်းမှ ဘာသာပြန်ဆိုသည်။)******************************************      ...
04/08/2025

“စိတ်နှစ်လုပ်”(Deep work by Cal Newport)
(ဆရာမောင်သန်းမှ ဘာသာပြန်ဆိုသည်။)
******************************************
ကျွန်ုပ်တို့ ဒီဘက်ခေတ်မှာ…အလုပ်တစ်ခုပြီးမြောက်ဖို့ဆိုတာ အလုပ်များဖို့ထက် အာရုံစိုက်ဖို့က ပိုအရေးကြီးပါတယ်။
"စိတ်နှစ်လုပ် (Deep Work)" ဆိုတဲ့ စာအုပ်ဟာ ဒီနေ့ခေတ်လို အာရုံထွေပြားစရာတွေ များပြားလွန်းတဲ့ ခေတ်ကြီးမှာ အကျိုးရှိရှိနဲ့ အောင်မြင်မှုရချင်တဲ့သူတွေအတွက် အလွန်ကောင်းမွန်တဲ့ လမ်းညွှန်စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ကျွန်ုပ်တို့တွေဟာ ဒီနေ့ခေတ်မှာ ကိုယ့်အလုပ်ကို စိတ်နှစ်ပြီး လုပ်ဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။စာရေးသူက”Deep Work”ကို ပိုပြီးနားလည်အောင် စာအုပ်ထဲမှာ”Shallow Work”ဆိုတဲ့ အယူအဆနဲ့ ယှဉ်ပြီး ရှင်းပြထားပါတယ်။
“Deep Work” ဆိုတာဘာလဲ?�အာရုံမပျံ့လွင့်ခြင်း၊ အခြားအရာများမစဉ်းစားဘဲ အာရုံစူးစိုက်လုပ်ဆောင်ခြင်းဖြစ်ပြီး အရည်အချင်းမြင့်မားတဲ့ စိတ်ဓာတ်တွေနဲ့ပဲ အလုပ်လုပ်ခြင်းဖြစ်ပါသည်။
“Shallow Work “ဆိုတာကရော ဘာလဲ?�Shallow Work ဆိုတာက နေ့စဉ်ကြုံတွေ့ရတဲ့ မကျွမ်းကျင်တဲ့ အလုပ်များ၊ အာရုံ မစူးစိုက်ကြောင်း အလုပ်များ ဖြစ်ကြပြီး ထိရောက်မှု ကုန်ဆုံးတတ်တာကိုဆိုလိုပါတယ်။
ကျွန်ုပ်တို့ယနေ့ခေတ်မှာ အားနည်းလာတဲ့ အာရုံစူးစိုက်မှုကို ပြန်လည်ရရှိစေရန်နှင့် ပိုမိုတိုးတက်အောင်မြင်ဖို့ “Deep Work”ရဲ့အရေးကြီးမှုကိုလည်း စာရေးသူက ဖော်ပြထားပါသေးတယ်။
ဒီစာအုပ်ရဲ့ အဓိက အနှစ်ချုပ်ကတော့ အာရုံပြန့်လွင့်မှုမရှိဘဲ ခက်ခဲတဲ့အလုပ်တွေကို အာရုံစူးစိုက်မှုအပြည့်နဲ့ အချိန်ကြာကြာလုပ်ဆောင်နိုင်တဲ့ "စိတ်နှစ်လုပ်ခြင်း (Deep Work)" ဆိုတဲ့ စွမ်းရည်ဟာ ၂၁ ရာစုမှာ ကျွန်ုပ်တို့တွေအတွက် အင်မတန်တန်ဖိုးရှိတဲ့ စွမ်းရည်တစ်ခုဖြစ်လာတယ်လို့ ဆိုထားတာပါ။ ဒီစွမ်းရည်ကို တိုးတက်အောင် လေ့ကျင့်မယ်ဆိုရင် အချိန်နည်းနည်းနဲ့ အကျိုးရှိရှိ လုပ်ဆောင်နိုင်ပြီး တခြားသူတွေ အလွယ်တကူမလုပ်ဆောင်နိုင်တဲ့ တကယ်ကို တန်ဖိုးရှိတဲ့ ရလဒ်ကောင်းတွေကို ဖန်တီးနိုင်မှာပါ။
ဒီနေ့ကစပြီး ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့"စိတ်နှစ်လုပ်" ခြင်း ကို လေ့ကျင့်ကြည့်ရအောင်။
စာအုပ်တန်ဖိုးလေးကတော့ 12000ကျပ် ပဲမို့ တကယ်တန်ဖိုးရှိတဲ့ စာအုပ်လေးကို အခုပဲ ဝယ်ဖတ်လိုက်ပါနော်။
Viber no-09976760342နှင့်TikTok Cb သို့ဆက်သွယ်ခြင်းဖြင့် တစ်နိုင်ငံလုံးသို့ Royal Express ဖြင့် အိမ်အရောက်ငွေချေပို့ဆောင်ပေးနေပါသည်။
#ရောက်ချင်တဲ့နေရာရောက်👌

The 48 Laws of Power by Rober Greene (Concise)*****************************************   ဒီ”အာဏာစက်”ဆိုတဲ့ စာအုပ်ကို ဆရ...
03/08/2025

The 48 Laws of Power by Rober Greene (Concise)
*****************************************
ဒီ”အာဏာစက်”ဆိုတဲ့ စာအုပ်ကို ဆရာမောရိသျှက ဘာသာပြန်ဆိုပေးထားတာပါ။ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေက လူတွေထဲကလူတွေရဲ့အကြောင်း​ကို နည်းဥပဒေသ ၄၈ရပ်နဲ့ ဖော်ပြထားတာပဲဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ လက်တွေ့ဘ၀မှာ ထိတွေ့ရင်ဆိုင်သွားကြရမယ့် အခက်အခဲ စိန်ခေါ်မှုတွေအတွက် အသင့်တော်ဆုံးသော ဖြတ်လမ်းကောင်းတွေ အပြင်၊ မလွဲမသွေ တိုက်ခိုက်သွားရမယ့် ဘ၀တိုက်ပွဲအတွက် အထိရောက်ဆုံးသော ဘ၀လမ်းညွှန်၊ မဟာဗျူဟာတွေကို အားပါးတရကြီး လေ့လာကျင့်သုံးခွင့်ရစေမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ကျွန်မတို့ဟာ လူ့သဘာဝ၊လူ့မနောကို နားလည်မှပဲ ဘဝမှာ တောက်ပအောင်မြင်နိုင်မှာပါ။စိုးမိုးခြယ်လှယ်ချင်လို့ပဲဖြစ်ဖြစ်၊ ခုခံကာကွယ်သွားဖို့ပဲ ဖြစ်ဖြစ် ရုန်းကန်ရှင်သန်နေသမျှ ကာလပတ်လုံး အတွက်‘အာဏာစက်နည်းဥပဒေ ၄၈ ရပ်’ စာအုပ်က ဘ၀အပေါ် လက်တွေ့ကျတဲ့ အကျိုးပြုမှုတွေနဲ့ အဘက်ဘက်ကနေ အထောက်အကူပြုစေမှာ အသေအချာပါ။
တကယ်ကောင်းမွန်တဲ့စာအုပ်ကို စာပေချစ်သူတိုင်း လက်လွှတ်မခံသင့်ပါဘူး။ ဘဝအတွက် အထောက်အကူဖြစ်စေတဲ့ စာအုပ်တစ်အုပ်ကို 14000ကျပ်နဲ့ ဝယ်ယူဖတ်ရှုလိုက်ပါ။
ဒီစာအုပ်လေးကို မှာယူချင်တယ်ဆိုရင်တော့ viber no.09976760342နှင့် Phoebe-The Book Storeရဲ့page messenger မှာ လာရောက် မှာယူနိုင်ပါတယ်ရှင်။ရန်ကုန်၊မန္တလေးနှင့် အခြားမြို့များသို့ Royal Express ဖြင့် အိမ်အရောက်ငွေချေပို့ဆောင်ပေးပါသည်။

“You are your universe “ ( Mon Halsey)__________________________________     ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ အတွေး၊ ခံစား...
02/08/2025

“You are your universe “ ( Mon Halsey)
__________________________________
ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ အတွေး၊ ခံစားချက်၊ အပြုအမူတွေနဲ့ ကျွန်ုပ်တို့ပတ်ဝန်းကျင်က ကမ္ဘာလောကကြီးနဲ့ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်ဘဝကို ပုံဖော်ကြပါတယ်။
ကျွန်ုပ်တို့ ကြုံတွေ့နေရတဲ့ Universe ဆိုတာ အရာဝတ္ထုတွေသက်သက် မဟုတ်ပါဘူး။ ဒါဟာ ကျွန်ုပ်တို့ရဲ့ အတွေးအမြင်တွေ၊ ခံယူချက်တွေနဲ့ ပေါင်းစပ်နေတဲ့ လက်တွေ့ဘဝ ဖြစ်ပါတယ်။ကျွန်ုပ်တို့ရဲ့ ယုံကြည်ချက်၊ ခံယူချက်တွေက ကျွန်ုပ်တို့ ကမ္ဘာလောကကြီးကို ကြည့်တဲ့ မှန်ဘီလူးတစ်ခုလိုပါပဲ။ ကမ္ဘာကြီးမှာ အခွင့်အလမ်းတွေ ပြည့်နေတယ်လို့ ကျွန်ုပ်တို့ ယုံကြည်ရင် အဲဒီအခွင့်အလမ်းတွေကို မြင်ရဖို့ ပိုများပါတယ်။ ကမ္ဘာကြီးဟာ ခက်ခဲတဲ့ နေရာတစ်ခုလို့ ယုံကြည်ရင်လည်း အဲဒီလို အရာတွေကိုပဲ သင်ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့မှာ စွမ်းအားနဲ့ တာဝန်ရှိပါတယ်။ ဒါက အင်မတန် အားပေးနိုင်စွမ်းရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ ကိုယ်ပိုင်ဘဝရဲ့ ဇာတ်လိုက်၊ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့အတွင်းစိတ်ကမ္ဘာ၊ ကိုယ်ပိုင်အတွေးနဲ့ ခံယူချက်တွေကို—ပြောင်းလဲခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ အပြင်ကမ္ဘာကို တက်ကြွစွာ လွှမ်းမိုးနိုင်ပါတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ရဲ့ ပျော်ရွှင်မှုနဲ့ ခန္ဓာကိုယ်၊စိတ်ကျန်းမာရေးအတွက် လည်း ပြောင်းလဲနိုင်တဲ့ စွမ်းအားရှိတာကြောင့် ကျွန်ုပ်တို့ရဲ့ အခြေအနေတွေအတွက် တခြားသူတွေကို အပြစ်တင်နေလို့ မရပါဘူး။
Universe ဟာ ကျွန်ုပ်တို့အတွင်းမှာ တည်ရှိပါတယ်။ကျွန်ုပ်တို့ရဲ့ အတွင်းစိတ်ကမ္ဘာဟာ အပြင်ဘက်က Universe လိုပဲ ကျယ်ပြောပြီး ရှုပ်ထွေးပါတယ်။ အချစ်၊ အမျက်ဒေါသ၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု စတဲ့ ခံစားချက်တွေအားလုံးဟာ ကျွန်ုပ်တို့ရဲ့ အတွင်းစိတ်စကြဝဠာရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုဆိုင်ရာ အခြေအနေကို ဂရုစိုက်တာဟာ ကျွန်ုပ်တို့ကိုယ်ပိုင် စကြာဝဠာကို ဂရုစိုက်တာနဲ့ အတူတူပါပဲ။ ကျွန်ုပ်တို့ရဲ့ အတွင်းကမ္ဘာ ငြိမ်သက်နေတဲ့အခါ အပြင်ကမ္ဘာဟာလည်း သဟဇာတဖြစ်ပြီး သာယာလာပါလိမ့်မယ်။
ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ဘဝအတွက် ဖြေရှင်းနည်းတွေနဲ့ စွမ်းအားတွေကို အပြင်ဘက်မှာ ရှာဖွေမယ့်အစား ကိုယ့်ရဲ့ ကိုယ်တွင်းမှာပဲ ရှာဖွေဖို့ တိုက်တွန်းပါတယ်။ ဒါဟာ ကျွန်ုပ်တို့တကယ်နေချင်တဲ့ ဘဝကို ဖန်တီးနိုင်ဖို့ ကိုယ့်ရဲ့ အတွေး၊ စိတ်ခံစားချက်နဲ့ လုပ်ဆောင်မှုတွေကို ထိန်းချုပ်ဖို့ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

စာရေးဆရာမကြီး Mon Halsey ရေးသားထားတဲ့ “You Are Your Universe “ဆိုတဲ့ စာအုပ်လေးကို စျေးနှုန်း 11000ကျပ်ဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါသည်။
မှာယူလိုပါက👉viber no.09976760342/Phoebe-The Book Store ရဲ့ page messenger တို့ကို ဆက်သွယ်နိုင်ပါသည်။
ရန်ကုန်၊မန္တလေးနှင့် အခြားမြို့နယ်များကို အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးနေပါသည်။

မိမိကိုယ်ကို ပြုပြင်ခြင်း (အရှင်စန္ဒိမာ)***********************************       ကျွန်မတို့ဟာ ဘဝကို ဘယ်လိုဖြတ်သန်းကြမယ်...
01/08/2025

မိမိကိုယ်ကို ပြုပြင်ခြင်း (အရှင်စန္ဒိမာ)
***********************************
ကျွန်မတို့ဟာ ဘဝကို ဘယ်လိုဖြတ်သန်းကြမယ်ဆိုတာ သတ်မှတ်လို့ရပေမယ့် အရာရာကိုကြိုတင်ခန့်မှန်းလို့မရနိုင်ပါဘူး။လူတိုင်းက အမှားများစွာကိုလည်း ကျော်ဖြတ်ခဲ့ဖူးကြပါလိမ့်မယ်။ကျွန်မတို့ဟာ အခက်အခဲများစွာကို ကျော်ဖြတ်ရတဲ့အချိန်တွေမှာ စိတ်အားငယ်မှု၊ စိတ်ဓာတ်ကျမှုနဲ့ မကောင်းတဲ့အတွေးတွေ ဝင်လာတတ်ပါတယ်။အဲ့လိုအချိန်မျိုးတွေမှာ ကျွန်မတို့ဟာ မိမိကိုယ်ကိုပြုပြင်ပြီး ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် ပုံဖော်ရမှာပါ။ ကိုယ့်မှာရှိနေတဲ့ အားနည်းချက်တွေကို ဖယ်ရှားပြီး အားသာချက်တွေကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ရပါမယ်။ဒါဟာ တစ်ရက်တည်းနဲ့ ပြီးသွားမယ့် အလုပ်မဟုတ်ဘဲ ဘဝတစ်လျှောက်လုံး လုပ်ဆောင်ရမယ့် ခရီးရှည်တစ်ခုပါ။

ကျွန်မတို့အနေနဲ့ စိတ်ဓာတ်ကျနေချိန်၊စိတ်အားငယ်ချိန်တွေမှာ အရှင်စန္ဒိမှာ(ရွှေဂန္တဝင်) ရေးသားထားတဲ့ “မိမိကိုယ်ကိုပြုပြင်ခြင်း”ဆိုတဲ့ စအုပ်လေးက ဖတ်ဖို့အသင့်တော်ဆုံးပါပဲ။

စာအုပ် စျေးနှုန်းလေးကလည်း( ၁၀၀၀၀ ကျပ် )ပဲရှိတာမို့ ဤစာအုပ်လေးနှင့်အတူ မိမိရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ရင်း ဘဝကို အကောင်းဆုံး ပုံဖော်လိုက်ပါ။

မှာယူချင်တယ်ဆိုရင်တော့ Phoebe-The Book Store ရဲ့ Page messenger တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Address

Mandalay

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Phoebe-The Book Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category